ထိုင်းနယ်စပ်တွင် လိမ်လည်သူများနှင့် ဆိုက်ဘာရာဇ၀တ်မှုများကိုချက်ချင်း နှိမ်နင်းရန် ၀န်ကြီးချုပ်က အမိန့်ထုတ်

ဇွန်လ ၂၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub သည် ယခုအခါ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် ခေါ်ဆိုလ်စင်တာလိမ်လည်မှု၊ အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်လောင်းကစားမှုပုံစံအားလုံးကို နှိမ်နင်းရန် ဝန်ကြီးချုပ် Paetongtarn Shinawatra မှ နိုင်ငံတော်မူဝါဒကို အရေးပေါ်အကောင်အထည်ဖော်ရန် အမိန့်ပေးထားကြောင်း ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု The Nation သတင်းကဇွန်လ ၂၂ရက်ကဖော်ပြသည်။ ဇွန် ၁၉ ရက်က ဒုတိယဝန်ကြီးချုပ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးဝန်ကြီး Prasert Jantararuangtong တို့၏ မကြာသေးမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသည် ယခုလအစောပိုင်းက အကောင်အထည်ဖော်ဆောင်ရွက်မှုများ၏ တိုက်ရိုက်ရလဒ်ဖြစ်ကြောင်း Jirayu မှ အတည်ပြုပြောကြားခဲ့သည်။ ဇွန် ၇ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်နိမိတ် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခြင်းနှင့် ပိတ်သိမ်းခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပါဝင်သည်။ ထိုအချိန်မှစ၍ စာရင်းဇယားများအရ လိမ်လည်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်များ သိသိသာသာ ကျဆင်းလာကာ နိုင်ငံတော်တည်ငြိမ်မှုကို ထိခိုက်စေသည့် ရာဇ၀တ်မှုကွန်ရက်များမှ ထိုင်းနိုင်ငံသားများအတွက် ပိုမိုအကာအကွယ်ပေးစွမ်းနိုင်ခဲ့သည်ဟုသူကဆိုသည်။


ထိုင်းအစိုးရက ကမ္ဘောဒီးယားကို ဆိုက်ဘာရာဇ၀တ်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အချာနေရာသစ်တစ်ခုအဖြစ် သတ်မှတ်သည့် မကြာသေးမီက ကုလသမဂ္ဂအစီရင်ခံစာကို ကိုးကားဖော်ပြခဲ့သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ၏ တွေ့ရှိချက်များကို အခြေခံ၍ “ကုလအေဂျင်စီမြေပုံသည် ကမ္ဘောဒီးယားကို ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှုများ၏ဗဟိုချက်အဖြစ် ဖော်ပြသည်” ဟု အမည်ပေးထားသည့် အထူးအစီရင်ခံစာတွင် ကမ္ဘောဒီးယားသည် မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ၏ တွေ့ရှိချက်များကို အခြေခံ၍ မြန်မာကို ကျော်တက်သွားခဲ့သည်။ လျှပ်စစ်မီး၊ ရေနှင့်အင်တာနက်အသုံးပြုခွင့် ဖြတ်တောက်ခြင်းတို့ကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံ အနောက်ဘက်နယ်စပ်တွင် တရားမဝင် လှုပ်ရှားမှုများ သိသိသာသာ ကျဆင်းလာသော်လည်း အရှေ့ဘက်နယ်စပ်တစ်လျှောက် အစုအဖွဲ့များ လိုက်လျောညီထွေဖြစ်စေမည့် စိုးရိမ်စရာ အရိပ်အယောင်များ ရှိနေကြောင်း Jirayu က ပြောကြားခဲ့သည်။ ယခုလို ရာဇ၀တ်ဂိုဏ်းများမှန်းအတွက် သိသိကြီးနှင့်အလုပ်လုပ်သည့် ထိုင်းနိုင်ငံသားများသည်မိမိလူမျိုးကိုအလွန်ထိခိုက်စေသည်ဟုသူက သတိပေးသည်။

“အစိုးရက နိုင်ငံတော်လုံခြုံရေးကို အလျှော့အတင်းလုပ်ခွင့် ဒါမှမဟုတ် ထိုင်းနိုင်ငံသားတွေကို လှည့်စားခွင့်ပေးမှာမဟုတ်ဘူး” ဟု Jirayu က ပြောသည်။ “ဒီပြဿနာကို အမျိုးသားရေး ဦးစားပေးအဖြစ် သဘောထားတယ်”ဟုလည်းသူကပြောသည်။ ဇွန် ၂၃ ရက် တွင် ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှု၊ ဆိုက်ဘာရာဇ၀တ်မှုနှင့် အခြားနိုင်ငံဖြတ်ကျော်မှုခင်းများကဲ့သို့သော နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုများအား အဓိကထား ဆွေးနွေးသွားရန် စီစဉ်ထားသည်။ အချို့သော ရာဇ၀တ်ဂိုဏ်းများသည် နယ်စပ်ကို ပိတ်သိမ်းပြီးနောက် ၎င်းတို့၏ နည်းလမ်းများကို စတင်ပြောင်းလဲနေပြီဟု Jirayu မှ ပြောကြားခဲ့သည်။ ယခင်က နယ်စပ်ဂိတ်များမှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားများသည် ယခုအခါ အနီးနားရှိ ကမ္ဘောဒီးယားမြို့များဖြစ်သည့် Siem Reap နှင့် Phnom Penh များသို့ လေကြောင်းမှသွားရောက်ပြီး အစုအဖွဲ့များက ပြန်လည်ခေါ်ယူကာ နယ်စပ်ဇုန်များသို့ ပြန်လည်ပို့ဆောင်နေကြကြောင်း ထောက်လှမ်းရေးသတင်းများအရ သိရသည်။ “ဇွန် ၂၃ရက်နေ့ အစည်းအဝေးအပြီးမှာ နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇ၀တ်မှု တိုက်ဖျက်ရေးနဲ့ ထိုင်းပြည်သူတွေကို အကာအကွယ်ပေးဖို့ အစိုးရက အစီအမံသစ်တွေကို ကြေညာမှာပါ” ဟု Jirayu က ပြောကြားခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *