မြန်မာမှာ လူသုံးများတဲ့အမှတ်တံဆိပ်တွေအပါအဝင် ကုန်ပစ္စည်းတု ဘတ်သန်း ၆၀ ကျော်ဖိုး ထိုင်းရဲဖမ်းဆီး

မြန်မာမှာ လူသုံးများတဲ့အမှတ်တံဆိပ်တွေအပါအဝင် ကုန်ပစ္စည်းတု ဘတ်သန်း ၆၀ ကျော်ဖိုး ထိုင်းရဲဖမ်းဆီး

မေလ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာက ဈေးကွက်ထဲမှာ လူသုံးများတဲ့ မျက်နှာသစ်ဆေး၊အသားအရည်ထိန်းကရင်မ်၊အလှဆီတွေ အပါအဝင် ကုန်ပစ္စည်းအတု ဘတ်သန်း ၆၀ ကျော်ဖိုးကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို CIB ရဲ့ စီမံချက် အတွင်းဖမ်းဆီးရမိတယ်လို့ CIB က ထုတ်ပြန်တယ်လို့ BBC သတင်းကမေလ ၂ရက်နေ့က​မှာဖော်ပြပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ငလျင်အနည်းငယ် လှုပ်ခတ်ခဲ့

ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ငလျင်အနည်းငယ် လှုပ်ခတ်ခဲ့

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းငလျင်စောင့်ကြည့်ရေးဌာနမှ မေလ ၁၉ရက် ညသန်းခေါင်မှစတင်၍ လှုပ်ခတ်မှု ရှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး ခြောက်ခုသည် မြန်မာနိုင်ငံတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကာထိုင်းနှင့် အင်ဒိုနီးရှားတို့တွင်တစ်ကြိမ်စီဖြစ်သည်ဟုမှတ်တမ်းတင်ထားကြောင်း The Nation ကဖော်ပြသည်။ ယင်းတို့အနက်အပြင်းဆုံးမှာပြင်းအား ရစ်ခ်ျတာစကေး ၅.၃ ရှိသည်ဟုဆိုသည်။ ၎င်းငလျင်များမှာ(ထိုင်းစံတော်ချိန်)နံနက် ၉ နာရီ ၄၅ မိနစ် - ပြင်းအား ၄.၃၊ အနက် ၁၀ ကီလိုမီတာ၊ မြောက်ဆူမားတြား၊ အင်ဒိုနီးရှား။ (more…)
Read More
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မဈေး၌တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မဈေး၌တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီး

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မေလ ၁၇ ရက်က ဘန်ကောက်မြို့ RCA နယ်မြေရှိ နာမည်ကြီး လမ်းဘေး အစားအသောက်ဈေးတွင် တရားမဝင် ဝင်ရောက်မှုနှင့် ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် မြန်မာနိုင်ငံသား ငါးဦးကို ဖမ်းဆီးခဲ့သည်ဟု The Thaiger သတင်းကမေလ ၁၈ရက်တွင်ဖော်ပြသည်။ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများသည် ၎င်းတို့၏ အလုပ်ရှင်များအား တရားစွဲဆိုရန် စုံစမ်းမှုများ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ လူဝင်မှုကြီးကြပ်ရေး ဗျူရို ကော်မရှင်နာ ရဲချုပ် Phanumart Boonyaluck ၊ရဲမှူးချုပ် Prasath Khemprasert ၊လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၁ အကြီးအကဲ ရဲမှူးကြီး Pholasit Sutthiaj နှင့်ဒုရဲမှူးကြီး Suriya Puangsombat တို့နှင့်အတူ မှုခင်းကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ လူကုန်ကူးမှု၊ ပြည့်တန်ဆာနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှု အထူးသဖြင့် လမ်းဘေးအစားအစာဈေးကွက်များတွင် နိုင်ငံခြားသားများပါ၀င်ပတ်သက်မှုအပေါ် အဓိကအာရုံစိုက် သည်။ (more…)
Read More
ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်ကိုKNLA ပူးပေါင်းတပ်ဖွဲ့များကဝိုင်းရံထား၍ ဒုက္ခသည်များ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာ

ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်ကိုKNLA ပူးပေါင်းတပ်ဖွဲ့များကဝိုင်းရံထား၍ ဒုက္ခသည်များ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာ

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သည် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO) နှင့်အတူ ထိုင်းနိုင်ငံတာ့ခရိုင်မှ ကီလိုမီတာ ၅၀၀ခန့်အကွာရှိမြန်မာစစ်တပ်အခြေစိုက်ရာ ဖားအံမြို့နယ်ဟိုကေထအခြေစိုက် စခန်းအား ဒရုန်းများ အသုံးပြု၍ဝိုင်းရံထားသဖြင့် ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် ၁၀၀ ခန့်သည် မေလ ၁၉ ရက်က ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
မော်ဖိုးကေစခန်းသိမ်းတိုက်ပွဲကြောင့် မြန်မာစစ်ရှောင် ၂၀၀ကျော် ထိုင်းဘက်ထွက်ပြေး

မော်ဖိုးကေစခန်းသိမ်းတိုက်ပွဲကြောင့် မြန်မာစစ်ရှောင် ၂၀၀ကျော် ထိုင်းဘက်ထွက်ပြေး

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်အုပ်စုတပ်စွဲထားတဲ့ မော်ဖိုးကေစခန်းကို ကရင့်တော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒေသနေ ပြည်သူ ၂၀၀ကျော်ဟာ အရေးပေါ် ထိုင်းဘက်ကမ်းကို ထွက်ပြေးလာတယ်လို့ မြေပြင်သတင်းရင်းမြစ်တဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ (more…)
Read More
MHA က မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ အထောက်အထားများကို စစ်ဆေးရန် ရက်ပေါင်း ၃၀ကန့်သတ်ချက် ချထား

MHA က မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ အထောက်အထားများကို စစ်ဆေးရန် ရက်ပေါင်း ၃၀ကန့်သတ်ချက် ချထား

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ တရားမဝင် ရွှေ့ပြောင်းအခြေချသူများဟု သံသယရှိပြီးအိန္ဒိယနိုင်ငံသားဟုဆိုကြသူများ၏ အထောက်အထားများကို ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေများအတွက် ရက်ပေါင်း ၃၀ရက် နောက်ဆုံးထား စိစစ်ရန် အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန(MHA)က သတ်မှတ်ထားကြောင်း The Indian Express သတင်းကမေလ ၁၉ရက် တွင်ဖော်ပြသည်။ ရက်ပေါင်း ၃၀ ကာလအတွင်း ၎င်းတို့၏ စာရွက်စာတမ်းများကို အတည်မပြုနိုင်ပါက ပြည်နှင်ဒဏ်ခံရမည် ဖြစ်ကြောင်း သိရှိရပါသည်။ ယခုလတွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အစုံတွင်၊ MHA သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ရှာဖွေဖော်ထုတ်ရန်နှင့် ပြည်နှင်ဒဏ်ပေးရန် ပြည်နယ်များနှင့် UT များအား ၎င်းတို့၏ ပြဌာန်းဥပဒေလုပ်ပိုင်ခွင့်များကို တောင်းခံရန် တောင်းဆိုထားသည်။ နေရပ်ပြန်ပို့ခြင်းကို ဆိုင်းငံ့ထားရန် လုံလောက်သော ခရိုင်အဆင့် ထိန်းသိမ်းရေးစခန်းများ ထူထောင်ရန်လည်း တောင်းဆိုထားသည်။ (more…)
Read More
ရာထူးတရားဝင်စတင်ရယူရန် လူ၂၀၀,၀၀၀ စုဝေးနေတဲ့ပွဲမှာ ဂါဇာ၊ မြန်မာနှင့် ယူကရိန်းတို့အတွက် ပုပ်ရဟန်းမင်းကြီးက မေတ္တာရပ်ခံ

ရာထူးတရားဝင်စတင်ရယူရန် လူ၂၀၀,၀၀၀ စုဝေးနေတဲ့ပွဲမှာ ဂါဇာ၊ မြန်မာနှင့် ယူကရိန်းတို့အတွက် ပုပ်ရဟန်းမင်းကြီးက မေတ္တာရပ်ခံ

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပုပ်ရဟန်းမင်းသစ် လီယို-၁၄ အားတရားဝင်တင်မြှောက်ပွဲ၌ ဂါဇာနှင့် မြန်မာနိုင်ငံအတွက် ဆုတောင်းပေးခဲ့ပြီး ယူကရိန်းတွင်တရားမျှတပြီး အဓွန့်ရှည်သော ငြိမ်းချမ်းရေး ရရှိစေရန်ဆုတောင်းပေးခဲ့ကြောင်း Asia News ကမေလ၁၈ရက်တွင်ဖော်ပြသည်။ “မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် အပြစ်မဲ့လူငယ်တွေရဲ့ အသက်တွေ ဆုံးရှုံးနေရပါတယ်” ဟုပုပ်ရဟန်းမင်းကြီး၏ မဆ္စား တရားတွင် ထည့်သွင်းဟောကြားခဲ့သည်။ မေ ၁၈ ရက်က စိန့်ပီတာရင်ပြင်၌ယင်းအခမ်းအနားကိုကျင်းပခဲ့ခြင်းဖြစ်သည်။ (more…)
Read More
ဗီယက်နမ်နိုင်ငံက နိုင်ငံသား ၄၇၁ ဦးကို မြန်မာနိုင်ငံမှ ဘေးကင်းစွာ နေရပ်ပြန်ပို့

ဗီယက်နမ်နိုင်ငံက နိုင်ငံသား ၄၇၁ ဦးကို မြန်မာနိုင်ငံမှ ဘေးကင်းစွာ နေရပ်ပြန်ပို့

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှ ဗီယက်နမ်နိုင်ငံသား စုစုပေါင်း (၄၇၁) ဦးကို ဧပြီ၈ရက်၊ဧပြီ၂၈ရက်နှင့်မေလ ၁၄ရက်တို့တွင်သုံးကြိမ်နေရပ်သို့ဘေးကင်းစွာ ပို့ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေဝန်ကြီးဌာန(MOFA)မှ သိရသည်ဟု Vietnam News သတင်းကမေလ ၁၈ရက်တွင်ဖော်ပြသည်။ ဤသည်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အေဂျင်စီများနှင့် ညှိနှိုင်းပြီး MoFA ဦးဆောင်သော အကြီးစား ဖြန့်ကျက်မှု၏ ကနဦး အောင်မြင်သော ရလဒ်ဖြစ်သည်။ နေရပ်ပြန်ပို့ရေးသတင်းနှင့်အတူ MoFA လက်အောက်ရှိ ကောင်စစ်ဝန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး Lương Thanh Quang က မကြာသေးမီက မြန်မာနိုင်ငံ မြဝတီမြို့ရှိ နိုင်ငံသားများ ကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများစွာကို ရှင်းလင်းပြောကြားခဲ့ပါသည်။ မြဝတီမြို့သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှ သောင်ရင်းမြစ်ဖြင့် ပိုင်းခြားထားသော ကရင်ပြည်နယ်တွင် ရှိကြောင်း Quang က ရှင်းပြသည်။ (more…)
Read More
ထိုင်းနိုင်ငံဖုတ်ဖရမြို့နယ်မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ကိုးဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဖုတ်ဖရမြို့နယ်မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ကိုးဦး ဖမ်းဆီးခံရ

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ တာ့ခရိုင် ဖုတ်ဖရမြို့နယ်၊ Ban Valley Nuea ကျေးရွာ အမှတ် ၃ အနီးတွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ မှောင်ခို သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို မေလ ၁၈ ရက် နေ့လယ်ပိုင်းက ရာချာမန်နု အထူးတပ်ဖွဲ့မှ စစ်သားများက ကြားဖြတ်ဖမ်းဆီးခဲ့ရာ အသက် ၁၉ နှစ်မှ ၃၆ နှစ်ကြား မြန်မာနိုင်ငံသား ကိုးဦးကို ထိုင်းယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
မြန်မာ-စာသင်ကျောင်းတစ်ကျောင်းအား တိုက်ခိုက်ခြင်းကို ပြင်သစ်က အပြင်းထန်ဆုံးရှုတ်ချ

မြန်မာ-စာသင်ကျောင်းတစ်ကျောင်းအား တိုက်ခိုက်ခြင်းကို ပြင်သစ်က အပြင်းထန်ဆုံးရှုတ်ချ

မေလ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ သတင်းစာရှင်းလင်းပွဲတွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်က မေလ (၁၂) ရက်နေ့တွင် တိုက်ခိုက်ခဲ့မှု့ကြောင့် ကလေးငယ်များအဓိကပါဝင်သည့် လူဒါဇင်ပေါင်းများစွာ သေဆုံးမှု့ဖြစ်ပွားခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည့် တိုက်ခိုက်မှု့ကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်ဟု မြန်မာနိုင်ငံရှိပြင်သစ်သံရုံးက မေလ ၁၄ ရက်တွင်ထုတ်ပြန်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး ယခုအရပ်သားများကိုအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု့အသစ်သည် မြန်မာစစ်အစိုးရဗုံးကြဲတိုက်ခိုက်မှု့ ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ (more…)
Read More