မြန်မာနိုင်ငံဘက်ခြမ်းမှလက်နက်ကိုင်အဖွဲ့ ULFA-I စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်မှုကို အိန္ဒိယ စစ်တပ်က ငြင်းဆိုထား

မြန်မာနိုင်ငံဘက်ခြမ်းမှလက်နက်ကိုင်အဖွဲ့ ULFA-I စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်မှုကို အိန္ဒိယ စစ်တပ်က ငြင်းဆိုထား

ဇူလိုင်လ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံဘက်ခြမ်းတွင် အိန္ဒိယကတားမြစ်ထားသော လက်နက်ကိုင်အဖွဲ့ United Liberation Front of Asom-Independent (ULFA-I) ၏ အရှေ့ဘက်ဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း အိန္ဒိယစစ်တပ်က ငြင်းဆိုထားသည်ဟု NTV သတင်းကဇူလိုင် ၁၄ရက်တွင်ဖော်ပြသည်။ ယဇူလိုင် ၁၃ရက်နေ့တွင် အိန္ဒိယကတားမြစ်ပိတ်ပင်ထားသည့် ULFA-I သည် မြန်မာနိုင်ငံဘက်ရှိ ၎င်း၏ အရှေ့ခြမ်းဌာနချုပ်ကို အိန္ဒိယစစ်တပ်မှ ဒရုန်းများဖြင့် ပစ်မှတ်ထားခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အဆိုပါ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများတွင် ၎င်းတို့၏ ကေဒါ ၁၉ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တစ်ခုတွင် တားမြစ်ထားသော ULFAက ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ULFA အကြီးတန်းတပ်မှူး Nayan Medhi ကျဆုံးခဲ့ပြီး မဏိပူရပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ နိုင်ငံရေးမှူးဖြစ်သည့် တော်လှန်ရေးတပ်ဦး (RPF) အပါအဝင် မဏိပူရသူပုန်အဖွဲ့မှ ကေဒါအချို့လည်း သေဆုံးကာ အချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ သို့သော် တရားဝင်ထုတ်ပြန်ချက်တစ်ခုတွင် အိန္ဒိယစစ်တပ်က ယင်းပြောဆိုချက်များကို ငြင်းဆိုထားသည်။ “ဒီလို စစ်ဆင်ရေးမှာ အိန္ဒိယစစ်တပ်နဲ့ သွင်းအားစုတွေ မရှိဘူး” ဟု PRO ကာကွယ်ရေးဝန်ကြီး ဌာန Guwahati မှ ဒုဗိုလ်မှူးကြီး Mahendra Rawat က IANS သို့ ပြောကြားခဲ့သည်။ (more…)
Read More
မြန်မာစစ်တပ်နှင့်အရပ်သား ရာနှင့်ချီ ထိုင်းနယ်စပ်ကို ထွက်ပြေး

မြန်မာစစ်တပ်နှင့်အရပ်သား ရာနှင့်ချီ ထိုင်းနယ်စပ်ကို ထွက်ပြေး

ဇူလိုင်လ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ်၏အခြေစိုက်စခန်းတခုကို တိုင်းရင်းသား တိုက်ခိုက်ရေးသမားများ၏ချေမှုန်းမှုအပြီး ဇူလိုင် ၁၂ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အရပ်သားနှင့်စစ်သား ၅၀၀ ကျော် ထိုင်းနိုင်ငံကို ဖြတ်ကျော် ထွက်ပြေးခဲ့သည်ဟု ထိုင်းစစ်တပ်က ပြောကြောင်း The Laotian Times သတင်းကဇူလိုင် ၁၄ရက်တွင်ဖော်ပြသည်။ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်တွင်းပဋိပက္ခတွင် နစ်မြုပ်နေခဲ့ပြီး စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ဒီမိုကရေစီ လိုလားသော တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဇူလိုင်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ဝန်းကျင်တွင် ကရင်ပြည်နယ်ရှိ စစ်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်သည်။ “မြန်မာစစ်သားတွေက သူတို့ရဲ့စခန်းကို ခုခံကာကွယ်ဖို့ လက်နက်အင်အား ပံ့ပိုးပေးဖို့ တောင်းဆိုကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ခဲ့တယ်” ဟု ၎င်းကဆိုသည်။ မြန်မာစစ်သား ၁၀၀နှင့် အရပ်သား ၄၆၇ ဦးတို့သည် ထိုင်းနိုင်ငံအတွင်းသို့ ဇူလိုင် ၁၂ရက်နေ့က ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိုင်းစစ်တပ်နှင့် ရဲများက ၎င်းတို့အား လက်နက်ဖြုတ်သိမ်းကာ ကုသရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ (more…)
Read More
ကျားဖျန့်လုပ်ကိုင်သော တရုတ်နိုင်ငံသား (၅၀) UWSA လွှဲပြောင်း

ကျားဖျန့်လုပ်ကိုင်သော တရုတ်နိုင်ငံသား (၅၀) UWSA လွှဲပြောင်း

ဇူလိုင်လ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA၊ ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသည့်ကျားဖျန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အယောက် (၅၀) ကို တရုတ်နိုင်ငံသို့လွှဲပြောင်းခဲ့ကြောင်း "ဝ" ပြည်နယ် တရားစီရင်ရေး ကော်မတီက ထုတ်ပြန်သည်ဟု Wa News Land သတင်းကဇူလိုင် ၁၄ရက်နေ့တွင်ဖော်ပြသည်။ (more…)
Read More
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ကြီးမားသော တယ်လီကွန်း လိမ်လည်မှုတွင် ကာလရှည် ပါဝင်ပတ်သက်မှုဖြင့် ကိုးကန့်ခေါင်းဆောင်ပယ်ဆောက်ချိန်ရာဇ၀တ်ဂိုဏ်း၏ အဓိက အဖွဲ့ဝင်များ တရုတ်အစိုး​ရ၏စွဲချက်အတင်ခံရ

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ကြီးမားသော တယ်လီကွန်း လိမ်လည်မှုတွင် ကာလရှည် ပါဝင်ပတ်သက်မှုဖြင့် ကိုးကန့်ခေါင်းဆောင်ပယ်ဆောက်ချိန်ရာဇ၀တ်ဂိုဏ်း၏ အဓိက အဖွဲ့ဝင်များ တရုတ်အစိုး​ရ၏စွဲချက်အတင်ခံရ

ဇူလိုင်လ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကြာသေးမီက Shenzhen မြူနီစီပါယ် ပြည်သူ့ရှေ့နေချုပ်ရုံးသည် ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်က်ချိန် (နိုင်ငံခြားအမည်- Bay Saw Chain)၊ပယ်ရင်ချန် (နိုင်ငံခြားနာမည်- Bay Yin Chin) နှင့် အခြားသော အဓိကတရားခံ ၁၉ ဦး ဖြစ်သည့် စုစုပေါင်း သံသယရှိသူ ၂၁ ဦးကို တရား၀င်တရားစွဲဆိုခဲ့ကြောင်း CCTV သတင်းတွင် ဇူလိုင်လ ၁၁ရက်နေ့က ဖော်ပြထားကြောင်း Global Times သတင်းကဖော်ပြသည်။ ယင်းအဖွဲ့သည် မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့်ဒေသတွင် ကာလရှည်ကြာ အမြစ်တွယ်နေခဲ့ပြီး ဆက်သွယ်ရေးနှင့် အွန်လိုင်း လိမ်လည်မှု အပါအဝင် သောင်းကျန်းသော ရာဇ၀တ်မှု လုပ်ငန်းများ လုပ်ဆောင်ကာ လက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့များကို အားကိုးလျက် တရုတ် နိုင်ငံသားများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ တရုတ်နိုင်ငံ၏ ရာဇဝတ်မှုဥပဒေနှင့် ပြစ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းဥပဒေအရ သံသယရှိသူများအား လိမ်လည်မှု၊ လောင်းကစားလုပ်ငန်းလုပ်ကိုင်မှု၊ ငွေညှစ်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ထုတ်လုပ်ရောင်းချမှုတို့ဖြင့် တရားစွဲဆိုထားသည်။ ပယ်ဆောက်က်ချိန် နှင့်ပယ်ရင်ချန် ဦးဆောင်သော ပယ်ရာဇဝတ်ဂိုဏ်းသည် လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊လောင်းကစားလုပ်ငန်း လုပ်ဆောင်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်သူများ စုစည်းမှု၊ ပြည့်တန်ဆာ စည်းရုံးမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများကိုကျူးလွန်ခဲ့ကြသည်။ အဆိုပါ ရာဇ၀တ်မှုများကြောင့် တရုတ်နိုင်ငံသား ခြောက်ဦးသေဆုံးကာ…
Read More
ပြင်ဆင်ထားတာမမှားလောက်ပါ

ပြင်ဆင်ထားတာမမှားလောက်ပါ

EROs နယ်ထဲမှာနေလဲ"သူများအိမ်မှာကြက်မ၊ကိုယ်အိမ်မှာကြက်ဖ"လက်တွေ့ရင်ဆိုင်နေကြရတဲ့ဘဝတွေက ကြက်မဒန်းမဟုတ်တော့ဘူး သုံး၊လေးနှစ် ဥကျပြီးသား ကြက်နီမဘဝရောက်နေပြီ။ကြက်မဒန်းကမှ ခြံထဲပတ်ပြေးပြီး (ကတော့ကတော့)၊(ကျူမီငှား၊ကျူမီငှား) ကယ်ကြပါ၊ကယ်ကြပါ ဆူဆူညံညံလုပ်လို့ရသေး။ ကိုယ်အိမ်နဲ့ကိုယ် ကြက်ဖကြီးလို ရင်အုပ်ကားကား အောက်အီအီအွတ် လုပ်လို့ရအောင် လုပ်သင့်ပြီ။ ထရန့်နဲ့ စာပေး၊စာယူကို -NUG,NUCC,CRPH မိ့အေးဂဏန်းညှပ်သလိုလို၊ဖိုးထောင်ဇစ်ညပ်သလိုလိုတွေဖြစ်နေတာတွေ၊ -တက်ထောင်မောင်းနင်း၊ရဲရဲတောက်၊ကတ်ကတ်လန်တွေ ပရိုပိုဆယ်မကျမှာ ကြောင့် အအေးမိ၊အသံနာနေတာတွေ -တီတီမီမီ ရဲ ဘေးဘီဆိုးဆိုးလေးတွေ နို့ဗူးတပ်ထားပြီး မပီကလာပီကလာ တီတီတာတာလေးတွေတောင်အသံ မထွက်တော့တာတွေ၊-မေမေမိဘကြီး(မာမီမျိုး)သားသမီးတွေ ရုတ်တရက်ပါးစောင်လေဖြန်းပြီး ဆေးကုနေရသလိုလိုတွေ၊ -သောင်းထွန်း၊နိုင်အောင်၊ခင်ဥမ္မာ တို့ရဲ့ ကိတ္တိမသား၊သမီးတွေ စွာစွာဖြစ်လာတာတွေ ၊-ဗဟုအပေါင်းနဲ သောသုဇန‌ တွေက ပြည်သူတွေနာလှပြီ၊ငြိမ်းချမ်းရေးပြန်စမည်၊ပျော်ကြမည်၊ရွှင်ကြမည်-------- တွေနဲ၊တွေနဲ့။ဘုန်းကြီးရူးနဲ့လှေလူးနဲ့ဆို မြန်မာလှေမှောက်နိုင်မယ်။ -------------------------------------- ဇူလိုင်လ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ NUG ကို အကဲဖြတ်တဲ့ဆောင်းပါး ဒီပလိုမက်မှာပါပြီနောက်။ ယမ်းကီး ထရန့်ကြီးက မင်းအောင်လှိုင်ဆီလိပ်မှုပြီးစာပို့တယ်။ မင်းအောင်လှိုင်က ထရန့်ကြီးဆီစာပြန်တယ်။ဘောမတစ်သိုက်ကပွဲခံတယ်။လက်ဂျစ်တမေစီသမားတွေက နုတ်ဆိတ်နေတယ်။တေဇာစန်းက ကြွတက်တယ်။တက်ကြွလှုပ်ရှားသူအစုအဖွဲ့ကြီးက ဝိုင်းလှော်တယ်။ဒါလတ်တလော ခေတ်စားနေတာပဲ။ မလေးမှာ အာဆီယံ အပေါင်း အမေရိကန်၊ရုရှား၊တရုတ် မြန်မာ့အရေးဆွေးနွေးပွဲကလဲရှိနေ။တော်ကြာ စူပါပါဝါကြီးတွေပေါင်းပြီး တော်တန်တိတ်၊ငါးကျော်ပန်းကန်ဖိတ်ဖြစ်သွားရင် စားနေကျ ကြောင်ပါးက စားသွားဦးမယ်။ခွေးဆွဲ၊ကြောင်ဆွဲ၊ကြွက်ဆွဲပေါ့။ ရဲဘော်ဗိုလ်ကြင်မောင်ပြောသလို "မြန်မာပြည်သူများ မိမိအရေးမှ မျက်စေ့လည်ပြီး ကျန်ရစ်ခဲ့မှာ စိုးရိမ်မိသည်"ဆိုတာကိုလေးနက်မိသည်။ ဒီအတိုင်းဆိုမကြာမည် NUG ယာယီသမ္မတ ဒူဝါလရှီလ ကို တရုတ်ဖက်က ထရန့် လိုပဲ တရားဝင်ဆက်သွယ်လာနိုင်တယ်။ ရဲဘော်ဗိုလ်ကြင်မောင်ပြောတဲ့ "မိမိတို့၏၊ ဂွကျကျအနေအထား"ဆီရောက်လာနိုင်ပါတယ်။ဂျပန်ကလည်း မြန်မာပြည်တောင်ပိုင်းက သူ့ပရောဂျက်တွေ လုပ်မှာပဲ။တရုတ်ကလည်း တရုတ်-မြန်မာစီးပွားရေး စင်္ကြန် ကိုလျော့ပေးလိုက်လဲ ကူးမင်း-ကျောက်ဖြူရထားလမ်းက ရန်ကုန်ထိမဆင်းတော့ပဲ တန်းဖောက်လို့ရတဲ့အခြေအနေကို ထိန်းချုပ်ထားပြီးပြီ။အိန္ဒိယကလည်း ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို…
Read More
လားရှိုးတွေ့ဆုံမှု၌ မီတာခအခွန် ကောက်ခံမှုနှင့်ကန့်သတ်ကုန်အကြောင်း နှစ်ဘက်ဆွေးနွေးခဲ့ဟုဆို

လားရှိုးတွေ့ဆုံမှု၌ မီတာခအခွန် ကောက်ခံမှုနှင့်ကန့်သတ်ကုန်အကြောင်း နှစ်ဘက်ဆွေးနွေးခဲ့ဟုဆို

ဇူလိုင်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့သည်ဇူလိုင် ၈ ရက်နေ့က လားရှိုးမြို့၊ ဆင်နှစ်ကောင် ဟိုတာ်တွင်တွေ့ဆုံခဲ့ကြပြီး မီတာခအခွန် ကောက်ခံမှုနှင့်ကန့်သတ်ကုန်အကြောင်း နှစ်ဘက် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး သိန္နီမြို့ပြန်ပေးရေးကိစ္စအား တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုသွားတာ မရှိဟုကိုးကန့်တပ် - MNDAA နှင့်နီးစပ်သော သတင်းအရင်းအမြစ်က "ဝ" လူငယ့်အသံကို ပြောသည်ဟု Wa News Land က ဇူလိုင်လ ၉ရက်နေ့ကဖော်ပြသည်။ တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းအချိန် ၁၀ နာရီတွင် စတင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ "ဆင်နှစ်ကောင် ဟိုတယ်မှာ လုပ်သွားတာ မှန်တယ်။ မနက် ၁၀ နာရီအချိန်က၊ အဓိက လားရှိုးမြို့မီတာခကို ဘယ်သူက ကောက်ခံသွားမလဲ။ နောက်ပြီး ကုန်ကားတွေရဲ့ ကန့်သတ်ကုန်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ တခြားကိစ္စ မြို့နဲ့ဆိုင်တဲ့ ကိစ္စလေတွေလည်း ဆွေးနွေးကြတယ်။ သိန္နီ ကိစ္စတော့ မပါဘူး"ဟုသတင်းရင်းမြစ်ကပြောသည်။ မီတာခ အခွန်များကို နှစ်ဘက်စလုံးက မည်သည့်ပုံစံဖြင့်ကောက်ခံမည်၊ ကန့်သတ်ကုန်များနှင့်ပတ်သက်ပြီး မည်သည့်ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြသည်ဆိုသည့်မေးခွန်းကိုတော့ ၎င်းအနေနဲ့ ဖြေဆိုခြင်း မရှိခဲ့ပါ။ MNDAA ၏ လားရှိုးမြို့တွင်း ကန့်သတ်ထားသော ကုန်နှင့်ပတ်သက်၍ နောက်ထပ်သတင်းအရင်းအမြစ်တစ်ဦးက "ကျွန်တော်မြင်တွေ့ ရသလောက်ဆိုရင် စစ်တပ်ရဲ့ လားရှိုးအဝင်အထွက် သယ်ယူလာတဲ့ ကုန်တွေနဲ့ ပတ်သက်မယ် ထင်တယ်။ လက်နက်တို့ ဘာတို့ဆိုတာ MNDAA က စောင့်ကြည့်နေတာ။ လူစာရင်း၊ အဝင်အထွက်က အစပေါ့နော်။ အရပ်ဝတ်နဲ့ ဝင်ရောက်လာရင်တော့ မပြောတတ်ဘူး။ တခြားကားသမားတွေတော့ ကုန်တွေ…
Read More
နိမ့်တိန်ချောင်းရေတက်သဖြင့် စိုက်ခင်းတချို့ပျက်စီး

နိမ့်တိန်ချောင်းရေတက်သဖြင့် စိုက်ခင်းတချို့ပျက်စီး

ဇူလိုင်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဟိုပန် - ကွမ်းလုံကြားရှိ နမ့်တိမ်ချောင်း ရေတက်လာမှုကြောင့် ချောင်းတစ်ကြောမှာ စိုက်ပျိုးလုပ် ကိုင်ကြသော ဒေသခံများ၏စိုက်ခင်းတချို့ပျက်စီး ဆုံးရှုံးခဲ့သည်ဟု Wa News Land သတင်းက ဇူလိုင် ၁၀ရက်တွင်ဖော်ပြသည်။ (more…)
Read More
အာဆီယံ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တွင် ထိုင်းနိုင်ငံပါဝင် မည်

အာဆီယံ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တွင် ထိုင်းနိုင်ငံပါဝင် မည်

ဇူလိုင်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ တာဝန်ရှိသူများသည် လာမည့်လတွင် နေပြည်တော်၌ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကဇူလိုင်လ ၉ရက်နေ့တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဇူလိုင်လ ၁၁ရက်တွင်ဖော်ပြသည်။ ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ကွာလာလမ်ပူတွင် ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများကို တက်ရောက်ပြီးနောက် မစ္စတာ Maris က အာဆီယံ၏ ငြိမ်းချမ်းရေး ပဏာမခြေလှမ်းအတွက် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို အတည်ပြုခဲ့သည်။ ဇူလိုင် ၉ရက်နေ့က မြန်မာ့အကျပ်အတည်းကို အဓိကထား အလွတ်သဘောတွေ့ဆုံမှုအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အခြေအနေကို ဖြေရှင်းရန်အတွက် မူဘောင်အဖြစ် အာဆီယံ၏ သဘောတူညီမှုငါးရပ်ကို ထောက်ခံကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့ပါသည်။ ယခုနှစ်အာဆီယံဥက္ကဋ္ဌ မလေးရှားသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ခြင်းအတွက် ကြိုတင်လိုအပ်ချက်အဖြစ် နိုင်ငံတစ်ဝှမ်းရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး အရေးတကြီးလိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ကြောင်း Mr Maris က မှတ်ချက်ပြုခဲ့သည်။ “အာဆီယံက မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်ငြိမ်ပြီး ပြည်သူတွေအတွက် ဘေးကင်းတဲ့ နိုင်ငံဖြစ်အောင် မြင်စေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။ (more…)
Read More
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပါသလား

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပါသလား

ထို့ကြောင့် အခြားနိုင်ငံရေး ပါတီ ၅၀ နှင့်အတူ ရွေးကောက်ပွဲ အာဏာပိုင် များထံမှတ်ပုံတင်ထားသည့် တပ်မတော် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စစ်အစိုးရ၏ လူမဆန်သော လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နေသော်လည်း အရေးကြီးသော ကိစ္စရပ် အသီးသီးတွင် အခွင့်ကောင်း ရရှိနိုင်သည်။ အိန္ဒိယသည် မြန်မာနိုင်ငံမဲရုံများနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားစွာ ရှုမြင်ထားပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် ယုံကြည်ထိုက်သူ ဖြစ်သင့်သည်။BIMSTEC ဘန်ကောက် ထိပ်သီးအစည်းအဝေးတွင် စစ်အစိုးရ အကြီးအကဲနှင့် တွေ့ဆုံစဉ်တွင် ၀န်ကြီးချုပ် Narendra Modi က ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်သည့် မဲများဖြင့် အိမ်နီးချင်းနိုင်ငံအတွင်း ဒီမိုကရေစီ လုပ်ငန်းစဉ် ပြန်လည်ထူထောင်ရေးကို အလေးပေး ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူမျိုးရေးအကြမ်းဖက်မှုများ၏ လူ့တန်ဖိုးကို ဖော်ပြရာတွင် ဝန်ကြီးချုပ် က ပဋိပက္ခအတွက် စစ်ရေးအရ ဖြေရှင်း၍မရရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ ထာဝရငြိမ်းချမ်းရေးသည် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုမှသာလျှင် အောင်မြင်နိုင်ကြောင်း ရွှေဝါရောင်ခေါင်းဆောင်က အလေးပေးပြောကြားခဲ့သည်။ ပြောစရာပင်မလိုတော့ဘဲ မြန်မာနိုင်ငံတွင်း ရုန်းရင်းဆန်ခတ်ဖြစ်မှုက မဏိပူရရဲ့ပြည်တွင်းလုံခြုံရေးကိုပင်ရှုပ် ထွေးသွားစေသည့်ဆင်းရဲတွင်းနက်နေသော ဒုက္ခသည်များနှင့်ခိုလှုံခွင့်တောင်းသူများအမြောက်အမြားဝင်ရောက်လာသောကြောင့် နယ်စပ်ဒေသများကို အပျက်သဘော သက်ရောက်စေခဲ့သည်။မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုများမှ အတိအကျ မမျှော်လင့်ထားနိုင်သော်လည်း အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် လက်ရှိအချိန်ကို ဂရုတစိုက် စောင့်မျှော်ကြည့်ရှုရန် လိုအပ်ပါသည်။ ဇူလိုင်လ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံ သည် လာမည့်လအနည်းငယ်တွင် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံများတွင် အဓိကအားဖြင့်…
Read More