ဒါ့ကြောင့် တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် မြန်မာမြေပေါ်က အမြစ်ပြတ်ရေးဆိုတဲ့ ပန်းတိုင်မရောက်မချင်း (တစ်ဗိုလ်ကျ တစ်ဗိုလ်တက်)စနစ်နဲ့ ခရီးဆက်ပါလိမ့်မယ်။
ဒါကသေချာပါတယ်။ ပြန်ပြောပါမယ်
-တော်လှန်ရေးတပ်သားတွေရှိ့တယ်။
-အသက်၊အိုးအိမ်၊စည်းစိမ်တွေနဲ့ လဲလှယ်ထားရတဲ့ သေနတ်တွေ၊လက်နက်တွေရှိ့တယ်။
-စစ်အာဏာရှင်စနစ်ပြုတ်မကျမချင်း မကျေနပ်တဲ့
ပြည်သူတွေရှိ့တယ်။
-ကျယ်ပြန့်နေဆဲ ပျောက်ကျားနယ်မြေတွေရှိ့တယ်။
———————————————-
စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
လက်ရှိ့ကာလ ရှန်ဟိုင်းအစည်းအဝေး၊မင်းအောင်လှိုင်တက်ရောက်မှု့၊ဓါတ်ပုံ နိုင်ငံရေးဝေဝေဆာဆာနဲ့ အဆာကျယ်နေကြတာကို တွေ့နေရပါတယ်။ရယ်ချင်ပတ်ကျိ့ဆိုသလိုပါပဲ။တော်လှန်ရေးတော့ သွားပါပြီဆိုပြီး ဘေးတီးတာတွေအများစုကိုဖတ်နေရပါတယ်။တော်လှန်ရေးကို စိတ်ဓါတ်ကျစေမယ့်အရေးအသားများအပြင် မူမမှန်သူအချို့က တော်လှန်ရေးလူငယ်တွေကို ရည်ညွန်းပြီး တော်လှန်ရေးကို ရပ်တံ့လိုက်ဖို့အထိပါ ရဲတင်းစွာ “တန်ပြန်တော်လှန်ရေးအတွေးအခေါ်”တွေထိုးတင်လာကြတာကို တွေ့နေရပါတယ်။ တော်လှန်ရေး ၅ နှစ်တာကာလအတွင်း ပျောက်ဆုံးအသံတိတ်၊အသံထိန်(ထိန် မြန်မာ့ဆေးပညာအခေါ်)နေသူအချို့ပါ မင်းအောင်လှိုင်၊ရှီကျင့်ဖျင်၊ပူတင်၊မိုဒီ ဓါတ်ပုံတွေနဲ့အတူ ငါမပြောလား လက်ပေါက်ပန်းခတ် လူလုံးပြလာကြတာလည်းတွေ့ရပါတယ်။ ဒီလို လက်ပေါက်ပန်းခတ်လာကြတာ ဝမ်းသာပါတယ်။အကျိုးလည်းရှိပါတယ်။အနိမ့်ဆုံးတော့ ဒီလူတွေ သူတို့ လူကြားတိုးဖို့၊လူရာပြန်ဝင်ဖို့အတွက် နောက်ဆုံးကောက်ရိုးမျှင်ဟာမင်းအောင်လှိုင်နဲ့ စစ်အုပ်စုအသက်ဆက်နိုင်မှဖြစ်မယ်ဆိုတာ ပွင့်ကျသွားတာပါပဲ။ နောက် သူတို့လူရာပြန်ဝင်ဖို့၊လူတောတိုးဖို့ စစ်အုပ်စုဆိုတဲ့ ခြံစည်းရိုးအောက်က ရွေးကောက်ပွဲဆိုတဲ့ ခွေးတိုးပေါက်ထဲကနေ၊ ငြိမ်းချမ်းရေးဂုန်နီအိပ်စုတ်လေးခြုံပြီး အလုအယက်တိုးဝင်ကြဖို့မြင်လိုက်ကြရတာပါပဲ။ ခွေးတိုးပေါက်ကြပ်နေလို့ စားမာန်ခုတ်မာန်ဖီကြမှာလည်း မြင်ယောင်မိပါတယ်။ ဒီလူတွေကို ပြောရင်အများကြီးပြန်ပြောရမှာပါ။ *NUG နဲ့အကြောင်းပြပြီးတော်လှန်ရေးကို ရပ်တံ့လိုက်ဖို့တန်ပြန်တော်လှန်ရေးအဆိုတွေ တင်လာလို့*သာ ပြန်ပြောဖို့လိုအပ်လာတာပါ။ ယနေ့မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်တော်လှန်ရေးဟာ
၁။ပြည်သူ့တော်လှန်ရေးလက္ခာဏာဆောင်တဲ့
ပြည်သူ့တော်လှန်ရေးပါ။NUG တော်လှန်ရေးမဟုတ်ပါ။NUG က လတ်တလောကာလ ဦးဆောင်မှု့ ကဏ္ဍယူထားတယ်တော့ ပြောနိုင်ပါလိမ့်မယ်။
၂။ပြည်သူ့လက်ထဲမှာ လူ(တော်လှန်ရေးရဲဘော်)၊လက်နက်နဲ့နိုင်ငံအနှံ့ကျယ်ပြန့်တဲ့ပျောက်ကျားနယ်မြေ များစွာရှိပြီးဖြစ်ပါတယ်။
NUG ခေါင်းဆောင်တွေ ပြည်ပမှာနေထိုင်နေကြတာတွေ၊ပြန်လာနေကြတာတွေ၊ပြုပြင်ပြောင်းလဲမယ်ဆိုတာတွေ နဲ့ သူ့ဟာသူ(သူ့ဖာသာသူ)အလုပ်တွေရှုတ်မနေခင်ကထဲက၊ မတိုင်မည်ကထဲက
ပြည်သူ့တော်လှန်ရေးက သူ့ကိုယ်ပိုင်စွမ်းအားနဲ့သူ ဖွံ့ဖြိုးတိုးတက်မှု့နဲ့ ကြီးထွား၊ကျယ်ပြန့်နေတာဖြစ်ပါတယ်။
၃။နိုင်ငံတစ်ကာဟာ မြန်မာပြည်လက်နက်ကိုင်တော်လှန်ရေးကို ဘယ်တုန်းကမှ အားမပေးခဲ့ပါဘူး။နိုင်ငံတစ်ကာ ဖြန်ဖြေမှု့တွေမလာခင်ကထဲက ကိုယ့်အားကိုယ်ကိုး ရရာလက်နက်နဲ့တော်လှန်လာတဲ့ ပြည်သူ့တော်လှန်ရေးပါ။
၄။NUG နိုင်ငံရေးခေါင်းဆောင်မှု့ဆိုတာ အခြေအနေတစ်ရပ်ပါ။(လတ်တလော နိုင်ငံရေးဖြစ်စဉ်)အခြေအနေအသစ်ပြောင်းသွားရင် ခေါင်းဆောင်မှု့အသစ်လဲပြောင်းလဲ ပေါ်ပေါက်လာမှာပါ။
အခြေအနေက မြန်မာအဘိဓါန်အရ အဖြစ်၊အပျက်ပါ။ ဖြစ်စဉ်တို့၊အဖြစ်အပျက်တို့ဆိုတာ အဟောင်းချုပ်ငြိမ်းရင်၊အသစ်ဖြစ်ထွန်းပေါ်ပေါက်တာ။အခြေအနေဟောင်း ဝမ်းကြာတိုက်ထဲက အခြေအနေသစ်ဟာ မွေးဖွားလာတတ်တာ သဘာဝဖြစ်စဉ်ပါ။ NIG နဲ့ တော်လှန်ရေးကို တစ်ထပ်ထဲထားပြီး ပူပင်စိုးရိမ်မှု့ ရှိ့ကြတာ၊လွန်ကဲပြကြတာကို NUG ကပဲ ကျေးဇူးတင်စကား ပြောသင့်သူပါ။ NUG ကျဆုံးသွားလည်း တော်လှန်ရေးကကျဆုံးမှာမဟုတ်ပါဘူး။ တော်လှန်ရေးက တစ်ပြည်လုံးလက္ခဏာဆောင်တဲ့ ပြည်သူ့တော်လှန်ရေးဖြစ်လို့ပါ။တော်လှန်ရေးကိုပါ ကျဆုံးစေချင်တဲ့ သဘောထားဆိုရင်တော့ စစ်တပ်ကို အလုပ်အကျွေးပြုတာဖြစ်လို့ ပြည်သူ့သစ္စာဖောက် ဖြစ်သွားမှာပါ။ တော်လှန်ရေးနဲ့တစ်စုံတရာ ဆက်စပ်သူက တော်လှန်ရေးကျဆုံးစေလိုတဲ့လေသံထွက်တာဆိုရင်တော့ တော်လှန်ရေးကို မှီခိုစားသောက်ရတဲ့ “တော်လှန်ရေးကပ်ပါး”ဘဝကနေ တော်လှန်ရေးအသားထဲက “လောက်ကောင်”ဘဝပြောင်းသွားတာပါပဲ။ ဘယ်လိုစေတနာ၊သဒ္ဒါ နဲ့ပြောတာလည်းအပေါ် ပြည်သူက ဒဏ်ခတ်ပါလိမ့်မယ်။
၅။အရေးကြီးဆုံးအချက်က မော်စီတုန်းပြောသလို
တော်လှန်တတ်သော၊တော်လှန်ရေးအလေ့အကျင့်ရှိ့ပြီးသော
ပြည်သူကြီး အစဉ်သင့်ရှိနေတာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် မြန်မာမြေပေါ်က အမြစ်ပြတ်ရေးဆိုတဲ့ ပန်းတိုင်မရောက်မချင်း (တစ်ဗိုလ်ကျ တစ်ဗိုလ်တက်)စနစ်နဲ့ ခရီးဆက်ပါလိမ့်မယ်။
ဒါကသေချာပါတယ်။ ပြန်ပြောပါမယ်
-တော်လှန်ရေးတပ်သားတွေရှိ့တယ်။
-အသက်၊အိုးအိမ်၊စည်းစိမ်တွေနဲ့ လဲလှယ်ထားရတဲ့ သေနတ်တွေ၊လက်နက်တွေရှိ့တယ်။
-စစ်အာဏာရှင်စနစ်ပြုတ်မကျမချင်း မကျေနပ်တဲ့
ပြည်သူတွေရှိ့တယ်။
-ကျယ်ပြန့်နေဆဲ ပျောက်ကျားနယ်မြေတွေရှိ့တယ်။
စစ်အုပ်စု၊နိုင်ငံတစ်ကာအခင်းအကျင်း၊ရွေးကောက်ပွဲ စတာတွေကို (စစ်အုပ်စုထွက်ပေါက်နဲ့စစ်ကျွန်ထွက်ပေါက်) လို့ သဘောတရားတွေထုတ်ပြီး ကိုယ့်ပုဂ္ဂလိကထွက်ပေါက်(နိုင်ငံရေး လူမွှေးသူမွှေးပြောင်ဖို့)အတွက် ခွေးကတက်အောက်မှာ နိုင်ငံရေးဖုတ်(ဖုံ) လူးပြီး နေနေရတဲ့ ဘဝက ကျွတ်ရချီရဲ့ ထလုပ်လာကြတဲ့ ခွေးကတက်မှာတက်ပြီး အမြီးနှံ့ပြလာတဲ့စစ်ကျွန်ကပေါက်တဲ့ စစ်အုပ်စု ကျွန်သားပေါက်တွေ(ကျွန်သဘောက်)တွေ ကို ပြည်သူတွေ ဘွင်းဘွင်းကြီးတွေ့လိုက်ကြရတာပါပဲ။ အခု ရှန်ဟိုင်းဆွေးနွေးပွဲ၊မအလနဲ့စစ်အုပ်စု၊ဓါတ်ပုံ ဒီပလိုမေစီနဲ့ ဂုဏ်ဆာနေသူတွေကို တစ်ခုတော့ပြောရပါမယ်။မင်းအောင်လှိုင်နဲ့စစ်အုပ်စုက ရှန်ဟိုင်းဆွေးနွေးပွဲရဲ့ဧည့်မြှောင်ပါ။ ဆွေးနွေးပွဲရဲ့ ပရိုတိုကောလ် ကို မြင်အောင်ကြည့်ပြီးမှ “လွယ်သလား၊ခက်သလား ရာမ”စမ်းကြည့်လိုက်လေလို့သာ တုံ့ပြန်လိုက်ပါရစေ။
စိမ်းမောင်