ဗမာ့ “ဗိုလ်ဝင်ခံ” မည့် သူရဲကောင်းလိုပြီ

အောက်တိုဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဗမာ့ “ဗိုလ်ဝင်ခံ” မည့် သူရဲကောင်းလိုပြီ
———————————————-

မြန်မာစစ်တပ်က ၂၀၁၈ခုနှစ်ကအကြီးအကျယ် ဝါဒဖြန့်ရိုက်ကူးထုတ်လုပ်လိုက်တဲ့ “စစ်ကိုမုန်း၍တိုက်ခဲ့သည်”ဆိုတဲ့ဇာတ်ကားအရပေါ်လွင်ပါတယ်။စစ်ကိုမုန်း၍တိုက်ခဲ့သည်ဆိုတဲ့ စစ်ဒသနဟာဂျာမာန်စစ်ဒဿနဆရာ ဗွန်ကလော့စ်ဝှိုက်ရဲ့ အမြင့်ဆုံးဒဿနပဲဖြစ်ပါတယ်။ ကလော့စ်ဝှိုက်က ဂျာမာန်ပြည်ကြီးပွားဖို့ တစ်စည်းတစ်လုံးထဲဖြစ်ဖို့ ဂျာမာန်ရဲ့အကြီးဆုံးနဲ့လူဦးရေးအများဆုံးပြည်နယ်မှာတာဝန်ရှိ့တယ်အဲ့ဒီပြည်နယ်က ပရပ်ရှားဖြစ်မယ် ကျန်တဲ့ဂျာမာန်ပြည်နယ်ငယ်များကို ပြည်နယ်ကြီးက စစ်ဖြင့်တိုက်ခိုက်စည်းရုံးရမယ် ထိုသို့စစ်ဆင်တိုက်ခိုက်ရာမှာလည်း စစ်ကိုနောက်ထပ်တိုက်စရာမလိုတော့အောင် အမြန်ဆုံး အပြင်းထန်ဆုံး အရက်စက်ဆုံး နဲ့အပြီးသတ်ချေမှုန်းတိုက်ခိုက်ရမယ်လို့ သင်ကြားပါတယ်။ နောက်ထပ်စစ်တိုက်ရမှာဆိုးလို့ စစ်ကိုမုန်းလို့ စစ်တိုက်ရပါသည် ဆိုတဲ့ဒသနဖြစ်ပါတယ်။ဗမျိုးချစ်တပ်မတော်အမွေခံမြန်မာစစ်တပ်က စစ်ကိုမုန်း၍တိုက်ခဲ့သည်ဆိုတဲ့ ဖလော်ဆော်ဖီကို၂၁ရာစုထဲမှာထပ်မံဝါဒဖြန့်တာကိုကြည့်ရင်မြန်မာစစ်တပ်ရဲ့အတွင်းပိုင်းစိတ်နေစိတ်ထားကိုမြင်နိုင်ပါတယ်။ ယနေ့၂၀၂၁နွေဦးတော်လှန်ရေးကာလမှာ မြန်မာစစ်တပ်ရဲ့အနာဂါတ်ကို ပြည်မနေဗမာမျိုးနွယ်စုကဘယ်လိုသဘောထားမလည်းဆိုတဲ့ပြသနာဝင်လာတယ်မြင်ပါတယ်။ပြည်မနေဗမာမျိူးနွယ်စုဟာ မြန်မာစစ်တပ်ကိုအပြီးအပိုင်ဖျက်သိမ်းလိုတဲ့ဆန္ဒရှိ့မရှိ့ရှင်းလင်းဖို့လိုအပ်လာပါတယ်။ အညာနဲ့ပြည်မသားတို့အနေနဲ့မြန်မာစစ်တပ်ကိုအပြီးတိုင်ဖျက်သိမ်းလိုတာလား စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအဆင့်လောက်သာမျော်မှန်းတာလားဆိုတာ ပြသရတော့မယ်ထင်ပါတယ်။ တိုင်းရင်းသားတပ်များရဲ့ဖက်ဒရယ်တပ်မတော်ကိုဘယ်လိုပုံစံနဲ့မျော်မှန်းထားပါသလဲမေးခွန်းကိုဖြေပေးရမယ်ထင်ပါတယ်။ ကြုံတွေ့နေရတဲ့စစ်တပ်ရဲ့ဖိ့နှိပ်မှု့လျော့နည်းစေဖို့တိုင်းရင်းသားတို့ကစစ်ရေးဖိ့အားပေးမှု့လောက်သာမျှော်မှန်းတာလား။ အခုရှိ့နေတဲ့မြန်မာစစ်တပ်ကိုလုံးဝဖျက်သိမ်းပြီး လူမျိုးအားလုံးပါဝင်တဲ့ အမျိုးစားသစ်တပ်မတော်ဖွဲ့စည်းဖို့လားဖြေရတော့မှာဖြစ်ပါတယ်။ အဖြေက လက်တွေ့လုပ်ရပ်ကပဲပေးရမှာဖြစ်ပါတယ်။

စိတ်ကူးချိုချိုက အရှုံးအမြတ်မကြည့်ဘဲထုတ်ခဲ့တဲ့ပေါင်းတည်ဘုန်းကြည်ရဲ့ မြန်မာ “ရဲ” သမိုင်းကိုဖတ်မိ့တဲ့အခါစိတ်ဝင်စားစရာများစွာ တွေ့ရပါတယ်။ အင်္ဂလိပ်တို့မြန်မာပြည်သိမ်းပိုက်ပြီး နောက် မြန်မာမျိုးချစ်တို့ရဲ့ပုန်ကန်မှု့ကို အတော်အားစိုက်နှိမ်နင်းခဲ့ရပါတယ်။မြန်မာတို့ အထူးသဖြင့်ဗမာမျိုးနွယ်စုတွေရဲ့ ပုန်ကန်လိုတဲ့စိတ်ဓါတ်ကြောင့် မြန်မာတို့ကိုလက်နက်မကိုင်နိုင်အောင် လက်နက်ဥပဒေများပြဌာန်းခဲ့ပါတယ်။ဒါးမတိုတောင်ဥပဒေနဲ့မလွတ်မကင်းဖြစ်စေခဲ့ပါတယ်။ အင်္ဂလိပ်က မြန်မာပြည်ငြိမ်ဝတ်ပိ့ပြား‌ရေးအတွက် အိန္ဒိယပုလိပ်များအသုံးပြုခဲ့ပါတယ်။ကရင်အပါအဝင်တိုင်းရင်းသားလူမျိုးများနဲ့ ရဲ တပ်ဖွဲ့ထူထောင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်နဲ့မြန်မာနိုင်ငံလုံခြုံရေးအတွက် ဘားမားဆပ်ပါးမိုင်းနားတပ်များဖွဲ့စည်းတဲ့အခါ တိုင်းရင်းသားမျိုးနွယ်စုများနဲ့ဖွဲ့စည်းခဲ့ပါတယ်။အင်္ဂလိပ်က ဗမာမျိုးနွယ်စုကို စစ်ပညာနဲ့ လက်နက်တပ်ဆင်မပေးလိုပါဘူး။ပြည်မနေဗမာများမခံချိမခံသာဖြစ်ပြီး စစ်ပညာငတ်မွတ်တောင်းတခဲ့ကြပါတယ်။စစ်ပညာနဲ့စစ်မှု့ထမ်းခွင့်ကန့်သတ်ခံရတဲ့အတွက် အင်္ဂလိပ်ကိုမကျေနပ်သလို ဗမာဇာတိမာန်ကိုလည်းချိုးနှိမ်တာလို့မြင်ကြပါတယ်။ ဆရာစံရဲ့လယ်သမားသူပုန်ထတော့ အင်္ဂလိပ်ရဲ့လက်နက်နဲ့ရက်စက်စွာနိုမ်နင်းခံရတဲ့အခါ ခေတ်မှီစစ်ပညာလိုလားတောင့်တမှု့အရှိန်တက်လာပါတယ်။ထိုစဉ်ကဗမာစစ်မှု့ထမ်းခွင့်ရဖို့ပါလီမာန်အတွင်းလည်းကြိုးပမ်းခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အရိပ်အငွေ့သမ်းချိန်ကစလို ဗမာပြည်မအခြေစိုက်နိုင်ငံရေးအင်အားစုများက အရံ ရဲ အပျော်တမ်းရဲ မီးသတ် သံမဏိတပ် လက်ရုံးတပ် ဓါးမတပ် ဝါးရင်းတုတ်တပ်စသဖြင့်အခြေခံစစ်ရေးပြသင်တန်းများနဲ့ တပ်ဖွဲ့များဖွဲ့စည်းခဲ့ကြပါတယ်။ လက်နက်ရခဲ့လျှင်အစဉ်သင့်ဖြစ်ရန်ဆိုပြီး စုဖွဲ့လေးကျင့်ထားကြခြင်းဖြစ်ပါတယ်။ရဲဘော်သုံးကျိပ်ခေါင်းဆောင်အချို့ဟာအဆိုပါတပ်ဖွဲ့များရဲ့ခေါင်းဆောင်ဟောင်းများဖြစ်ခဲ့ကြပါတယ်။ဆရာစံသူပုန်ကာလမှာ နှိမ်နင်းခဲ့တဲ့စစ်ဗာရီများနဲ့အတူမြန်မာပုလိပ်အဖွဲ့လဲပါပါတယ်။

ထိုစဉ်ကပုလိပ်အများစုဟာ အိန္ဒိယနွယ်ဖွားများနဲ့ကရင်မျိုးနွယ်စုအများစုဖြစ်ပါတယ်။ ကရင် ဗမာ ပဋိပက္ခဟာ ဆရာစံကိစ္စမှာ အစပြု့ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက် ဗမာမျိုးနွယ်စုရဲ့လက်နက်အာသီဿကပြင်းထန်လာရာကနေ ဂျပန်စစ်ပညာသင်ရဲဘော်သုံးကျိတ် ကစလို့ဗမာ့တပ်မတော်ပေါ်လာပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးလို့ မြန်မာတပ်ပြန်လည်ဖွဲ့စည်းရေးကန္ဒီ‌ဆွေး နွေးပွဲလုပ်ပါတယ်။အဲ့ဒီမှာမျိုးချစ်ဗမာ့တပ်ရယ် ဗြိတိသျ ဘားမား တပ်ကတိုင်းရင်းသားတပ်များ ဆပ်ပါးမိုင်းနားတပ်များနဲ့ပေါင်းပြီး လွတ်လပ်ပြီးခေတ်မြန်မာတပ်သစ်ထူထောင်ဖို့ဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဗမာအများစုပါဝင်တဲ့ ဗမာ့တပ်ကိုယ်စားလှယ်တို့ကတပ်တွေရောနှောပေါင်းစည်းတာဟာ ဗမာတို့မရခဲ့ဘူးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုဖျက်ပစ်လိုလို့ဖြစ် တယ်လို့မြင်ကြပါတယ်။ ဒါကြောင့်မျိုးနွယ်စုအလိုက်တပ်ရင်းများနဲ့ဗမာ့မျိုးချစ်တပ်မတော်ကတပ်ရင်းများ တပ်ရင်းအလိုက်ပဲပေါင်းဖို့သဘောတူကြပါတယ်။အဲ့ဒီလိုနဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း(သ.န.က)များ။ ကရင် (သ န က )ချင်း (သ န က )ကချင်( သ န က) စသဖြင့်လူမျိုးစုတပ်ရင်းတွေနဲ့ဗမာတပ်မတော်သစ်ဖြစ်လာပါတယ်။ လွတ်လပ်ရေးရပြီး ပြည်ထောင်စုဖရိုဖရဲဖြစ်ပြီးနောက် လူမျိုးစု( သ န က)များတောခို လူမျိုးစုလက်နက်ကိုင်သစ်များစွာပေါ်ထွက်နဲ့ ယနေ့အခြေအနေဖြစ်လာပါတယ်။ မှုလဌာနေမျိူးနွယ်စုဒေသများကိုရက်စက်စွာဖိနှိပ်တိုက်ခိုက်တဲ့ မြန်မာတပ်က မဟာမိတ်နဲ့ပါလာတဲ့လူမျိုးစု သ န က များခွဲထွက်ပြီးနောက်ဂျပန်ခေတ်လက်ကျန်ဂျပန်မွေးမြူလေ့ကျင့်ပေးတဲ့ ဂျပန်ဖက်ဆစ်စရိုက်လက္ခဏာဆက်ခံတဲ့ ဗမာ့မျိုးချစ်တပ်မတော်အမွေခံတပ်များသက်သက် ဖြစ်သွားပါတယ်။ မြန်မာစစ်တပ်ဟာလည်းဂျာမာန်စစ်အတွေးအခေါ်ဖြစ်တဲ့ အကြီးဆုံးလူမျိုး ပြည်နယ်က စီမံအုပ်ချုပ်ခွင့်ရှိတယ်ဆိုတဲ့ လူမျိုးကြီးဝါဒကိုကာနယ်မောင်မောင်နဲ့ဓမ္မိကဘသန်းတို့က စစ်တပ်အတွင်းနဲ့ဗမာပြည်မအတွင်းမှာစနစ်တစ်ကျသွတ်သွင်းပါတယ်။ ပြည်တွင်းစစ်ကာလမှာတပ်မတော်ရာထူးအဆင့်ဆင့် စစ်မှု့ထမ်းများဟာလည်းပြည်မနေ လူမျိုးစုအများစုဖြစ်နေပါတယ်။ကာနယ်ဗိုလ်မောင်မောင်တို့သွတ်သွင်းခဲ့တဲ့မဟာဗမာဝါဒကို စစ်တပ်ကလည်းဖုံးကွယ်ထားခြင်းမရှိ့တာတွေ့ရပါတယ်။

မြန်မာစစ်တပ်က ၂၀၁၈ခုနှစ်ကအကြီးအကျယ် ဝါဒဖြန့်ရိုက်ကူးထုတ်လုပ်လိုက်တဲ့ “စစ်ကိုမုန်း၍တိုက်ခဲ့သည်”ဆိုတဲ့ဇာတ်ကားအရပေါ်လွင်ပါတယ်။စစ်ကိုမုန်း၍တိုက်ခဲ့သည်ဆိုတဲ့ စစ်ဒသနဟာဂျာမာန်စစ်ဒဿနဆရာ ဗွန်ကလော့စ်ဝှိုက်ရဲ့ အမြင့်ဆုံးဒဿနပဲဖြစ်ပါတယ်။ ကလော့စ်ဝှိုက်က ဂျာမာန်ပြည်ကြီးပွားဖို့ တစ်စည်းတစ်လုံးထဲဖြစ်ဖို့ ဂျာမာန်ရဲ့အကြီးဆုံးနဲ့လူဦးရေးအများဆုံးပြည်နယ်မှာတာဝန်ရှိ့တယ်အဲ့ဒီပြည်နယ်က ပရပ်ရှားဖြစ်မယ် ကျန်တဲ့ဂျာမာန်ပြည်နယ်ငယ်များကို ပြည်နယ်ကြီးက စစ်ဖြင့်တိုက်ခိုက်စည်းရုံးရမယ် ထိုသို့စစ်ဆင်တိုက်ခိုက်ရာမှာလည်း စစ်ကိုနောက်ထပ်တိုက်စရာမလိုတော့အောင် အမြန်ဆုံး အပြင်းထန်ဆုံး အရက်စက်ဆုံး နဲ့အပြီးသတ်ချေမှုန်းတိုက်ခိုက်ရမယ်လို့ သင်ကြားပါတယ်။ နောက်ထပ်စစ်တိုက်ရမှာဆိုးလို့ စစ်ကိုမုန်းလို့ စစ်တိုက်ရပါသည် ဆိုတဲ့ဒသနဖြစ်ပါတယ်။ဗမျိုးချစ်တပ်မတော်အမွေခံမြန်မာစစ်တပ်က စစ်ကိုမုန်း၍တိုက်ခဲ့သည်ဆိုတဲ့ ဖလော်ဆော်ဖီကို၂၁ရာစုထဲမှာထပ်မံဝါဒဖြန့်တာကိုကြည့်ရင်မြန်မာစစ်တပ်ရဲ့အတွင်းပိုင်းစိတ်နေစိတ်ထားကိုမြင်နိုင်ပါတယ်။ ယနေ့၂၀၂၁နွေဦးတော်လှန်ရေးကာလမှာ မြန်မာစစ်တပ်ရဲ့အနာဂါတ်ကို ပြည်မနေဗမာမျိုးနွယ်စုကဘယ်လိုသဘောထားမလည်းဆိုတဲ့ပြသနာဝင်လာတယ်မြင်ပါတယ်။ပြည်မနေဗမာမျိူးနွယ်စုဟာ မြန်မာစစ်တပ်ကိုအပြီးအပိုင်ဖျက်သိမ်းလိုတဲ့ဆန္ဒရှိ့မရှိ့ရှင်းလင်းဖို့လိုအပ်လာပါတယ်။ အညာနဲ့ပြည်မသားတို့အနေနဲ့မြန်မာစစ်တပ်ကိုအပြီးတိုင်ဖျက်သိမ်းလိုတာလား စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအဆင့်လောက်သာမျော်မှန်းတာလားဆိုတာ ပြသရတော့မယ်ထင်ပါတယ်။ တိုင်းရင်းသားတပ်များရဲ့ဖက်ဒရယ်တပ်မတော်ကိုဘယ်လိုပုံစံနဲ့မျော်မှန်းထားပါသလဲမေးခွန်းကိုဖြေပေးရမယ်ထင်ပါတယ်။ ကြုံတွေ့နေရတဲ့စစ်တပ်ရဲ့ဖိ့နှိပ်မှု့လျော့နည်းစေဖို့တိုင်းရင်းသားတို့ကစစ်ရေးဖိ့အားပေးမှု့လောက်သာမျှော်မှန်းတာလား။ အခုရှိ့နေတဲ့မြန်မာစစ်တပ်ကိုလုံးဝဖျက်သိမ်းပြီး လူမျိုးအားလုံးပါဝင်တဲ့ အမျိုးစားသစ်တပ်မတော်ဖွဲ့စည်းဖို့လားဖြေရတော့မှာဖြစ်ပါတယ်။ အဖြေက လက်တွေ့လုပ်ရပ်ကပဲပေးရမှာဖြစ်ပါတယ်။

ဗမာမျိုးနွယ်စုအများစုပါဝင်တဲ့မြန်မာစစ်တပ်ရဲ့အနာဂါတ်ကို ဗမာမျိုးနွယ်စုကပဲပြဌာန်းရမယ်ထင်ပါတယ်။ဗမာမျိုးနွယ်စုနဲ့မြန်မာစစ်တပ်ဆက်ဆံရေးဘယ်လိုသဘောထားမယ်ဆိုတာလည်းအရေးကြီးပါတယ်။ တိုင်းရင်းသားတို့ရဲ့ဖက်ဒရယ်တပ်ခေါ်ခေါ် တပ်ပေါင်းစုခေါ်ခေါ် စစ်ရေးမဟာမိတ်ခေါ်ခေါ် တို့ဟာ မြန်မာစစ်တပ်ရဲ့အဓိကစစ်အင်အားနဲ့စစ်အင်္ဂါစဉ်ခင်းကျင်းထားတဲ့ပြည်မကို သိမ်းပိုက်နိုင်မှသာ စစ်ပွဲနိုင်တယ်လို့ဆိုရမယ်ထင်ပါတယ်။ဒါလက်တွေ့ဖြစ်နိုင်ပါ့မလားအပြင် အချိုးညီစစ်ပွဲဖြစ်နိုင်ပါ့မလား ဆိုတာ စစ်ရေးပညာရှင်တို့ကပိုသုံးသပ်ပြနိုင်မှာဖြစ်ပါတယ်။ စစ်ပွဲတွေနယ်စပ်နဲ့တိုင်းရင်းသားဒေသထောင်းလမောင်းကျေဖြစ်ယုံနဲ့ ပြည်မမြန်မာစစ်တပ်အဆုံးသတ်နိုင်ပါ့မလား။ အဓိကအဖြေကတော့ အညာနဲ့ပြည်မနေမျိုးနွယ်စုက အနာဂါတ်မြန်မာစစ်တပ်အတွက်ဘယ်လိုဆုံးဖြတ်မလဲကအရေးကြီးမယ်ထင်ပါတယ်။ဗမာမျိုးနွယ်စုကြီးက စစ်ပွဲ‌တွေ တိုင်းရင်းသားဒေသမှာပဲတိုက်ကြ ပြည်မမှာစစ်မဖြစ်စေချင်ဘူးလို့သဘောထားရင် မြန်မာစစ်တပ်ကိုလည်းဘာမှပြောင်းလဲနိုင်မယ်မထင်ပါဖူး။ ဗမာလူမျိုးစုတို့က ရန်ကိုရန်ခြင်း ဓါး ဓါးခြင်းလှံ လှံခြင်း သေနတ်သေနတ်ခြင်း ဆိုတဲ့ စိတ်ဓါတ်မရှိ့သေးခဲ့ရင် စစ်ဖြစ်မှာကိုကြောက်နေခဲ့ရင် ပြည်မမှာပဲပွဲသိမ်းတိုက်ပွဲရှိ့တယ်ဆိုတာလက်ခံဖို့အစဉ်သင့်မဖြစ်သေးခဲ့ရင် ပွဲပြီးဖို့မလွယ်သေးကြောင်းယူဆမိ့ပါတယ်။ အဓိကက ဗမာတွေ စစ်အာဏာရှင်စနစ်ကို စစ်ပွဲဆင်နွှဲလိုစိတ်ရှိ့ရှိ့ပါပဲ။ဗမာလူမျိုးစုတို့ လက်နက်နဲ့စစ်ပညာ အသစ်တည်ဆောက်လိုစိတ်ရှိ့မရှိ့ပါပဲ။ဒီလိုအသစ်တည်ဖို့ဆို နိုင်ငံရေးဦးဆောင်မှု့ နိုင်ငံတစ်ကာအဆက်အသွယ် အကူအညီ ငွေကြေးရံပုံငွေရှာဖွေမှု့ လက်နက်တပ်ဆင်မှု့ နောက်လိုက်စည်းရုံးစုစည်းမှု့ လေ့ကျင့်သင်တန်းပေးမှု့ နယ်မြေတည်ထောင်မှု့ စသဖြင့် ကျယ်ပြန့်တဲ့အလုပ်နဲ့ ဗိုလ်ဝင်ခံ မယ့်သူရဲကောင်းတွေပေါ်လာမှဖြစ်နိုင်မှာပါ။ တိုင်းရင်းသားတွေနှစ်ပေါင်းများစွာ သွေးနဲ့အရင်းတည်ထားရတဲ့ အဖွဲ့တွေအပေါ်မှာ ဗိုလ်ဝင်ခံ ဖို့ကတော့ စိတ်ကူးယဉ်ဆန်တယ်လို့မြင်မိ့ပါတယ်။ အနာခံမှအသာစံရမယ်ဆိုတာ ဗမာအာလုပ်စကားပါပဲ။

စိမ်းမောင်

By admin

Leave a Reply

Your email address will not be published. Required fields are marked *