ဒီမိန်းမနှစ်ယောက်အပြင် စစ်အုပ်စုလက်သပ်မွေးထားတဲ့ ဆိုရှယ်မီဒီယာဆယ်လီတွေအများကြီးရှိတယ်။မဘသထောက်ခံသူတွေ၊စစ်လော်ဘီတွေက ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်းမြင်ရပေမယ့် သူ့လူလိုလို ကိုယ့်လူလိုလို မကွဲပြားတဲ့ ပဥ္စမံတပ်သားတွေကို ပိုသတိထားဖို့လိုတယ်။ ရန်သူက လေးဖက်လေးတန်ဝိုင်းထားပြီး စစ်ရေးဖိအားပေးတယ်။အတွင်းသူလျှိုက အနီးကပ်သတင်းယူပြီး ရန်သူဆီ သတင်းပို့တယ်။ပဥ္စမံတပ်သားတွေက လိုင်းပေါ်မှာ ပွဲရှာပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်တယ်။ ကျနော်တို့က ပါးနပ်ဖို့လိုတယ်။စစ်ပရိယာယ်ကို နားလည်ဖို့လိုတယ်။
ဗမာဖေ့စ်ဘွတ်ခ်နဲ့ တစ်ခ်တော့ ပေါလောကသားများသို့
——————————————–
ဒီအချိန်က စစ်ကြီးဖြစ်နေတာပါ။ မေ့နေမှာစိုးလို့ ထပ်တလဲလဲ ပြောနေရတာပါ။ လူသတ်ပွဲကြီး ဖြစ်နေတာပါ။ တိုင်းပြည်အာဏာကို မတရားလုယူထားတဲ့ မင်းအောင်လှိုင်စစ်အုပ်စုက
စနစ်တကျ ပစ်မှတ်ထားပြီး အပြစ်မဲ့ပြည်သူကို သတ်ဖြတ်နေတာပါ။ မနေ့က နေ့လည် ၁၂နာရီကျော်မှာ နမ့်ဆန်က ဇယ်တုန်ဟုန်းရွာက အပြစ်မဲ့ ကလေးငယ်တွေကို စစ်လေယာဥ်နဲ့ ဗုံးကြဲသတ်ဖြတ်သွားပါတယ်။ အသက် ၁၅နှစ်အောက်တွေ နှစ်ယောက်သေပြီး ၆ ယောက်လောက် ဒဏ်ရာရခဲ့တယ်။ နမ္မတူလေယာဥ်ကြဲတဲ့နေ့က သက်ကြီးရွယ်အို လူမမာအဖိုးတယောက် ခေါင်းပြတ်ပြီး ပါသွားခဲ့တယ်။အဖိုးက သျှမ်းလူမျိုးပါ။ ဒီတော်လှန်ရေးမှာ သျှမ်းရယ်၊တအာင်းရယ်၊မြန်မာရယ်လို့ မရှိပါဘူး။စစ်အုပ်စုနဲ့ ပြည်သူပဲရှိတယ်။စစ်ရာဇဝတ်ကောင်တွေနဲ့ အဖိနှိပ်ခံလူထုပဲရှိတယ်။ ဒီလို အရမ်းကာရော သေကြေပျက်စီးနေချိန်မှာ အောင်လအန်ဆန်နဲ့ ဘယ်သူပဲထိုးထိုး အရေးမပါဘူး။လေးဖြူလိုလူမျိုးတွေ ဘာသီချင်းဆိုဆို ဂရုစိုက်စရာမလိုဘူး။ အေသင်ကိုနဲ့ သမီးဆိုးဆိုတဲ့ မိန်းမနှစ်ယောက် ရန်ဖြစ်တာလည်း ခွေးနှစ်ကောင်ကိုက်သလို အထူးအဆန်းမဟုတ်ဘူး။ဖြစ်နိုင်ခြေရှိတာ ကျနော်တို့ပြည်သူတွေကို အာရုံလှည့်စားဖို့ စစ်ထောက်လှမ်းရေးက ဆင်ထားတဲ့အကွက်ပဲ။
ဒီမိန်းမနှစ်ယောက်အပြင် စစ်အုပ်စုလက်သပ်မွေးထားတဲ့ ဆိုရှယ်မီဒီယာဆယ်လီတွေအများကြီးရှိတယ်။မဘသထောက်ခံသူတွေ၊စစ်လော်ဘီတွေက ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်းမြင်ရပေမယ့် သူ့လူလိုလို ကိုယ့်လူလိုလို မကွဲပြားတဲ့ ပဥ္စမံတပ်သားတွေကို ပိုသတိထားဖို့လိုတယ်။ ရန်သူက လေးဖက်လေးတန်ဝိုင်းထားပြီး စစ်ရေးဖိအားပေးတယ်။အတွင်းသူလျှိုက အနီးကပ်သတင်းယူပြီး ရန်သူဆီ သတင်းပို့တယ်။ပဥ္စမံတပ်သားတွေက လိုင်းပေါ်မှာ ပွဲရှာပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်တယ်။ ကျနော်တို့က ပါးနပ်ဖို့လိုတယ်။စစ်ပရိယာယ်ကို နားလည်ဖို့လိုတယ်။
အခုလောလောဆယ် လိုအပ်နေတာ ထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းပဲ။ ကိုယ့်နယ်ထဲရောက်နေတဲ့ ရန်သူ့ထောက်လှမ်းရေးတွေကို ဖော်ထုတ်ဖမ်းဆီးဖို့နဲ့ ကိုယ့်အတွင်းစည်းအထိ ထိုးဖောက်ခြေရှုပ်နေတဲ့ ပဥ္စမံတပ်သားတွေကို တန်ပြန်ထောက်လှမ်းဖို့ပဲ။ လိုင်းပေါ်က ဖေ့စ်ဘွတ်၊တစ်ခ်တော့ခ် ပေါလောကမှာ မျောပါနေဖို့မဟုတ်ဘူး။ စနစ်တကျရှာဖို့လိုတယ်။သူလျှိုတွေရဲ့ အဖျက်စွမ်းအားဟာ ခေါဘဏီတပ်ကြီး တတပ်စာထက်ပိုတယ်။ သတိရှိကြပါ။
ကျော်ကိုကို
၅.၁၀.၂၀၂၅