လူကုန်ကူးခံရသူတွေကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်က အာရှနဲ့အာဖရိကတစ်ဝှမ်းရှိ အနည်းဆုံးနိုင်ငံ ၁၁ နိုင်ငံကနိုင်ငံသားတွေအပါအဝင် လူကုန်ကူးခံရသူ ၉၀ ဦးထက်မနည်းကို သတိပြုမိပါတယ်။ အဖွဲ့ရဲ့အဆိုအရ၊ အချို့သော သားကောင်တွေဟာ ရာဇဝတ်မှု အကြီးအကဲတွေရဲ့ကြမ်းတမ်းစွာ အနိုင်ကျင့်မှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆုံးရှုံးခဲ့ရပြီး မျက်စိကွယ်ခြင်း သို့မဟုတ် ရာသက်ပန် မသန်စွမ်းခြင်းတို့ဖြစ်သွားကြပါတယ်။ ဖိလစ်ပိုင်က Mateo* ဟာ KK Park မှာ ခြောက်လကြာ ပိတ်မိနေခဲ့ပါတယ်။ သူဟာ သူ့နေအိမ်ကနေထိုင်းနိုင်ငံကို ဖောက်သည်ဝန်ဆောင်မှု ကိုယ်စားလှယ်အဖြစ် တရားဝင်အလုပ်တစ်ခုရခဲ့တယ်လို့ယုံကြည်ပြီး မနှစ်က ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့်အဲဒိအစား သူသဟာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရပြီး ၎င်းရဲ့နိုင်ငံကူးလက်မှတ်ကို သိမ်းသွားခဲ့ပါတယ်။ နေ့ရက်တိုင်းမှာသူဟာ၎င်းတို့ရဲ့ WhatsApp နံပါတ်ကို မမျှဝေမချင်း ၎င်းတို့ရဲ့ ယုံကြည်မှုကို တည်ဆောက်ပြီးလူမှုမီဒီယာဆိုက်တွေမှာ ရာနှင့်ချီတဲ့ အသက်ကြီးတဲ့အမေရိကန် အမျိုးသားတွေကို မက်ဆေ့ချ်ပို့ရန် လိုအပ်ပါတယ်။ အဲဒိနောက် အဆက်အသွယ်ကိုအခြားသော လိမ်လည်လှည့်ဖြားမှုအဖွဲ့ဆီပို ပေးပို့ရမှာဖြစ်ပါတယ်။ ရည်မှန်းချက်ကိုကို မပြည့်မီရင် ပြင်းထန်တဲ့ကျဥ်စက်နဲ့အတို့ခံရတာ ဒါမှမဟုတ်ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်တွေနဲ့ အပြစ်ပေးခံရမှာဖြစ်ပါတယ်။ ခြံကို စွန့်ခွာဖို့က ရွေးချယ်စရာတစ်ခု မဟုတ်ခဲ့ပါ။ “လက်နက်ကိုင် အစောင့်တွေ အများကြီးရှိတယ်” လို့ ၎င်းက ဆိုပါတယ်။ အဆိုပါ ရာဇ၀တ်မှုလုပ်ငန်းတွေဟာအာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ ပဋိပက္ခစီးပွားရေးရဲ့မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး အဆိုပါ ရာဇ၀တ်မှုဆိုင်ရာ လုပ်ငန်းတွေကို နိုင်ငံအတွင်း လိမ်လည်လှည့်စားတဲ့ စင်တာတွေကို စစ်အစိုးရက ဖြန့်ကြက်ခွင့်ပြုထားပြီး ရာဇ၀တ်မှုကျူးလွန်တဲ့နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးကိုတက်လာစေဖို့ကူညီပေးခဲ့ပါတယ်။
——————————————————————————————————————————————————————————-
စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
လွန်ခဲ့တဲ့ငါးနှစ်ခန့်က အခုအချိန်မှာ ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်တလျှောက် ဟက်တာ ၂၁၀ (ဧက ၅၂၀) ကျယ်ဝန်းပြီး အစောင့်အကြပ်ထူထပ်တဲ့KK Park ရဲ့ နေထိုင်ရာမြေဟာကွက်လပ်တွေထက် အနည်းငယ်သာရှိပါတယ်။ ဆေးရုံ၊ စားသောက်ဆိုင်၊ ဘဏ်နဲ့မြက်ခင်းတွေနဲ့ဖသပ်သပ်ရပ်ရပ်ရှိတဲ့မြဝတီမြို့ရဲ့တောင်ဘက် တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့KK Park ဟာအမှန်တကယ်ပင် လူကုန်ကူးမှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရမ်းကားမှုတွေကြောင့် ဒေါ်လာသန်းပေါင်းများစွာ တန်ဘိုးရှိတဲ့ ရာဇ၀တ်မှုဆိုင်ရာ လိမ်လည်မှုလုပ်ငန်းရဲ့ ရှေ့တန်းနေရာဖြစ်ပါတယ်။ မကြာသေးမီနှစ်တွေအတွင်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ဟာ ရှုပ်ထွေးတဲ့အွန်လိုင်းလိမ်လည်မှုနဲ့ အမြတ်အစွန်းကြီးမားတဲ့ လိမ်လည်လှည့်ဖြားမှုတွေပြုလုပ်ဖို့ ကျွန်လုပ်သားတွေကိုအသုံးပြုတဲ့ KK Park လိုပဲ နိုင်ငံဖြတ်ကျော်ရာဇ၀တ်ဂိုဏ်းတွေကြောင့်အဆိပ်အတောက်ဖြစ်လာခဲ့ပါတယ်။ လူကုန်ကူးခံရသူတွေဟာညှဉ်းပန်းနှိပ်စက်ခံရပြီး အထဲမှာ ပိတ်မိနေတဲ့အလုပ်သမားတွေကို ကယ်ဆယ်ရန်စင်တာတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုအချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒရုန်းကရိုက်ယူခဲ့တဲ့ပုံတွေနဲ့သုတေသနအသစ်တွေကို ဂါးဒီးယန်းနဲ့သီးသန့်မျှဝေထားတဲ့ ထိုင်း-မြန်မာနယ်စပ်မှာ လည်ပတ်နေတဲ့ အဆိုပါစင်တာအရေအတွက်ဟာ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ယနေ့တိုင် တည်ဆောက်ဆဲဖြစ်ပြီး နှစ်ဆကျော် တိုးလာကြောင်း ဖော်ပြပါတယ်။ ကင်ဘာရာရှိ ကာကွယ်ရေးဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်တဲ့ Australian Strategic Policy Institute (Aspi) ကအချက်အလက်တွေအရ ထိုင်းနယ်စပ်ရှိ မြန်မာလိမ်လည်မှုစင်တာတွေဟာ ၁၁ကနေ၂၇ အထိ တိုးလာပြီးတစ်လကို ပျမ်းမျှ ၅.၅ဟက်တာအထိ အရွယ်အစား ချဲ့ထွင်ထားတယ်လို့သိရပါတယ်။ သြဂုတ်လမှာ Guardian ကရိုက်ကူးထားတဲ့ KK Park နဲ့ အခြားမြန်မာ့လိမ်လည်မှုစင်တာတွေဖြစ်တဲ့Tai Chang နဲ့ Shwe Kokko တို့ရဲ့ ဒရုန်းပုံတွေနဲ့ ဓာတ်ပုံတွေဟာ အင်္ဂါရပ်အသစ်တွေနဲ့တက်ကြွတဲ့တည်ဆောက်မှုလုပ်ငန်းတွေကို ပြသထားပါတယ်။ Tai Chang complexမှာ ထိုင်းနိုင်ငံက ရိက္ခာတွေပိုမိုလွယ်ကူစွာ သယ်ဆောင်လာနိုင်ဖို့မကြာသေးမီလတွေအတွင်းက တည်ဆောက်ခဲ့တဲ့ရေပေါ်သင်္ဘောကျင်း အပါအဝင် လွန်ခဲ့တဲ့နှစ်မှာနောက်ထပ် အဆောက်အဦးတွေထွက်ပေါ်လာခဲ့ပါတယ်။ The Guardian ရဲ့ ဒရုန်းဗီဒီယိုတွေမှာ Tai Chang နဲ့ KK Park နှစ်ခုစလုံးရဲ့ခေါင်မိုးပေါ်မှာမြင်ရတဲ့ဂြိုလ်တုအင်တာနက်လက်ခံသူဖြစ်နိုင်ဖွယ်ရှိတဲ့ အဖြူရောင်စတုရန်းတွေကိုလည်းပြသထားပါတယ်။
ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော် လျှပ်စစ်၊ အင်တာနက်နဲ့လောင်စာဆီထောက်ပံ့မှု ဖြတ်တောက်ပြီးနောက် ၎င်းတို့ကို လိမ်လည်မှုဆိုင်ရာ စင်တာတွေကိုပိတ်ထားဖို့နဲ့ရာဇ၀တ်ဂိုဏ်းတွေကို ရပ်တန့်ဖို့ ကြိုးပမ်းမှုနဲ့ ၎င်းတို့ကို ယခုနှစ်အစောပိုင်းမှာ အွန်လိုင်းမှာနေထိုင်ခွင့်ပြုဖို့ ကြိုးပမ်းခဲ့ပါတယ်။ Elon Musk ရဲ့ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု လုပ်ငန်း Starlink ကို လိမ်လည်မှုပေါင်းများစွာအတွက်အသုံးပြုနေပြီး နယ်စပ်ဖြတ်ကျော်သွားတယ်လို့ ယူဆရတဲ့ မှောင်ခိုဂိတ်တွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လိူ့ထိုင်းအာဏာပိုင်တွေက အခင်က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ အခြားသော လိမ်လည်မှုစင်တာတွေကို Guardian ကမြင်တွေ့ရတဲ့ ဒရုန်းနှဲ့ဂြိုလ်တုဓာတ်ပုံတွေဟာ ခိုင်မာတဲ့ခံတပ်တွေနဲ့လုံခြုံရေးစနစ်တွေကို ပြသထားပါတယ်။ Aspi ရဲ့ဆန်းစစ်ချက်အရ Dongmei ပန်းခြံဝင်းကို စစ်ဆေးရေးဂိတ်နဲ့ ပတ်၀န်းကျင်ကင်းမျှော်စင်တွေနဲ့ ကာရံထားပါတယ်။ ဆိုက်တွေမှာ အကြီးတန်းဝန်ထမ်းတွေနဲ့လာရောက်လည်ပတ်သူတွေအတွက် အထောက်အကူများစွာလည်း ပါရှိပါတယ်။ အချို့စုပေါင်းတိုက်ခန်းတွေမှာ ဇိမ်ခံအိမ်ရာတွေကို အလုပ်သမားတွေလည်ပတ်နေတဲ့ “စီမံခန့်ခွဲမှုအဖွဲ့များ” အတွက် သီးသန့်ထားပါတယ်။ ဒါမှမဟုတ် ၎င်းတို့ရဲ့ ရည်ရွယ်ထားတဲ့သားကောင်တွေနဲ့ဗီဒီယိုခေါ်ဆိုမှုတွေအတွက် ဆက်တင်အဖြစ် အသုံးပြုပြီး ၎င်းတို့လိုက်နာသင့်တဲ့ ရင်းနှီးမြုပ်နှံမှုအကြံဉာဏ်ကို အလွန်ချမ်းသာသူတစ်ဦးနဲ့စကားပြောဆိုနေတယ်လို့ယုံကြည်စေပါတယ်။ စင်တာတွေအတွင်းမှာ ပိတ်မိနေတဲ့ လူကုန်ကူးခံရတဲ့အလုပ်သမားတွေကိုပြုမူမှုဆိုင်ရာ ဆိုးရွားတဲ့ မှတ်တမ်းတွေဟာ မကြာသေးမီလတွေအတွင်း ကမ္ဘာတစ်ဝှမ်းကနေအာရုံစူးစိုက်မှု တိုးမြင့်လာခဲ့ပြီး ထွက်ပြေးဖို့ကြိုးစားသူတွေဟာလွန်ကဲတဲ့အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ပြစ်ဒဏ်တွေကို လိမ်လည်မှုစင်တာ သူဌေးတွေချမှတ်တာကိုခံခံခဲ့ကြရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံသားတွေ ၊ တရုတ်နဲ့ နိုင်ငံခြားသားတွေပိတ်မိနေတာကိုမြန်မာစစ်တပ်နှဲ့နယ်စပ်ဒေသတွေကို ထိန်းချုပ်တဲ့လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ရှုပ်ထွေးတဲ့ ကယ်ဆယ်ရေး ကြိုးပမ်းမှုနဲ့ အခုနှစ်အစောပိုင်းမှာ လူပေါင်း ၇၀၀၀ ခန့် လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် ပညာရှင်တွေကတော့ ဒါဟာ သမုဒ္ဒရာထဲကရေတစ်စက်ပဲဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံနယ်စပ်တလျှောက်ရှိ မြန်မာလိမ်လည်မှုစင်တာတွေမှာ လူပေါင်း ၁ သိန်းခန့် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ထိုင်းရဲတွေက ဒီနှစ်အစောပိုင်းက ခန့်မှန်းထားပါတယ်။
လူကုန်ကူးခံရသူတွေကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်က အာရှနဲ့အာဖရိကတစ်ဝှမ်းရှိ အနည်းဆုံးနိုင်ငံ ၁၁ နိုင်ငံကနိုင်ငံသားတွေအပါအဝင် လူကုန်ကူးခံရသူ ၉၀ ဦးထက်မနည်းကို သတိပြုမိပါတယ်။ အဖွဲ့ရဲ့အဆိုအရ၊ အချို့သော သားကောင်တွေဟာ ရာဇဝတ်မှု အကြီးအကဲတွေရဲ့ကြမ်းတမ်းစွာ အနိုင်ကျင့်မှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆုံးရှုံးခဲ့ရပြီး မျက်စိကွယ်ခြင်း သို့မဟုတ် ရာသက်ပန် မသန်စွမ်းခြင်းတို့ဖြစ်သွားကြပါတယ်။ ဖိလစ်ပိုင်က Mateo* ဟာ KK Park မှာ ခြောက်လကြာ ပိတ်မိနေခဲ့ပါတယ်။ သူဟာ သူ့နေအိမ်ကနေထိုင်းနိုင်ငံကို ဖောက်သည်ဝန်ဆောင်မှု ကိုယ်စားလှယ်အဖြစ် တရားဝင်အလုပ်တစ်ခုရခဲ့တယ်လို့ယုံကြည်ပြီး မနှစ်က ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့်အဲဒိအစား သူသဟာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရပြီး ၎င်းရဲ့နိုင်ငံကူးလက်မှတ်ကို သိမ်းသွားခဲ့ပါတယ်။ နေ့ရက်တိုင်းမှာသူဟာ၎င်းတို့ရဲ့ WhatsApp နံပါတ်ကို မမျှဝေမချင်း ၎င်းတို့ရဲ့ ယုံကြည်မှုကို တည်ဆောက်ပြီးလူမှုမီဒီယာဆိုက်တွေမှာ ရာနှင့်ချီတဲ့ အသက်ကြီးတဲ့အမေရိကန် အမျိုးသားတွေကို မက်ဆေ့ချ်ပို့ရန် လိုအပ်ပါတယ်။ အဲဒိနောက် အဆက်အသွယ်ကိုအခြားသော လိမ်လည်လှည့်ဖြားမှုအဖွဲ့ဆီပို ပေးပို့ရမှာဖြစ်ပါတယ်။ ရည်မှန်းချက်ကိုကို မပြည့်မီရင် ပြင်းထန်တဲ့ကျဥ်စက်နဲ့အတို့ခံရတာ ဒါမှမဟုတ်ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်တွေနဲ့ အပြစ်ပေးခံရမှာဖြစ်ပါတယ်။ ခြံကို စွန့်ခွာဖို့က ရွေးချယ်စရာတစ်ခု မဟုတ်ခဲ့ပါ။ “လက်နက်ကိုင် အစောင့်တွေ အများကြီးရှိတယ်” လို့ ၎င်းက ဆိုပါတယ်။ အဆိုပါ ရာဇ၀တ်မှုလုပ်ငန်းတွေဟာအာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ ပဋိပက္ခစီးပွားရေးရဲ့မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး အဆိုပါ ရာဇ၀တ်မှုဆိုင်ရာ လုပ်ငန်းတွေကို နိုင်ငံအတွင်း လိမ်လည်လှည့်စားတဲ့ စင်တာတွေကို စစ်အစိုးရက ဖြန့်ကြက်ခွင့်ပြုထားပြီး ရာဇ၀တ်မှုကျူးလွန်တဲ့နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးကိုတက်လာစေဖို့ကူညီပေးခဲ့ပါတယ်။
Aspi ရဲ့ခွဲခြမ်းစိတ်ဖြာချက်အရ အာဏာသိမ်းပြီးကတည်းက နယ်မြေအများအပြား ဆုံးရှုံးခဲ့ပြီး အာဏာကို ဆုပ်ကိုင်ထားဖို့ ရုန်းကန်နေရတဲ့မြန်မာစစ်တပ်ဟာ ၎င်းတို့ထံကနေ အမြတ်ထွက်နေတဲ့အရေးကြီးတဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေနဲ့၎င်းရဲ့မရေရာတဲ့ဆက်ဆံရေးကို အန္တရာယ်မပြုတဲ့လိမ်လည်လှည့်စားမှုတွေကို ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ Aspi က open source ဒေတာလေ့လာဆန်းစစ်သူ Nathan Ruser က “နည်းလမ်းများစွာနဲ့ဒီလုပ်ငန်းဟာ အခုအခါ တိုက်ပွဲဖြစ်ပွားနေတဲ့မြန်မာစစ်တပ်အတွက် တည်ရှိနေယ့်လိုအပ်ချက်တစ်ခုဖြစ်တယ်။”လို့ဆိုပါတယ်။ လူကုန်ကူးခံရသူတွေရဲ့ မိခင်နိုင်ငံတွေနဲ့၎င်းတို့ဖြတ်သန်းသွားလာနေတဲ့ နိုင်ငံတွေအပါအဝင် အဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်မျှဝေဖို့လိုအပ်တာ်လို့ မြန်မာစစ်တပ်က အရင်က ပြောကြားထားပါတယ်။ နိုင်ငံတကာမှာအစိုးရတွေကလိမ်လည်မှုစင်တာတွေကို လူကုန်ကူးမှုဆိုင်ရာ အနည်းငယ်စိုးရိမ်စရာအဖြစ် လွဲမှားစွာ ရှုမြင်ကြတယ်လို့ လူကုန်ကူးခံရသူတွေနဲ့လက်တွဲလုပ်ဆောင်နေတဲ့ အမေရိကန် ဧဝံဂေလိအဖွဲ့အစည်း Acts of Mercy International ရဲ့အရှေ့တောင် အာရှဒါရိုက်တာ Amy Millerက ပြောကြားခဲ့ပါတယ်။ “ကျွန်မအတွက်ကတော့ ဒါဟာကြီးထွားလာမယ့် အတိုင်းအတာကို နားမလည်တဲ့အတွက် ဒါဟာ မသိနားမလည်မှု၊လစ်လျူရှုမှုပါပဲ၊” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။သီရိလင်္ကာနဲ့နိုင်ဂျီးရီးယားတို့လို့နိုင်ငံတွေမှာ အလားတူအစီအစဥ်တွေပေါ်ပေါက်နေပြီလို့၎င်းက ထပ်လောင်းပြောကြားပါတယ်။ Mateo ကို နောက်ဆုံးမှာတော့ KK Park ကနေကယ်ဆယ်နိုင်ခဲ့ပြီး အခုအခါမှာ အခြားလွတ်မြောက်လာတဲ့ အလုပ်သမားတွေနဲ့အတူ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ပါတယ်။ သူသဟာလိမ်လည်မှုစင်တာတွေအတွင်းကသူ့ရဲ့အတွေ့အကြုံတွေကို ထပ်မံပြောပြဖို့အလွန်စိတ်ဒဏ်ရာရနေသေးပေမယ့်လည်းသူနဲ့အတူ ပိတ်မိနေတဲ့ သူ့ရဲ့သူငယ်ချင်းက လိမ်လည်မှုစင်တာကသူဌေးတွေအကြောင်း ပြောပါတယ်- “သူတို့အတွက်၊ ငွေက လူ့အသက်ထက် ပိုအရေးကြီးတယ်။ တခြားသူတွေကို နင်းမိရင် ဂရုမစိုက်ဘူး၊ သူတို့အတွက် အရေးကြီးတာက ပိုက်ဆံပဲ”လို့ဆိုပါတယ်။ဒီစုပေါင်းအိမ်ယာတိုက်ခန်းတွေအတွင်းမှာ “လောကကမကောင်းမှုအပေါင်းတွေစုဝေးနေတာလို့ခံစားရပါတယ်”လို့သူကဆက်ပြောပါတယ်။ * အထောက်အထားတွေကို ကာကွယ်ဖို့အတွက် အမည်တွေကို ပြောင်းလဲထားပါတယ်။
အဲမောင်း
The Guardisn မှာဖော်ပြတဲ့ Rebecca Ratcliffe
ရဲ့ Revealed: the huge growth of Myanmar scam centres that may hold 100,000 trafficked people ကိုပြန်ဆိုပါတယ်။
သူဟာ The Guardian ရဲ့အရှေ့တောင် အာရှ သတင်းထောက် ဖြစ်ပါတယ်။