ထိုင်းဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ကြားနာမှုအသေးစိတ်အချက်အလက်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက ထုတ်ဖော်ခွင့်ပိတ်ပင်ထား

ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

သြဂုတ်လ ၂၁ ရက်နံနက် ၁၀ နာရီ ၃၀ မိနစ်မှာယဉ်ကျေးမှုဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေတဲ့ Paetongtarn Shinawatra ရဲ့ ဝန်ကြီးချုပ်ရာထူးကို ရပ်စဲမလား။ ထိုင်းဝန်ကြီးချုပ်အဖြစ်ကယာယီရပ်စဲခံထားရတဲ့ Paetongtarn နဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော် သမ္မတ ဟွန်ဆန်တို့ကြား စကားပြောဆိုမှု အသံဖိုင်ကို ထုတ်ပြန်ပြီးနောက် ကြီးလေးတဲ့ ကျင့်ဝတ်ဖောက်ဖျက်မှု စွပ်စွဲချက်ထွက်ပေါ်လာတာဖြစ်ပါတယ်လို့ The Nation ကဖော်ပြပါတယ်။ ကြားနာပွဲမစမီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ Nakharin Mektrairat က နိုင်ငံတော်လုံခြုံရေးအတွက် အမှုကို သက်ရောက်မှုရှိစေပေမယ့်လည်းတရားရုံးက သက်သေထွက်ဆိုနေစဉ်အတွင်း ရုပ်ပုံနဲ့အသံထုတ်လွှင့်ခြင်းကို တားမြစ်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။


၎င်းကတက်ရောက်လာသူတွေကို အများသူငှာ ကိုလှည့်ဖြားနိုင်စေမယ့်ကြားနာမှုအသေးစိတ် အချက်အလက်တွေကို ဖြန့်ဝေခြင်း သို့မဟုတ် ထုတ်ဝေခြင်းကိုတားမြစ်ထားပါတယ်။အယူခံဝင်သူဘက်ကလည်း အထက်လွှတ်တော်ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီး Sawat Tasana၊ Pol Maj Gen Chatthawat Saengphet၊ Chanin Kanhirun၊ Trin Kanhirun နဲ့ Amorn Suwannaroj အပါအဝင် ရုံးထုတ်ဖို့ကိုယ်စားလှယ်တွေကို လွှတ်တော်ဥက္ကဋ္ဌက ခန့်အပ်ခဲ့ပါတယ်။ Paetongtarn ဟာ အမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး Chatchai Bangchuad နဲ့အတူ သက်သေအဖြစ် ဖြေဆိုသူအဖြစ် လူကိုယ်တိုင်လာရောက်ခဲ့ပါတယ်။ တရားရုံးက Wiroon Sangtian နဲ့ Noppadon Theppitak ကို ကြားနာဖို့ ခန့်အပ်ခဲ့ပြီး အခြားသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးမျာတွေကိုအပြန်အလှန်စစ်ဆေးဖို့ အခွင့်အာဏာရှိပါတယ်။

Wiroon က ပထမဆုံးသက်သေအဖြစ် Chatchai ကို စတင်မေးမြန်းခဲ့ပြီး Paetongtarn ကိုတရားခွင်အပြင်ဘက်မှာ စောင့်ဆိုင်းဖို့တောင်းဆိုခဲ့ပါတယ်။ နှစ်ဖက်စလုံး သို့မဟုတ် ၎င်းတို့ရဲ့တရားဝင်ကိုယ်စားလှယ်တွေက သက်သေတွေကို အပြန်အလှန်စစ်ဆေးလိုရင် တရားရုံးရဲ့ ကြိုတင်ခွင့်ပြုချက် လိုအပ်ပါတယ်။ တရားရုံးက ဩဂုတ်လ ၂၇ ရက် မှာအပိတ်ခံဖို့ရက် မသတ်မှတ်မီ အခု သက်သေ စစ်ဆေးခြင်း ဟာအရေးကြီးတဲ့အဆင့် ဖြစ်ပြီး ဩဂုတ် ၂၉ ရက် မှာ ၎င်းရဲ့စီရင်ချက် ကို ချမှတ် မှာ ဖြစ်ပြီး ယင်း စီရင်ချက် ဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ရှင်နာဝပ်ထရာ မိသားစုရဲ့နိုင်ငံရေး အနာဂတ် ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *