ဩဂုတ်လ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မဏိပူရနာဂကိုယ်စားလှယ်အဖွဲ့နဲ့ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးကာရံခြင်းဆိုင်ရာ ဗဟိုအစိုးရအရာရှိတွေ(FMR) (အိန္ဒိယနဲ့မြန်မာကလူတွေနှစ်နိုင်ငံအတွင်းကို သတ်မှတ်ထားတဲ့အကွာအဝေးအတွင်း ဗီဇာမပါပဲလွတ်လပ်စွာသွားလာခွင့်) နဲ့ပတ်သက်တဲ့အစည်းအဝေးကို နယူးဒေလီမှာအသြဂုတ် ၂၆ရက်မှာ အဖေမြထွက်ဘဲ ပြီးဆုံးခဲ့တယ်လို့ The Hindu သတင်းစာမျက်နှာက သြဂုတ် ၂၇ရက်မှာဖော်ပြပါတယ်။
United Naga Council (UNC)၊ Naga Women’s Union နဲ့ Naga Students’ Association, Manipur တို့ကအဖွဲ့ဝင် ၁၁ ဦးပါရှိတဲ့ အဖွဲ့ကိုစင်တာမှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဗဟိုအဖွဲ့ကို A.K. Mishra ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု အတိုင်ပင်ခံ (အရှေ့မြောက်)ဒေသကဦးဆောင်ပါတယ်။