မြန်မာနဲ့လာအိုနိုင်ငံမှာ ကလေးညစ်ညမ်းရုပ်ပုံတွေထုတ်တဲ့ ဂျပန်အမျိုးသား ၂ ဦးကို ဖမ်းဆီး

ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနဲ့လာအိုနိုင်ငံတို့မှာ ကလေးညစ်ညမ်းရုပ်ပုံတွေ ထုတ်လုပ်တယ်လို့ စွပ်စွဲခံထားရတဲ့ ဂျပန်အမျိုးသားနှစ်ဦးကို သြဂုတ် ၂၇ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက သြဂုတ် ၂၉ရက်မှာဖော်ပြပါတယ်။ အိုဆာကာမြို့က အသက် ၆၀ အရွယ် သွားဆရာဝန် Yoshihiro Shirai နဲ့ Nagoya မှာ နေထိုင်သူ အသက် ၆၅ နှစ်အရွယ် Kazuhiko Uji တို့ကိုဖမ်းဆီးခဲ့ပြီးသူတို့ဟာလာအိုမှာကလေးပြည့်တန်ဆာ ကျူးလွန်ခြင်းကို ဂျပန်ဥပဒေအရ အပြစ်ပေးခံရမည်လို့ဂျပန် နိုင်ငံခြားရေးဌာနက သတိပေးပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဂျပန်အမျိုးသားတွေဟာ လာအိုက ကလေးပြည့်တန်ဆာလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတယ်လို့ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြမှုများရှိကြောင်း ဝန်ကြီးဌာနက ဇွန်လအတွင်းက ၎င်းရဲ့ဝက်ဘ်ဆိုက်မှာပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ Shirai ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက မြန်မာနိုင်ငံမှာ ၁၈ နှစ်အောက် မိန်းကလေးတစ်ဦးရဲ့ မဖွယ်မရာပုံတွေကိုရိုက်ယူမှုနဲ့ဖမ်းဆီးခံခဲ့ရပါတယ်။ စွပ်စွဲချက်ကို ၎င်းက ငြင်းဆိုထားပါတယ်။


Uji ဟာမတ်လက လာအိုနိုင်ငံရှိ ဟိုတယ်တစ်ခုမှာ မိန်းကလေးတစ်ဦးရဲ့ မဖွယ်မရာပုံတစ်ပုံကို လျှို့ဝှက်ရိုက်ယူမှု သံသယနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ဆေးမေးမြန်းရာမှာ သူကနှုတ်ဆိတ်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ Shirai ဆီကသိမ်းဆည်းရမိတဲ့ပစ္စည်းတွေမှာ ညစ်ညမ်းတဲ့ဗီဒီယိုနဲ့ ရုပ်ပုံ ၁၀,၀၀၀ ကျော်ကို စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ပြီး နောက်ထပ်၁,၀၀၀ ကျော်ကို Uji ထံကနေသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ Uji ကို ပြီးခဲ့နှစ်နိုဝင်ဘာလကစတင်ပြီးစုံစမ်းစစ်ဆေးမှုတွေနဲ့အတူ ၎င်းစမတ်ဖုန်းကနေမှတ်တမ်းတွေအရ သူနဲ့ Shirai တို့ဟာ နိုင်ငံရပ်ခြားမှာ ကလေးပြည့်တန်ဆာကိစ္စနဲ့ပတ်သက်တဲ့ သတင်းအချက်အလတ်တွေ အပြန်အလှန်ဖလှယ်ခဲ့တယ်လို့ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *