ထိုင်းလွှတ်တော်ကိုမဖျက်သိမ်းနိုင်လို့ ယာယီဝန်ကြီးချုပ်ကဆို

ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဝန်ကြီးချုပ်ရဲ့ အခွင့်အာဏာ အပြည့်ရှိတာကြောင့် ယာယီဝန်ကြီးချုပ်က လွှတ်တော်ကို မဖျက်သိမ်းနိုင်ကြောင်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက အလေးပေး ပြောကြားပြီး တော်ဝင်အဖွဲ့အစည်းကို မထိခိုက်စေဖို့ သတိပေးထားတယ်လို့ Khaosod သတင်းကသြဂုတ် ၃၀ရက်မှာဖော်ပြပါတယ်။ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်က အစိုးရအိမ်တော်မှာနိုင်ငံတော်ကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ပါကွန်နီပရာဖန်က်ု ယာယီဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းနိုင်ခြင်း ရှိ မရှိ တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ ယာယီဝန်ကြီးချုပ်ဟာဝန်ကြီးချုပ်ရဲ့ သီးသန့်လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် လွှတ်တော်ကို မဖျက်သိမ်းနိုင်ဘူးလို့ဆိုပါတယ်။ “လုပ်လို့မရဘူးလို့ ကိုယ်တိုင်ကိုယ်ကျ ယုံကြည်တယ်”လို့သူကဆက်ပြောပါတယ်။ ဒီလိုအရေးယူမယ်ဆိုရင် ပြဿနာတစ်စုံတစ်ရာရှိလာနိုင်လားဟု မေးမြန်းရာမှာ “တော်ဝင်အဖွဲ့အစည်းကို မထိခိုက်စေဖို့အချို့အရာတွေဟာ တတ်နိုင်သမျှ လုပ်ဆောင်နိုင်တာကြောင့် အစိုးရအနေနဲ့ ဂရုတစိုက် စဉ်းစားရမယ့်ကိစ္စဖြစ်နယ်လို့မစ္စတာ ပတ်ကွန်က ပြောပါတယ်။


အခြားသော ဝန်ကြီးရာထူးတွေအတွက် “ယာယီ” ဆိုတဲ့ ဝေါဟာရဟာ မလိုအပ်ပါ။ သာမာန်ဝန်ကြီးတွေအဖြစ် ရည်ညွှန်းခံရမည်ဖြစ်ပါတယ်။ ယာယီဝန်ကြီးချုပ် မစ္စတာ ဖမ်သမ် ဝေချားချိုင်းနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ ရာထူးက ကုန်ဆုံးသွားတဲ့အတွက် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ဖို့ တစ်စုံတစ်ဦးကို ခန့်အပ်ဖို့ ဒီကနေ့ သြဂုတ်လ (၃၀) ရက်နေ့မှာ အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်”လို့ပြောကြားပါတယ်။ ထိုင်းတပ်မတော်ရဲ့ အခွင့်အာဏာဟာပုံမှန်ရှိနေဆဲဖြစ်ကြောင်း Pakorn က ဆက်လက်ပြောကြားပါတယ်။ ယနေ့မှာ အစိုးရအဖွဲ့ ပြီးဆုံးသွားသလို ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ပြီးဆုံးသွားပေမယ့်လည်း အစိုးရအဖွဲ့ အသစ်မဖွဲ့မချင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရအစိုးရအဖွဲ့ ဆက်လက်ရှိနေရမှာဖြစ်တယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒီကိစ္စရပ်ဟာ ရွေးကောက်ပွဲအသစ်တစ်ခုလိုအပ်တဲ့ပါလီမန်ကို ဖျက်သိမ်းလိုက်ခြင်း သို့မဟုတ် ပါလီမန်သက်တမ်းကုန်ဆုံးခြင်း နဲ့လုံးဝကွဲပြားခြားနားကြောင်း ထိုကာလမှာ ယာယီအစိုးရအဖွဲ့က အချို့သော အရာတွေကို ဆောင်ရွက်နိုင်မှာမဟုတ်သလို ရွေးကောက်ပွဲ ကော်မရှင် (EC) ရဲ့ ပထမဆုံး ခွင့်ပြုချက် လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့်သော်လည်း လက်ရှိ အစိုးရအဖွဲ့မှာ လုပ်ပိုင်ခွင့် အပြည့်ရှိသေးတယ်လို့သူကဆက်ပြောပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *