ဖူးခက်ကစားသောက်တစ်ဆိုင်ကို မြန်မာအလုပ်သမားတွေကိုပဲတရားမဝင်အသုံးပြုလို့ ဝင်ရောက်စီးနင်း

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံဖူးခက်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦးရဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို အာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသား အလုပ်သမားတွေ လုံးလုံးလျားလျား တရားမဝင် လုပ်ကိုင်နေတာကို တွေ့ရှိပြီးနောက် ဖမ်းဆီးလိုက်တယ်လို့ The Thaiger သတင်းကစက်တင်ဘာလ ၆ရက်မှာဖော်ပြပါတယ်။ သူငယ်ချင်းဆိုင် လို့အမည်ပေးထားတဲ့ အဆိုပါနေရာဟာ ဖူးခက်မြို့၊ ဘန်ကောက်လမ်းရှိ Public Market 1 နောက်မှာ တည်ရှိပါတယ်။ ၎င်း၏ရဲ့လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေဆီက တိုင်ကြားမှုတွေရရှိ အပြီးမှာ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်တယ်ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။ ဖူးခက်ခရိုင် လုံခြုံရေး အရာရှိချုပ် ဦးဆောင်တဲ့ တာဝန်ရှိသူတွေက စစ်ဆေးရေး အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ စားသောက်ဆိုင်ဟာထိုင်းဝန်ထမ်းမရှိတဲ့မြန်မာနိုင်ငံသား သီးသန့် ဝန်ထမ်းဆိုင်ဖြစ်တယ်လို့ ၎င်းတို့ တွေ့ရှိခဲ့ပါတယ်။ ဆိုင်းဘုတ်တွေ၊မီနူးတွေ၊ အော်ဒါစာရွက်တွေနဲ့ ဖြတ်ပိုင်းတွေအားလုံးကို မြန်မာဘာသာနဲ့သာ ရေးသားထားတယ်လို့လည်းသတင်းကဆိုပါတယ်။ ဖောက်သည်အများစုဟာလည်း မြန်မာအသိုင်းအဝိုင်းကဖြစ်ပါတယ်။ ဆိုင်တာဝန်ခံဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဇော်မင်းလတ်ကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။

ပုံနှိပ်ထားတဲ့ အစားအသောက် မီနူး နှစ်ခု၊ မြန်မာဘာသာလက်ရေးနဲ့ အော်ဒါစာရွက် ၁၄ ရွက်နဲ့မြန်မာဘာသာနဲ့ပေးပို့တဲ့ ပြေစာများစွာကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ စာရွက်တွေကို ကိုယ်တိုင်ရေးခဲ့တယ်လို့ သူဝန်ခံခဲ့ပါတယ်။ ဇော်မင်းလတ်ကိုထိုင်းဥပဒေအရ နိုင်ငံခြားသားတွေကို ခွင့်မပြုတဲ့ အလုပ်အကိုင်ကိုလုပ်ကိုင်မှုနဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ၎င်းနဲ့သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေကို ဖူးခက်မြို့မရဲစခန်းကနေစုံစမ်းရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဖူးခက်သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါစီးနင်းမှုဟာဖူးခက်မှာတရားမ၀င်အလုပ်အကိုင်အလေ့အထတွေနဲ့ပတ်သက်ပြီးအခြေအတင်ငြင်းခုံမှုတွေဖြစ်စေခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံကရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ အလုပ်သမားပြဿနာတွေဟာထပ်တလဲလဲစိုးရိမ်စရာဖြစ်နေဆဲဖြစ်ပါတယ်။ ထိုင်းအလုပ်သမားဥပဒေအရ အစားအသောက်ပြင်ဆင်ခြင်း၊ လမ်းဘေးရောင်းချခြင်းနဲ့ လက်လီရောင်းချခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေအပါအဝင် အချို့သောအလုပ်တွေကို ထိုင်းနိုင်ငံသားတွေကိုသာခွင့်ပြုထားပါတယ်။ သင့်လျော်တဲ့အလုပ်ပါမစ်မရှိဘဲ ဒီအလုပ်တွေမှာ လုပ်ကိုင်တဲ့နိုင်ငံခြားသားတွေဟာဒဏ်ငွေ၊ နေရပ်ပြန်ပို့ခြင်းနဲ့အမည်ပျက်စာရင်း သွင်းခြင်းတို့ကို ရင်ဆိုင်ရနိုင်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *