စက်တင်ဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ပ ၁၄ လွှာ ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံကြီးအမှုအတွက် စီရင်ချက်ကိုချမှတ်ဖို့တရားရုံးချုပ်ရဲ့ ရာဇ၀တ်မှု ဆိုင်ရာ ဌာနခွဲက စက်တင်ဘာ ၉ ရက် က ခေါ်ယူခဲ့တယ်လို့ The Nation သတင်းကဖော်ပြပါတယ်။ အဆိုပါအမှုဟာ၎င်း၏နောက်ဆုံးစီရင်ချက်ပြီးသက်တင်ထောင်ဒဏ်ကျခံနေစဥ်ဆေးဝါးကုသမှုခံယူခွင့်တို့ကို ဗဟိုပြုထားတယ်လို့သတင်းကဆိုပါတယ်။
တရားရုံးက သက်ဆင်နဲ့ ဘန်ကောက်ကရီမာန်အကျဉ်းထောင် အကြီးအကဲ နှစ်ဦးစလုံးကို နရားရုံးကို လူကိုယ်တိုင် တက်ရောက်ဖို့အမိန့်ပေးခဲ့ပါတယ်။ သက်ဆင်ဟာ မူလက အဂတိလိုက်စားမှု သုံးခုနဲ့ ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ၎င်းကိုတော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တစ်နှစ်သို့ လျှော့ချခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ရဲအချုပ်ဆေးရုံကနေ”အထူးလွတ်ငြိမ်းချမ်းသာခွင့်” အတွက်အရည်းအချင်းပြည့်မီပြီး အကျဥ်းထောင်ဌာနစည်းမျဉ်းတွေအရပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ထောင်ထဲမှ တစ်ညမှနေခဲ့ဖူးခြင်း ရှိ၊ မရှိ မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။။ ၂၀၂၃ခုနှစ် ဩဂုတ်လ ၂၂ရက်ညမှာ ဘန်ကောက်မြို့ကရဲအချုပ်အကျဉ်းထောင်ကနေအရေးပေါ်ဆေးကုသမှုခံယူခဲ့ရပြီး လွတ်မြောက်လာချိန်အထိ ရဲချုပ်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူခဲ့ပါတယ်။ သူ ထောင်ကို ဘယ်တော့မှ ပြန်မလာပါဘူး။ ၎င်းရဲ့နောက်ဆုံးစီရင်ချက်မှာ တရားရုံးချုပ်က သက်ဆင်ကို ထောင်ဒဏ်တစ်နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ပါတယ်။