စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင် ရှော့ပင်းမောလ်အနီးမှာ ရပ်ထားတဲ့ ဗင်ကားတစ်စီးပေါ်မှာ ဖောက်ခွဲရေးပစ္စည်းအချောင်း ၁၁၉ ချောင်းကို စက်တင်ဘာ ၇ ရက်နေ့မှာ ရဲတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၁၀ရက်မှာဖော်ပြပါတယ်။ အဆိုပါယာဉ်ဟာ အဲဒိနေရာမှာ ရပ်ထားတာခြောက်လကျော်ရှိပြီလို့ သိရပါတယ်။ မယ်ဆိုင်မြို့မ ရဲစခန်းက အရာရှိတွေနဲ့ Pha Muang Task Force က တပ်ဖွဲ့ဝင်တွေကချင်းရိုင်လိုင်စင် နံပါတ် ผท ၆၉၇၄ ပါ မသင်္ကာဖွယ် အဖြူရောင် တိုယိုတာ ဗင်ကားတစ်စီကို စက်တင်ဘာ ၇ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်ကတွေ့ရှိခဲ့တာ်လို့ သိရပါတယ်။
အဆိုပါ ဗင်ကားဟာခိင်းရိုင်ခရိုင်မယ်ဆိုင်မြို့က စျေးဝယ်စင်တာနဲ့ ဈေးတစ်ခုကြားရှိ လမ်းငယ်တစ်ခုမှာ ရပ်နားထာပြီး တည်နေရာဟာ Saiမြစ်ကိုဖြတ်တဲ့ ပထမ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကနေ မီတာ ၅၀၀ ခန့်သာ ကွာဝေးပါတယ်။ စစ်ဆေးရာမှာ တာဝန်ရှိသူတွေက ဗင်ကားနောက်ဘက်မှာ အိတ်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အိတ်များအတွင်းမှာ စူပါပါဝါ ၉၀အဆင့်မြင့် ဖောက်ခွဲရေးပစ္စည်း အများအပြားပါရှိပြီး မြေပြင်နဲ့ဥမင်လိုဏ်ခေါင်းတွေကိုဖောက်ခွဲနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ အထဲမှာ အနီရောင်နဲ့ အဖြူလျှပ်စစ်ကြိုးတွေလည်း ပါပါတယ်။ လုံခြုံရေးအရ တာဝန်ရှိသူတွေက ယာဉ်ပတ်ပတ်လည် မီတာ ၁၀၀ အကွာအဝေးကို ပိတ်ဆို့ထားပြီး လူတွေအဲဒိဧရိယာအတွင်းကိုဝင်ရောက်ခြင်းမပြုဖို့တားမြစ်ထားပါတယ်။
ပေါက်ကွဲစေတတ်သော လက်နက်များ စွန့်ပစ်ခြင်း (EOD) အဖွဲ့ကိုထပ်မံစုံစမ်းဖ်ု့ ဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့က စစ်ဆေးရာမှာဖောက်ခွဲရေးပစ္စည်း ၁၁၉ ချောင်းနဲ့ လျှပ်စစ် ဖောက်ခွဲရေး စက် ၂၂၆ လုံးတို့ကို တွေ့ရှိခဲ့ပါတယ်။ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ရဲ့ပိုင်ရှင်ကို ဖော်ထုတ်ရန်နဲ့ လူနေထူထပ်တဲ့နေရာမှာဘာ့ကြောင့် သိမ်းဆည်းထားရသလဲဆိုတာကို ဆုံးဖြတ်ဖို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။