စက်တင်ဘာ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကျွဲကောဥယျာဥ်မှာ ပုန်းအောင်းနေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၇၀ ကို ရဲက ဖမ်းဆီးလိုက်တယ်လို့ Khaosod သတင်းကစက်တင်ဘာ ၁၄ ရက်ကဖော်ပြပါတယ်။
ကန်ချနပူရီခရိုင် ဆန်ခလာဘူရီ ရဲစခန်းက အမျိုးသား ၄၈ ဦးနဲ့အမျိုးသမီး ၂၂ ဦးစုစုပေါင်းရွှေ့ပြောင်းမြန်မာလုပ်သား ၇၀ ဦးကိုစက်တင်ဘာ ၁၄ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်က ကျေးရွာ ၈ ရပ်ကွက် ကျွဲကောဥယျာဉ်ထဲမှာပုန်းအောင်းနေတယ်လို့သတင်းအရရှိဝ်ရောက်ရှာဖွေရာမှာစာရွက်စာတမ်း အထောက်အထား ခိုင်လုံမှု မရှိတာကြောင့်ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနဲ့နေထိုင်မှုတို့အတွက်တရားစွဲဆိုခံခဲ့ရပါတယ်။
ကန်ချနပူရီ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ၎င်းတို့က်ုမြန်မာနိုင်ငံကိုပြန်ပို့ဖို့ စီမံဆောင်ရွက်မယ်လို့လည်းသတင်းကဆိုပါတယ်။