ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်မှာ မြန်မာဘက်ကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နေ့စဥ်ဖမ်းမိနေ

စက်တင်ဘာ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံကန်ချနပူရီခရိုင် သောင်ဖဖွမ်းမြို့နယ်ကလုံခြုံရေး အရာရှိတွေဟာမြန်မာနိုင်ငံကတရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နေ့စဉ်နဲ့အမျှ ဆက်တိုက်ဖမ်းမိနေတယ်လို့ Khaosod သတင်းကစက်တင်ဘာ ၁၆ ရက်မှာဖော်ပြပါတယ်။

စက်တင်ဘာ ၁၆ ရက် နေ့ နံနက်အစောပိုင်းကမိခင်နဲ့အတူ ခရီးသွား ၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူ ၅၃ ဦးကို ဖမ်းမိခဲ့ပါတယ်။ အရွယ်ရောက်ပြီးသူတွေထဲမှာ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၂၁ ဦးတို့ ပါဝင်ပြီး ယာဉ် ၄ စီးနဲ့ပြုံတိုးတင်းကျပ်စွာ လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်သော်လည်း ယာဉ်မောင်း လေးဦးစလုံး ဟာမြို့တွင်းကိုဦးတည်တဲ့ ပစ်ကပ်ထရပ်ကားနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တာဝန်ရှိသူတွေက ယာဉ် ၃ စီးသာ သိမ်းဆည်းရမိခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တုံဖုံ ရဲစခန်းကိုတရားဥပဒေအရ အရေးယူဖို့ပို့ဆောင်ခဲ့ပါတယ်။

စကားပြန်ကတဆင့်မေးမြန်းရာမှာတရားမဝင်မြန်မာနိုင်ငံသားအားလုံးဟာ ရန်ကုန်ကတဆင့် ထွက်ခွာလာပြီး ဆန်ခလာဘူရီခရိုင် ဘန်ဘိုရီပွန်မှာတော လမ်းကတဆင့်တရားမဝင် ဝင် ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

၎င်းတို့ဟာကုန်းလမ်း၊ ရေလမ်းနဲ့ တောလမ်းတွေကို အသုံးပြုပြီး Phra Nakhon Si Ayutthaya မြို့နဲ့ Surat Thani မြို့တို့မှာ ခိုးဝင်ပြီးအလုပ်လုပ်ဖို့ရည်မှန်းထားကြတယ်လို့ဆိုပါတယ်။ ခရီးဆုံးရောက်ရင်ပွဲစားတစ်ဦးကို ဘတ် ၁၅၀၀၀-၁၈၀၀၀ ပေးရမယ်လို့ဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *