စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် ဆန်ခလာဘူရီမြို့နယ်တူးမြောင်းအတွင်း ရေနစ်သေဆုံးတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို စက်တင်ဘာ ၁၁ ရက်က တွေ့ရှိခဲ့တယ်လို့ The Nation သတင်းကစက်တင်ဘာ ၁၅ ရက်မှာဖော်ပြပါတယ်။ တူးမြောင်းအတွင်း ရေနစ်သေဆုံးသွားတဲ့မြန်မာနိုင်ငံသား သုံးဦးရဲ့ အလောင်းတွေဟာာ ထိုင်း-မြန်မာနယ်စပ်ရှိ မွန်နဲ့ ကရင်ပြည်နယ်တို့ကနေရေလမ်းနဲ့ ထိုင်းကိုတရားမဝင် ဝင် ရောက်လာသူတွေဖြစ်ပါတယ်။ စက်လှေနဲ့ ရောက်ရှိလာသူ ၂၃ ဦးအနက် ၁၉ ဦး ပျောက်ဆုံးနေပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံရေးရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။ မွန်ပြည်နယ်၊ကရင်ပြည်နယ်တို့နဲ့ထိစပ်နေတဲ့ ကန်ချနပူရီခရိုင် ကန်ချနပူရီခရိုင် ဆန်ခလာဘူရီမြို့မှာစက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်က အမျိုးသား ၂ ဦးနဲ့အမျိုးသမီးတစ်ဦးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရုပ်အလောင်းတွေကို စုံစမ်းရှာဖွေရာမှာ စက်တင်ဘာ ၉ ရက်က မြန်မာကမ်းလွန်ပင်လယ်ပြင်မှာစက်လှေတိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ လှေပေါ်ပါလူ ၂၂ ဦးမှာ လူ၉ ဦးဟာပျောက်ဆုံးနေတယ်လို့သိရပါတာ်။သေဆုံးနေသူတွေကိုတော့ Sankhla Buri ဆေးရုံကို ပို့ထားပါတယ်” လို့ ဦးမိုးကြိုးကပြောပါတယ်။
ဒါကြောင်ြထိုင်းနိုင်ငံအတွင်းကိုတရားမ၀င်ဝင်ရောက်မှုဟာ အသက်အန္တရာယ်ရှိနိုင်တာကြောင့် မြန်မာနိုင်ငံက ပြည်သူတွေထိုင်းနိုင်ငံကိုတရားဝင်လမ်းကြောင်းတွေကသာ ဝင်ရောက်ကြဖို့ ၎င်းက တိုက်တွန်းထားပါတယ်။ “ဒီဖြစ်ရပ်က တရားမဝင် နယ်စပ်ဖြတ်ကျော်မှုရဲ့ အဆိုးဆုံး ဥပမာပါ။ လုံခြုံရေး အခြေအနေ မြင့်မားတာကြောင့် လူငယ်၊ အမျိုးသမီး တွေကသူတို့ကိုယ်သူတို့ပွဲစားတွေ လက်ထဲ အပ်ထားကြတယ်။ အာဏာပိုင်တွေက ကုန်းလမ်းကနေ တရားမဝင် ခိုးဝင်လာတာကို ဖြိုခွဲတဲ့အတွက် ပွဲစားတွေက ရေလမ်းနဲ့ သယ်လာကြတယ်။ ကြိုးတန်းပါ်လမ်းလျှောက်ရသလိုအသက်အန္တရာယ် ကြုံလာရတဲ့အခါ အပိုအသက်တွေ မရှိကြတဲ့အတွက် တရားမ၀င် နေထိုင်လိုတဲ့ ဆန္ဒတွေ အစား တရားမ၀င် နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်”လို့ဦး မိုးကြိုးကဆိုပါတယ်။ အဆိုပါ ဖြစ်စဉ်မှာ တရားမဝင် မြန်မာနိုင်ငံသား ၂၂ ဦး စက်တင်ဘာ ၉ ရက်က လှေပေါ် ရောက်ရှိလာပြီး ရေနစ်သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ဖို့စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။