အောက်တိုဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဘီလာရုစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အာဏာသိမ်းမင်းအောင်လှိုင်ရဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ကြား ဒုတိယအကျော့ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲကို Minsk မြို့တော်မှာ ကျင်းပခဲ့တယ်လို့ ဘယ်လာရုစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာပြောတယ်လို့ Belta သတင်းက အောက်တိုဘာ ၃ က်မှာဖော်ပြပါတယ်။ ဘယ်လာရုစ် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Sergei Lukashevich ဦးဆောင်ပြီး မြန်မာဘက်က နိုင်ငံခြားရေးဒုဝန်ကြီး ဦးကိုကိုကျော် ဦးဆောင်တယ်လို့သိရပါတယ်။ဘီလာရု-မြန်မာ ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ရန်နဲ့ချဲ့ထွင်ရန် အရေးကြီးတဲ့တွန်းအားတစ်ခုအဖြစ် မှတ်ချက်ပြုခဲ့ကြပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရေး၊ တရားဥပဒေဘောင်ချဲ့ထွင်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းတွေအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ EAEU၊ အာဆီယံ၊ SCO၊BRICS တို့နဲ့ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ဘီလာရု-မြန်မာ ဆက်ဆံရေး ကဏ္ဍအစုံကို လွှမ်းခြုံထားတယ်လို့ဆိုပါတယ်။ အဖွဲ့ဝင်တွေဟာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနဲ့အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်တွေမှာ နှစ်နိုင်ငံ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများကို မြှင့်တင်ဖို့လည်း အာရုံစိုက်ခဲ့ပါနယ်။ ဒေသ တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်များမှ အကြောင်းအရာဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့သတင်းကဆက်လက်ဖော်ပြပါတယ်။ ဘီလာရုစ်နှင့် မြန်မာကြား ဆက်ဆံရေး အားကောင်းလာစေဖို့ ကျယ်ပြန့်တဲ့ အခွင့်အလမ်းတွေကို အသိအမှတ်ပြုခဲ့ကြပြီး မဝေးတော့တဲ့အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေကို အလေးပေးဖော်ပြခဲ့ကြတယ်လို့လည်းဆိုပါတယ်။