အောက်တိုဘာ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး အလုပ်သွားနေစဉ်၁၀မီတာမြင့်တဲ့ သီရိရာချာ တံတားပေါ်အရောက် ဆိုင်ကယ်ပေါ်က ပြုတ်ကျခဲ့ပြီး အသက်မသေလို့ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်ခဲ့တယ်လို့ The Thaiger သတင်းက အောက်တိုဘာ ၂ရက်မှာဖော်ပြပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုဟာ အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၃ နာရီခန့်က ချောင်ဘူရီကိုအဝင်လမ်းကြားရှိ ဘိုယန်တံတားအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ Sawang Prateep Sri Racha Unit ကကယ်ဆယ်ရေးအဖွဲ့တွေ၊ Somdej Phra Boromrajthevi Hospital’s Lanthom ကလူနာတင်ယာဉ်ဝန်ထမ်းတွေနဲ့ Nongkham ရဲစခန်းက တာဝန်ရှိသူတွေကပြုတ်ကျကြောင်း သတင်းရရှိပြီးနောက် အခင်းဖြစ်ပွားရာကိုအလျင်အမြန်သွားရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
အရေးပေါ် ကယ်ဆယ်ရေး သမားတွေက ၎င်းတို့ ဇနီးမောင်နှံကို လမ်းဘေးရှိ မြက်ခင်းပြင်ပေါ်မှာထူးဆန်းစွာ အသက်ရှင်လျက် ရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။ယာဉ်မောင်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဇော်ပိုလာဖေးဟာဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး ဝမ်းဗိုက်အောင့်ပြမးတစ် ကိုယ်လုံး ရွှံ့တွေဖုံးလွှမ်းသွားခဲ့ပါတယ် ။ ၎င်းရဲ့ဇနီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် နန်းဝေဟာမလှုပ်ရှားနိုင်ဘဲ ပြင်းထန်စွာ နာကျင်နေပြီးလက်မောင်းရိုးကျိုးပြီးကျောရိုးဒဏ်ရာရသွားတယ်လို့သံသယရှိပါတယ်။ သူ့ကို ချက်ခြင်း ကုသဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ကယ်ဆယ်နေစဉ်အတွင်း သိသိသာသာ စိတ်မကောင်းဖြစ်ရလို့ ဇော်ဟာ ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေပြီးပြုတ်ကျမှုအတွက် သူ့ကိုယ်သူ အပြစ်တင်ပြီး ဇနီးဖြစ်သူကို ကယ်တင်ဖို့ကယ်ဆယ်ရေးသမားတွေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။အခုလိုကြောက်မက်ဖွယ်ကောင်းတဲ့ပြုတ်ကျခြင်းကနေအသက်ရှင်ကျန်ရစ်လို့ ထိတ်လန့်တုန်လှုပ်နေတယ်လို့လည်းဆိုပါတယ်။ အထက်လမ်းပေါ်မှာ မှောက်ထားတဲ့မီးခိုးရောင်-လိမ္မော်ရောင် Honda Scoopy ဆိုင်ကယ်ကိုလမ်းတစ်လျှောက်မှာ ပြန့်ကျဲနေတဲ့တစ်ကိုယ်ရေသုံးပစ္စည်းတွေနဲ့ဖိနပ်တစ်ရံ အပါအဝင်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ အနီးနားမှာတပ်စွဲထားတဲ့ လုံခြုံရေးအစောင့် Bun Ting Arunphas က ကျယ်လောင်စွာ တိုက်မိသံကို ကြားခဲ့ရပြီးနောက် တံတားပေါ်ကနေအပျက်အစီးတွေပြုတ်ကျနေတာကို မြင်တွေ့ခဲ့တယ်လို့ဆိုပါတယ်။ “အစကတော့ လူတွေမှန်း မသိခဲ့ဘူး။ မြန်လိုက်တာ။
ကံကောင်းစွာနဲ့ပဲ သူတို့ဟာ ကွန်ကရစ်လမ်းမဟုတ်ဘဲ ပျော့ပျောင်းပြီး ရွှံ့မြက်ခင်းပြင်ပေါ် ဆင်းသက်ခဲ့ကြတာပါ”လို့သူကဆိုပါတယ်။ အရေးပေါ်ဌာနကို ချက်ချင်းဆက်သွယ်ပြီး ဇော်ကို သူ့မိန်းမကို နေရာမရွှေ့ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဇနီးဖြစ်သူနဲ့ အလုပ်သွားလုပ်စဉ် တံတားပေါ်မှာလမ်းကြောင်းမှားပြီးယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာလို့ကိုဇော်က ပြောပါတယ်။ မြင်းခွာပုံသဏ္ဍာန် မျဉ်းကွေးကိုမမြင်ဘဲ ဖြောင့်တန်းတဲ့လမ်းလို့ထင်ပြီးအရှိန်ပြင်းပြင်းနဲ့ ချဉ်းကပ်ခဲ့တယ်လို့ဆိုပါတယ်။ အချိန်မီ ဘရိတ်မမိနိုင်ဘဲ အတားအဆီးကို တိုက်မိပြီး အစွန်းဘက်သို့ ပြုတ်ကျခဲ့တာလို့Pattaya News က ဖော်ပြပါတယ်။ အရှိန်လွန်ပြီးယာဉ်တိုက်မှု ဖြစ်ရတဲ့အကြောင်းရင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့ရဲ့ ရှင်သန်မှုဟယ အံ့ဖွယ်ဖြစ်တယ်လို့လည်းသတင်းကဆိုပါတယ်။