စိတ်ကူးယဉ်(ယူတိုးပီးယား) နိုင်ငံတော်လား အောင်ပွဲရသူတို့၏ နိုင်ငံတော်လား

————————————————-

ဖေဖော်ဝါရီ ၅၊ ၂၀၂၅

သောင်ရင်းသတင်းလွှာ(ဆောင်းပါး)

“အခြေခံဥပဒေဆိုတာ အောင်ပွဲရသူတို့ရဲ့  အောင်ပွဲရပြီးတဲနောက် သရဖူဆောင်းတဲ့ အလုပ်ဖြစ်တယ်”လို့ ရဲဘော်ဗိုလ်ကြင်မောင်က ဆိုခဲပါတယ်။လက်တွေ့နိုင်ငံရေးမှာလည်း အမေရိကန်အခြေခံဥပဒေကအစ သမိုင်းအချက်အလက်များစွာကပြဆိုနေပါတယ်။

လက်တွေ့နိုင်ငံရေးသဘောတရားနဲ့နေသူတို့ကတော့ အခြေခံဥပဒေနဲ့ နိုင်ငံရေးမကစားဖူး၊အစိုးရဖွဲ့တန်း မကစားဖူးလို့ ဝတ္တရားရှိ့ရှိ့ ပြောကြပါတယ်။

၂၀၀၈ အခြေခံဥပဒေအောက်မှာ ၂၀၁၉ ခုနှစ်က အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့ပြီး ပြင်ဆင်ဖို့ကြိုးစားခဲကြပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ရဲ့ တွေ့ရှိ့ချက်များကို ထိုစဉ်က လွတ်တော်မှာ တင်သွင်းခဲ့ပါတယ်။တစ်ဖက်မှလည်း ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပပြီး ပြည်ထောင်စုအဆင့် သဘောတူစာချုပ်တွေချုပ်ဆိုခဲပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းပြင်ဆင်ရေးကော်မတီရဲ့ တွေ့ရှိ့ချက်ကို တင်ပြထားတဲ့ မြန်မာနောင်းက သတင်းတစ်ပုတ်ဖော်ပြချက် ကို ကောက်နုတ်တင်ပြပါမယ်။

“၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ မဲခွဲပြီးနောက် ထောက်ခံမဲများသည့်အတွက် အတည်ပြုလိုက်သည်။

ထောက်ခံမဲ ၄၀၁ မဲ ၊ကန့်ကွက်မဲ ၁၉၇ မဲ ၊ ကြားနေမဲမရှိ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထို အစီရင်ခံစာတွင် အဆိုပြုချက်ပေါင်း ၃၇၆၆ ချက်ပါရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ၁၁၁၂ ချက်၊ ရခိုင်အမျိုးသားပါတီ (ANP)က ၈၅၈ ချက်၊ မွန်အမျိုးသားပါတီက ၆၄၁ ချက်၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ၄၆၂ချက်၊ တအောင်းပလောင်ပါတီက ၁၇၈ ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၁၁၄ချက် အကြံပြုထားသည်။

မဲခွဲအတည်ပြုပြီးနောက် အဆိုပြုချက် ၃၇၆၆ ချက်ကို ပူးပေါင်းကော်မတီတွင်း ထပ်မံဆွေးနွေးပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီတွင် ပါဝင်သည့် တပ်ကိုယ်စားလှယ်များက အစီရင်ခံစာကို သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သော်လည်း ၎င်းတို့၏ သဘောထားကွဲလွဲချက်များကို အချက်(၃)ချက်ဖြင့် အစီရင်ခံစာတွင် ပူးတွဲဖော်ပြခဲ့ကြသည်။ “ လို့ ဖော်ပါပြထားတယ်။

မြန်မာ ISP မှာ ခြေခံဥပဒေပြင်ဆင်ရေး ကော်မတီရဲ့ တင်ပြချက်နဲ့ ပက်သက်ပြီးတော့ ဆောင်းပါးတစ်ပုတ်ဖော်ပြခဲ့ပါတယ်။ အခြေခံဥပဒေပုင်ဆင်ရေးမှာ စစ်တပ်ကပါဝင်နေတဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ပက်သက်လို  NLD ရဲ့  အဆိုပြု့ချက်ကို ဖော်ပြထားပါတယ်။

(တပ်မတော်နှင့်ဆက်စပ်သော ပုဒ်မဖြစ်သည့် လွှတ်တော်တွင် တပ်မတော်က ပါဝင်နေသောပုဒ်မ ၁၄ အား“ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ တစ်ဆယ့် ငါးရာခိုင်နှုန်း၊ စတုတ္တအကြိမ်သက်တမ်းတွင် ကိုယ်စားလှယ်စုစုပေါင်း၏ တစ်ဆယ်ရာခိုင်နှုန်း၊ ပဉ္စမအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ် စုစုပေါင်း၏ ငါးရာခိုင်နှုန်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်” ဟူ၍ ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်ကမူ အဆိုပါပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။ )

စစ်တပ်ကယူထားတဲ့ ဝန်ကြီး ၃ နေရာနဲ့ ပက်သက်ပြီးတော့လည်း NLD ပေးဈေးကိုဖော်ပြထားပါတယ်။

( “အုပ်ချုပ်ရေးတွင် ပါဝင်နေသော တပ်မတော်သားများနှင့်ပတ်သက်၍ ပုဒ် ၂၃၂(ည)(၂) ပါ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အား ဝန်ကြီးအဖြစ်ခန့်အပ်သည်နှင့် “တပ်မတော်မှ အငြိမ်းစားယူပြီးဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ် ၂၆၂(ဎ)(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ များ၏ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးအား “ခန့်အပ်တာဝန် ပေးခြင်း ခံရ သည့် နေ့မှစ၍ တပ်မတော်မှ အငြိမ်း စားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်” ဟုလည်းကောင်း၊ ပုဒ်မ ၂၈၅(စ) ပါ တပ်မတော်သား နေပြည်တော်ကောင်စီဝင် များ သည် “တပ်မတော်မှအငြိမ်းစားယူပြီး သို့မဟုတ် နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်” ဟုလည်းကောင်း ပြင်ဆင် ရန်အဆိုပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ အဆိုပါပြဋ္ဌာန်းချက်များအားလုံးကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။”)

ဆိုပြီးတွေ့ရပါတယ်။

အဆိုပါ မြန်မာ ISP ရဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆောင်းပါး ရဲ့ သုံးသပ်ချက်ကတော့  NLD အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် မျက်ရည်ချူခြင်းသာဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။NLD ပါတီ၊ရှမ်းပါတီနဲ့ ကြံ့ခိုင်ရေး ပါတီ ၃ခုကို နှိုင်းယှဉ်ရေးသားသွားပါတယ်။ရေးသားသူက ပါတီတစ်ခုကို ကိုယ်စားပြု့ပြီး နှိုင်းယှဉ်ရေးသားတာဖြစ်လို့ ယေဘူယျအားဖြင့် သုတေသန စာတန်း၊ဆောင်းပါးလို သက်မှက်ရခက်နိုင်ပါတယ်။

အကြမ်းဖျဉ်းကောက်ချက်ချရပါက NLD ရဲ့ ပေးဈေးက ၂၀၂၁ တတိယအကြိမ်လွတ်တော်ကနေ စစ်တပ်ပါဝင်မှု့ကို တစ်ဖြည်းဖြည့်လျော့ချမယ်၊စစ်တပ်ခန့်ဝန်ကြီး ၃ ပါးက စစ်တပ်က နှုတ်ထွက်ရမယ်။ဒါက အဓိက အချက်ဖြစ်ပါမယ်။

စာရေးသူ က ထိုသို့ တစ်ဖြည်းဖြည်းပြင်ဆင်မှု့နှင့်ပက်သက်၍

(“ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်နေမှုအခန်းကဏ္ဍနှင့် ပတ်သက်၍မူ သဘောထားအမြင် ကွဲလွဲသည်ကို တွေ့မြင်ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တပ်မတော်အား နိုင်ငံရေးမှ တဖြည်းဖြည်း ဆုတ်ခွာရမည့် နည်းလမ်းကို အဆိုပြုထားပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ ဒီမိုကရေစီ၏ စံနှုန်းဖြစ်သော အရပ်သားများအထွဋ်အထိပ်ဖြစ်ရေးမူ (Civil Supremacy) ကို အတိအကျ ကျင့်သုံးကာ တပ်မတော်အား နိုင်ငံရေး ခေါင်းဆောင်မှုမှ ဖယ်ထုတ်ပြီး ၄င်း၏မူရင်းတာဝန် ဖြစ်သည့် ပြည်ပရန် ကာကွယ်ရေးကိုသာ ဆောင်ရွက်ရန် အဆိုပြုတင်ပြထားသည်။” )ဟု ၎င်းတို့ပါတီနှင့် နှိုင်းယှဉ် သုံးသပ်သွားပါတယ်။

ယနေ့ လက်ရှိ့ အဆိုပါ ဆောင်းပါးရေးသားသူရော၊ကိုယ်စားပြု့ ပါတီရောပါ အာဏာသိမ်းစစ်အစိုးရ စကစ လက်ထက်မှာ နိုင်ငံရေဘေးကျပ်နံကျပ် အခြေအနေတစ်ရပ်ကို ကြိုးပန်းရှုန်းကန်နေရဆဲလို့ မြင်မိပါတယ်။၁၀၂၇ စစ်ဆင်ရေး ပြီးတဲ့နောက် ရှမ်းပြည်တစ်ခုလုံးရဲ့ ပထဝီနိုင်ငံရေး အပြောင်းအလဲများအပေါ် မည်သို့ တုံ့ပြန်မယ်ဆိုတာကိုတော့ မသိရှိ့ရသေးပါဖူး။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ အရပ်သားအစိုးရကာလ အခြေခံဥပဒေ ပြင်ဆင်ရေးကာလမှာ စာရေးသူတို့ပါတီရဲ့  ရပ်တည်ချက် ပေါ်လစီသဘောထားဖြစ်တဲ့ အရပ်သားများအထွဋ်အထိပ် ဖြစ်ရေးမူ (Civil Supremacy) ကို အာဏာသိမ်းစစ်အစိုးရလက်အောက်မှာ အလျော့မပေးတန်း ဆက်လက်ဆွဲကိုင်ထားဆဲလို ယူဆရပါတယ်။

ဒါကြောင့် အဆိုပါ စာရေးသူနဲ့ သူရဲ့ နိုင်ငံရေးပါတီအနေနဲ့ စစ်တပ်နဲ့ မည်သည့် တွေ့ဆုံဆွေးနွေးမှု့မှာ ပြု့လုပ်မှာ မဟုတ်ဖူး၊အဆိုပါတွေ့ဆုံဆွေးနွေးရေး အသံကိုပင် ကြားချင်မှာ မဟုတ်ဖူးလို့ ယုံကြည်ချက်မိပါတယ်။

စစ်တပ်ကအာဏာသိမ်း၊တစ်နိုင်ငံလုံးနေရာအနှံ့ ပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြ

တဲ့ခရီးလမ်းမှာ ၁၀၂၇ ပထမလှိုင်းပြီးတဲ့နောက် အခြေအနေပြောင်းလဲမှု့များစွာဖြစ်လာပါတယ်။

ယခုနောက်ဆုံး နိုင်ငံရေး ဖြစ်ပေါ်မှုအနေနဲ့ အဖွဲ့ပေါင်းစုံ စုပေါင်းစပ်ပေါင်း စာထုတ်လာကြတာ၊ဝပ်ရှော့ ဆယ်မီနာမျိုးစုံနဲ့ သဘောထားဆိုတာတွေ စုပေါင်းစာထုတ်လာကြတာပဲဖြစ်ပါတယ်။ အဆိုပါအဖွဲ့အစည်းများ အဓိက မှီခိုနေရတဲ့ သက်ဆိုင်ရာ EROs များ မပါဝင်လာတာကို ကြည့်ပြီး စစ်ရေးအောင်မြင်မှု့နဲ့ နယ်မြေတိုးချဲ့ မှု့ရရှိ့ထားတဲ့ တိုင်းရင်းသားအဖွဲ့များနဲ့ ဘုံသဘောတူညီချက်ရရှိ့ရေးဟာ အတော်ရှုန်းကန်နေရလို့ မြင်ရပါတယ်။မြန်မာတောင်ပိုင်းမှာရှိ့တဲ့ အဖွဲ့များအပေါ် ဩဇာလွမ်းမိုးမှု့ကြီးမားတဲ့ ဖဒို မန်းသမိန်ထော ရဲ့ အင်အာဗျူးကနေ တစ်ဆင့် တစ်ချို့ ကိစ္စများကို ခန့်မှန်းတွက်ချက်လို့ရနေတဲ့သဘောဖြစ်ပါတယ်။

ဖဒို မန်းသမိန်ထောရဲ့ အင်တာဗျူးဖြေကြားချက်တွေက ဒီပလိုမေစီနဲ့ စံနှုန်းနိုင်ငံရေးသမားတွေ နာလိုခံခက်ဖြစ်နိုင်ကြပါတယ်။ဒါပေမယ့် လက်တွေ့နိုင်ငံရေးအရ လက်တွေ့မငြင်းသာတဲ့ အချက်တွေလိုပဲ သဘောထားနိုင်ကြမယ်ထင်ပါတယ်။ ဒီအမြင်သဘောထားအရကနဦး တင်ပြခဲ့သလို ရဲဘော်ဗိုလ်ကြင်မောင်ရဲ့ အခြေခံဥပဒေဆိုတာ အောင်ပွဲရသူတို့ရဲ သရဖူဆောင်းတဲ့ အလုပ်သာဖြစ်သည် ဆိုတာကိုပဲ ပြန် အခြေပြု့ရမယ့် အခြေအနေလို့ မြင်ရပါတယ်။

လက်တွေ့ကျကျ ဆို

– မြန်မာနိုင်ငံရေးကို အဆုံးအဖြတ်ပြု့မှာကတော့ အနိမ့်ဆုံး မန္တလေးကနေ ရန်ကုန်ထိ အနိုင်ရ စိုးမိုးထိမ်းချုပ်သူလက်ထဲမှာ ရှိ့နေမှာပဲဖြစ်ပါတယ်။

– စိုးမိုးထိမ်းချုပ်နိုင်တယ်ဆိုတာ စစ်အနိုင်တိုက်ရေးပဲ ဖြစ်ပါတယ်။

-အနိုင်ရသူ၊ဗိုလ်ဖြစ်သူနဲ့ ကျန်တဲ့ အင်အားစုတွေ တွေ့ဆုံဆွေးနွေးပြီးမှ နိုင်ငံရေးအဖြေထွက်မှာပါ။

-နိုင်ငံရေး အဖြေထွက်ပြီးမှ အခြေခံ ဥပဒေ ဆိုတဲ့ ကိစ္စတွေက ဆက်ဖြစ်လာမှာပါ။

ဒီနေရာမှာ သခင်သန်းထွန်းရဲ့

“စစ်တွင်းကာလနိုင်ငံရေးဟာ စစ်အနိုင်တိုက်ရေးပဲ ဖြစ်သင့်တယ်”“စစ်အတွင်းကာလ နိုင်ငံရေးရည်မှန်းချက်ဆိုတာ ဖက်ဆစ်(နေဝင်း)စစ်အစိုးရကို ဖြုတ်ချရေးပဲ ဖြစ်သင့်တယ်”

ဆိုတဲ့ အဆိုက လက်တွေ့ကျနေပါတယ်။

တိုင်းရင်းသားအသီးသီးက သူ့နေရာနဲ့သူ စစ်အာဏာရှင်တို့ကို တိုက်ခိုက်ပြီး မောင်းထုတ်နေပါတယ်။ဒီအခြေအနေမှာ တိုင်းရင်းသားအားလုံးကလည်း မြန်မာပြည်အလယ်ပိုင်းနဲရန်ကုန်အထိ့စစ်အာဏာရှင်၊ စစ်အုပ်စုမဟုတ်တဲ့ အင်အားစုများကို အနိုင်ရစေချင်နေကြတာ(နိုင်စေချင်တာ)သမိုင်းလက်တွေ့ အတွေ့အကြုံအရကို ပြောစရာမလိုတော့ပါဖူး။တိုင်းရင်းသားတို့တော်လှန်လာတာ နှစ် ၇၀ ကျော်ပြီဆိုတာ မမေ့ကြဖို့လိုပါတယ်။တော်လှန်ရေး “ ရှင်ကြီးဝမ်းရော၊ရှင်ငယ်ဝမ်းရော “ ဝင်ခဲ့ဖူးပါတယ်။နောက် သမိုင်းတစ်လျောက် “ တစ်ခါသေဖူး ပျဉ်ဖိုး အကြိမ်ကြိမ် နားလယ်” ပြီးသားတွေဆိုတာမမေ့ကြဖို့ပါပဲ။

ဒီလိုဆို လာမယ့် နိုင်ငံတော်ကို ဘယ်လို ဖွဲ့စည်းတည်ဆောင်ကြမလည်းဆိုတဲ့ မေးခွန်းကတော့ အားလုံးအတွက်မေးခွန်းကြီးတစ်ရပ်ဖြစ်နေမှာဖြစ်ပါတယ်။ဒီနေရာမှာ ရဲဘော်ဗိုလ်ကြင်မောင်ရဲ့ ရေးသားချက်တစ်ခုကို ကိုးကားပါမယ်။ရဲဘော်ဗိုလ်ကြင်မောင်က ပင်လုံမှာ ဗိုလ်ချုပ်အောင်ဆန်းက ပေးလို့ရတယ်ဆိုတာ

-မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ကလွတ်လပ်ရေးပေးဖို့သေချာနေပြီ၊

-ဖဆပလကဘုရင်ခံအတိုင်ပင်ခံကောင်စီဆိုပေမယ့်လက်တွေ့အစိုးရအာဏာရှိ့နေတယ်၊

-ဗိုလ်ချုပ်အောင်ဆန်းနောက်မှာ ဖဆပလနဲ့ ပြည်သူရှိ့နေတယ်၊

-နောက် ဗိုလ်ချုပ်အောင်ဆန်းမှာ ဝှက်ဖဲရှိ့နေတယ်၊ရာထူးပေးလို့ရတယ် စသဖြင့်လက်တွေ့ပိုင်းကို တွက်ချက်ပြသွားပါတယ်။အာဏာရှိ့မှာ ပေးလို့ရတဲသဘောကို သတိပြု့မိပါတယ်။ထိုစဉ်က ကမ္ဘာအခင်းအခင်းအကျင်းအခြေအနေတွေကတော့ ပုဂံရာဇဝင်ဒုတ်ထမ်းငြင်းခုံရမယ့်ကိစ္စဖြစ်လို့ သီးခြားလေ့လာဆွေးနွေးမှ ရမယ်သဘောထင်ပါတယ်။

အနာဂါတ်ဘယ်လိုနိုင်ငံမျိုးပေါ်ထွက်လာမလည်းဆိုတာ လက်ရှိ့အခြေအနေကတော့ ယတိပြတ်ပြောဖို့ခက်ကြမယ်ထင်ပါတယ်။

ဒီနေရာမှာ သခင်သန်းထွန်းနောက်ဆုံးနေ့ထဲက ပဲခူးရိုးမ ဗဟိုမက်စ်၊လီနင် သင်တန်းကျောင်းမှာ ကျောင်းဆရာအစုကရဲဘော်မျိုးမြင့် တင်ပြဆွေးနွေးသွားတဲ့ နိုင်ငံတော်အာဏာ ဘယ်နှစ်မျိုးရှိ့လဲ လမ်းစဉ်တိုက်ပွဲကနေ အချက်အလက်ကို နမှုနာယူကြည့်ပါမယ်။

မှုလက နိုင်ငံတော်အာဏာ နှစ်မျိုးကို လက်ခံအတည်ပြု့ထားပါတယ်။

၁။အရင်းရှင်လူတန်းစားတို့ရဲ့ နိုင်ငံတော်အာဏာနဲ

၂၊ပစ္စည်းမဲ လူတန်းစားတို့ရဲ့ နိုင်ငံတော်အာဏာတို့ပဲဖြစ်ပါတယ်။

ရဲဘော်မျိုးမြင့်က မြန်မာပြည်ရဲ့  အခြေအနေအရ နိုင်ငံတော်အာဏာ (၃)မျိုး အယူအဆကို ဆွေးနွေးခဲ့ပါတယ်။

၁။အရင်းရှင်လူတန်းစာတို့၏ နိုင်ငံတော်အာဏာ

၂။ပစ္စည်းမဲ လူတန်းစားတို့၏ နိုင်ငံတော်အာဏာ နှင့်

၃။တော်လှန်သော လူတန်းစားတို့၏ နိုင်ငံတော်အာဏာ အမျိုးအစား

တို့ဆိုပြီး နိုင်ငံတော်အာဏာ ၃ မျိုး အယူအဆနဲ့ လမ်းစဉ်တိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။

ဗဟို မက်စ်၊လီနင် သင်တန်းကျောင်း ကျောင်းသားများနဲ့ ဆရာများရဲ့ နိုင်ငံတော်အာဏာ( ၂ ) မျိုးအယူအဆနဲ့

နိုင်ငံတော်အာဏာ(၃)မျိုး အယူအဆရေးရာ ဆွေးနွေးငြင်းခုံမှု့ကနေ လမ်းစဉ်ဆိုင်ရာတိုက်ပွဲတွေအထိ ကျယ်ပြန့်သွားပြီး သမိုင်းမှာ ထိခိုက်နာကျင်စရာ နောက်ဆက်တွဲ ဖြစ်ရပ်စီသို့ ရောက်ရှိ့သွားတယ်လို့ နားလယ်ရပါတယ်။

ဒီနိုင်ငံတော်အာဏာ အမျိုးအစားအခြေခံကနေ ယနေ့လက်ရှိ့ အခင်းအကျင်းကို နှိုင်းယှဉ်လေ့လာကြည့်ဖို့ကျိုးပန်းကြည့်ပါမယ်။ ယနေ့တော်လှန်ရေးကာလ၊၂၀၀၈ အခြေခံဥပဒေကာလ၊နဝတ၊နအဖ ကာလ၊မဆလကာလ စသဖြင့် ရှည်လျားစွာတည်ရှိ့နေတဲ့ နိုင်ငံတော်အာဏာအမျိုးအစားက စစ်အာဏာရှင်အမျိုးအစားဖြစ်ပါတယ်။စစ်တပ်ဟာ အာဏာနဲ့ ဥစ္စာဓန စုဆောင်းမိထားတဲ့ လူတန်းစားဖြစ်တဲ့အတွက် စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစာဖြစ်ပါတယ်။စစ်အာဏာရှင်တို့ဟာ အမျိုးသားဓနရှင်လူတန်းစားထံက ဥစ္စာဓနများကို မြန်မာ့ဆိုရှယ်လစ်အမည်ခံ နိုင်ငံတော်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်နဲ့ လုယူလိုက်ပါတယ်။၁၉၆၂ ကနေစပြီး နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်းရဲ့ နေရာစုံကို စစ်အုပ်စုကချုပ်ကိုင်ချယ်လှယ်ခဲ့ပါတယ်။၁၉၈၈ ခုနှစ်အာဏာသိမ်းပြီးတဲနောက်ကနေ ယနေ့အထိ စစ်အုပ်စုကပဲ နိုင်ငံတော် စီးပွားဘဝကြီးတစ်ခုလုံးကို ချုပ်ကိုင်ချယ်လှယ်ထားပါတယ်။

၁၉၆၂ မှာ မြန်မာနိုင်ငံရဲ အမျိုးသား ဓနရှင်အုပ်စုဟာ ခြေမှုန်းခံလိုက်ရပြီး ကထဲက ယနေ့အထိ့ စီးပွားရေးမှာစစ်အုပ်စု လက်ဝေခံဘဝက မတက်နိုင်သေးဖူးလို့ ဆိုရမှာမှာဖြစ်ပါတယ်။၂၀၀၈ အခြေခံဥပဒေနဲ့ စစ်အုပ်စုဟာ အမျိုးသားဓနရှင်အုပ်စုကို အတန်ငယ်လမ်းဖွင့်ပေးခဲ့ပေမယ် ၂၀၂၁ မှာတော့ အမျိုးသားဓနရှင်များရဲ အာဏာနဲ့ ဥစ္စာဓန ခွဲဝေမှု့လမ်းကြောင်းကို လုံးဝပိတ်ထားတဲ့ အခြေအနေဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ အမျိုးသား ဓနရှင်အုပ်စုဟာ စစ်ဗျူရိုကရက် အရင်းရှင်တွေရဲ့ လက်ဝေခံဖြစ်နေသေးတဲ့အတွက် ဥရောပနဲ့ပြင်သစ်လို ဘူဇွာဇီတော်လှန်ရေးတစ်ရပ်အနေနဲ့ အားကောင်းကောင်းနဲ့ ပေါ်ထွက်လာဖို့ ချိနဲ၊တွေဝေနေဆဲလို မြင်ရပါတယ်။

နိုင်ငံရေးအယူအဆတစ်ရပ်အရ အပေါ်ထပ် အဆောက်အဦးဟာ အောက်ထပ် အဆောက်အဦးအပေါ်မှုတည်ပြီးဖြစ်ထွန်းပေါ်ပေါက်လာတာဖြစ်တဲ့ အတွက် အောက်ထပ်က နေရာစုံ စစ်ဗျူရိုကရက်အရင်းရှင်က လွမ်းမိုးထားတဲ့အတွက် စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူကရက်ယန္တယားက တွဲလျက်ဖြစ်ပေါ်နေမှာပဲဖြစ်ပါတယ်။အရင်းရှင်လူတန်းစားရဲ့ နိုင်ငံတော်အာဏာ အမျိုးအစားစံနဲ့ကြည့်ရင် ယနေ့မြန်မာနိုင်ငံမှာ အရင်းရှင် လူတန်းစား အခြင်းခြင်း ပဋိပက္ခဟာ ပြေလယ်ခြင်းမရှိ့သေးဖူးလို့ဆိုရမှာဖြစ်ပါတယ်။စစ်ဓနရှင်များရဲ့ ဘက်ပေါင်းစုံပိတ်ဆို့ထားမှု့ကြောင့် အမျိုးသားဓနရှင်များရဲ ရှုန်းကန်လှုပ်ရှား အားထုတ်မှု့ ကြီးကြီးမားမားလိုအပ်နေသေးတဲ့ သဘောဖြစ်ပါတယ်။

ယနေ့ခေတ်ကာလပြည်သူများရဲ့ တိမ်းညွတ်မှု့အရ ပစ္စည်းမဲ အာဏာရှင်စနစ်အကြောင်း ဆွေးနွေးရန် အကန့်အသတ်ရှိ့ပါတယ်။

ဒါပေမယ် မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြတာဖြစ်တဲ့ အပြင် တိုင်းရင်းသားအားလုံးလိုလိုက အမျိုးသားတန်းတူရေး၊ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်၊ဖက်ဒရယ်ပြည်ထောင်စုအရေးတို့အတွက် တိုက်ပွဲဝင်နေကြတာ လွတ်လပ်ရေးနဲ့ အပြိုင်လို့ဆိုနိုင်ပါတယ်။ဒါကြောင့် မြန်မာနိုင်ငံမှာ တော်လှန်နေတဲ့ အင်အားစုတွေက တစ်ခုမက များစွာရှိ့နေတာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ တော်လှန်နေတဲ့ တိုင်းရင်းသားများရဲ့ အောင်မြင်မှု့များဆက်တိုက်ရလာပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အသီးသီးဟာလည်း နိုင်ငံရေးအရ သေချာရေရာတဲ့ အခင်းအကျင်းမရှိ့သေးပဲ စစ်အနိုင်တိုက်၊နယ်မြေထိမ်းချုပ်ထားအဆင့်ပဲရှိ့ပါသေးတယ်။ဒီလို နိုင်ငံရေးအရ မရေမရာစိုးရိမ်စိတ်၊တရားဝင်မှု့ဘာမှမရပဲ ဗိုလ်ခင်ညွန့်နဲ့ နဝတ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံရှိ့ကြပြီးဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် ပေါ်ထွက်လာတဲ့ အထူးဒေသတွေဆိုပြီး ၁၊တပ်တည်ရှိ့ခွင့်။၂၊နယ်မြေတည်ရှိ့ခွင့်။၃၊စီးပွားရေးစိတ်ကြိုက်လုပ်ပိုင်ခွင့် ပေးထားပြီး နိုင်ငံရေးအရ ဘာအခွင့်အရေးမှ မရခဲ့ပဲ ဖြတ်သန်းခဲ့ရတဲ့သဘောသဘာဝကို မြည်းစမ်းခဲကြဖူးပြီးဖြစ်ပါတယ်။NCA ကာလမှာ မှ အချို့အဖွဲ့များဟာ နှစ်ဦးနှစ်ဖက် အပစ်ရပ်ရေး သဘောတူ လက်မှက်ထိုးခဲ့ကြရတဲ့ အဖွဲ့တွေရှိ့ခဲ့ပါတယ်။

လက်ရှိ့နယ်မြေသိမ်းပိုက်ထားတဲ့ အဖွဲ့များအနေနဲ့ နိုင်ငံရေးအရ နိုင်ငံတော်စနစ်ဘယ်လို ပေါ်ထွက်လာမလည်းဆိုတာကို မရေမရာဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။စစ်အောင်နိုင်ထားတဲ့ အဖွဲ့များက လက်ရှိ့ နယ်မြေပေါ်မှ အောင်ပွဲရသူတို့ဖြစ်ပါတယ်။သူတို့နဲ့ ပြည်မမှာ အောင်ပွဲရသူတို့နဲ့ ဆွေးနွေးညိ့နှိုင်းပြီးမှ နိုင်ငံတော်အနာဂါတ်တည်ဆောက်ပုံကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။အနိုင်ရထားတဲ့ တိုင်းရင်းသားအားလုံးဟာလည်း နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ  ပြည်မပြိုင်ပွဲမှာ စစ်အုပ်စုအနိုင်ရရှိ့သွားပါက သူတို့ဒေသစီ ရက်ရက်စက်စက် လက်စားခြေ လက်တုံ့ပြန်မှု့အကြီးကြီးဝင်လာမယ်ဆိုတာ သိကြပါတယ်။ဒါကြောင့် နိုင်ငံအနှံ့က တိုင်းရင်းသားတွေက ပြည်မတော်လှန်ရေး အောင်မြင်ရေးအတွက် တတ်နိုင်တဲ့ ဘက်အသီးသီးကနေ ကူညီနေကြပါတယ်။

ဒါပေမယ့် ပြည်မနိုင်ငံရေး အလှည့်အပြောင်းအတွက် အဓိက အားထုတ်ရမယ့် အင်အားစုတွေအပေါ် စိုးတစ်ထိပ်ထိပ်နဲ့ စောင့်ကြည့်နေကြရပါတယ်။ဒီစိုးရိမ်စိတ်ကို( ဖဒိုမန်းသမိန်ထောရဲ့ အင်အာဗျူးမှာ)ပေါ်လွင်ပါတယ်။နှစ်ပေါင်းများစွာ တော်လှန်ရေး သုမကျောမှာ ဒဏ်ရာတွေနဲ့ ဖြတ်သန်းခဲတဲ တိုင်းရင်းသားတွေအပေါ်မှာ“မင်းတို့က တော်လှန်ရေးစိုက်၊ငါတို့က နိုင်ငံရေးစိုက်မယ်” စဉ်းစားချက်နဲ ချဉ်းကပ် အသုံချခံရမှာကို စိုးရိမ်စိတ်နဲ့ သတိထားနေကြရတာကို နားလယ်မှု့ပေးနိုင်ဖို့ ကြိုးပန်းရမှာပဲဖြစ်ပါတယ်။

ပြန်အစကောက်ရရင် နိုင်ငံတော်အာဏာသစ်ကို ထူထောင်ဖို့နဲ့ နိုင်ငံတော်တည်ဆောက်ပုံသစ်ကို ပုံဖော်ဖို့ကအောင်ပွဲရသူတို့၏ နိုင်ငံတော်အာဏာ အမျိုးအစားကို ပထမအဆင့်ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။အောင်ပွဲရသူတို့ရဲ့ နိုင်ငံတော်အာဏာကနေ အောင်ပွဲရသူတို့၏ သရဖူဆောင်းတဲ့ အလုပ်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရမှာဖြစ်ပါတယ်။ရဲဘော်ဗိုလ်ကြင်မောင်ရေးသလို အခြေခံဥပဒေနဲ နိုင်ငံရေးကစားနေကြတာထက် သခင်သန်းထွန်းပြောတဲ့ စစ်အတွင်းကာလ နိုင်ငံရေးဆိုတာ စစ်အနိုင်တိုက်ရေးပဲ ဖြစ်သင့်တယ်ယူဆပါတယ်။

ဆွေးနွေးရေးဟာ ရှိ့ကောင်းရှိ့လာနိုင်ပါတယ်။ဆွေနွေးပွဲဟာ သူရဲကောင်းပီသတဲ့ ဆွေးနွေးပွဲဖြစ်ဖို့လိုပါတယ်။သူရဲဘောကြောင်တဲ့ တွေ့ဆုံဆွေးနွေးရေး မဖြစ်ဖို့လိုပါတယ်။

သူရဲဘောကြောင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာရန်သူအလိုကျ၊ရန်သူ ဖြစ်ချင်တာတွေကို လိုက်လျောအလျော့ပေးရတဲ တွေ့ဆုံဆွေးနွေးရေးပဲဖြစ်ပါတယ်။သူရဲဘောကြောင်သည့်တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ မိမိ၏ ပြည်သူများအပေါ် တစ်ဖက်ရန်သူမှ စိတ်ကြိုက် ဖိနိုပ်ရက်စက်နိုင်ရန် မိမိကိုယ်တိုင် လမ်းဖွင့်ပေးခြင်းဖြစ်သည်လို့ ဖွင့်ဆိုကြပါတယ်။သူရဲကောင်းဆန်တဲ့ တွေ့ဆုံဆွေးနွေးခြင့်ဆိုတာ ရန်သူကို မိမိအလိုကျ လိုက်နာစေတဲ့ တွေ့ဆုံဆွေးနွေးခြင်း၊မိမိပြည်သူများအတွက် အကျိုးရှိ့စေပြီး၊စိတ်ချလုံခြုံရေးကို အာမခံနိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးလို့ ဖွင့်ဆိုကြပါတယ်။

လက်ရှိ့ စကစ က သက်တန်း ၆ လတိုးထားပါတယ်။ရွေးကောက်ပွဲအသံလည်း ဆက်ပစ်ထားပါတယ်။ မစွန်းရင်းကလည်းရှိ့ ကန်းဇွန်းခင်းကလည်းညိ့ တွေလည်း နှစ်ဖက်စလုံးမှာရှိ့နေပါတယ်။

မရေမရာဖြစ်နေတဲ၊ပြည်သူကို ထုတ်ပြောလို့မရကြတဲ့ နိုင်ငံတစ်ကာအခင်းအကျင်းဖိအားတွေကလည်း ရှိ့နေကြပါတယ်။

မသေချာမရေရာမှု့တွေ ပြည့်နှက်နေတဲ့ အခြေအနေမျိုးမှာ စိုးရိမ်စိတ်ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းကို ကြိုတင်တွက်ဆပြီး စုပေါင်းစာထုတ်၊သဘောထားထုတ်ပြန်ကြတဲ့ အလုပ်တွေစိတ်လာတာကို တွေ့နေကြရမှာဖြစ်ပါတယ်။ ဒါတောင် အမေရိကန်မှာ သမ္မတ ထရန့် တက်ပြီးနောက် ကသောင်းကနင်း  ဆပ်ပြာသည် လင်ပျောက်၊ကုလားတစ်သိုက်ကျားလိုက် အခြေအနေနဲ့ ရင်ဆိုင်နေကြရတဲ NGO,CSO အဖွဲ့ပေါင်း ၃၀၀ တို့ အဖွဲ့ပေါင်း ၄၀၀ တို့ ရဲ စုပေါင်းလက်မှက်ထိုးစာထုတ် မလုပ်နိုင်ကြသေးလို့ဖြစ်ပါတယ်။

လက်တွေ့ကျတဲ စစ်အနိုင်တိုက်ရေးမဟုတ်တဲကိစ္စတွေမှာ မိုးကြိုးပစ်တာကို ထန်းလက်နဲကြိုကာထားတာမျိုး ၊မိုးပြိုအများဆိုပြီးဆိုတာမျိုး၊မိုးပြိုခဲ့သောဆိုပြီး တစ်တီတူးဌက် ခြေနှစ်ချောင်း မိုးပေါ်ထောင်ထားတာမျိုးကနိုင်ငံရေးအရ ပါးနပ်လိမ်မာလွန်းတာသို့မဟုတ် နိုင်ငံရေး အညွန့်ခူးစားတာမျိုး သို့မဟုတ် ရိုးရိုးသားသားလုပ်တာမျိုး တစ်ခုခု ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

စစ်အနိုင်တိုက်၊နိုင်ငံတော်အာဏာသိမ်းရေးဆိုတဲ့ လက်တွေ့တော်လှန်ရေး လိုအပ်ချက်မပါပဲ ဆွေးနွေးရေးကို လက်မခံဖူးသက်သက်ကွက်ပြောတာမျိုးကြ” ဆားမပါတဲ့ ဟင်းလို ပေါ့ရွက်ရွက်ဖြစ်နေမှာဖြစ်ပါတယ်။

နိုင်ငံရေး ပါးနပ်မှု့သက်သက်ထက် အလုပ်သဘော လမ်းစဉ်တစ်ခုခုပါ(စစ်အနိုင်တိုက်ရေးဖြစ်ဖြစ်) ချမှတ်ဖို့ လိုအပ်နေဆဲလို့ မြင်မိပါတယ်။မင်းတို့က တော်လှန်ရေးစိုက်၊ငါတို့က နိုင်ငံရေးစိုက် ဆိုတဲ သံသယကို  ငါတို့ တော်လှန်ရေးအောင်ပွဲဖြစ်တဲ မြန်မာပြည်မကို စစ်အနိုင်တိုက်ရေးနဲ့ လက်တွေ့ပြသနိုင်မှ သံသယပျယ်မှာဖြစ်ပါတယ်။

ဒီနေရာမှ မြေပြင်မှာ ရှိ့နေတဲ့ နိုင်ငံရေးအင်အားစုများ၊တော်လှန်ရေး တပ်ဖွဲ့အသီးသီး၊ ဦးဆောင်နေသူအသီးသီး တို့နဲ ပြည်သူတစ်ရပ်လုံးရဲ နိုင်ငံရေးဆန္ဒသဘောထားက အဓိကဖြစ်လာပါတယ်။စစ်အနိုင်တိုက်၊နိုင်ငံတော်အာဏာသိမ်းပိုက်၊အောင်ပွဲရသူတို့၏ နိုင်ငံတော်တည်ဆောက်ဖို့ မယိမ်းမယိုင် ပဲ့ကိုင်သွားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

                  

                                                                စိမ်းမောင်

မှက်ချက် ။  ။ စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်သည်။

ကိုးကား။    ။ သခင်သန်းထွန်း၏ နောက်ဆုံးနေများ။(မြရာပင်စာပေ)

By admin

Leave a Reply

Your email address will not be published. Required fields are marked *