ဖေဖော်ဝါရီ ၂၁၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဘန်ကောက် (AP) – မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အွန်လိုင်းလိမ်လည်မှု စင်တာများတွင် အလုပ်လုပ်နေသော ကယ်ဆယ်ခြင်းခံထားရသည့်တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ကျော်ပြီးနောက် မဲဆောက်မြို့လေဆိပ်မှစင်းလုံးငှါးလေယာဉ်တစ်စီးဖြင့် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပို့ဆောင်ခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။
ထိုင်း၊ တရုတ်နှင့် မြန်မာတို့သည် အယောင်ဆောင်ထားသောအချစ်ရေး ဇာတ်လမ်းလှည့်စားမှုများ၊ အတုအယောင် ရင်းနှီးမြုပ်နှံမှုများနှင့် တရားမ၀င် လောင်းကစား အစီအစဉ်များမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းမှ ဒေါ်လာဘီလီယံနှင့်ချီ၍ ရရှိနေသော လိမ်လည်လှည့်စားသည့် စင်တာများကို ပိတ်ပစ်ရန် လွန်ခဲ့သည့်လတွင် ကြိုးပမ်းခဲ့ကြသည်။
အရှေ့တောင်အာရှနှင့် အခြားနေရာများမှ လူရာပေါင်းများစွာသည် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် လာအိုရှိ အဆိုပါစင်တာများတွင် အလုပ်လုပ်ခဲ့ကြသည်ဟု ခန့်မှန်းရပြီး အလုပ်အတွက် လိမ် ညာ၊ဟန်ဆောင်မှုဖြင့် စုဆောင်းခံရသူ အများအပြားမှာ ကျွန်ကဲ့သို့လုပ်ကိုင်နေကြရပြီး ပိတ်လှောင်ခံနေကြသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံဘက်ရှိအွန်လိုင်းလိမ်လည်မှုစင်တာများမှ မြန်မာလူအယောက်၁၀,၀၀၀ ကို ပြန်လည်ပို့ဆောင်နိုင်မည်ဟု ထိုင်းတာဝန်ရှိသူများက မကြာသေးမီက ပြောကြားခဲ့သည်။