မြန်မာနိုင်ငံ ငလျင်ဒဏ်ကနေ ပြန်ကောင်းလာနိုင်သလား

ဧပြီလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မတ် ၂၈ ရက်က ပြင်းအား ၇.၇ရှိငလျင်ကြီး လှုပ်ခတ်ခဲ့ရာ မည်သည့်နိုင်ငံ၌မဆို ကြီးမားသော ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်အစိုးရအဖြစ် တိုင်းပြည်တွင် စိုးစံနေပြီဖြစ်ပြီး မငြိမ်မသက်မှုများကြောင့် မြန်မာနိုင်ငံတွင် အဆိုပါပြဿနာများသည် ပိုမိုဆိုးရွားလာကာ စစ်တပ်သည်အာဏာကို ဆုပ်ကိုင်ထားရန် အပြင်းအထန် ကြိုးစားနေကြသော်လည်း တော်လှန်ရေးအဖွဲ့ အသီးသီးသည် စစ်တပ်၏ နှစ် ၆၀ အုပ်ချုပ်မှုကို စိန်ခေါ်ရန် စုစည်းလာကြသည်။ နိုင်ငံအများစုတွင် ငလျင်လှုပ်ပြီးနောက် တိုင်းပြည်ပြန်လည်ထူထောင်ရန် အချိန်မည်မျှကြာမည်ကို မေးစရာရှိသည်။ ဝမ်းနည်းစရာကောင်းသည်က မြန်မာပြည်ကိစ္စ၌မေးရမည့် နောက်ထပ် အခြေခံမေးခွန်းတစ်ခုရှိနေ။

မြန်မာနိုင်ငံအနေနှင့်မတ်လငလျင်ကြောင့် ပျက်စီးမှုမှပြန်ကောင်းလာနိုင်သလား။ “စစ်အစိုးရ၏ ညံ့ဖျင်းသော အရေးပေါ်တုံ့ပြန်မှုမှာ သနားညှာတာမှုကင်းမဲ့သော ဝါဒဖြန့်မှုများရှိနေသော်လည်း အချိန်ကြာမြင့်စွာ ပရမ်းပတာဖြစ်မည်ဟုပြည်သူများကို ကြောက်ရွံ့စေသည်” ဟု ဧပြီလ ၅ ရက်နေ့တွင် အစီရင်ခံခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးက ခြောက်ထပ်ဟိုတယ် ပြိုကျချိန်တွင်အသက် ၇နှစ်နှင့် ၂နှစ်အရွယ်ရှိ သူ့သမီး နှစ်ယောက်၊သူ့ခင်ပွန်းနှင့်အိမ်အကူနှစ်ယောက် အကြောင်း သတင်းကို စောင့်မျှော်နေသည့် ဒေါ်နှင်းအကြောင်းကိုလည်း ကြားရပါသည်။ “ရှာဖွေရေးအတွက်လုပ်ဆောင်မှုများနှောင့်နှေးမှုတွေက သူမရဲ့ ဝေဒနာကို ထပ်လောင်းတိုးစေသည်ဟုထပ်လောင်းဆိုရပါမည်။ မနှင်းသည် ဆက်သွယ်ရေး လိုင်းများ လည်ပတ်မှု မရှိသလောက်ပင် ပျက်စီးသွားသော မြို့တစ်ဝိုက်သို့ အပြေးအလွှား သွားရောက်ကာ ပစ္စည်းကိရိယာများမရှိသလေက္ငဖြစ်နေသော အဖွဲ့များအတွက် ခေါင်းစွတ်ဓာတ်မီးများနှင့် လောင်စာဆီများ ဝယ်ယူခဲ့သည်။


အဆောက်အအုံပြိုကျမည်ကို စိုးရိမ်တာကြောင့် ဟိုတယ်မန်နေဂျာက မြေတူးစက်အသုံးပြုခြင်းကို ခွင့်မပြုခဲ့ပါ။ တရုတ်နဲ့ ရုရှား ကယ်ဆယ်ရေးအဖွဲ့များ မရောက်ခင် ရက်တွေကြာသွားခဲ့ပါသည်။ “ဘယ်လိုအိပ်ရမလဲ။ ညသန်းခေါင်မှာ နိုးလာတော့ မျက်ရည်တွေ စီးကျနေသလို ခံစားရတယ်၊ ငိုလို့မရတော့ဘူး”ဟုမနှင်းကပြောသည်။
ပြိုကျနေသော အဆောက်အဦအပြင်ဘက်တွင် ရပ်ကာ ခင်ပွန်းဖြစ်သူ၏ အမည်ကို ခေါ်ဆိုကာ ပြန်လည်ဖြေကြားရန် မျှော်လင့်ကာ မိသားစုဘေးကင်းရေးအတွက်လည်းဆုတောင်းပေးကာ နတ်များကို လှူဒါန်းခဲ့သည်။ အနည်းငယ်သာဝေးသော မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် အဆောက်အအုံများစွာ ပျက်စီးနေသောကြောင့် အပြင်ဘက်တွင် လူနာများအား ကုသပေးနေရပြီး အပူဒဏ်ကြောင့် ဆရာဝန်များ အချိန်အနည်းငယ်သာအိပ်စက်ခဲ့ကြရသည်။ အချို့သော လူနာများသည် အပူဒဏ် ခံစားနေကြရသည်ဟု ဆေးပညာရှင်တစ်ဦးက ပြောသည်။ အချို့သော လူနာများနှင့် မိသားစုများက မိလ္လာစနစ်နှင့်အိမ်သာများ ဆိုးရွားစွာ ချို့တဲ့မှုကြောင့် အရေပြားပိုးဝင်ခြင်းများ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။

ဤမေးခွန်းအတွက် နီးကပ်စွာဆက်စပ်နေသော အဖြေနှစ်ခုရှိသည်။ ပထမအချက်မှာ မြန်မာနိုင်ငံသည် သတ္တုနှင့် ကျွန်းအပါအဝင် သဘာဝသယံဇာတများစွာ ပေါကြွယ်ဝသော်လည်း ဆင်းရဲသောနိုင်ငံဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) သည် အမေရိကန်ဒေါ်လာ ၆၆၇၅၈ သန်းရှိပြီး နိုင်ငံပေါင်း ၁၉၆ ခု၏ GDP အဆင့်တွင် ၈၈ ဖြင့် ရပ်တည်ခဲ့ပါသည်။ ဆိုလိုသည်မှာ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း GDP သည်အမေရိကန်ဒေါ်လာ ၁၂၃၃ ဖြစ်ပြီး ၂၀၂၂ ခုနှစ်က ထက် ၇၅ ဒေါ်လာလျော့နည်းသွားပါသည်။ ဆိုလိုသည်မှာ မြန်မာအများစုသည် တစ်နှစ်လျှင် စတာလင်ပေါင် ၁,၀၀၀ ခန့်ကို စီမံခန့်ခွဲရန် ကြိုးစားနေကြသည်။ စစ်အာဏာရှင်များက တိုင်းပြည်၏စည်းစိမ်ဥစ္စာ တော်တော်များများကို သူတို့ဘာသာ သူတို့အတွက် ဆယ်စုနှစ်နှင့်ချီပြီးသိမ်းယူထားသောကြောင့် ဤဆင်းရဲမွဲတေမှုသည်ပိုဆိုးရွားစေပါ သည်။

ဆိုလိုသည်က ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ ၇.၂၁% နှင့် နှိုင်းယှဉ်ပါကမြန်မာနိုင်ငံက ကျန်းမာရေး ဝန်ဆောင်မှုမှာ GDP ၏ ၅.၆% ကို သုံးစွဲသည်ဟုဆိုပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ပြီးခဲ့သည့်လက ငလျင်ဒဏ်မှ ပြန်လည်ကောင်းမွန်ရန် ရုန်းကန်နေရသည်မှာအံ့ဩစရာမဟုတ်ပေ။ ငလျင်လှုပ်သောအခါ နိုင်ငံများသည် များသောအားဖြင့် အကူအညီ နှစ်မျိုး လိုအပ်သည်။ ပထမဦးစွာ၊ ၎င်းတို့သည် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ကူညီရန် အရေးပေါ်အကူအညီများ လိုအပ်ပါသည်။ ၎င်းတို့တွင် ရေသန့်၊ အစားအသောက်၊ အရေးပေါ်ဆေးကုသမှုနှင့် အမိုးအကာများ ပါဝင်သည်။ ဒုတိယအကူအညီမှာ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် ရေရှည်အကူအညီဖြစ်သည်။ နိုင်ငံအများအပြားတွင် ဆက်သွယ်ရေးညံ့ဖျင်းမှုနှင့် ပျက်စီးနေသည့် အခြေခံအဆောက်အအုံများသည် အလွန်အမင်းလိုအပ်နေသူများအား လိုအပ်သောအကူအညီများရရှိရန် အလွန်ခက်ခဲစေသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာကြာ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ဆက်လက်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် တော်လှန်ရေးအဖွဲ့များက ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန် ကြိုးပမ်းနေချိန်တွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ အလွန်ရှုပ်ထွေးနေပါသည်။ ငလျင်ကြောင့် ပျက်စီးသွားသောမြို့များကို ပြန်လည်တည်ဆောက်ရန် မည်သူက ပေးမလဲဆိုသည့်စိုးရိမ်မှုများလည်း ရှိနေပါသေးသည်။ အနည်းဆုံး မြို့ပေါင်း ၂၀ လောက် ပျက်စီးသွားသည်ဟုသတင်းများအရ သိရသည်။ အိမ်နီးချင်း တရုတ်နိုင်ငံသည် တစ်ဦးချင်း ပရောဂျက်များအတွက် ငွေထုတ်ချေးနိုင်သော်လည်း စစ်ဗိုလ်ချုပ်များသည် အရေးပေါ်တုံ့ပြန်ရေး အားထုတ်မှုကို ကိုယ်တိုင်မစီမံနိုင်သောကြောင့် စစ်အာဏာရှင်များကို များစွာ ယုံကြည်နိုင်မည်ဟု မထင်ထားပေ။

လူ့အဖွဲ့အစည်းအတွက်၊ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်၊ သင့်လျော်သောအခြေခံအဆောက်အအုံများမရှိဘဲ စီမံခန့်ခွဲနေရခြင်းနှင့် ကာလကြာရှည်စွာ မငြိမ်မသက်ဖြစ်နေသော အခြေအနေများကို စီမံခန့်ခွဲရခြင်းဖြစ်သည်။ ထို့ကြောင့် မနှင်းကဲ့သို့ မိသားစုအပေါ် သက်ရောက်သည့်ပြင်းထန်သော စိတ်ဒဏ်ရာကို ကုသရန် အချိန်ပိုကြာမည်ဖြစ်သည်။ မြန်မာ့လက်ရှိအခြေအနေနှင့် ပတ်သက်၍ သုံးသပ်ချက်အတွက် Burma Campaign Uk မှ ဇိုယာဖန်းအား မေးမြန်းခဲ့ရာတွင်- “ငလျင်ကြီးလှုပ်ပြီးသည့်တိုင် မြန်မာစစ်တပ်သည် လေကြောင်းနှင့် အမြောက်များဖြင့် နိုင်ငံဒေသအသီးသီးရှိ ပြည်သူများကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်”ဟုသူကဆိုသည်။

မြန်မာစစ်တပ်က မြန်မာနိုင်ငံ အလယ်ပိုင်းတွင်အကူအညီများခွင့်ပြုထားပြီး မီဒီယာများက ယင်းကို အာရုံစိုက်နေချိန်၌ ဗမာစစ်တပ်၏ သိမ်းပိုက်မှုမှလွတ်မြောက်နေသည့် ဒေသများတွင် အကူအညီတွေ ပိတ်ပင်ထားဆဲပင်ဖြစ်သည်။ လိုအပ်နေသူများအကူအညီများရရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ ဒေသခံလူထုအဖွဲ့အစည်းများမှ တစ်ဆင့်ပေးအပ်ခြင်းဖြစ်သည်။ ဗမာစစ်တပ်၏ သိမ်းပိုက်မှုကို ပြည်သူများက တွန်းလှန်နေသည့်အတွက် တိုင်းပြည်၌ အုပ်ချုပ်ရေး မျိုးစုံရှိသည်။မြန်မာစစ်တပ် သိမ်းပိုက်ထားသော ဒေသများတွင်သာ အကူအညီများ ကန့်သတ်မထားသင့်ပါ။ ဗမာပြည် အများစုသည်ဗမာစစ်တပ်၏ထိန်းချုပ်မှုအောက်တွင်မရှိတော့ပါ။ဗမာစစ်တပ်၏ သိမ်းပိုက်မှုမှလွတ်မြောက်သည့်နယ်မြေတိုင်းတွင် တိုင်းရင်းသား တော်လှန်ရေးဒေသန္တရ အုပ်ချုပ်ရေးနှင် ဒေသခံ အရပ်ဘက် လူ့အဖွဲ့အစည်း ကွန်ရက်များ ရှိနေကြပါသည်။

အဲမောင်း
North East Bylines စာမျက်နှာတွင်ဖော်ပြသည့် Peter Sagar ၏Can Burma recover from the earthquake? ကိုပြန်ဆိုပါသည်။ Peter သည် ကျောင်းဆရာ၊ စာရေးဆရာနှင့် သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး လူ့အခွင့်အရေးလုပ်ငန်းများတွင် ၃၅ နှစ်ကြာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *