ထိုင်းနိုင်ငံတွင် Covid-19 ပြန်လည်ပေါ်ပေါက်လာသည်ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူက သတိပေးထား

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ကြားတွင် ဆေးရုံတက်ရန် လိုအပ်သည့် ကူးစက်ခံရသူ ၈၄၄၆ ဦးရှိပြီး ထိုင်းနိုင်ငံတွင် Covid-19 ပြန်လည်ဖြစ်ပွားလာကြောင်း ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူတစ်ဦးက မကြာသေးမီက သတိပေးထားသည်ဟု The Nation သတင်းကမေလ ၈ရက်တွင်ဖော်ပြသည်။ ချူလာလောင်ကွန်တက္ကသိုလ်မှမှ ကထိကတစ်ဦးဖြစ်သူ Assoc Prof Dr Thira Woratanarat ၏ Facebook တွင် ဖော်ပြချက်အရ ဘန်ကောက်တွင် Covid-19 လူနာ ၂,၃၇၇ ဦးဖြင့် အများဆုံးဖြစ်ပြီး ချွန်ဘူရီ (၆၈၀)ဦး၊ နွန်သဘူရီ (၄၉၀)ဦး၊ Rayong (၃၈၀) ဦးနှင့် စမွတ်ပရာကန် (၃၂၇) ဦးတို့ဖြစ်သည်။ လူနာအများစုမှာ အသက် ၃၀ နှင့် ၃၉နှစ်ကြား (၁၇၉၄) ဦး၊ နောက်တွင် အသက် ၂၀မှ ၂၉ ကြားရှိသူများ (၁၅၄၀)ဦး နှင့်အသက် ၆၀ကျော်အရွယ် (၁၅၃၆)ဦးဖြစ်သည်။


သို့သော်လည်း Thira က အသက် ၀ နှစ်မှ ၄ နှစ်ကြား ကလေးများတွင် ဖြစ်ပွားမှု သိသိသာသာ တိုးလာမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဤကာလအတွင်း ကူးစက်မှုပေါင်း ၆၈၂မှု ဖြစ်ပွားခဲ့သည်ဟုဆိုသည်။ မေလ ၄ ရက်မှ ၇ ရက်အထိ COVID-19 ကူးစက်ခံရသူ အရေအတွက်သည်တုပ်ကွေးရောဂါဖြစ်ပွားမှုထက် နှစ်ဆဖြစ်ပြီး ၂,၅၉၃ နှင့် ၁၃၂၁ အသီးသီးရှိကြောင်း Thira မှ မှတ်ချက်ပြုခဲ့သည်။ ဤအချိန်ကာလအတွင်း Covid-19 နှင့်ဆက်စပ်သေဆုံးမှုတစ်ခုအား မှတ်တမ်းတင်ထားသည်။ လက်ရှိ ရောဂါလက္ခဏာများ ပြသနေသည့် မည်သူမဆို တုပ်ကွေးထက် အချိုးအစား ၂:၁ တွင် Covid-19 ကူးစက်နိုင်ခြေ ပိုများကြောင်း ၎င်းက သတိပေးခဲ့သည်။ ယခုလိုအခြေအနေမျိုးတွင်Covid-19 ဖြစ်ပွားနိုင်ခြေ ၆၇% ရှိမည်ဟုခန့်မှန်းထားသည်။

ကလေးသူငယ်များ၊ ကျောင်းသူကျောင်းသားများ၊ သက်ကြီးရွယ်အိုများနှင့် ဆေးရုံတက်လူနာများအား ယခု Covid-19 ကူးစက်မှု မြင့်မားနေချိန်အတွင်း ကာကွယ်သင့်သည်ဟု Thiraက တိုက်တွန်းထားသည်။ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ၎င်းတို့၏ ကျန်းမာရေးကို ပုံမှန်အကဲဖြတ်ရန်၊ မိမိကိုယ်ကို ကာကွယ်ရန်နှင့် အခြားသူများကို ကာကွယ်ရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လည်း ၎င်းက အကြံပြုထားသည်။ ထို့အပြင် အတွင်းလူနာများနှင့် ခွဲစိတ်ရန်စီစဉ်ထားသူများကို ၎င်းတို့ကိုယ်တိုင်၊ လူနာဖော်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ၏ ဘေးကင်းစေရန်အတွက် ပုံမှန်စစ်ဆေးသင့်သည်ဟုလည်းဆိုသည်။ ကျောင်းများ၊ ကလေးထိန်းစင်တာများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများနှင့် ဆေးရုံများအား ထိရောက်သောအန္တရာယ်စီမံခန့်ခွဲမှုအစီအစဉ်များကိုအကောင်အထည်ဖော်ရန်၊ အသက်အရွယ်အုပ်စုအားလုံးတွင် ကူးစက်ပျံ့နှံ့နေသောကြောင့် အရေးပေါ်အရေးယူမှုပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *