ဇွန်လ ၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် မြန်မာနိုင်ငံအနီးတဝိုက်ဒေသများတွင် မကြာသေးမီက အသေးစားငလျင်များ လှုပ်ခတ်မှု အကြိမ်ရေ မြင့်တက်လာမှုကို ဌာနကထောက်ပြထားသည်။ ပြင်းအား နည်းပါးပြီး အပျက်အစီးမရှိသော်လည်း၊ တာဝန်ရှိသူများက အဆိုပါပုံစံအား အနီးကပ်စောင့်ကြည့်ပြီး စဉ်ဆက်မပြတ် စောင့်ကြည့်နေရန် အလေးပေးထားသည်ဟု The Nation သတင်းကဇွန်လ ၆ရက်ကဖော်ကြသည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဝိုင်ယာမြို့နယ်တွင်ပြင်းအား ၁ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်သည်မြောက်လတ္တီတွတ် ၁၉.၄၂၄ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၉.၄၈၄ ဒီဂရီဏှိအနက် ၁ ကီလိုမီတာတွင်ဖြစ်သည်ဟု မှတ်တမ်းတင်ထားသည်။ အပျက်အဆီးမရှိသော်လည်း ငလျင်သည် လူနေရပ်ကွက်များအနီးတွင် ဖြစ်ပွားခဲ့ပြီး စောင့်ကြည့်ရန်အတွက် မှတ်သားဖွယ်ဖြစ်ရပ်တစ်ခုဟု ယူဆသည်။ တစ်ချိန်တည်းမှာ အိမ်နီးချင်းမြန်မာနိုင်ငံတွင်ဇွန်လ ၆ရက်နေ့နံနက်အစောပိုင်းတွင် ငလျင်သုံးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့သည်။ ထိုင်းနယ်စပ်နှင့် နီးကပ်နေခြင်းကြောင့် ထိုင်းဘူမိဗေဒပညာရှင်များ၏ အာရုံစိုက်မှုရရှိခဲ့ပါသည်။ ပထမငလျင်- နံနက် ၂ နာရီ ၂၁ မိနစ်တွင် ရစ်ခ်ျတာစကေး ၁.၇ အဆင့်ရှိ ငလျင်တစ်ခု မယ်ဟောင်ဆောင် အနောက်တောင်ဘက်၉၃ ကီလိုမီတာအကွာရှိ မြန်မာနိုင်ငံတွင် မြေက်လတ္တီတွတ်၁၉.၁၇၂ ဒီဂရီနှင့်အရှေ့လောင်ဂျီကျု ၉၇.၀၉၄ဒီဂဏီတွင် လှုပ်ခတ်ခဲ့သည်။
ဒုတိယငလျင်သည် နံနက် ၆ နာရီ ၀၄ မိနစ်တွင် ရစ်ခ်ျတာစကေး ၂.၀ အဆင့်ရှိ ငလျင် ဖြစ်ပြီးမြေက်လတ္တီတွတ် ၁၉.၁၇၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၆.၅၄၀ ဒီဂရီ မယ်ဟောင်ဆောင်မြို့ အနောက်တောင်ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာတွင် လှုပ်ခတ်ခဲ့သည်။ တတိယငလျင်သည် နံနက် ၇ နာရီ ၄၀ မိနစ်တွင် ပြင်းအား ၂.၂အဆင့်ရှိ ပြီး မြောက်လတ္တီတွတ် ၂၀.၉၂၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၈.၀၆၉ဒီဂရဂရီ၌ မယ်ဟောင်ဆောင်ခရိုင်ပန်မာဖာမြို့နယ်မှအနောက်မြောက်ဘက် ၁၅၇ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့သည်။ ငလျင်များသည် ပြင်းအားအနည်းငယ်သာရှိသော်လည်း ထိုင်းနှင့်မြန်မာနယ်စပ်နှစ်ဘက်စလုံးတွင် ဆက်လက်ဖြစ်ပေါ်နေသော ငလျင်ဖြစ်ကြောင်း အချက်ပြနေသည်။ ယင်းသည် သတိရှိရန် လိုအပ်ကြောင်း သတိပေးချက်တစ်ခုဖြစ်သည်။ အန္တရာယ်ရှိသော ဒေသများတွင် နေထိုင်သူများအား ထိုင်းမိုးလေဝသဌာန၏ နောက်ဆုံးရသတင်းများကို အနီးကပ် လိုက်နာရန်နှင့် အသက်နှင့် ဥစ္စာပစ္စည်းများ ဘေးကင်းစေရန်အတွက် ငလျင်ကြိုတင်ပြင်ဆင်မှု အစီအမံများနှင့် ရင်းနှီးကျွမ်းဝင်စေရန်အကြံပြုအပ်သည်ဟုသတင်းကဆိုသည်။