ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ကို မြန်မာဘက်ခြမ်းက နေပြည်တော်အမိန့်နဲ့ပိတ်ဆို့ထားကာ ထိုင်းဘက်ခြမ်းကတွဲကားတွေ မြန်မာပြည်ဘက်ကူးမရတာကြောင့် ကုန်သည်တွေ အခက်ကြုံတွေ့နေရတယ်လို့ နယ်စပ်ကုန်သည်တဦးက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။
ဒီနေ့မနက်ပိုင်းကစပြီး မြန်မာဘက်ခြမ်းကနေ တံတားကူးခွင့် ရုတ်တရက်ပိတ်ဆို့လိုက်တာကြောင့် ထိုင်းဘက်ခြမ်း အမှတ်၂တံတားအနီးမှာ ရာနဲ့ချီတဲ့ တွဲကားတွေ ပိတ်မိနေတာဖြစ်ပါတယ်။
“ဒီမနက်ပဲ တံတား၂ကို မြန်မာဘက်က ပိတ်လိုက်တာ။ တွဲကားတွေ အခုကူးမရတော့ဘူး။
ကုန်မာတွေအတွက် အကြောင်းမဟုတ်ပေမယ့် ကုန်စိမ်းတွေအအေးခန်း ကွန်တိန်နာကားတွေအတွက်ကတော့ အများကြီးထိခိုက်သွားတယ်။ မြဝတီဘက်ကို မင်းအောင်လှိုင်တို့က နေပြည်တော်ကနေ အမိန့်ပေးတာပိတ်ထားဆိုပြီး။
မင်းအောင်လှိုင်ကတော့ အတော်ကိုဆိုးနေပြီ”လို့နယ်စပ်ကုန်သည်တဦးကပြောပါတယ်။ လက်ရှိအချိန်မှာ အမှတ်၂ ချစ်ကြည်ရေးတံတားကို ပိတ်ဆို့ထားပေမယ့် တံတားအမှတ်၁ကိုတော့ ဖွင့်ထားပေးပြီး အကူးအသန်းလုပ်ခွင့်ပြုထားပါသေးတယ်။
#သောင်ရင်းသတင်းလွှာ #ထိုင်း #မြဝတီ #အမှတ်၂တံတား #စကစ #ပိတ်ထား