မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၅)၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၅)၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ယင်းနဲဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက် ပိုင်း – ဩရိဿပြည်နယ်တောင်ပိုင်း)ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression)ဟာ အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)ရဲ့အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ကာလင်ဂါပတ္တနမ်မြို့(Kalingapatnam)ရဲ့ အရှေ့ မြောက်ဘက် ရေမိုင် ၅၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)ရဲ့တောင်-အရှေ့ တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။


(၂) မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ်အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်လို့သတ်မှတ်ပါတယ်။

(ခ) မုန်တိုင်းငယ်ရဲ့ တည်နေရာ၊ ဗဟိုချက်လေဖိအားနဲ့ လေတိုက်နှုန်း-
အဆိုပါ မုန်တိုင်းငယ်ဟာ မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်မှာ မြောက်လတ္တီကျု ၁၉.၀ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၄.၉ ဒီဂရီမှာရှိပြီး၊ ဗဟိုချက်လေဖိအား ၉၉၃ ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၃၀ နှုန်းခန့် ဖြစ်ပါတယ်။

(ဂ) နောက် ၁၂ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း- အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေတို့ကို ဂိုလ်ပါပူမြို့အနီးကနေ ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။

(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့နံနက်ကနေ နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာနေရာကွက်ပြီး မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
ဒါ့ကြောင့်မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ် နိုင်တာကြောင်​့ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေဖြင့် မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု နိုင်ပါရန်နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိ ပြုနိုင်ဖို့အသိပေးနှိုးဆော်အပ်ပါတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *