SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုသွားရောက်မယ်

ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုသွားရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာကသြဂုတ် ၂၈ရက်မှာနေ့တွင် ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း မကြုံစဖူး လက်နက်ကိုင် အုံကြွမှုတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံဟာပရမ်းပတာ ဖြစ်နေတယ်လို့လည်းဆိုပါတယ်။ မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ သြဂုတ် ၃၁ရက်နေ့မှာ စတင်မယ့် ထိပ်သီးအစည်းအဝေးကို သွားရောက်မှာဖြစ်ကြောင်း မြဝတီရုပ်သံက ဖော်ပြပါတယ်။


တီယန်ကျင်းမှာပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမှာ ရှီနဲ့ အခြားခေါင်းဆောင်များ တွေ့ဆုံခြင်းအပြင် မင်းအောင်လှိုင်ဟာ အခြားသော တရုတ်အရာရှိတွေနဲ့လည်း တွေ့ဆုံပြီးနိုင်ငံတွင်းရှိ အချို့သော ဒေသတွေဆီကိုသွားရောက်မည်ဖြစ်တယ်လို့စစ်တပ်က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲရဲ့ ကနဦးအဆင့်ကို ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး လက်ရှိကျင်းပနေတဲ့ နယ်မြေတွေ အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲဆန္ဒနယ် ၃၀၀ ကျော်မှာ မဲပေးဖို့ ရှိနေပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *