ဇူလိုင်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
တစ်လကျော်ကြာ ပျောက်ဆုံးနေသည့် Anhui ပြည်နယ် Lujiang ခရိုင်မှ အသက် ၁၈နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးဟာ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာတယ်လို့ China Daily သတင်းကဇူလိုင် ၂၆ ရက်ကဖော်ပြသည်။၎င်းရဲ့ဖခင်ဖြစ်သူကလည်း China Daily ကို ပြောပါတယ်။ Hu Yixiao ရဲ့ဖခင် Hu Zongbing က၎င်းရဲ့သားဖြစ်သူ ပြန်လည်ရောက်ရှိလာတာကို ဇူလိုင် ၂၅ရက်ကအတည်ပြုခဲ့ပြီးမိသားစုပြန်လည်ဆုံဆည်းမှုအတွက် စိတ်လှုပ်ရှားစွာထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း အမှုနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ China Central Television ရဲ့ဖော်ပြချက်အရ အဆိုပါ လူငယ်သည် ယူနန်ပြည်နယ် Pu’er ရှိ ဆိပ်ကမ်းတစ်ခုကတစ်ဆင့် တရုတ်နိုင်ငံကိုဘေးကင်းစွာ ပြန်လာခဲ့တယ်လို့သိရပါတယ်။ Hu Yixiaoပျောက်ဆုံးသွားပြီးနောက် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုများအရ သူဟာAnhui၊ Jiangsu ပြည်နယ် Nanjing မှာ Ma’anshan နဲ့ယူနန်ပြည်နယ်ကူမင်းမြို့ကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းရဲ့လမ်းမှာ နောက်ဆုံးတွင် ယူနန်ပြည်နယ် Xishuangbanna မှာရပ်တန်သွားခဲ့ပါတယ်။ ဇူလိုင် ၂၃ရက်နေ့မှာ Hu ၏ မိဘတွေကမြန်မာနိုင်ငံရှိ တယ်လီကွန်းလိမ်လည်မှုလို့သံသယရှိတဲ့ဆိုက်တစ်ခုမှ သားဖြစ်သူ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဇူလိုင် ၂၅ရက်နေ့ နံနက်မှာတရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မယ်လို့သတင်းများ ထွက်ပေါ်လာခဲ့တညကိုလည်း အစီရင်ခံစာတွေမှာဖော်ပြပါတယ်။ Hu Yixiao ကဧပြီလကHefei မှာအလုပ်ရှာဖို့ Lujiang က ထွက်ခွာသွားတယ်လို့တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
နှစ်လအကြာမှာ သားဖြစ်သူရဲ့ ဖုန်းဒေတာအသုံးပြုမှု သိသိသာသာ လျော့နည်းသွားတဲ့အတွက် ဖခင်ဖြစ်သူကပုံမှန်မဟုတ်တဲ့အရာတစ်ခုကို သတိပြုမိခဲ့ပြီး ဖုန်းနဲ့လည်းဆက်သွယ်လို့မရတော့ဘူးလို့ဆိုပါတယ်။ Hu Yixiao ရဲ့မိခင်က Hefei မှာ၎င်းတို့ရဲ့သားကို ရှာမတွေ့တော့တာကြောင့်Hefei နဲ့ Lujiang နှစ်ခုစလုံးက ရဲတွေကိုအကြောင်းကြားခဲ့ပါတယ်။ Hu Yixiao ဟာ ဇွန်လ ၅ ရက်က Xishuangbanna သို့ ထွက်ပြေးသွားတယ်လို့ရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့ မိဘတွေက သိရှိခဲ့ကြောင်း စီချွမ်ပြည်နယ်အခြေစိုက် thecover.cn ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ထပ်မံရှာဖွေဖို့အတွက် ဇွန်လကုန်မှာ Hu Zongbing ကမြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Jinghong မြို့မှာ၎င်းရဲ့သားကို လုံခြုံရေးကင်မရာနဲ့ နောက်ဆုံးမြင်တွေ့ခဲ့တဲ့ Xishuangbanna ကို ရောက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ၎င်းရဲ့သားဟာ တစ်ချိန်က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် နေထိုင်ခဲ့တယ်လို့ရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း thecover.cn ကဆိုပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့မှာ Hefei ရှိပြည်သူ့လုံခြုံရေးဗျူရိုကလူငယ်ကိုရှာဖွေရန်နဲ့အမှုကိုစုံစမ်းစစ်ဆေးရန်အခြားအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်နေပြီလို့ကြေငြာခဲ့ပါတယ်။ Hu Yixiao မပြန်ခင်မှာ သူက နိုင်ငံခြားက မိဘတွေဆီ စာပို့ဖို့ တခြားသူရဲ့ လက်ကိုင်ဖုန်းကို အသုံးပြုခဲ့တယ်လို့ thecover.cn က ဆိုပါတယ်။