လူချွန်လူကောင်းသီချင်းပြည်သူ‌‌ေတွဆိုခွင့်မရှိတော့

—————————————————————————
စက်တင်ဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

လူချွန်လူကောင်းသီချင်းကို NDF ပါတီက ၊ ပါတီသီချင်းအနေနဲ့ ယူသုံးမယ်ဆိုတာကို ကိုယ်တွေကတော့ လက်မခံ နိုင်ပါဘူး။ လက်မခံနိုင်တာက၊ဒီသီချင်းက ကိုယ်တွေ ငယ်ငယ်ကထဲက ရင်ဘတ်ထဲမှာ စွဲမြဲခဲ့ပြီး အရမ်းနှစ်သက်ခဲ့ရသလို၊အဲ့ဒီအချိန်တုန်းက လူတွေ အားလုံးရဲ့ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး သီချင်းတပုဒ်လဲဖြစ်ခဲ့တာပါ။ တကယ်တော့ ဒီသီချင်းက ဦးနု ခေတ်၊၁၉၅၂ လောက်မှာ ပြည်တော်သာ စည်မံကိန်း အတွက် သီချင်းတွေ ရေးခိုင်းပြီး၊ပြည်‌တော်သာစီမံကိန်း Trademark တခုအဖြစ်သုံးမယ်ဆိုပြီး ပြိုင်ပွဲ လုပ်ခဲ့ရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး အရွေးမခံရတဲ့ သီချင်းတပုဒ်ပါ။ ဦးနု ရဲ့ ကော်မတီက ရွေးချယ်လိုက်တဲ့သီချင်းက ဘယ်သီချင်းမှန်းတောင်မသိလိုက်၊မမှတ်မိ လိုက်ပေမဲ့၊ (လူချွန်လူကောင်းကတော့)အဲ့ဒီပြိုင်ပွဲကြောင့် ပေါ်လာတဲ့ သီချင်းဆိုတာကိုတော့ လူတိုင်းသိကြ သလို ဒီနေ့အထိ လူတိုင်းရဲ့ပါးစပ်ဖျားမှာ တည်ကျန်နေလျှက်ပါ။ ဒီလို အဓိပ္ပါယ်၊အနှစ်သာရ၊ပြည့်ပြီး၊Tune , Malody ကောင်းတဲ့ သီချင်းတပုဒ် က ပြည်သူတွေ အားလုံး ကြိုက်နှစ်သက် နေကြရင်၊ဒီသီချင်းက ပြည်သူပိုင် ပစ္စည်းပါ။သဘောက ပုဂွလိက ပိုင် ၊ အကျိုးစီးပွား တခုခု အတွက် တလွဲအသုံးပြုခွင့် မလုပ်သင့်ပါဘူး။ အဲ့လို အသုံးပြုခွင့်ပေး လိုက်ခြင်းဟာ၊ အောက်တန်းစား ဆန်ခြင်းသာဖြစ်ပါတယ်။

ဘာလို့လဲဆိုရင်၊အခု ဒီသီချင်း ကို နှစ်သက်ပေမဲ့ မဆိုရဲ၊ မညည်း ရဲ့တော့ပါဘူး၊ အဲ့ဒီသီချင်း ဆိုခြင်းသည် NDF ပါတီ ကို မဲဆွယ်ပေးနေသလိုဖြစ်နေတော့မြည်သာတည်း။ တကယ်တော့ ဒီသီချင်း ပိုင်ရှင်က မြို့မငြိမ်း၊ဆိုပေမဲ့ သူက မရှိ‌တော့။သူ့မျိုးဆက်ကလဲ မကျန်ရစ်ခဲ့တော့၊ မြို့မ တီးဝိုင်းက ရှိနေသူတွေကပဲ မျက်နှာလိုမျက်နှာရ၊သဘောရှိ အသုံးပြုခွင့် ပေးတယ်ဆိုပြီး၊လုပ်စားလိုက်တာလို့ သိရပါတယ်။နောက်တော့ စဉ်းစားမိပြီး သဘောပေါက် သွားတာကဒါက နိုင်ငံရေး ပဲလားပေါ့။ ဒီသီချင်းကို သုံးတဲ့ NDF ပါတီက ဘာလဲပေါ့၊အရင်က ဒါမျိုးတွေ မလုပ်ပါဘူး၊ အခုမှ NLD ပါတီက ခြံခုန်ကူးသွားတဲ့ စန္ဒာမင်း NDF ရောက်သွားမှ ဖြစ်သွားတာဆိုတော့။ ကိုယ်ဟာကိုယ် ခလေးတွေးနဲ့တွေးကြည့်မိတာက ။ ((အဲ့ဒီသီချင်းက၊ဆိုရှယ်လစ်ခေတ် က အလုပ်သမား၊လယ်သမား ၊ကာယ၊ညာဏ လုပ်သားတွေ နဲ့ တိုင်းပြည် တည်ဆောက်ရေးအတွက် အဲ့ဒီခေတ်အခြေအနေပေါ်မှာ ရေးဖွဲ့ခဲ့တဲ့သီချင်းတပုဒ်ဖြစ်ပါတယ်။ အခုခေတ်အနေအထားနဲ့ဆိုရင် တိုင်းပြည်ကို ခေတ်နောက်ပြန်ဆွဲခိုင်းထားသလိုခေတ်မမှီတော့ပါဘူး။

ဒါက စကစ က လုပ်လို့ ၊လောင်စာဆီတွေ မဝယ်နိုင်တော့ လို့ ကားတွေ၊ဆိုင်ကယ်တွေ မစီးနိုင်တော့လို့။လျှပ်စစ်မီးတွေ မရနိုင်တော့လို့။ဒေါ်လာ တွေမရှိတော့လို့၊နိုင်ငံခြားက ပစ္စည်း၊အသုံးအဆောင်တွေ၊ဆေးဝါးတွေ မရှိတော့လို့၊ မဆလ ရဲ့ အရင်ခေတ် အနေအထားကို ပြန်ရောက်သွားပြီ ၊ ကာယ အလုပ်သမားကြီးတွေ ပြန်ပေါ်လာဖို့လိုပြီ။ရေစည်လှည်းတွန်းသူတွေ ပေါ်ထွက်လာဖို့၊ဆိုက္ကားနင်းသူတွေ၊မြင်းလှည်းမောင်းသူ‌တွေ၊သံဖြူဆိုင်တွေ၊အိုးလုပ်သူတွေ၊ပန်းဘဲဖိုတွေ၊ကျောက်ထုသူတွေ၊ စသဖြင့်ပေါ်လာဖို့ ဉာာဏ လုပ်သား အနေနဲ့ ၊ဗေဒင်ဆရာတွေ၊ပွဲစားတွေ၊ငွေတိုးချေးစားသူတွေ၊အရေးကျွမ်းကျင်သူတွေ၊ချိတ်ဆက်ပေးသူတွေ၊ပရော့ဂျက်ရေးသူတွေ အားကောင်းလာစေဖို့ဆိုပြီး စကစ လုပ်လို့ ခေတ်နောက်ပြန်နေပြီလို့ သရော်တာလား၊ပညာသားပါပါနဲ့ လှောင်တာလားပေါ့။ ဒါပေမဲ့ နောက်ဆက်တွဲ့အနေနဲ့ ထပ်သိလိုက်ရတာက ၊ငါတို့ပြည်သူတွေရွေးချယ်မဲထည့်ခဲ့တဲ့ NLD ပါတီ က ကိုယ်စားလှယ် စန္ဒာမင်း အပါအဝင် NLD ပါတီဝင်ဟောင်း ၅၀ ခန့် က NDF ပါတီသို့ ဝင်ရောက်လာပြီး လာမည့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုတော့။ ငါတို့ ၂၀၂၀ တုန်းက နင်တို့ကို မဲထည့်ရွေးချယ်ထားတောင် ဘာမှ လုပ်မပေးနိုင်တာ၊အခုသောက်မှတ်မရှိဘူးလား။လို့ပဲမေးရတော့မယ်။

1Sep2025,Minnyo

By admin

Leave a Reply

Your email address will not be published. Required fields are marked *