စန္ဒာမင်းတို့ရွေးကောက်ပွဲအတွက် သုံးဖို့ မြို့မအသင်းကိုတောင်းထားတဲ့ လူချွန်လူကောင်းသီချင်းကို မြို့မငြိမ်းမိသားစုကန့်ကွက်

စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီကနေ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အသုံးပြုဖို့ မြို့မအသင်းကိုတောင်းထားတဲ့ လူချွန်လူကောင်းသီချင်းကို မသုံးကြဖို့ မြို့မငြိမ်းမိသားစုကန့်ကွက်ထားတယ်လို့သိရပါတယ်။ NLDပါတီကနေ NDFပါတီကို ဘက်ပြောင်းပြီး စစ်အုပ်စုကျင်းပမယ့် တရားမဝင် အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် စန္ဒာမင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ရက်နေ့မှာ မြို့မအသင်းရုံးလာပြီး လူချွန်လူကောင်းသီးချင်းအား အောင် နိုင်ရေးသီချင်းအဖြစ်နဲ့ အသုံးပြုခွင့်ပေးဖို့ လာရောက်ဆွေးနွေးခဲ့ပေမယ့် ဒီနေ့မှာတော့ သီချင်းမူရင်းပိုင်ရှင်ဖြစ်တဲ့ မြို့မငြိမ်းမိသားစုက ကန့်ကွက်ခဲ့တာလို့သိရပါတယ်။


ဒီသီချင်းကို မြို့မငြိမ်းက ၁၉၅၂ခုနှစ်မှာ ပြည်တော်သာစီမံကိန်းအတွက် ရေးစပ်ပြိုင်ပွဲဝင်ခဲ့ပေမယ့် ရွေးချယ်မခံရဘဲ နောက်ပိုင်းနှစ်တွေမှာမှ အင်မတန်နာမည်ကြီးလာတဲ့ သီချင်းဖြစ်ပါတယ်။ အခုမြို့မငြိမ်းမိသားစုက အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ သီချင်းတွေကို မိသားစုထံ အသိပေးခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံရေး၊ စီးပွားရေးနပတ်သက်တဲ့ အဖွဲ့အစည်းတစ်ရပ်၊ ပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့က ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ သီဆိုခြင်း၊ ဖြန့်ဝေခြင်း၊ လွှင့်ထုတ်ခြင်းများကို ကန့်ကွက်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

#သောင်ရင်းသတင်းလွှာ #စန္ဒာမင်း #NDF #မြို့မငြိမ်း #လူချွန်လူကောင်း #မိသားစုကကန့်ကွက်

By admin

Leave a Reply

Your email address will not be published. Required fields are marked *