စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ဖေ့ဘွတ်စ်သုံးစွဲသူ တဖြေးဖြေး ကျဆင်းလာပြီး ဇူလိုင်လအထိ သုံးစွဲသူ ၂၈ % ကျော် ကျဆင်းလာခဲ့တယ်လို့ နိုင်ငံတကာစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ DataReportal သုတေသနအဖွဲ့၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လူမှုမီဒီယာအသုံးပြုသူ ၁၉.၆ သန်း ရှိခဲ့ပြီး ဇူလိုင်လအတွင်းမှာတော့ ၁၄ သန်းကျော်သာ ကျန်ရှိတောါတယ်လို့ ဆိုထားပါတယ်။
လျော့နည်းသွားတဲ့ပမာဏဟာ ဒေသတွင်း ဖေ့ဘွတ်သုံးစွဲမှု ခက်ခဲလာတာကြောင့် အခြားပလက်ဖောင်ဆီ ကူးပြောင်းသွားတာ၊ အင်တာနက်အများဆုံး သုံးစွဲသည့် အသက်အရွယ်ဖြစ်သည့် လူငယ်တွေ ပြည်ပထွက်ခွာသွားတာကြောင့် ဖြစ်တယ်လို့ DataReportal သုတေသနအဖွဲ့က ဆိုထားပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းမှာ ဖေ့ဘွတ်သုံးစွဲသူ ဆက်လက်ကျဆင်းလာနိုင်ဖွယ်ရှိနေပြီး Tik Tok ပလက်ဖောင်း သုံးစွဲမှုက ယခင်ထက် ၆၀ % တိုးလာတယ်လို့ သိရပါတယ်။
ကိုဟိန်း
Photo-Fulcrum