IndustriALL က အမှတ်တံဆိပ်တွေအားလုံးမြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ထပ်မံတောင်းဆို

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

စက်တင်ဘာလ ၃း၄ရက်၊ ၂၀၂၅မှာ IndustriALL က Bestseller၊ Next နဲ့ Hunkemöller အပါအဝင် ကုန်အမှတ်တံဆိပ်များစွာကို မြန်မာနိုင်ငံမှာလုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းဖို့နဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ အလုပ်သမားနဲ့လူ့အခွင့်အရေးတွေပပျောက်စေခဲ့တဲ့နိုင်ငံကနေတာန်ရှိစွာနဲ့ထွက်ခွာစေဖို့အတွက်IndustriALL နဲ့ချက်ခြင်းညှိနှိုင်းမှုတွေစတင်လုပ်ဆောင်နေတယ်လို့ အဖွဲ့ကဆိုပါတယ်။ အထည်အလိပ်နဲ့အထည်ချုပ်လုပ်ငန်းဟာ စစ်အစိုးရအတွက် နိုင်ငံခြားငွေရရှိရေးအတွက် အဓိကရင်းမြစ်ဖြစ်ပြီး လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့လောင်စာဆီတွေအတွက်ထောက်ပံ့ကူညီနေပါတယ်။ မြန်မာနိုင်ငံမှာအထည်ချုပ်နဲ့ ဖိနပ်ထုတ်လုပ်တဲ့အလုပ်သမားတွေဟာ စစ်အုပ်ချုပ်ရေးအရ စက်မှုဇုန်တွေမှာလုပ်ကိုင်ကြရပါတယ်။ ၂၀၂၃ ILO စုံစမ်းရေး ကော်မရှင်ကလွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့အဓမ္မ လုပ်အားပေး ခိုင်းစေမှုဆိုင်ရာ သဘောတူညီချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုတွေတွေ့ရှိခဲ့ပါတယ်။ ဇူလိုင်လမှာ အမည်မသိ စွဲချက်တွေနဲ့ဖမ်းဆီးခံထားရတဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမား တက်ကြွလှုပ်ရှားသူတွေရဲ့အကြောင်း အစီရင်ခံစာသစ်တွေထွက်ပေါ်ခဲ့ပါတယ်။ UK high street favorite အမှတ်တံဆိပ် Next နဲ့ Dutch အတွင်းခံအမှတ်တံဆိပ် Hunkemöller တို့ကစိုးရိမ်မှုတွေရှိနေပေမယ့်လည်း ထောက်ပံ့ရေးကွင်းဆက်အတွင်းမှာလူ့အခွင့်အရေးချိုးဖောက်မှုအန္တရာယ်ကို လျော့ပါးစေဖို့အတွက် မြန်မာနိုင်ငံမှာဆက်လက်ရှိနေကြဖို့ ရည်ရွယ်ချက်ကို ညွှန်ပြနေပါတယ်။

IndustriALL ဟာပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ OECD ရဲ့ National Contact Points (NCPs) မှာ OECD လမ်းညွှန်ချက်တွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ လုံ့လဝီရိယကို လိုက်နာရန် မဖြစ်နိုင်ကြောင်း အခြေခံပြီး New Yorker နဲ့LPP တို့နဲ့အတူ အမှတ်တံဆိပ်သုံးခုအနက်ကနေတစ်ခုဖြစ်ပါတယ်။ ILO က မြန်မာနိုင်ငံမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃ ပါ ထူးထူးခြားခြား ခြေလှမ်းတလှမ်းကို လှမ်းယူလိုက်တဲ့ဇွန်လက ကျင်းပတဲ့ နိုင်ငံတကာ အလုပ်သမား ညီလာခံရဲ့ထောက်ခံမှု ရရှိခဲ့ပါတယ်။ ပုဒ်မ ၃၃ ဟာ ILO ရဲ့အမြင့်ဆုံး ဒဏ်ခတ်အရေးယူမှုဖြစ်ပြီး အဖွဲ့အစည်းရဲ့ သမိုင်းမှာ သုံးကြိမ်သာ တောင်းဆိုခံခဲ့ရပါတယ်။ ပုဒ်မ ၃၃ ဆုံးဖြတ်ချက်ဟာအစိုးရတွေ၊အလုပ်ရှင်တွေနဲ့အလုပ်သမားတွေကိုစစ်အစိုးရကို သွယ်ဝိုက်သောအားဖြင့် ပံ့ပိုးပေးနိုင်တဲ့ထောက်ပံ့ရေးကွင်းဆက်တွေမှာရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်မှုတွေဆက်လက်ဖြစ်ပွားစေမယ့် နည်းလမ်းအားလုံးကို ပိတ်ပစ်ဖို့တောင်းဆိုထားပါတယ်။ “မြန်မာနိုင်ငံကရင်းမြစ်တွေကို ဆက်လက်ရှာဖွေခြင်းနဲ့၊ ကုန်အမှတ်တံဆိပ်တွေဟာ ဖိနှိပ်မှုတွေကို ငွေကြေးထောက်ပံ့ဖို့ ကူညီပေးလျက်ရှိပါတယ်။ ပုဒ်မ ၃၃ ပါ ဆုံးဖြတ်ချက်ဟာလွတ်လပ်တဲ့သမဂ္ဂတွေနဲ့အလုပ်သမားတွေကို ထောင်သွင်းအကျဉ်းချထားတဲ့ အာဏာရှင်စနစ်အောက်မှာလည်ပတ်နေတဲ့ကမ္ဘာပေါ်မှာ ဘယ်လ်ုစီးပွားရေးစနစ်မှအန္တရာယ်တွေကို လျော့ပါးသွားစေနိုင်မှာမဟုတ်ကြောင်း ထင်ရှားပါတယ်”လို့IndustriALL အထွေထွေအတွင်းရေးမှူး Atle Høie က ပြောပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *