စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား) နဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ဟာပဋိပက္ခဒဏ်ခံရတဲ့ အိမ်ထောင်စုတွေအတွက် အရေးပေါ်အကူအညီ (REACH) နဲ့တုံ့ပြန်ခြင်း၊မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံခဲ့ရတဲ့မိသားစုတွေအတွက် အရေးပေါ်အကူအညီတွေပေးအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပဏာမခြေလှမ်းကို စတင်လိုက်ပြီဖြစ်တယ်လို့ WFP ကစက်တင်ဘာ၄ ရက်မှာထုတ်ပြန်ပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ၊အစုလိုက်အပြုံလိုက်အ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ၂၀၂၅ မတ်လ ငလျင်လှုပ်ခတ်မှုကြားမှာငတ်မွတ်မှု နက်ရှိုင်းလာနေတဲ့နေရာတွေကိုရည်ရွယ်တယ်လို့ဆိုပါတယ်။ ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးကူညီမှုနဲ့ကျောထောက်နောက်ခံပြုထားတဲ့ REACH ဟာ WFP က ပဋိပက္ခနဲ့ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားရတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုစားနပ်ရိက္ခာအတွက် အသက်ကယ်ရိက္ခာနဲ့ငွေသားတွေကို ပေးပို့နိုင်မှာဖြစ်ပါတယ်။ REACH ကတဆင့် WFP ဟာ ပဋိပက္ခနဲ့ငလျင်ဒဏ်ခံဒေသတွေရှိ လူ ၃၀၀,၀၀၀ ကို ရိက္ခာ/သို့မဟုတ် ငွေသားအကူအညီ နှစ်လ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေး ၂၄,၀၀၀ တို့ကိုအာဟာရချို့တဲ့မှုကို ကာကွယ်ကုသရာမှာ ကူညီရန် ပစ်မှတ်ထားတဲ့ အာဟာရအထောက်အပံ့ကို ရရှိမှာဖြစ်ပါတယ်။
“အခုလို ခက်ခဲတဲ့ကာလမှာ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ROK-WFP REACH (Responding with Emergency Assistance for Conflict-efected Households) ပရောဂျက်ကနေတဆင့် ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကို အများဆုံးခံစားနေရသူတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီထောက်ပံ့မှုက အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံသာမက မြန်မာနိုင်ငံအတွက်ပါ ရေရှည်တည်တံ့ခိုင်မြဲဖို့ကိုလည်း မျှော်လင့်ပါတယ်”လို့မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးယာရီ တာဝန်ခံ မစ္စတာ ဘေယောင်းဆူကပြောပါတယ်။ WFP ကထိခိုက်လွယ်တဲ့ အသိုင်းအဝိုင်းတွေမှာဝင်ရောက်နိုင်မှုနဲ့သက်ရောက်မှုတွေကို သေချာစေဖို့အတွက် ဒေသတွင်း မိတ်ဖက်တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့အနီးကပ် ပူးပေါင်းလုပ်ဆောင်ပြီးလိုအပ်နေသူတွေဆီကိုတိုက်ရိုက်ပေးပို့မှာဖြစ်ပါတယ်။ REACH ပရောဂျက်ကို စတင်လိုက်ခြင်းဟာ WFP ရဲ့ ပံ့ပိုးကူညီမှုကို လက်ခံရရှိသူအဖြစ်ကနေ ၁၉၆၀ ခုနှစ်တွေနဲ့၁၉၈၀ ခုနှစ်တွေအတွင်း ကိုရီးယားသမ္မတနိုင်ငံက အသွင်ကူးပြောင်းရေးမှာ နောက်ထပ် မှတ်တိုင်တစ်ခုဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်လာစေဖို့အတွက် အထူးအဓိပ္ပာယ်ရှိတယ်လို့ဆိုပါတယ်။
ကိုရီးယားသမ္မတနိုင်ငံကို ဆန်အကူအညီ တစ်ကြိမ်ပေးပို့ခဲ့ဖူးတဲ့ မြန်မာနိုင်ငံဟာဒီနေရာမှာ အထူးအဓိပ္ပာယ်ရှိပါတယ် “သမိုင်းဝင် မြင့်မားတဲ့ ငတ်မွတ်မှု၊အာဟာရချို့တဲ့မှုနဲ့အတူ၊ ကိုရီးယားသမ္မတနိုင်ငံမကနေ အခုလို အချိန်နဲ့တစ်ပြေးညီ ပံ့ပိုးကူညီမှုကပဋိပက္ခနဲ့ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ လူ့အသိုက်အဝန်းတွေအတွက် အကူအညီတွေ တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။”လို့ WFP ကဆိုပါတယ်။ စီးပွားရေးပြိုလဲမှုကြားမှာမြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဟာပိုမိုနက်ရှိုင်းလာပါတယ်။ ၂၀၂၁ခုနှစ်အစောပိုင်းကတည်းက အခြေခံစားနပ်ရိက္ခာခြင်းတောင်းတစ်ခုရဲ့ပျမ်းမျှကုန်ကျစရိတ်ဟာ လေးဆတိုးလာခဲ့ပြီး သန်းနဲ့ချီတဲ့သူတွေဟာအခြေခံအကျဆုံးအစားအစာကိုတောင်မတတ်နိုင်ကြဘူးလို့ဆိုပါတယ်။ မြန်မာနိုင်ငံဟာ အခုအခါ ကမ္ဘာပေါ်မှာငတ်မွတ်ခေါင်းပါးမှု ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ လူအရေအတွက် အများဆုံးနိုင်ငံအဖြစ် ပဉ္စမနေရာမှာ ရှိနေပါတယ်။ နောက်ဆုံး Hunger Hotspots Report အရ လူ ၁၆.၇ သန်း ၊ ၃ယောက်မှာ ၁ ယောက်ဟာ အစားအစာ လုံခြုံမှု မရှိသပေမယ့်လည်း ၂၀၂၄ ခုနှစ်မှာ ၁၃.၃ သန်းကနေ သိသိသာသာ တိုးလာပါတယ်။ ၎င်းတို့အထဲက ၂.၈ သန်းဟာ အကြပ်အတည်း ဖြစ်နေပါတယ်။ ၎င်းတို့ရဲ့ နောက်လာမယ့် အစားအစာကို ရှာဖွေဖို့နေ့စဉ် ရုန်းကန်နေရတယ်လို့ ထုတ်ပြန်ချက်ကဆက်လက်ဖော်ပြပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလမှာ WFP ဟာ ပြင်းထန်တဲ့ရန်ပုံငွေပြတ်လပ်မှုကြောင့် မြန်မာနိုင်ငံရှိ လူတစ်သန်းအတွက် အရေးပေါ်အကူအညီတွေကို ဖြတ်တောက်ခဲ့ရပါတယ်။ ROK က ရန်ပုံငွေအသစ်ဟာ အရေးပါတဲ့ စားနပ်ရိက္ခာအကူအညီကို ပြန်လည်ရရှိရန် ကူညီပေးမှာဖြစ်ပြီး အထူးသဖြင့် ငတ်မွတ်ခေါင်းပါးမှု အမြင့်ဆုံးနေရာတွေမှာ လက်လှမ်းမီဖို့ ခက်ခဲတဲ့ဒေသတွေမှာ ကူညီပေးမှာဖြစ်ပါတယ်။