ဒါတွေ ပြင်ဆင်ပြီးပြီလား

ဒါတွေ ပြင်ဆင်ပြီးပြီလား

၁) ဖုန်းနံပါတ်တွေ အလွတ်ကျက်ထားပါ။

အနည်းဆုံး ဖုန်းနံပါတ် ၆လုံး ကျက်ဖို့လိုအပ်ပါတယ်။ မိမိ မိသားစု၊ အုပ်ထိန်းသူ အလုပ်အထက်လူကြီး (သို့) ယုံကြည်ရသော သူငယ်ချင်း ဖုန်းနံပါတ်များ

ဖုန်းနံပါတ်တွေ ကျက်ခိုင်းတာဟာ ဖုန်းအသိမ်းခံရနိုင်ချေရှိတဲ့အတွက် အခွင့်အရေးရချိန်မှာ ဘယ်ဖုန်းနဲ့ ဖြစ်ဖြစ် SMS စာတို ပို့နိုင်ဖို့ ဖြစ်ပါတယ်။

၂) မိမိရောက်ရှိနေရာကို စာလုံးငါးလုံးတွဲ စာတို ဖြင့် SMS ပို့ခြင်း

တချို့သော ပေါ်တာဆွဲခံတဲ့ဖြစ်စဥ်တွေဟာ ဧည့်စာရင်းစစ် အကြောင်းပြချက်နဲ့မဟုတ်ပဲ တွေ့တဲ့နေရာမှာ တွေ့ရင်​တွေ့သလို အကြမ်းဖက် ဖမ်းဆီးခံရနိုင်ပါတယ်။ဧည့်စာရင်းစစ်ရင်း ပေါ်တာဆွဲတဲ့အခါ စစ်သားတွေကက မနက်ကျ ဘယ်တပ်ဘယ်နေရာကို လိုအပ်တာတွေယူပြီးလာခဲ့ပါလို့ပြောတတ်ပေမယ့် တွေ့တဲ့နေရာမှာတွေ့သလိုဖမ်းခံရတဲ့အခြေအနေအတွက် ဒီစာတိုပို့စနစ်ကို အလွတ်ကျက်ထား ၊ ကျင့်ထား သင့်ပါတယ်။ခိုး၀ှက်ပြီး ဖုန်းပြောတာ ထက် သိုသိုသိတ်သိတ်နဲ့ အလုပ်ပိုဖြစ်နိုင်လို့ပါ။မိမိ မိသားစု၊ သူငယ်ချင်းတွေကိုပါ ဒီနည်းလမ်းကိုမျှဝေထားပါ။


စာတိုပို့နည်းလမ်း ဥပမာ- ကိုယ့်မှတ်ပုံတင်ကို ကြည့်ပါ

၂/လကန(နိုင်) xxx၉၂၃ ဆိုပါစို့

ရှေ့ဆုံးက ၂ သည် ကယားပြည်နယ်ပါ..
ရှေ့ဆုံးက နံပါတ်သည် တိုင်းဒေသကြီး/ပြည်နယ် ကို ပြောတာမို့ နံပါတ် ၁ မှ ၁၄ အထိ
ပြည်နယ်နှင့် တိုင်း ၁၄ခု နံပါတ်ဖြစ်ပါတယ်။

နောက်က လကန သည် မြို့ / မြို့နယ် / ခရိုင်ကို ပြောတာမို့ ၂/လကန ဆိုလျှင် လွိုင်ကော် လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီစာလုံး နှစ်လုံး နဲ့ ဘယ်တိုင်း ဘယ်မြို့နယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါပြီ။

နောက်တစ်ခုက မိမိရောက်ရှိနေတဲ့ စကစတပ်ရင်းတပ်ဖွဲ့နံပါတ်ပါ။(၂.လကန.ဒကစ)လို့ရေးလျှင် ကယားပြည်နယ်လွှိုင်ကော်ရှိ ဒေသကွပ်ကဲမှစစ်ဌာနချုပ် ကို ရောက်ရှိနေတယ်လို့ အကြမ်းဖျင်း သိရပါပြီ။

ဥပမာ- (၅.မမတ.ခလရ၁၆) ရေးလျှင် စစ်ကိုင်းတိုင်းဒေသကြီးမြင်းမူမြို့နယ် ခြေလျင်တပ်ရင်း အမှတ်(၁၆)တပ် ထဲတွင် ရောက်နေသည်ဟု မှတ်ယူနိုင်ပါတယ်။

တစ်ခါတစ်ရံ တပ်ရင်းထဲတွင် မထားပဲ စခန်းကုန်း (သို့) ရွာထဲတွင် ထားနိုင်ပါတယ်.. ဒါကြောင့် တပ်ရင်းနာမည်အစား စခန်းကုန်း (သို့) ရွာနာမည်ကို သုံးနိုင်ပါတယ်။လူသူကင်းတဲ့ တောခြုံအုံကြားက စခန်းထဲ ရောက်နေရင်တောင် ဒီစနစ်က
အနီးစပ်ဆုံး ခန့်မှန်းနိုင်လိမ့်မယ် ထင်ပါတယ်။အခွင့်အရေးရရင် (သို့) အခြေအနေပေးလို့ ဖုန်း
တစ်ခါသုံး ရရင် မဆိုးလှပါဘူး.. ဖုန်းပြောရတာထက်
လိုရင်းတိုရှင်း ထိရောက်ပါမယ်။

(၅.မမတ.အာလကပ္ပ.ကုန်း၂.နာမည်၀ှက်.+)ဆိုလျှင်
အာလကပ္ပကျေးရွာအုပ်စုထဲက စခန်းကုန်း ၂ ကို ရောက်နေတယ်လို့ ဆိုလိုတာပါ။

နေရာစာတိုအနောက်မှာ နာမည်၀ှက် တစ်ခုခုထည့်ဖို့လိုပါတယ်။နာမည်၀ှက်ထည့်မှသာ ဘယ်သူဆိုတာ တစ်ဖက်က မိသားစု၀င်၊ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေက သိမှာပါ။ နမူနာစာတိုကို ကွန်မန့်ထဲမှာ ထပ်မံဖော်ပြပေးထားပါတယ်။

(တခြားသော အချင်းချင်းအချက်ပြဆက်သွယ်လို့ နားလည်သိရှိနိုင်မယ့် စာတိုပို့နည်းလမ်းတွေရှိရင်လည်းအသုံးပြုနိုင်ပါတယ်။အရေးကြီးဆုံးက ကိုယ်အလွတ်ကျက်ထားတဲ့ ဖုန်းနံပါတ်ပိုင်ရှင်တွေက ကိုယ်စာတိုပိုမယ့်နည်းလမ်းကို သိရှိနေဖို့ပါပဲ)

၃) ပြည်သူ့ရင်ခွင့် တယ်လီဂရမ်လိပ်စာ နဲ့ ဗိုက်ဘာ နံပါတ်ကိုအလွတ်ကျက်ထားပါ။

အဓမ္မပေါ်တာဆွဲခံရပြီးနောက်နေ့တွေမှာ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုမိတ္တူ တောင်းလေ့ရှိပါတယ်။(မှတ်ပုံတင်မရှိ၊ပျောက်ဆုံးနေရင်လည်း စစ်တပ်လက်အောက်ခံ ထွေအုပ်ကအမြန်လုပ်ပေးပါတယ်) ပြီးရင် ဆေးစစ်၊စာချုပ်ချုပ် လက်ဗွေနှိပ်ခိုင်းထားတွေလုပ်လေ့ရှိပါတယ်။ည (သို့) မနက် ၃၊ ၄ နာရီမှာ ကြိုတင်အသိမပေးပဲ စစ်ကားတွေပေါ်တက်ခိုင်းပြီး စစ်သင်တန်းကြောင်းတွေကိုပို့လေ့ရှိပါတယ်။ ဒီလိုအခြေအနေတွေပေါ်မူတည်ပြီး ပြေးလို့ရတဲ့အခွင့်အရေးတွေတွေ့လာနိုင်ပါတယ်။​တခုသတိချပ်ရမှာက ပြေးတဲ့အခါ မိမိနေအိမ်၊ မိမိမြို့နယ် ကိုမပြေးဖို့ပါ။မပြေးခင်ဖြစ်စေ၊ ပြေးပြီးနောက်ဖြစ်စေ ဆက်သွယ်လုပ်ဆောင်ဖို့ ပြည်သူ့ရင်ခွင် တယ်လီဂရမ်လိပ်စာ @MyanmarPeople နဲ့ ဗိုက်ဘာနံပါတ် +66968847969 ကိုအလွတ်ကျက်ထားဖို့လိုအပ်ပါတယ်။

__________________ __________________

မိသားစု၀င်များအနေဖြင့် အခြေအနေကိုသိရှိရပါက အောက်ပါအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါတယ်

(က) ပြည်သူ့ရင်ခွင် – People’s Embrace သို့ ဆက်သွယ်ထားခြင်း
https://www.facebook.com/share/1VTSkPrT73/

(ခ) စစ်တပ်သို့သွားရောက် ဧည့်တွေ့ခွင့်မရှိသည့်အခါ ပျောက်ဆုံးသူမှ ပြန်လည်ဆက်သွယ်လာပြီး
အသိပေးထားခဲ့သည့် ဖုန်းနံပါတ်ကို Wavemoney နဲ့ (level 1) limit မထိနိုင်တဲ့ ငွေပမာဏာတစ်ခု လွှဲထားသင့်ပါတယ်။ဒါဟာ အခြေအနေအရထွက်ပြေးရတဲ့အခါ လိုအပ်လာရင် သုံးဖို့ပါ။
(ဘယ် password နဲ့ လွှဲမယ်ဆိုတာ ကြိုတင်တိုင်ပင်ထားပါ)

(ဂ) အဓမ္မ ပေါ်တာဆွဲခံရပြီးကတည်းက သူ၏ဆင်းကဒ်ထံ အနည်းဆုံး တစ်ထောင် ဖြည့်နေပေးသင့်ပါတယ်။ဒါမှ တဖက်ကအခြေအနေအရ ဖုန်းပြန်ရတဲ့အခါ မိသားစုထံဆက်သွယ်ဖို့လွယ်ကူမှာပါ။

(ဃ) တကယ်လို့ စစ်တပ်ထံဧည့်တွေ့ခွင့်ရလို့သွားတဲ့အခါ နေကောင်းလား၊ စားပြီးပြီလား ဆိုတာတွေထက် မိမိတို့ရဲ့အစီအစဥ်နဲ့အဓိကလိုအပ်တာ၊ လုပ်ဆောင်မှာတွေကိုသာ ဆွေးနွေးတိုင်ပင်ပါ။

အခြေအနေပေါ်မူတည်ပြီး မီးစင်ကြည့်ကရမှာဖြစ်လို့ လှေနံဓါးထစ် မမှတ်ထားသင့်ပါဘူး။ ဒီနေရာမှာ ငွေနဲ့ ပြန်ရွေးတာတွေ အကြံမပေးလိုပါဘူး။ အခြေအနေပေါ်မူတည်ပြီး အကြောင်းအမျိုးမျိုးကြောင့် ငွေနဲ့ပြန်ရွေးပြန်ထုတ်နိုင်ပေမယ့် ကိုယ့်အချက်အလက်တွေသူတို့ဆီမှာ ရှိပြီးသားဖြစ်တာမို့ လိုအပ်တဲ့အခါ ထပ်မံလာရောက်ပြီး ဖမ်းဆီး၊ငွေညစ်နိုင်ပါတယ်။ MIN KHANT AUNG ​ဖေ့စ်ဘုတ်မှတဆင့် ကူးယူဖော်ပြပြီး ​မြေပြင်နောက်ဆုံးအခြေအနေနှင့် အဓမ္မ စစ်သားစုဆောင်းခြင်းမှ လွတ်မြောက်လာသူတချို့၏အတွေ့အကြုံများအရ ပြင်ဆင်ဖြည့်စွက်ချက်များပါဝင်သည်။

ရေဘဝဲ ဖေ့စ်ဘုတ် – https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် – https://t.me/OCTOPUSMYANMAR

#whathappeninginmyanmar
#ပေါ်တာဆွဲ #အဓမ္မစစ်မှုထမ်း #စစ်သားစုဆောင်း #စစ်မှုထမ်းဥပဒေ
#OCTOPUS #ရေဘဝဲ

By admin

Leave a Reply

Your email address will not be published. Required fields are marked *