မြန်မာနိုင်ငံမြောက်ပိုင်းကပယ်ဆောက်ချိန်ဦးဆောင်တဲ့ ရာဇ၀တ်ဂိုဏ်းဟာသတ်ဖြတ်မှု၊ တယ်လီဖုန်းလိမ်လည်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ တရားရင်ဆိုင်နေရ

စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ ကာစီနိုလုပ်ငန်းလည်ပတ်မှု၊ ပြည့်တန်ဆာ စည်းရုံးမှု၊ တရားမဝင် ထိန်းသိမ်းမှု၊ မူးယစ်ဆေးဝါး မှောင်ခိုထုတ်လုပ်မှုတို့ အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ လည်ပတ်နေတဲ့ရာဇ၀တ်ဂိုဏ်းကအဖွဲ့ဝင် ၂၁ ဦးကို တရုတ်နိုင်ငံ တောင်ပိုင်း တရားရုံးက တရားစွဲဆိုလိုက်တယ်လို့ ဆင်ဟွာသတင်းကဖော်ပြပါတယ်။ ရာဇ၀တ်ဂိုဏ်းနှင့် ပတ်သက်တဲ့ အဓိကတရားခံတွေကိုပထမအကြိမ် ရုံးတင်စစ်ဆေးမှုကို Guangdong ပြည်နယ်ရှိ Shenzhen Intermediate People’s Court မှာ စက်တင်ဘာ ၁၉ ရက်ကနေ၂၂ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ပယ်ဆောက်ချိန် နဲ့ သားဖြစ်သူ ပယ်ရင်ချန် ဦးဆောင်သတဲ့ဂိုဏ်းအဖွဲ့ဝင်တွေကိုကိုးကန့်ဒေသတွင် အိမ်ယာပေါင်း ၄၁ လုံး တည်ဆောက်ဖို့မြန်မာနိုင်ငံ ကိုးကန့်ဒေသမှာသူ့ရဲ့ သြဇာလွှမ်းမိုးမှုကို အခွင့်ကောင်းယူပြီး၂၀၀၉ ခုနှစ် သြဂုတ်လကစပြီး တရားမဝင်စီးပွားရေး လုပ်ကိုင်နေသူတွေကို လက်နက်ကိုင် အကာအကွယ်ပေးမှုနဲ့ရှန်ကျန်းပြည်သူ့ ရှေ့နေချုပ်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။


အဆိုပါ ဂိုဏ်းဟာ တယ်လီဖုန်းလိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ ကာစီနိုဖွင့်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ စီစဉ်မှု၊ ပြည့်တန်ဆာ စည်းရုံးမှုနဲ့ ပြည့်တန်ဆာ ခိုင်းစေမှုစတဲ့ ရာဇ၀တ်မှုတွေကျူးလွန်တွေကိုအကာအကွယ်ပေးပြီး ပူးပေါင်းကြံစည်ခဲ့တယ်လို့စွပ်စွဲခံထားရပါနယ်။ ၎င်းရဲ့လောင်းကစားနဲ့လိမ်လည်မှုဆိုင်ရာရငွေတေံဟာယွမ်ငွေ ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံခန့်) ကျော်လွန်တယ်လို့ စုံစမ်းရေးမှူးက ဆိုပါတယ်။ ပယ်ရင်ချန်ဟာ စိတ်ကြွဆေး ၁၁ တန်ခန့် ခိုးသွင်းထုတ်လုပ်ဖ်ု့ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ စီရင်ချက်ကို နောက်နေ့မှာထုတ်ပြန်ကြေညာမည်လို့သတင်းကဖော်ပြပါတယ်။ ကြားနာပွဲကိုပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊နိုင်ငံရေး အကြံပေးတွေ၊ တရားခံတွေရဒ့ဆွေမျိုးတွေနဲ့ ပြည်သူတွေရဲ့မိသားစုဝင်တွေအပါအဝင် လူပေါင်း (၁၀၀) ကျော် တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *