“မြန်မာနိုင်ငံ၏ကမ္ဘာစနစ်အလိုအရ ရေးထိုးးထားသော ကွန်ဗင်းရှင်းများ၊သဘောတူညီမှု့များနှင့်အညီ ကိုက်ညီသည့် ဥပဒေ၊လုပ်ထုံးလုပ်နည်း၊ကျင့်ဝတ်များကို အနိမ့်ဆုံး နိုင်ငံတစ်ကာသို့ပြသရန် စာသဘော၊ဥပဒေသဘော၊လုပ်ထုံးလုပ်နည်းသဘောအားဖြင့်ပြဌာန်းထားပြီးဖြစ်သည်။ မြန်မာစစ်တပ်သည်လည်းအလားတူ နိုင်ငံတစ်ကာပြရုပ်ဖြစ်စေရန် ကွန်ဗင်းရှင်းနှင့်အညီ ဥပဒေ၊လုပ်ထုံးလုပ်နည်း၊ကျင့်ဝတ်လမ်းညွန်စသဖြင့်အသီးသီး ပြဌာန်းပြီးဖြစ်သည်။
ယနေ့ခေတ်နောက်ဆုံးပေါ် စစ်တပ်တစ်ခု၏ အခြေခံတာဝန်တွင်၊ဒုတိယတာဝန်အဖြစ် စစ်ပွဲမဟုတ်သော ဘေးအန္တရာယ်ကိစ္စများကိုပါ ပုံမှန်တာဝန်အတွင်း ထည့်သွင်းသည့် Melitary Operation Other Then War(MOOTW)ကို ရှန်ဂီလာဒိုင်ယာလော့ခ်ဂတိဂဝတ်အရ ရေးဆွဲထည့်သွင်း၍ပင်ထားလိုက်သေးသည်။ စစ်တပ်မှပြဌာန်းထားသော စစ်သည်တော်ကျင့်ဝတ်၆၀ ဆိုသည်ကို စာမေးပွဲများစစ်ပြခြင်းဖြင့် ယနေ့ပြောနေကြသည့် Code of Conduct. လိုက်နာရန်သင်ကြားပါကြောင်းလှည့်စားပြနေသည်။ ထိုသို့အင်္ဂါစုံအောင်ထည့်သွင်းပြဌာန်းထားသော်လည်း လက်တွေ့တစ်ခုမကျန်ချိုးဖောက်သည်ကို စစ်သည်တော်ကျင့်ဝတ် ၆၀ မှတစ်ခုချင်းနှင့်တိုင်းတာလျင်ပင်သိသာနေသည်။”
———————————————————-
စစ်ပုလ္လင်မှာ ယဇ်တင်မည့် စစ်သူကြီးများလိုလာပြီ
ဖေဖော်ဝါရီ ၂၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ(ဆောင်းပါး)
——————————————————————-
ဤတွင် ဂေါ်ရခါးဆရာကြီးမှ အမိန့်ကဂျပန်တွေကိုမြေမြုပ်ရှင်းလင်းဖို့ မသေသေးရင် ဘယ်လိုလုပ်မြေမြုပ်လို့ရမလည်းဟု ပြန်ပြောသည်။ဆလင်းလည်း မသိချင်ယောင်ဆောင်ကာ ဆက်လျောက်ခဲ့ရတော့သည် ဟုဆိုသည်။ ဆလင်းသည် စစ်ရည်ဝနေသောစစ်သူကြီးတစ်ဦးဖြစ်ပြီး စစ်မြေပြင်သဘောသဘာဝကို ထုံမွန်းထားသူဖြစ်သည်။ သို့သော် ၎င်း၏ ရှုံးနိမ့်ရာမှအောင်မြင်ခြင်းသို့စစ်သမိုင်းစာအုပ်တွင် စာရေးဆရာတစ်ဦး၏ ဝတ္တရားအရ စစ်မြေပြင်လက်တွေ့ဘဝကို တစ်ကွက်စာမျှပြသွားသည်။
ဂျပန်နှင့်မဟာမိတ် စုစုပေါင်း လူလေးသိန်းခန့်သေဆုံးခဲ့ရသောမြန်မာပြည်သိမ်းစစ်ပွဲကြီးတွင်စစ်ဥပဒေချိုးဖောက်မှုမည်မျှရှိမည်ဟုမည်သူမျှမပြောနိုင်။သိလျှင်လည်း ဆလင်းကပြောမည်မဟုတ်။သို့သော်စာရေးဆရာအနေဖြင့်တော့ တစ်ကွက်တစ်ကွင်းလှစ်ဟပြသွားခဲ့ခြင်းဖြစ်ပုံရသည်။ နိုင်ငံတစ်ကာကွန်ဗင်းရှင်းမျိုးစုံ၊ဂျီနီဗာကွန်ဗင်းရှင်းစသဖြင့် နိုင်ငံတစ်ကာ အာဂျင်ဒါမျိုးစုံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် အကုန်အစင်မဟုတ်သည့်တိုင်အများစုလက်ခံရေးထိုးပြီးဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့်လည်းလွတ်လပ်ရရပြီး ကထဲက ကွန်ဗင်းရှင်းမျိုးစုံဝင်ရောက်လက်မှက်ရေးထိုးခဲ့ပြီးဖြစ်သည်။
“မြန်မာနိုင်ငံ၏ကမ္ဘာစနစ်အလိုအရ ရေးထိုးးထားသော ကွန်ဗင်းရှင်းများ၊သဘောတူညီမှု့များနှင့်အညီ ကိုက်ညီသည့် ဥပဒေ၊လုပ်ထုံးလုပ်နည်း၊ကျင့်ဝတ်များကို အနိမ့်ဆုံး နိုင်ငံတစ်ကာသို့ပြသရန် စာသဘော၊ဥပဒေသဘော၊လုပ်ထုံးလုပ်နည်းသဘောအားဖြင့်ပြဌာန်းထားပြီးဖြစ်သည်။ မြန်မာစစ်တပ်သည်လည်းအလားတူ နိုင်ငံတစ်ကာပြရုပ်ဖြစ်စေရန် ကွန်ဗင်းရှင်းနှင့်အညီ ဥပဒေ၊လုပ်ထုံးလုပ်နည်း၊ကျင့်ဝတ်လမ်းညွန်စသဖြင့်အသီးသီး ပြဌာန်းပြီးဖြစ်သည်။
ယနေ့ခေတ်နောက်ဆုံးပေါ် စစ်တပ်တစ်ခု၏ အခြေခံတာဝန်တွင်၊ဒုတိယတာဝန်အဖြစ် စစ်ပွဲမဟုတ်သော ဘေးအန္တရာယ်ကိစ္စများကိုပါ ပုံမှန်တာဝန်အတွင်း ထည့်သွင်းသည့် Melitary Operation Other Then War(MOOTW)ကို ရှန်ဂီလာဒိုင်ယာလော့ခ်ဂတိဂဝတ်အရ ရေးဆွဲထည့်သွင်း၍ပင်ထားလိုက်သေးသည်။ စစ်တပ်မှပြဌာန်းထားသော စစ်သည်တော်ကျင့်ဝတ်၆၀ ဆိုသည်ကို စာမေးပွဲများစစ်ပြခြင်းဖြင့် ယနေ့ပြောနေကြသည့် Code of Conduct. လိုက်နာရန်သင်ကြားပါကြောင်းလှည့်စားပြနေသည်။ ထိုသို့အင်္ဂါစုံအောင်ထည့်သွင်းပြဌာန်းထားသော်လည်း လက်တွေ့တစ်ခုမကျန်ချိုးဖောက်သည်ကို စစ်သည်တော်ကျင့်ဝတ် ၆၀ မှတစ်ခုချင်းနှင့်တိုင်းတာလျင်ပင်သိသာနေသည်။”
၎င်းတို့ပြဌာန်းထားသောကျင့်ဝတ်၆၀ ထဲမှ ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်၀တ်(၁၀)ပါး
************************************************************************
၁။ ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေပါ။
၂။ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။
၃။ ပြည်သူလူထုနှင့် ယဉ်ကျေးစွာဆက်ဆံပါ။ ရေလို/လလိုကျင့်ပါ။
၄။ ပြည်သူလူထု၏အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။
၅။ ပြည်သူလူထုအား လှောင်ပြောင်ခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ စော်ကားမော်ကားပြုခြင်း,
ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကျဉ်ပါ။
၆။ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။
၇။ မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ။
၈။ပြည်သူလူထုကိုဦးစားပေးပါ။ မိမိမှအခွင့်အရေး ပိုမယူပါနှင့်။
၉။ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။
၁၀။ ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ။ ဆိုသည့် ဆယ်မျိုးသည်ပင်လျင် တစ်ချက်မကျန်ချိုးဖောက်၍ ဆန့်ကျင်ဖက်ကျင့်သုံးနေသည်မှာလက်တွေ့ပင်ဖြစ်သည်။
လက်တွေ့အားဖြင့် မိုးပေါ်ထောင်မပစ်ဖူးတည့်တည့်ပစ်တယ်၊သေရဲတဲ့ကောင်ထွက်ခဲ့ စသဖြင့်လက်နက်အားကိုးဖြင့်ပြည်သူလူထုကို ခြိမ်းချောက်၊အနိုင်ကျင့်၊စော်ကားသည်။ ပြည်သူတို့ကိုသတ်ဖြတ်၊အိုးအိမ်များမီးရှို့ဖျက်ဆီး၊ပစ္စည်းဥစ္စာများလုယက်စသဖြင့်ရေးမကုန်၊စာမဖွဲ့နိုင်လောက်အောင်ကျူးလွန်ဖောက်ဖျက်နေကြသည်။ ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင်၊နိုင်ငံတစ်ကာ ကျင့်ထုံးများကို လိုက်နာရန်တာဝန်အပြည့်ရှိသော အဖွဲ့အစည်းက တစ်ခုမကျန် ပြောင်ပြောင်တင်းတင်း ကမ္ဘာသိချိုးဖောက်နေသည်ကိုကမ္ဘာက မမြင်၊မကြား ပြုပြီးလျစ်လျူရှု့ထားသည်ကို တွေ့နေရသည်။
ယနေ့မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်တော်လှန်ရေးတွင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှာ CODE OF CONDUCTဆိုသည့် စစ်ပွဲများဆိုင်ရာ ကျင့်ဝတ်စံနှုန်းကို ဂရုတစ်စိုက်သတိထားနေရပြီး ၊ လိုက်နာရန်တာဝန်ရှိသည့်(နိုင်ငံတစ်ကာမှ စစ်တပ်တစ်ခု၏ အဆင့်အတန်းအဖြစ်မှ မရုတ်သိမ်းသေးမည်ကြားကာလ)အဖွဲ့မှ တစ်ခုမှမလိုက်နာပဲ ချိုးဖောက်ခွင့်ရနေသည့် တစ်ဖက်သတ်အခြေအနေနှင့်ရင်ဆိုင်နေရသည်။ မြန်မာပြည်သူတို့၏ တော်လှန်ရေးသည် လက်နက်အင်အားချင်းမမျှသည့်အခြေအနေတွင် ကစားးပွဲစည်းမျဉ်းအတိုင်းကြိုးစားကစားနေရပြီး တစ်ဖက်စကစမှ ကစားပွဲစည်းမျဉ်းမှန်သမျှချိူးဖောက်ကစားနေခြင်းနှင့်ပါရင်ဆိုင်နေရသည်။
ကစားပွဲစည်းမျဉ်းတစ်ခုမှမလိုက်နာပဲ၊ကွန်ဗင်းရှင်းမှန်သမျှချိုးဖောက်ကစားနေသူအား နိုင်ငံတစ်ကာမှစောင့်ကြည့် ဝေဖန်အသံပြု့မှု့မရှိသလောက်အခြေအနေတွင် တော်လှန်ရေးအဖွဲ့များ၏ မဆိုစလောက်တိမ်းစောင်းမှုတစ်ခုပေါ်လာတိုင်း ဝိုင်းဝန်းမာန်မဲရန်လက်မနှေးကြသည်ကိုတွေ့ရသည်။ စစ်မြေပြင်ဝါရင့်တပ်မှုးများသည် စစ်ပွဲအခြေအနေလိုက်၍ ရန်သူစိတ်ဓါတ်ခြောက်ခြားကြောက်စိတ်ဝင်စေရန်(Appea to Sense Of Fear) ကြောက်စိတ်သွပ်သွင်းရန် လိုအပ်သည့်အခါစိတ်ဓါတ်စစ်ဆင်ရေးသရုပ်ပြကွက်များကိုလုပ်ကြမည်ပင်ဖြစ်သည်။ ယခုခေတ်ပေါ် ဆက်သွယ်ရေးစနစ်တွင် ရန်သူစိတ်ဓါတ်ခြောက်ခြား ကြောက်စိတ်ဝင်စေသော စိတ်ဓါတ်စစ်ဆင်ရေးမှာ ထိရောက်၊သက်ရောက်မှုလည်းမြန်ဆန်မည်ဖြစ်သည်။
ပထမကမ္ဘာစစ်အတွင်းလူသန်း၂၀ကျော်သေခဲ့သည်။ဒုတိယကမ္ဘာစစ်အတွင်းစစ်သည် သန်း၂၀ကျော်နှင့် အရပ်သားသန်း၂၀ကျော်သေဆုံးခဲ့သည်။စစ်ပွဲအတွင်းနှစ်ဖက်ချိုးဖောက်မှုများအတွက် စစ်ရှုံးသူများဖက်မှ စစ်ရာဇဝတ်တရားခံအဖြစ် ခေါင်းဆောင်အနည်းငယ်ခန့် ပစ်ဒဏ်စီရင်ခြင်းဖြင့် နိဂုံးချုပ်မျဉ်းပိတ်လိုက်သည်။ ခေတ်သစ်တွင်လည်း ဆာဒမ်ဟူစိမ်ဖြင့်မျဥ်းပိတ်လိုက်သည်။ကဒါဖီဖြင့်မျဉ်းပိတ်လိုက်သည်။ ရှုံးပြီးမှ မျဉ်းပိတ်ခြင်းဖြစ်သည်။ ယခုမြန်မာပြည်တွင်လည်း စစ်အာဏာရှင်စနစ်သည်အရှုံးသို့ဆင်းရာလမ်းတွင်စတင်လိမ့်ဆင်းနေပြီဖြစ်သည်။ နိုင်ငံတစ်ကာက ထိုအရှုံးတွင် တစ်ဦး၊နှစ်ဦးဖြင့် မျဉ်းပိတ်ပေးရန်သာ တွန်းအားပေးမည်။
ပြည်သူလူခံစားခဲ့ရသမျှ ဒုက္ခအဝဝကို အခြားကမ္ဘာကစားကွက်များနည်းတူ လူတစ်ဦးနှစ်ဦးဖြင့် ရေစက်ချအမျှဝေ လုပ်ခံရတော့မည်။ ဤအဖြစ်မျိုးကြုံတွေ့ရပြီဆိုလျင် စစ်၏အောင်သီးအောင်ပွင့်ကို ဆွတ်ခူးကာ ချိုမြိန်စွာ စားသုံးလိုသူများသော်လည်း စစ်ကို တာဝန်ခံမည့်သူမရှိ၍ဟု ယူဆရန်သာဖြစ်သည်။ ပြန်ကောက်ရလျင် စစ်ပွဲကိုအနိုင်တိုက်နိုင်ရန်အတွက် စစ်၏ ကောင်းကျိုး၊ဆိုးကျိုးမှန်သမျှ ခေါင်းခံ၊တာဝန်ခံမည့် အနိမ့်ဆုံးစစ်ခေါင်းဆောင်၊ အမြင့်ဆုံးနိုင်ငံရေးခေါင်းဆောင်လိုအပ်နေသည်။စစ်ပွဲနိုင်ရေးသည်ပထမ၊စစ်ပွဲနိုင်ရေးသည်ဒုတိယ၊စစ်ပွဲနိုင်ရေးသည်တတိယ သဘောထားသော စစ်ပွဲ၏ခေါင်းဆောင်ဖြစ်သည်။
တော်လှန်ရေးဆိုသည်မှာ ဧည့်သည်ကိုအိမ်ခေါ်ဖိတ်ကြား၍ထမင်းစားဧည့်ခံသောအလုပ်မဟုတ်ဟု အဆိုအမိန့်ကဲ့သို့ပင် စစ်ပွဲထဲမှသူတော်စင်တစ်ပါးပေါ်ထွန်းသည်ဟု လုပ်ချင်၍မရဟု ယူဆသည်။ စစ်ပွဲသည် နိုင်ငံတစ်ကာစံနှုန်း၊စကားလုံးများ စုန်းတောက်စားသည့် အပင်းသွင်းသည့် ကဝေကစားကွင်း မဟုတ်သည်မှာသေချာသည်။ စစ်ပွဲသည် သွေး၊အသက်၊ဘဝ၊နာကျည်း၊မုန်းတီးလက်စားချေ၊ချေမှုန်းမှုများနှင့် နလံမထူနိုင်အောင်တိုက်ခိုက်ရသော ရှင်သူကျန်ခဲ့မည့် သူသေ ငါရှင် ဂလက်ဒီယေဒါ လူသတ်ကွင်းဖြစ်သည်။ စစ်အဘိဓမ္မာဆရာကြီး ကလော့ဝတ်စ်က စစ်ပွဲတစ်ပွဲ၏ အဖြေသည် တစ်ဖက်ရန်သူ၏အင်အားများ လုံးဝနလံမထူသည်အထိ ချေမှုန်းပစ်ရန်သာဖြစ်သည် ဟုဆိုခဲ့သည်။
မြန်မာနိုင်ငံပြည်သူတို့၏ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးတော်လှန်ရေးသည် ကိုယ့်အားကိုယ်ကိုးတော်လှန်ရေးဖြစ်သည်။မည်သည့်နိုင်ငံတစ်ကာမှအကူအညီမရ။ပြည်သူတော်လှန်ရေးပြည်သူ့အကူအညီဖြင့် တော်လှန်ရေးခိုင်မာလာခြင်းဖြစ်သည်။ တော်လှန်ရေးအဆင့်တစ်ခုသို့ထပ်မံတက်လှန်းရန် တော်လှန်ရေးကိုတာဝန်ခံသော၊တော်လှန်ရေး၏ကောင်းကျိုးဆိုးကျိုးကိုတာဝန်ခံသော၊စစ်ကိုအကြောင်းပြု့၍ဖြစ်ပေါ်လာသောကိစ္စမှန်သမျှ ပြည်သူနှင့် လက်အောက်အဆင့်ဆင့်ကိုယ်စားတာဝန်ခံသော ခေါင်းဆောင်မှု့လိုအပ်လာသည့် ကာလဟုယူဆရသည်။ နိုင်ငံတစ်ကာမျက်နှာ၊နိုင်ငံတစ်ကာတာဝန်ခံမှုမှာ နိုင်ငံရေးမျက်နှာစာအတွက် လိုအပ်ကောင်းလိုအပ်နိုင်သည်။ သို့သော် တော်လှန်စစ်အတွက် တော်လှန်ရေးနှင့် ပြည်သူကိုတာဝန်ခံသော စစ်ကိုတာဝန်ယူသောခေါင်းဆောင် လိုအပ်သည်။
သွေး၊အသက်၊ဘဝ၊နာကျည်းမှု၊လက်စားချေမှု၊အမြစ်ဖြတ်မှု၊ခါးခါးသီးသီးနောင်နောင်ကျဉ်ကျဉ်ဖြစ်သွားအောင် လုပ်ဆောင်နိုင်မှုစသဖြင့် စစ်၏အကြောင်းတစ်ရားမှန်သမျှတာဝန်ခံမည့် စစ်ခေါင်းဆောင်များလိုအပ်လာပြီ။ပြည်သူ့အောင်ပွဲအတွက် နိုင်ငံတစ်ကာစစ်ခုံရုံး၊သည်ဟိတ်ခ် သာမက စကြာဝဠာတံတိုင်းထိ့ ရင်ကော့တက်ဝံ့သူလိုလာပြီ။ နိုင်ငံတစ်ကာစံနှူန်းယဇ်ပုလ္လင်အတွက် မြန်မာပြည်သူတို့၏ အသက်၊သွေး၊ဘဝများဖြင့် ယစ်ပူဇော်သည့်ပုရောဟိတ်ဆရာများ မလိုပဲပြည်သူတို့၏တရားမျှတမှု့အတွက် ရန်သူ့အသွေးအသားဖြင့် စစ်ပုလ္လင်မှာ ယဇ်တင်အောင်ပွဲခံမည့်စစ်သူကြီးများ လိုအပ်ချိန်ရောက်ပြီ။
စိမ်းမောင်