ဧပြီလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ(ဆောင်းပါး)
အာဏာနှင့်ဥစ္စာဓနရှာဖွေခြင်း၊မြေမှန်သမျှလုယက်သိမ်းပိုက်ကြခြင်းတို့ကြောင့်မြေရှင်ပဒေသရာဇ်လက္ခဏာလည်းအပြည့်ရှိနေကြသည်။ ၆၂ ၊၈၈အာဏာသိမ်းမျိုးဆက်နှစ်ဆက်မှ အာဏာ၊ဥစ္စာဓန နှင့်မြေယာများစွာပိုင်ဆိုင်သောလူတန်းစားတစ်ရပ်ပေါ်ထွက်လာခဲ့ရာ အဆိုပါလူတန်းစား၏ လက္ခာများကိုခြုံ၍ စစ်ဗျုရိုကရက် ပဒေသရာဇ် အရင်းရှင်လူတန်းစား အဖြစ် လက်တစ်ဆုပ်စာပေါ်ထွန်းလာခဲ့သည်။ အဆိုပါ စစ်ဗျူရိုကရက်မြေရှင်ပဒေသရာဇ်အရင်းရှင်လူတန်းစားကြီးသည်တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ချယ်လှယ်ထားကြသည်။၎င်းတို့ဘက်ပေါင်းစုံချယ်လှယ်ထားမှုအောက်မှ သာမန်ရောင်းရေးဝယ်တာ၊ကုန်စည်ဖြန့်ချီရေးကူးသန်းရောင်းဝယ်ရေး၊ကုန်စည်ထုတ်လုပ်ရေးလုပ်ငန်းများသည်လည်းဖြေးဖြေးမှန်မှန်နှင့် နိုင်ငံအနှံ့ ဖြစ်ထွန်းလာသည်။
ယေဘူယအားဖြင့် အလတ်စား၊အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊မိရိုးဖလာစီးပွားရေးလုပ်ငန်းများ၊ခေတ်သစ်စီးပွားရေးဘဝ စွန့်ဦးတီထွင်လုပ်ငန်းရှင်များစသဖြင့် များပြားလှသောလုပ်ငန်းမျိုးစုံဖြစ်သည်။ အဆိုပါလူတန်းစားသည် ဘူဇွာအဆင့်သို့တက်လှမ်းရန်အားယူနေသော ပတ်တီးဘူဇာဇီ ဘူဇွာပေါက်စများဖြစ်ကြသည်။ဖြစ်ထွန်းစဘူဇွာအစုမှ ဘူဇွာပေါက်စများထဲမှ ထွန်းသစ်စဓနရှင် ရိုက်ဇင်းဘူဇွာအချို့အဖြစ်လည်းပေါ်ထွက်လာသည်။ ဘူဇွာအုပ်စုများသည်လည်း စစ်ဗျူရိုကရက်ပဒေသရာဇ်အရင်းရှင်အုပ်စု၏ အောက်တွင် စီးပွားရေး ဗိုလ်ကျစိုးမိုးမှုနှင့်ဖိနှိပ်မှု့ ခံနေရသည်။သူတို့၏ဓနရှင်များအဖြစ်တက်လှမ်းရန်၊အရင်းရှင်များအဖြစ်တက်လှမ်းရန် တက်လမ်းမှန်သမျှကို စစ်ဗျူရိုကရက်ပဒေသရာဇ်အရင်းရှင်များနှင့်လက်ဝေခံခရိုနီများမှနည်းမျိုးစုံဖြင့်ပိတ်ဆို့ထားသည်။
===========================================================================================================
မြန်မာဘူဇွာတွေ စစ်တပ်ရဲ့ဒုတိယဇူစကာ စစ်ဆင်ရေးဖြင့်ဒေဝါလီမခံရချင်ရင် တော်လှန်ရေးမှာငွေနဲ့ပါကြ
————————————————————————————————————————
ဥရောပနိုင်ငံများတွင် ကံကြွေးချမြေရှင်ပဒေသရာဇ်စနစ်၊ကျောင်းတော်ဘာသာရေးဖြင့်လွမ်းမိုးထားသည့်ခေတ်က မြေပိုင်ရှင်လော့ခ်လက်တစ်ဆုပ်စာနှင့်ဘုရားကျောင်းများသာ လောကနိဗ္ဗန်ရောက်နေကြသည်။ကျန်သည့်ဥရောပပြည်သူများ၏ဘဝကား ဆိုးရွားနိမ့်ကျသည်ထက်ဆိုးရွားလှသည်။ ဥရောပရှိမြေအားလုံးကို ပဒေသရာဇ်များ၊မြေရှင်နယ်စားကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများမှပိုင်ဆိုင်ထားကြသည်။သူတို့မှလွဲ၍ကျန်သူများမှာမြေကျွန်များနှင့်ကျေးတော်မျိုးကျွန်တော်မျိုးများသာဖြစ်ကြသည်။ ကူးသန်းရောင်းဝယ်ရေးရှိလာသည့်အတွက် ကုန်သည်များလည်းရှိလာသည်။ မြေရှင်များ၏ရဲတိုက်များဝန်းကျင်တွင် ဟိုမှ၊ဒီမှကုန်စည်များရောင်းချထားသည့်ဈေးမြို့များပေါ်လာသည်။
အဆိုပါဈေးမြို့များကို ပြင်သစ်စကားဖြင့် ဘူးရ်များဟုခေါ်ကြသည်။အဆိုပါမြို့များတွင် ကူးသန်းရောင်းဝယ်ဖောက်ကားကြသောလူတန်းစားတစ်ရပ်ပေါ်လာသည်။ထိုလူတန်းစားကို ဘူဇွာဇီများဟုခေါ်ကြသည်။ဈေးရောင်းဈေးဝယ် ကုန်သည်လူတန်းစားဖြစ်သည်။ ကုန်ထုတ်လုပ်မှု့လုပ်ငန်းများ၊ရောင်းရေးဝယ်တာလုပ်ငန်းများထွန်းကားလာသော်အခါ လုပ်ငန်းများတိုးချဲ့ရန်မြေလိုလာသည်။ ထိုစဉ်က ဥရောပ မြေမှန်သမျှသညိ မြေရှင်ပဒေသရာဇ်လူတန်းစားနှင့် ဘုန်းတော်ကြီးများလက်ထဲတွင်သာရှိနေသည်။ ကုန်သည်လူတန်းစားသည်ကူးသန်းရောင်းဝယ်ရင်းအရင်းအနှီး၊ဓနဥစ္စာများစုဆောင်းမိလာသည်။ဥရောပဘုရင်များနှင့်မြေရှင်များသည် ဇိမ်ခံလွန်း၍ ငွေကြေးအကျပ်အတည်းဖြစ်ကြလေ့ရှိရာ ဘူဇွာလူတန်းစားထံမှချေးငှားကြရသည်။
ဘူဇွာလူတန်းစားသည် ၎င်းတို့စီးပွားရေးအတွက် လိုအပ်သည့်မြေနှင့်နေရာအကွက်အကွင်းအတွက် အုပ်ချုပ်သူပဒေသရာဇ်ပိုင်မြေများနှင့် ဘုန်းတော်ကြီးများပိုင်မြေများကို လိုအပ်လာသည်။ဤသို့ပြောင်းလဲလာသောစီးပွားရေးစနစ်ကြောင့် အဆိုပါဘူဇွာလူတန်းစားသည်လုပ်ပိုင်ခွင့် အာဏာလိုလာသည်။ ပဒေသရာဇ်တို့ထံမှ စီးပွားရေးလွတ်လပ်စွာလုပ်ပိုင်ခွင့်၊မြေနေရာများရရှိရေးအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲ လုပ်ရန်အားထုတ်လာကြသည်။ထို့အပြင် ဥရောပမြေများ၏ ၄၀ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး တရားတော်နှင့်မညီပဲဇိမ်ခံယစ်မှုးနေကြသောဘုန်းတော်ကြီးများ ထံမှ မြေနှင့် အရင်းအနီုးများအတွက် သာသနာတော်ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာကြသည်။ ဘူးရ်မြို့နေကုန်သည်လူတန်းစားများ၊ဘူဇွာများ၏ နိုင်ငံရေးပြုပြင်ပြောင်လဲမှုကို ဘူဇွာတော်လှန်ရေးနှင့် သာသနာတော်ပြုပြင်ပြောင်းလဲရေးတော်လှန်ရေးများသည် ယနေ့ဥရောပတိုက်ဆိုသည့်ဘဝရောက်ရှိလာရေးအတွက် မဖြစ်မနေဖြတ်သန်းခဲ့ကြသောတော်လှန်ရေးအဆင့်များဖြစ်ကြသည်။
သမိုင်းခေတ်ကို ခေတ်ကြီး ၅ ခေတ်လည်းပိုင်းကြသည်။၄ခေတ်လည်းပိုင်းကြသည်။တော်ဖလာတို့၊ဟန်တင်တန်တို့က လှိုင်းနှင့်ပိုင်းကြသည်။မည်သို့ပင်ပိုင်းကြသည်ဖြစ်စေ သမိုင်းအဆင့်လိုက်ဖြစ်ပေါ်တိုးတက်မှုသည် ရာစုနှစ်တစ်ခုပြီးတစ်ခုရှုန်းကန်တိုက်ပွဲဝင်ကြရသည့်ဖြစ်စဉ်ဖြစ်သည်။ ဝါရင့်နိုင်ငံရေးသမားတစ်ဦးမှ မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ပေါ်တိုးတက်မှုအဆင့်မှာ သဘာဝအတိုင်း အဆင့်လိုက်ဖြစ်ပေါ်တိုးတက်ခွင့်ရခဲ့ဟုဆိုသည်။မြေရှင်ပဒေသရာဇ်ခေတ်မှနေ ကိုလိုနီဘဝသို့တန်းရောက်ခဲ့ရသည်။မန္တလေး ရတနာပုံခေတ်အထိ ကူးသန်းရောင်းဝယ်ရေးမှာ ဘုရင်နှင့်အုပ်စိုးသူလက်အောက်ခံလိုဖြစ်နေသည်။ကုန်သည်လူတန်းစား၊ဘူဇွာများမထွန်းကားခဲ့။ စက်မှု့တော်လှန်ရေးမှာလည်းဂျပန်မေဂျီခေတ်ပြုပြင်ပြောင်းလဲရေးနှင့်မကွာလှသော်လည်း နောက်ကျနေပြီဖြစ်သည်။
ကိုလိုနီခေတ်စီးပွားရေးတွင်ကူးသန်းရောင်းဝယ်ရေးအတတ်ပညာနှင့်အရင်းအနှီးမှာ ကိုလိုနီအုပ်ချုပ်သူများနှင့် လက်ဝေခံများသာတွင်သာရှိသည့်အတွက် မြန်မာဘူဇွာလူတန်းစားအားကောင်းရန်မလွယ်ခဲ့ဘဲ သစ်ပွဲစား၊စပါးပွဲစား ကိုလိုနီစီးပွားရေး၏လက်ဝေခံဘဝမှ အစပြုကြရသည်။ လွတ်လပ်ရေးရပြီးသည့်နောက် မတည်ငြိမ်မှု့နှင့်၆၂ စစ်တပ်မှအာဏာသိမ်းပြီးနောက် ရှိနေသည့် စီးပွားရေးအဆောက်အဦးပါဖျက်သိမ်းလိုက်သည့်အတွက် အားယူစဘူဇွာလူတန်းစားတစ်ခန်းရပ်သွားပြန်သည်။ ၁၉၈၈ခုနှစ် ပြည်သူလူထု၏ ဒီမိုကရေစီအရေးတော်ပုံကြီးအားစစ်တပ်မှဖြိုခွဲပြီးအာဏာထပ်မံသိမ်းပိုက်ပြီးသည့်နောက် စီးပွားရေးပုံစံတစ်မျိုးပြောင်းလာပြန်သည်။ ဈေးကွက်စီးပွားရေးဟုအမည်တပ်သော်လည်း အာဏာသိမ်းစစ်ဗိုလ်များ၏အာဏာနှင့်ဥစ္စာဓနရှာဖွေမှု၊စီးပွားရေးလက်ဝါးကြီးအုပ်မှုများကြောင့် စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားနှင့် ၎င်းတို့လက်ဝေခံခရိုနီစီးပွားရေးစနစ်ပေါ်လာသည်။
အာဏာနှင့်ဥစ္စာဓနရှာဖွေခြင်း၊မြေမှန်သမျှလုယက်သိမ်းပိုက်ကြခြင်းတို့ကြောင့်မြေရှင်ပဒေသရာဇ်လက္ခဏာလည်းအပြည့်ရှိနေကြသည်။ ၆၂ ၊၈၈အာဏာသိမ်းမျိုးဆက်နှစ်ဆက်မှ အာဏာ၊ဥစ္စာဓန နှင့်မြေယာများစွာပိုင်ဆိုင်သောလူတန်းစားတစ်ရပ်ပေါ်ထွက်လာခဲ့ရာ အဆိုပါလူတန်းစား၏ လက္ခာများကိုခြုံ၍ စစ်ဗျုရိုကရက် ပဒေသရာဇ် အရင်းရှင်လူတန်းစား အဖြစ် လက်တစ်ဆုပ်စာပေါ်ထွန်းလာခဲ့သည်။ အဆိုပါ စစ်ဗျူရိုကရက်မြေရှင်ပဒေသရာဇ်အရင်းရှင်လူတန်းစားကြီးသည်တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ချယ်လှယ်ထားကြသည်။၎င်းတို့ဘက်ပေါင်းစုံချယ်လှယ်ထားမှုအောက်မှ သာမန်ရောင်းရေးဝယ်တာ၊ကုန်စည်ဖြန့်ချီရေးကူးသန်းရောင်းဝယ်ရေး၊ကုန်စည်ထုတ်လုပ်ရေးလုပ်ငန်းများသည်လည်းဖြေးဖြေးမှန်မှန်နှင့် နိုင်ငံအနှံ့ ဖြစ်ထွန်းလာသည်။
ယေဘူယအားဖြင့် အလတ်စား၊အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊မိရိုးဖလာစီးပွားရေးလုပ်ငန်းများ၊ခေတ်သစ်စီးပွားရေးဘဝ စွန့်ဦးတီထွင်လုပ်ငန်းရှင်များစသဖြင့် များပြားလှသောလုပ်ငန်းမျိုးစုံဖြစ်သည်။ အဆိုပါလူတန်းစားသည် ဘူဇွာအဆင့်သို့တက်လှမ်းရန်အားယူနေသော ပတ်တီးဘူဇာဇီ ဘူဇွာပေါက်စများဖြစ်ကြသည်။ဖြစ်ထွန်းစဘူဇွာအစုမှ ဘူဇွာပေါက်စများထဲမှ ထွန်းသစ်စဓနရှင် ရိုက်ဇင်းဘူဇွာအချို့အဖြစ်လည်းပေါ်ထွက်လာသည်။ ဘူဇွာအုပ်စုများသည်လည်း စစ်ဗျူရိုကရက်ပဒေသရာဇ်အရင်းရှင်အုပ်စု၏ အောက်တွင် စီးပွားရေး ဗိုလ်ကျစိုးမိုးမှုနှင့်ဖိနှိပ်မှု့ ခံနေရသည်။သူတို့၏ဓနရှင်များအဖြစ်တက်လှမ်းရန်၊အရင်းရှင်များအဖြစ်တက်လှမ်းရန် တက်လမ်းမှန်သမျှကို စစ်ဗျူရိုကရက်ပဒေသရာဇ်အရင်းရှင်များနှင့်လက်ဝေခံခရိုနီများမှနည်းမျိုးစုံဖြင့်ပိတ်ဆို့ထားသည်။
သူတို့သည်ထွက်ပေါက်ရရှိရေးအတွက်ရုန်းကန်ရန်အခွင့်ရရှိလာသည့် ရွေးကောက်ပွဲများတွင် ဝိုင်းဝန်းပါဝင်ကြသည်။ဝါရင့်နိုင်ငံရေးသမားတစ်ဦးမှ စစ်တပ်နှင့်ကြံ့ခိုင်ရေးသည် စစ်ဗျူရိုကရက်ပဒေသရာဇ်အရင်းရှင်များ၏ကိုယ်စားလှယ်ဖြစ်သလို NLD သည် အမျိုးသားဓနရှင်အုပ်စု၏ကိုယ်စားလှယ်ဖြစ်သည်ဟု့ဆိုခဲ့သည်။ ပြီးခဲ့သည့်ရွေးကောက်ပွဲများအတွင်း နိုင်ငံအနှံ့မြို့ရွာ ကျေးလက်များမှ ဓနရှင်ပေါက်စများ၊ဘူဇွာပေါက်စများနှင့်နောက်ကွယ်မှအချို့အမျိုးသားဓနရှင်ကြီးများမှ ဝိုင်းရံပံ့ပိုးခဲ့ကြသည်။ ဥပမာ ၂၀၁၅ ရွေးကောက်ပွဲအတွင်း NLD ပါတီ၏ ပါတီစည်းရုံးရေး၊ကမ်ပိန်း၊အခန်းအနားအပြင်အဆင်၊စကားပြောစင်မြင့်မှအစ အစစ အရာရာသည် အာဏာရဦးသိန်းစိန်အစိုးရနှင့်ကြံ့ခိုင်ရေးပါတီ ကမ်ပိန်းများထက်ကြီးကျယ်ခန်းနားခဲ့သည်။ အဆိုပါကမ်ပိန်းကြီးများအတွက် ရပ်ကွက်ကျေးရွာမှအစ အဆင့်ဆင့်သော ဘူဇွာ ပေါက်စများ၏ ပံ့ပိုးမှုသည်အဓိကကြသည်။
၎င်းတို့၏စီးပွားရေးအပါအဝင်အထွေထွေထွက်ပေါက်အတွက်ပါဝင်ခဲ့သော ဘူဇွာများသည်၂၀၂၀ရွေးကောက်ပွဲရလာဒ်ကိုငြင်းပယ်ကာ စစ်တပ်မှတတိယအကြိမ်အာဏာသိမ်းပြီးနောက်နိုင်ငံရေးတွင်ဝိုင်းဝန်း ပါဝင်မှုတုံ့ဆိုင်းသွားသလို ၎င်းတို့အခြေအနေသည်လည်းနောက်ပြန်ဆုတ်ယုတ်သွားနိုင်သည့်အခြေအနေဖြင့်ရင်ဆိုင်နေရသည်။ ယခုတော်လှန်ရေးအဖွဲ့များ၏သုတေသနပြုထုတ်ပြန်ချက်အရ စီးပွားရေးလုပ်ငန်းရှင် ၉၀ ရာခိုင်နှုန်းခန့်က နွေဦးတော်လှန်ရေးကို မပံ့ပိုးကြဟုဆိုသည်။ထိုထုတ်ပြန်ချက်နှင့်မရှေးမနှောင်းပင် စစ်တပ်မှ နိုင်ငံခြားငွေလဲလှယ်မှုအပေါ်အမြတ်ထုတ်မည့်အစီအစဉ်ပေါ်ထွက်လာသည်။ စစ်တပ်သည်၎င်းတို့ရှေ့မျိုးဆက်များ၏လုပ်နည်းလုပ်ဟန်အတိုင်း ပြည်သူတို့၏ဥစ္စာဓနများကို လုယက်ယူငင်တော့မည်ဖြစ်သည်။စစ်တပ်မှ ငွေကြေးတရားဝင်မှုကိုမဖျက်သိမ်းပါဟုဆိုနေသော်လည်း၊ငွေတန်ဖိုးကိုဆိုးရွားစွာကျဆင်းစေခြင်းမှ ပြည်သူတို့၏ ပိုင်ဆိုင်မှုများကို ကဲ့ယူကြတော့မည်ဖြစ်သည်။
ထို့အပြင်ယခင် ဗိုလ်နေဝင်းခေတ်ကဲ့သို့ ဇူစကာစစ်ဆင်ရေးဖြင့် လုပ်ငန်းရှင်ကြီး၊ငယ်၊လတ် မျိုးစုံကို စီးပွားရေးပြစ်မှုများရှာကြံအမှုဆင်ပြီး ပိုင်ဆိုင်မှုများသိမ်းယူကြတော့မည်ဖြစ်သည်။ စစ်တပ်သည် အာဏာသိမ်းပြီးနောက် ဒေဝါလီဥပဒေ၊လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်ရာ မြန်မာသူဌေးများအား စီးပွားရေးပြစ်မှုများဖြင့်တရားဆွဲဆိုဖမ်းဆီးကာ၊အတင်းအကျပ်ဒေဝါလီခံစေခြင်း၊လူမွဲကြောငြာစေခြင်းလုပ်ဆောင်စေ၍ ပ်ိုင်ဆိုင်မှုဥစ္စာဓနများကိုသိမ်းယူကြတော့မည်ဖြစ်သည်။ ဒေဝါလီဥပဒေဖြင့်ဒုတိယအကြိမ်ဇူစကာစစ်ဆင်ရေးဆင်နွဲတော့မည်ဖြစ်သည်။စစ်ဗျူရိုကရက်အရင်းရှင်နှင့်ခရိုနီ၊လက်ဝေခံများမှအပ ကျန်သည့်စီးပွားရေးလုပ်ငန်းအားလုံးနှင့်ပြည်သူများ ဒုက္ခတွင်းဆုံးကြမည့်သဘောပင်ဖြစ်သည်။
ယခုအချိန်သည် လူဝီဘုရင်၁၃ လက်အောက် ပြင်သစ်နိုင်ငံအခြေအနေနှင့်အလွန်နီးကပ်တူညီလာပြီဖြစ်သည်။ပြည်သူတို့၏တော်လှန်ရေးသည်စတင်နှင့်နေပြီဖြစ်သည်။ပြင်သစ်တော်လှန်ရေးကဲ့သို နိုင်ငံရှိ လူကုန် ရရာလက်နက် ပေါက်တူး၊ကောက်လှိုင်းဆွခရင်းကစ ဆွဲကိုင်ထွက်မည့်
ပြည်သူ့အထွေထွေတော်လှန်ရေးအခြေအနေသို့ဦးတည်နေပြီဖြစ်သည်။ မြန်မာပြည်ရှိဘူဇွာလူတန်းစားသည် အဆိုပါအထွေထွေပြည်သူ့အုံကြွတော်လှန်ရေးတွင် ပါဝင်ရန်အခြေအနေကတောင်းဆိုလာပြီဖြစ်သည်။ သမိုင်း ကွင်းဆက် ဖြစ်ပေါ်တိုးတက်မှု အစဉ်အလာအတိုင်းဖြစ်ပေါ်လိုပါက မှန်ကန်သည့်ဈေးကွက်စီးပွားရေးစနစ်နှင့်လွတ်လပ်သည့်အရင်းရှင်စနစ် ကိုလိုလားပါကမြန်မာပြည်ရှိ့ ပတ်တီးဘူဇွာ၊ဘူဇွာပေါက်စများ၊ထွန်းသစ်စဓနရှင်၊ ရိုက်ဇင်းဘူဇွာများ၊အမျိုးသားဓနရှင်များအနေဖြင့်ဘူဇွာတော်လှန်ရေးတစ်ရပ်ဆင်နွှဲပါဝင်မှသာ သမိုင်းအဆင့်တစ်ဆင့်ပြောင်းမည်ဖြစ်သည်။
တစ်ကယ့်အတွင်းသဘောတွင် ဒီမိုကရေစီဟုဆိုသော်လည်း စီးပွားရေးလက္ခဏာမှာ လွတ်လပ်သည့်ဈေးကွက်စီးပွားရေး၊လေဇီးဖယ်လွတ်လပ်သည့်ကုန်သွယ်ရေး၊ပုဂ္ဂလိကပိုင်ဓနဥစ္စာလုံခြုံရေးအတားအဆီးမရှိဓနဥစ္စာပိုင်ဆိုင်ခွင့်ရရှိရေး စသဖြင့်အရင်းရှင်စီးပွားရေးလက္ခဏာသာဖြစ်သည်။ နိုင်ငံရေးအဆောက်အဦ၊အပေါ်ထပ်အဆောက်အဦသည် အောက်ထပ်စီးပွားရေးအဆောက်အဦပေါ်တွင်အခြေခံသည်ဟုသီအိုရီကိုယူလျှင်နောင်တစ်ချိန် လစ်ဘရယ်ဒီမိုကရေစီခေတ်၏အာဏာပိုင်အုပ်စုသို့ခေတ်ပညာတတ်၊ဥစ္စာပေါ၊ရုပ်ချော၊ဆွေကြီးမျိုးကြီး ခိုင်ခိုင်ဖီးဖီးတို့ကသာ လွမ်းမိုးချုပ်ကိုင်သွားမည်ပင်ဖြစ်သည်။ ပြည်သူများမှာ ဒီမိုကရေစီအခွင့်အရေးဆိုသည့် မစားရဝခမန်း လွတ်လပ်ခွင့်များနှင့်သာ စနစ်၏အငွေ့ဖြင့်သာကျေနပ်ရတော့မည်သာဖြစ်သည်။
မြန်မာပြည်သူဌေးအုပ်စုအနေဖြင့် စစ်ဗျူရိုကရက် ပဒေသရာဇ်အရင်းရှင်စနစ်ကို ဘူဇွာတော်လှန်ရေးတစ်ရပ်အနေဖြင့်မဆင်နွှဲပဲ၊ပြည်သူ့တော်လှန်ရေးတွင် မိမိတို့၏ ဓနအင်အားဖြင့်မပါဝင်ပဲနေပါက ၎င်းတို့အနေဖြင့်လည်း စစ်ဗျုရိုကရက်များအောက်မှလွတ်မြောက်နိုင်မည်မဟုတ်ပေ။ဘူဇွာတော်လှန်ရေးမလုပ်ပါက သူဌေးများသည်လည်း စစ်ဗျူရိုကရက်အရင်းရှင်များ၏ စီးပွားရေးကျွန်ခံနေရသည့်ဘဝမှမလွတ်မြောက်နိုင်ပေ။ ဒုတိယအကြိမ် ဇူစကာ စစ်ဆင်ရေးဖြင့် ပိုင်ဆိုင်မှု့များလည်းအသိမ်းခံရ၊မိသားစုလည်းဘဝပျက်၊သူဌေးဘဝမှလူမွဲကြေငြာ ဒေဝါလီခံရ၊ ထောင်ထဲသွားရဖြင့် ဘဝမဆုံးလိုပါက ပြည်သူ့တော်လှန်ရေးတွင် ဘူဇွာတို့မှလည်း ဘူဇွာတော်လှန်ရေးအနေဖြင့် ဓနအင်အားဖြင့်ပါဝင်ရန်အချိန်မှီယုံသာ လက်မတင်လေးကျန်ရှိတော့ပါကြောင်း။
စိမ်းမောင်