ဆီးရီးယားမိုဒယ် Game Theory နှင့်သမ္မတ စကားလဲ တစ်ခါတရံ အရေးတယူထားကြပါရန်
———————————————-
မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဆီးရီးယားပြည်တွင်းစစ်ပြီးသွားတဲ့အခါ အနောက်တိုင်းမီဒီယာအများစုက ဆီးရီးယားမှာရှိ့တဲ့ ရုရှားစစ်အခြေစိုက်စခန်းတွေဖြစ်တဲ့ တာတတ်စ် ရေတပ်စခန်းနဲ့ ဟာမေးမီးစ်လေတပ်စခန်းတွေကနေ ထွက်သွားရတော့မယ်ဆိုပြီး ရေးသားကြပါတယ်။ လက်တွေ့မှာ ဆီးရီးယားမှာရှိတဲ့ ရုရှား ရေတပ်နဲ့လေတပ်စစ်စခန်းများကို ဆီးရီးယားအစိုးရသစ်ကဆက်လက်ခွင့်ပြုရတဲ့အခြေအနေဖြစ်ပါတယ်။ ဆီးရီးယားအစိုးရသစ်ကို အမေရိကန်အထူးသံတွေလာတွေ့ပြီး အကြမ်းဖက်အဖွဲ့ကနေပယ်ဖျက် ပေးခဲ့ပါတယ်။နောက်ရုရှားနိုင်ငံခြားရေးဝန်ကြီးလာတွေ့ပြီးတဲ့နောက် ရုရှားနဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမယ်အသံထွက်လာပါတယ်။ ရုရှားဖက်က တာတတ်စ် ရေတပ်အခြေစိုက်စခန်းကို “လူသားခြင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးအတွက်” ဆက်လက်ဖွင့်လှစ်သွားမယ်ဆိုပါတယ်။ဆီးရီးယားနိုင်ငံရဲ့ စားနပ်ရိက္ခာအများစုဟာ ရုရှားအပါ်မှီခို နေရတာဖြစ်လို့ ဆီးရီးယားအတွက် အရေးပါနေပါတယ်။
ဆီးရီးယားမှာရှိ့တဲ့ရုရှား ရေတပ်အခြေစိုက်စခန်းတွေဟာ စစ်အေးကာလအတွင်း ၁၉၇၀ကျော်ကာလတွေကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။မြေထဲပင်လယ်နဲ့အာဖရိကဒေသအတွက် အရေးပါတဲ့စခန်းတွေဖြစ်ပါတယ်။ဒီစခန်းတွေလက်လွတ်လိုက်ရရင်ရုရှားရဲ့ မြေထဲပင်လယ်နဲ့အာဖရိကစိုးမိုးရေးလက်လွတ်သွားမှာဖြစ်ပါတယ်။ ၂၀၁၁ လောက်ကထဲကစခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အမေရိကန်၊ရုရှား၊တူရကီ၊ကာတာနဲ ဒေသတွင်းနိုင်ငံများက အကူအညီ ပေးကြပြီး အဖွဲ့တွေကလည်းစုံနေပါတယ်။ မှုလက ရုရှားဟာ ဝင်မပါသေးပဲ ၂၀၁၅ မှာ IS အဖွဲ့တွေအားကောင်းလာတဲ့အချိန်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ဝင်လာပါတယ်။ တူရကီကလည်းသူ့နယ်စပ်မှာ ကဒ်အတိုက်အခံတွေ အားကောင်းလာတာကိုထိပ်လန့်လာပြီးကဒ်အဖွဲ့ကိုဝင်တိုက်ပြန်ပါတယ်။အမေရိကန်ကလည်း ဆီးရီးယားအတိုက်အခံအဖွဲ့တစ်ခုဖက်က နေ IS တွေကိုဝင်တိုက်ပြန်ပါတယ်။ အီရန်ကလည်း ရှီးယားအုပ်စုတွေနဲ့အာဆတ်ဖက်က ဝင်လာပြန်ပါတယ်။ဒီလိုရှုတ်ထွေးနတဲ့အ ခြေအနေမှာ အာဆတ်ဟာ ရုရှားနဲ့အီရန်ကိုအားပြုရပ်တည်နေရရင်း အာဏာကိုဆက်ထိမ်းထားပါတယ်။
ဒါပေမယ့် ၂၀၂၄ ၊ လ မှာ ဆီးရီးယားအတိုက်အခံတပ်မှုးတွေစုပေါင်းပြီး လျပ်တပျက်ထိုးစစ်ဆင်တိုက်ခိုက်မှု့ဟာ မျက်လှည့်ပြလိုက်သလိုဖြစ်သွားပါတယ်။အာဆတ်ထိန်းချုပ်ထားတဲ့မြို့တွေဟာ မျက်လှည့်ပြလိုက်သလို လျင်မြန်ပဲ ကျဆုံးကုန်ပြီး အချိန်တိုအတွင်း ဒမတ်စကတ်ကိုသိမ်းပိုက်သွားပါတယ်။အစ္စရေးကလည်း ဆီးရီးယား ရေတပ်ကို ဗုံးကြဲဖျက်စီးလိုက်ပါတယ်။ ဆီးရီးယားအတိုက်အခံတို့ရဲ့လျပ်တပြတ်စုပေါင်းထိုးစစ်မှာ ရုရှားရဲ့ ဂြိုလ်တုသတင်းအချက်အလက်ထောက်ပံ့ ရေးနဲ့ရေဒါစနစ်များကို ပိတ်ထားခဲ့တယ်လို့ဆိုပါတယ်။ ဒမတ်စကတ်ကို အတိုက်အခံတို့ထိုးဖောက်လာချိန်မှာ အာဆတ်နဲ့သူ့မိသားစုကို ရုရှားရဲ့ ဟာမေးမီးစ်လေတပ်စခန်းက နေ မော်စကို ကိုခေါ်သွားပါတယ်။ ဆီးရီးယားမှာ ရုရှားရဲ့အဓိက အကျိုးစီးပွားက ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ တာတတ်စ် ရေတပ်စခန်းနဲ့ဟာမေးမီးစ် လေတပ်စခန်းတို့ဖြစ်ကြပါတယ်။ဒီစစ်စခန်းတွေအတွက် ရုရှားဟာ ဆီးရီးယားပြည်တွင်းစစ်မှာပါဝင်လာပြီး အာဆတ်ကို ကျားကန်ပေးထားတာဖြစ်ပါတယ်။
ပြည်တွင်းစစ်စတင်ကထဲက အာဆတ်ဟာ အကျဉ်းထောင် တွေထဲက အစွန်းရောက်အစ္စလန်းမစ်ဝါဒီ တွေကိုလွတ်လိုက်ပါတယ်။အစ္စလန်းမစ်ဝါဒီများကလည်း အဖွဲ့မျိုးစုံနဲ့ပူးပေါင်းသွားပါတယ်။အာဆတ်ရဲ့ရည်ရွယ်ချက်က ဆီးရီးယားအတိုက်အခံ တွေကိုအကြမ်းဖက်သမားတွေအဖြစ်ပုံဖော်ဖို့ဖြစ်ပါတယ်။ ပြည်တွင်းစစ်အတွင်းမှာပဲ ISIS ဟာအင်အားကြီးလာပြီး လူတွေကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာ တွေနဲ့ကမ္ဘာမီဒီယာများမှာ ကြောက်စရာ အကြမ်းဖက်အုပ်စုဖြစ်လာပါတယ်။ အဲ့ဒီအချိန်မှာပဲ ရုရှားက အကြမ်းဖက်မှုဟာ ရုရှားနိုင်ငံကိုလည်းအန္တရာယ်ပေးတယ် ခေါင်းစဉ်နဲ့ ဆီးရီးယားပြည်တွင်းစစ်ထဲဝင်လာခဲ့ပါတယ်။ သပွတ်အူလို ရှုတ် ထွေးနေတဲ့ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားဟာ တာတတ်စ် ရေတပ်စခန်းနဲ့ဟာမေးမီးစ် လေတပ်စခန်းတို့ အာမခံချက်အတွက် အာဆတ်ကိုကျားကန် ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းစစ်ပွဲကြောင့် အာဆတ်ကို ထောက်ပံ့မှုလျော့ကျသွားပါတယ်။အလားတူ ဒေသတွင်းချိန်ခွင်လျှာပြောင်လဲချိန်ညှိ့လာပါတယ်။သိပ်မကြာခင်မှာပဲ ဆီးရီးယားအတိုက်အခံတပ် ပေါင်းစုက အာဆတ်ကို လျပ်တပြတ်တိုက်ခိုက်အနိုင်ရလိုက်ပြီး အစိုးရအသစ်ပေါ်ထွက်လာပါတယ်။
အမေရိကန်ဟာ အတိုက်အခံတပ်ပေါင်းစု အစိုးရသစ်ကို အလျင်မြန်ပဲအသိအမှတ်ပြုပြီး အကြမ်းဖက်စာရင်းမှပယ်ဖျက်လိုက်ပါတယ်။အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကလည်း အမြန်ပဲ ဒမတ်စကတ်ကို ရောက်လာပါတယ်။ ထိုကာလမှာ ဆီးရီးယားအစိုးရသစ်က တာတတ်စ်နဲ့ဟာ မေးမီးစ်စစ်အခြေစိုက်စခန်းများစာချုပ်သက်တန်းတိုးရေးကို ကန့်သတ်မလိုအသံထုတ်လာပါတယ်။အနောက်နိုင်ငံမီဒီယာများကလည်း ဆီးရီးယားအစိုးရသစ် ကြောင့် ရုရှားစစ်အ ခြေစိုက်စခန်းများ လက်လွတ်ရမယ့်သဘော ရေးသားကြပါတယ်။ ဒါပေမယ့်ရုရှားနိုင်ငံခြားရေးလာပြီးတဲ့နောက် ရေတပ်နဲ့လေတပ်စခန်းများကို လူသားချင်းစာနာမှု့ဆိုင်ရာအထောက်အပံ့များအတွက် ဆက်လက်အသုံးပြုမယ်ဖြစ်သွားပါတယ်။ ဆီးရီးယားဟာ ပြည်တွင်းစစ်ကာလမှာ ပြည်တွင်းစစ်ရှောင် IDP ၆ သန်းလောက်နဲ့ ပြည်ပစစ်ရှောင် Refugee ၆ သန်းလောက်ရဲ့ ပြသနာကို ကိုင်တွယ် ဖြေရှင်းရမယ့် ဝန်ထုတ်ဝန်ပိုးကြီးရှိနေပါတယ်။
လတ်တလော ဆီးရီးယားရဲ့စားနပ်ရိက္ခာနဲ့ ကုန်စည်အတော်များများအတွက်ရုရှားကို မှီခိုနေရသလိုဖြစ်နေပါတယ်။ဒါအပြင်အပြန်အလှန်ကုန်သွယ်မှု့ကလည်း ရုရှားအ ပေါ်မှီခို နေရသလိုဖြစ် နေပါတယ်။ နိုင်ငံကြီးတွေရဲ့ ပထဝီနိုင်ငံရေးကစားကွက်အပြောင်းအလဲမှာ ဆီးရီးယားအာဏာရှင် အာဆတ်ဟာ မျက်လှည့်ပြလိုက်သလို ပြုတ်ကျသွားပါတယ်။ဆီးရီးယားတပ်ပေါင်းစုတို့ဟာ အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့် မြေထဲပင်လယ်နဲ့အာဖရိကဒေသကို စိုးမိုးဖို့ အဓိကကျတဲ့ ရုရှားရဲ့ တာတတ်စ် ရေတပ်အခြေစိုက်စခန်းနဲ့ ဟာမေးမီးစ် လေတပ်အခြေစိုက်စခန်းတို့ကို တော့ ရုရှားအသုံးချမှုကို ဆက်လက်အာမခံချက်ပေးလိုက်ရတဲ့အ ခြေအနေဖြစ်ပါတယ်။ ရုရှားအတွက် ဆီးရီးယားမှာ မည်သူအုပ်ချုပ်သည်ဖြစ် စေ စစ်အေးတိုက်ပွဲကထဲက အသုံးပြု့ခဲ့တဲ့ ရေတပ်နဲ့လေတပ်အခြေစိုက်စခန်းများ ဆက်လက်အသုံးချခွင့်ရရေးဟာ သူ့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားဖြစ်နေပါတယ်။ ယခုတက်လာတဲ့ ဆီးရီးယားအစိုးရသစ်ကလည်း အာရပ်-အစ္စရေး၊ပါလက်စတိုင်းပဋိပက္ခနဲ့ အမေရိကန်ရဲ့ အစ္စရေးဖက်က ရပ်တည်မှုနဲ့ အီရန်ရဲ့ခြိမ်းခြောက်မှု၊တူရကီရဲ့ ခြိမ်းခြောက်မှု စသဖြင့်ရန်ပတ်လယ်ဝိုင်းနေတဲ့အနေအထားမျိုးမှာ ရုရှားနဲ့ပါဝါဟန်ချက်ပြန်ထိမ်းရတဲ့ သဘောဖြစ် နေပါတယ်။
ယခုမြန်မာနိုင်ငံပြသနာမှာ တရုတ်၊အိန္ဒိယ၊အမေရိကန်၊အာဆီယံ စသဖြင့် လက်ဆုံနေပါတယ်။မြန်မာစစ်အုပ်စုဟာ စစ်အေးကာလမှာ အမေရိကန်နဲ့အနောက်အုပ်စုရဲ့ကျားကန်မှုနဲ့ရပ်တည်ခဲ့ပါတယ်။ ယနေ့ကာလမှာ တရုတ်နဲ့ရုရှား ကျားကန်မှုနဲ့ရပ်တည်နေတယ်လို့ အများစုက ရေးသားတင်ပြ နေကြပါတယ်။ မြန်မာပြည်မှာ ရုရှားအကျိုးစီးပွားကြီးကြီးမားမားမရှိတာ ကြောင့် ရုရှက ပါဝါဟန်ချက်အထိန်း သဘောပါတယ်မြင်မိပါတယ်။ တရုတ်ကတော့ OBOR,ပုလဲသွယ်စီမံကိန်း၊သမုဒ္ဒရာနှစ်စင်းပေါ်လစီနဲ့စီးပွားရေးစင်္ကြန်များအတွက် မြန်မာပြည်က သူ့အတွက်မဟာဗျူဟာအကျိုးစီးပွားရှိနေပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့မြန်မာပြည်ဆိုင်ရာ တရုတ်စီမံကိန်းများကို အာမခံချက်ရမယ်ဆိုရင် မြန်မာပြည်စစ်ရေးချိန်ခွင်လျာက နေချင်းညချင်း ပြောင်းလဲသွားနိုင်ပါတယ်။ မြန်မာစစ်အုပ်စုနဲ့မင်းအောင်လှိုင်တို့ဟာ အာဆတ်ကျဆုံးခန်းလို နီးကပ်လာပြီလို့ယူဆရပါတယ်။ ဆီးရီးယားအတိုက်အခံတွေ တပ်ပေါင်းစုဖွဲ့ပြီး မျက်လှည့်ပြလိုက်သလို လျပ်တပြတ်ထိုးစစ်ဆင်အနိုင်တိုက်သွားတာကို နမူနာယူကြပါတယ်။ဒါပေမယ့် ဒီလို လျပ်တပြတ်စစ်ဆင်ရေးရဲ့ နောက်ကွယ်က ကစားကွက် တွေ၊အပေးအယူတွေကိုလည်း လေ့လာသင့်ကြပါတယ်။
ဆီးရီးယားပြည်တွင်းစစ်အပြီးမှာ အမေရိကန်၊တူရကီနဲ့ရုရှားတို့ မရှုံးကြဖူးဆိုပါတယ်။ဒါပေမယ့် ပူတင်က အစ္စရေးက ပိုမြတ်သွားတယ်ထွက် ပြောပါတယ်။ရုရှားအတွက် တာတတ်စ် ရေတပ်စခန်းနဲ့ဟာမေးမီစ် လေတပ်အခြေစိုက်စခန်းတို့ ပိုနေမြဲ၊ကျားနေမြဲ အသုံးချခွင့် ပေးလိုက်ရတဲ့ သဘောလို့ မြင်ရပါတယ်။ ဆီးရီးယား မိုဒယ်ဟာ မြန်မာပြည်မှာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကို NIG ယာယီသမ္မတနဲ့ အစိုးရအဖွဲ့ဝင်အချို့က သဘောပေါက်ပုံရပါတယ်။ ပြီးခဲ့တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီုးလက တရုတ်နဲ့ပက်သက်တဲ့ပေါ်လစီနဲ့ တရုတ်ရဲ့ NUG အပေါ်အမြင် စောင်း နေမှုကို ပြန်လယ်တည့်မတ်ဖို့အခုလို ပြောကြားသွားပါတယ်။
“ယာယီသမ္မတက တရုတ်နိုင်ငံဘက်က အစိုးရအဖွဲ့အပေါ် အမြင်တချို့ကို ပြန်လည်တည့်မတ်ပေးဖို့ ကိစ္စဖြစ်ကြောင်း ၊ တရုတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာ အမျိုးမျိုးသော ထင်ကြေးတွေနဲ့ ချည်းကပ်ထင်မြင်နေတာ ကြာပြီဖြစ်ကြောင်း၊ အစိုးရအဖွဲ့ အနေနဲ့ ဒီအချက်ကိုလည်း လေးနက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုကြောင်း၊ အစိုးရအဖွဲ့ဟာ “တရုတ်ရဲ့ ရန်သူ မဟုတ်ဘူး” ၊ “တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမည့်အဖွဲ့မဟုတ်ဘူး” ဆိုတာ တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ဖို့ လိုကြောင်း ၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ တရုတ်နဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကို အခြေခံတဲ့ နိုင်ငံခြားရေးသဘောထား ရှိကြောင်း ၊ ဒါ့ကြောင့် အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်ဘက်အင်အားစုတစ်ခုလည်း မဟုတ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသသင့်ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ရင်လည်း အမျိုးသားညီညွတ်ရေး အစိုးရဟာ တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ် ရှိနေမှာ မဟုတ်ဘဲ မိတ်ဖက်အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကို တရုတ်ဘက်ကို သတင်းစကားပါးသင့်ကြောင်း ပြောကြားခဲ့သည်။ ”
မြန်မာနိုင်ငံဟာ တရုတ်နဲ့ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆိုထားပါတယ်။အစိုးရတစ်ရပ်ဟာ ရှေ့အစိုးရရဲ့ နိုင်ငံတစ်ကာစာချုပ်စာတမ်းများကို ဆက်လက်ကိုင်တွယ်ရတာပဲဖြစ်ပါတယ်။ဒါဟာနိုင်ငံတစ်ကာလုပ်ထုံးလုပ်နည်းတစ်ခုနဲ့ အစိုးရတစ်ရပ်လက္ခဏာရှိ မရှိအကဲဖြတ်နိုင်ချက်ပဲဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ ရှေ့စစ်အစိုးရခေတ်က ချုပ်ဆိုခဲ့တဲ့စာချုပ်များကို ဆက်လက်ကိုင်တွယ်ပြီး စာချုပ်ပါတစ်ဖက်စောင်းနင်းဖြစ်မှုများကို ဖြေရှင်းပေးခဲ့ရပါတယ်။ မြန်မာနိုင်ငံအကျိုးစီးပွားအတွက်ရသင့်ရထိုက်တာကို စာချုပ်ပါအချက်အလက်များပြန်လယ်ပြင်ဆင်ခဲ့ပါတယ်။ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းစာချုပ်ကို ပြင်ဆင်ချုပ်ဆိုခြင်းနဲ့ရထားလမ်းစီမံကိန်းများကို နိုင်ငံစုံရင်းနီုးမြုပ်နှံမှုပြိုင်ဆိုင်ခွင့်ရှိတဲ့ ဆွစ်ချဲလင့် စနစ်ကို လက်ခံအောင် တရုတ်ကို နားချနိုင်ခဲ့ပါတယ်။ဒါဟာ အစိုးရတစ်ရပ်ရဲ့ အချုပ်အချာအာဏာနဲ့တရားဝင်မှုကိုပြသပြီး 2008နဲ့စစ်အုပ်စုကို ဘာရမလဲသာဝ ရယ်လုပ်ပြသွားတာပါပဲ။ ပေါ်ပြူလာနိုင်ငံရေးနဲ့သည်းခြေကြိုက်နိုင်ငံရေး အဆင့်စဉ်းစားပုံမျိုးနဲ့ တရုတ်စာချုပ်မှန်သမျှဖျက်စီးကြ လုပ်နေကြတာကို အစိုးရတစ်ရပ်ရဲ့ အင်္ဂါရပ်၊လက္ခဏာအရ လိုက်ပါမိမှာစိုးရိမ်လို့ သမ္မတက သတိပေးပုံရပါတယ်။
ဆီးရီးယားမှာရှိ့တဲ့ရုရှား ရေတပ်စခန်းဟာ အမေရိကန်အတွက် ခြိမ်းခြောက်မှု့မဖြစ်နိုင်ပါဘူး။ဆိုဗီယက်နဲ့ရုရှားဟာ တနှစ်တာပတ်လုံးသုံးနိုင်တဲ့ ရေမခဲတဲ့ဆိပ်ကမ်းဆိုလို့ ပင်လယ်နက်ပဲရှိပါတယ်။ ပင်လယ်နက်ရေတပ်ကြီးကလည်း မြေထဲပင်လယ်၊ဧဂျီယန်ပင်လယ်တို့ဖက်ထွက်ဖို့ တူရကီထဲက အလွန်ကျဉ်းမြောင်းတဲ့ ဘောပရက် ရေလက်ကြားကိုဖြတ်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့်ရုရှားဟာ ကုန်းတွင်းစစ်အင်အားကိုသာအဓိကထားတဲ့အစဉ်အလာဖြစ်ပါတယ်။ရေတပ်မှာရင်းနီုးမြုပ်နှံမှုမလုပ်ပဲ စစ်အေးခေတ်လက်ကျန် လေယဉ်တင်သင်္ဘောတစ်စင်းနဲ့ကမ္ဘာပတ် နေရတာဖြစ်ပါတယ်။ ဆီးရီးယားမှာရှိတဲ့ ရေတပ်၊လေတပ်စခန်းများက ဒေသတွင်း ရုရှားအခန်းကဏ္ဍကိုထိမ်းထားရုံအတွက်သာဖြစ်ပါတယ်။အမေရိကန်အတွက်လည်း မှုလောက်စရာမရှိတဲ့အတွက် ရုရှားစစ်စခန်းများကိစ္စ ကနေ အားပြိုင်မှုဆက်လက်မဖော်ဆောင်တာကို တွေ့ရပါတယ်။ အလားတူပါပဲ တရုတ်ရေတပ်ဟာ ပင်လယ်ပြာရေတပ်စိတ်ကူးယဉ် နေပေမယ့် အမေရိကန် ရေကြောင်းအင်အားကို ပုခုံးခြင်းယှဉ်ဖို့အဝေးကြီးဖြစ်ပါတယ်။စစ်အေးခေတ်လက်ကျန်မိုဒယ် လျောင်နင်းလေယဉ်တင် သင်းဘော ပေါ် အတက်အဆင်း လေ့ကျင့်နေရဆဲသာဖြစ်ပါတယ်။
နောက်အမေရိကန် နှူကလီးယား လေယဉ်တင်သင်္ဘောတွေက ပင်လယ်ပြင်မှာ တစ်ဆက်တစပ်တည်း ၄ နှစ်လောက်တာဝန်ထမ်းချိန်မှာ တရုတ်က ၄ လပဲတာဝန်ထမ်းနိုင်တဲ့အဆင့်ဖြစ်ပါတယ်။ တရုတ်ပင်လယ်ပြာရေတပ်ဟာ အမေရိကန်ရေကြောင်းကို ခြိမ်း ခြောက်ဖို့ အဝေးကြီးလို နေပါသေးတယ်။OBOR,ပုလဲသွယ်နဲကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် မြန်မာပြည်တွင်းက တရုတ်စီမံကိန်းများက အမေရိကန်ကို မဟာဗျူဟာ မြောက်ခြိမ်းခြောက်မှုဆိုတာထက် စီးပွားရေး အတွက်ပဲလို့ ယူဆမိပါတယ်။ လက်ရှိအမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကို အမေရိကန်-တရုတ်သက်သက်မဟုတ်ပဲ တစ်ကမ္ဘာလုံးနဲ့ပက်သက်ရိုက်ခတ် နေတဲ့စစ်ပွဲအဖြစ် မြင်ကြည့်ပါတယ်။စီးပွားရေးဆိုရိုးတွေအရ စီးပွားကျရင် အခွန်တိုးကောက်မယ်၊ကုန်သွယ်မှုအတားအဆီးလုပ်မယ်လို့ဆိုပါတယ်။ ယခု အမေရိကန်စီးပွားရေးအကျပိုင်းရောက်လို့ အခွန်တိုးမယ်လုပ်လာပါတယ်။အမေရိကန်ဟာတစ်ကမ္ဘာလုံးနဲ့ကုန်သွယ်ရေးမှာ ငွေပေး- ငွေယူရှင်းတမ်း လိုငွေပြနေတဲ့ကာလရှည်ကြီးရဲ့ဖိအားကိုခံနိုင်ရည်ရှိ့မှု့ ကျော်သွားချိန်ဖြစ်ပါတယ်။
ယခင်က ဂျပန်၊ဂျာမာန်နဲ့ဥရောပ တို့နဲ့လည်း ကုန်သွယ်ရေးစစ်ပွဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်ကုန်သွယ်ရေး ငွေပေး- ငွေယူရှင်းတမ်းလိုငွေပြမှုပြသနာကို နောက်ဆုံးမှာ အမေရိကန်ဒါ်လာနဲ့လဲလှယ်နှုန်းကို ပြင်ဆင်ပြောင်းလဲပေးလိုက်ကြရပါတယ်။ ဂျပန်၊ဂျာမဏီ၊အင်္ဂလန်၊ပြင်သစ်စသဖြင့် နိုင်ငံစုံက သူတို့ရဲ့ ငွေတန်ဖိုးကို တိုးမြှင့်ပေးလိုက်ကြရပါတယ်။ ယခု တရုတ်-မေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ သမ္မတ ထရမ့် ပထမအကြိမ်လက်ထက်ကထဲက အမေရိကန် ဒေါ်လာနဲ့လဲလှယ်တဲ့တရုတ်ယွမ်ငွေ ညီမျှနှုန်းကို ပြောင်းလဲပေးဖို့ စတင်ခဲ့ပါတယ်။တရုတ်ယွမ်ငွေကို တန်ဖိုးမြင့်ပေးဖို့ဖိအားပေးခဲ့ပါတယ်။ ယခုထရမ့်ဒုတိယသက်တမ်းမှာ အမေရိကန်ဒါ်လာနဲ့လဲလှယ်တဲ့တရုတ်ယွမ် ငွေအကြောင်းမပြောတော့ပဲ အခွန်တိုးမြှင့်ကောက်ခံခြင်းနဲ့ကုန်သွယ် ရေးစစ်ပွဲစတင်လာပါတယ်။ အမေရိကန်ဟာ တစ်ကမ္ဘာလုံးနဲ့ကုန်သွယ်ရေး ငွေပေး၊ငွေယူရှင်းတမ်းလိုငွေပြမှုကို ရပ်တံ့ဖို့က တရုတ် တစ်နိုင်ငံတည်းနဲ့မဟုတ်နိုင်ပါဘူး။တရုတ်ဖက်က တစ်ကမ္ဘာလုံးစီးပွားရေးနဲ့လဲဆက်စပ်နေတဲ့အတွက် တရုတ်ယွမ်ငွေနဲ့ အမေရိကန်ဒါ်လာ လဲလှယ်နှုန်းညီမျှနှုန်း ပြောင်းလိုက်ရတာနဲ့ ကမ္ဘာ့နိုင်ငံများအားလုံးလိုလိုက လိုက်ပါပြောင်းလဲရမယ့်သဘောလို့မြင်မိပါတယ်။
တရုတ်သမ္မတ ကမ္ဘာပတ် နေတာ အမေရိကန် ကုန်သွယ်ရေး ငွေပေး ငွေယူ ရှင်းတမ်းလို ငွေပြမှုကို ကုစားဖို့ မျှခြေတစ်ခုရှာဖို့လို့ ယူဆမိပါတယ်။ အမေရိကန်အတွက် ကုန်သွယ်ရေး ငွေပေး၊ငွေယူရှင်းတမ်းမျှခြေအတွက် အဖြေထွက်သွားတဲ့အချိန်မှာ ကမ္ဘာရေးရာများလည်း အပြောင်းအလဲဖြစ်လာနိုင်မယ်ယူဆပါတယ်။ ထရမ့်က စီးပွားရေးသမားဖြစ်တဲ့အပြင် အမေရိကန်အရင်းရှင်စနစ်ကလည်း ကုန်သွယ်ဖက်နိုင်ငံများထံက အမေရိကန်ဒါ်လာလဲလှယ်နှုန်း ညီမျှနှုန်းမကြာခဏ ပြောင်းလဲပေးရန်ဖိအားပေးခြင်းဖြင့် အမြတ်ထုတ်လေ့ ရှိတတ်ပါတယ်။ ဂျပန်၊ဂျာမဏီအပါအဝင် အမေရိကန်ကုန်သွယ်ဖက်များ ယခင်ကလိုက်လျောခဲ့ရတာကို တရုတ်အနေနဲ့ လိုက် လျောဖို့ မခံချိမခံသာဖြစ်နေဆဲ အချိန်တစ်ခုသာဖြစ်ပါတယ်။အဆုံးမှာ အမေရိကန်ဒါ်လာနဲ့လဲလှယ်တဲ့ တရုတ်ယွမ်ငွေတန်ဖိုး ပြောင်းလဲပေးရတာနဲ့ပဲ တစ်ခန်းရပ်သွားမယ် ခန့်မှန်းပါတယ်။ တရုတ်-အမေရိကန် ပျားရည်ပြန်ဆန်းကြရင် မျက်စေ့ တွေလယ်ကုန်နိုင်ပါတယ်။ယခုလတ်တလော သတင်းများအရ အိန္ဒိယဖက်ကလည်း ကုလားတန်မြစ်ဝှမ်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအတွက် သူ့နိုင်ငံဖက်အခြမ်းက လုပ်စရာရှိတဲ့ စီမံကိန်း Concepts တွေ လုပ်လာတာ နယ်စပ်အထိ့ ရောက်ရှိနေ ပြီဖြစ်ပါတယ်။
အလားတူ တရုတ်ဖက်ကလည်း မြန်မာနိုင်ငံစီမံကိန်းတွေ အတွက် သူ့နိုင်ငံနယ်စပ်အထိ လုပ်ရမယ့် Concepts တွေအကုန်လုပ်ထားပြီးတာကို တွေ့နေရပါတယ်။အလားတူ ထိုင်းဖက်ကလည်း လိုအပ်တဲ့စီမံကိန်း Concepts တွေ မရပ်မနားလုပ်နေတာကို မဲဆောက်မှာ အခြေစိုက်နေသူတွေ မျက်စေ့နဲ့ကြည့်ရင်မြင် နေကြမှာဖြစ်ပါတယ်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲက အချိန်ဇယားတစ်ခုရှိမယ်ယူဆလိုက်ပါတယ်။အမေရိကန်-တရုတ် ပျားရည်ဆန်းကာလပြန် ရောက်ခဲ့ရင် မြန်မာပြည်အ ရေး အပေါ်သက် ရောက်မှုကြီးနိုင်ပါတယ်။ ဆီးရီးယားရဲ့ Game Theory က မြန်မာအရေးအတွက် သင်ခန်းစာယူစရာဖြစ်ပါတယ်။NUG ရဲ့ယာယီသမ္မတကြီး ဒူဝါလရှီုးလ က အဆိုပါ Game Change ကို သတိပြုမိပုံရလို့ NUG အပေါ်တရုတ်အမြင်စောင်း နေတာကို တည့်မတ်ဖို့ အစိုးရအဖွဲ့အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားသွားပုံရပါတယ်။ နိုင်ငံတစ်ကာဆက်ဆံ ရေးဆိုတာ ပြည်သူများနဲ့အလှမ်း ဝေးတဲ့အတွက် ယခုလို သမ္မတကြီး ပြောကြားသတိပေးသွားတယ်ဆိုတာ အစိုးရအဖွဲ့ဝင်တွေကိုပဲ ရည်ညွန်းတယ်လို့ ယူဆနိုင်ပါတယ်။
ယာယီသမ္မတကြီး ဒူဝါလရှီုးလ က ကမ္ဘာနိုင်ငံရေးအခင်းအကျင်းတစ်ခုလုံးကို အသက်ကြီး၊ပညာကြီး၊မျိုးရိုးကြီး အကြီးသုံးပါးစံနဲ့ ဆင်ခြင်တုံ တရားလက်ကိုင်ထားပြီး ချဉ်းကပ်နေပုံရပါတယ်။ သမ္မတကြီးက ကမ္ဘာ့ Game Change ကို Game Theory နဲ့ချဉ်းကပ်ပြီးသူရဲ့အစိုးရအဖွဲ့ဝင်အချို့ကို စိုးရိမ်စွာ ပြုပြင်ပြောင်လဲဖို့ညွန်ကြားတယ်လို့ယူဆပါတယ်။ NUG အစိုးရအဖွဲ့ဝင်ထဲမှာ Game Theory ကို ထုတ်ဖော်ပြောကြားထားသူများလည်းရှိ့ထားတဲ့အတွက် Game Theory အားနည်း၊ နားလည်မှု့အားနဲ နေသူအချို့ရဲ့ တရုတ်ဆန့်ကျင်ရေး တက်ထောင် မောင်းနင်း တွေ ပြောဆို နေတာကို သတိထောက်တယ်လို့ယူဆတဲ့အတွက် သမ္မတ စကားလည်း အဖက်လုပ်ကြပါဦးလိုသာ။
စိမ်းမာင်
မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်ပါသည်။
ကိုးကား။ ။၁။ကမ္ဘာ့ငွေကြေးကစားကွက်များ/ပြန်ဆို/ဦးဟန်ထွန်း(အခွန်)The International Money Game/Robert Z.Aliber
၂။Russia in the Mediterranean After Assad’s Fall February 2025၊
Former Director General and Academic Director, the Russian International Affairs Council (RIAC)