ရာဇသံ၏ ထိရောက်မှု တိုးမြင့်လာစေရန် ပြင်ပနိုင်ငံများမှ အထူးသံတမန် မြောက်မြားစွာတို့အကြား ညှိနှိုင်းပေးသည့် မက်ဆေ့ချ်ကို ၎င်းတို့ကိုယ်တိုင် ခန့်အပ်ထားသော အထူးသံတမန်အချို့အား မြန်မာနိုင်ငံ မိတ်ဆွေများ၏ ထောက်ခံမှုရရှိရန် အရေးကြီးပါသည်။ ကုလသမဂ္ဂတွင် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို ကျော်လွန်၍ အာဆီယံသည် မြန်မာနိုင်ငံအား ဒေသတွင်း အဖွဲ့အစည်းအဖြစ်မှ ရပ်ဆိုင်းရန် အတွက် အဆင်သင့်ဖြစ်ရန်လိုအပ်ပြီး တိုးတက်မှုမှာ တွေ့ရခဲပါသည်။ ၁၉၉၇ ခုနှစ်တွင် ကမ္ဘောဒီးယားအဖွဲ့ဝင်အဖြစ် စတင်ခဲ့သော်လည်း အာဆီယံအဖွဲ့ဝင်အဖြစ် မပါဝင်မီ ပြည်တွင်းနိုင်ငံရေးအငြင်းပွားမှုကို ပြေလည်အောင်ဖြေရှင်းပြီးမှအဖွဲ့ဝင်အဖြစ်လက်ခံခဲ့ပါသည်ဤလုပ်ဆောင်ချက်သည် ထိုအချိန်က ထိရောက်ကြောင်း သက်သေပြခဲ့ပြီး ယနေ့ခေတ်တွင်လည်း လုပ်ဆောင်နိုင်ပါသည်။ အဖွဲ့ဝင်အဖြစ်မှဆိုင်းငံ့ခြင်းသည် အာဆီယံကို အာဏာရှင်ဆန်သော လမ်းကြောင်းကိုအဟန့်အတားဖြစ်စေမည့်ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အချက်ပြမှုတစ်ခုအဖြစ် ပေးပို့မည်ဖြစ်သည်။
ယင်းသည် အန္တရာယ်များကြောင်း သက်သေပြနိုင်သော်လည်း ငြိမ်းချမ်းရေးတည်ဆောက်သူအဖြစ် အာဆီယံ၏ ယုံကြည်ကိုးစားမှုသည် လိုအပ်ပါသည်။ အများဆန္ဒနှင့် နိုင်ငံတကာ ကျောထောက်နောက်ခံမှတစ်ဆင့် အထူးသံတမန်အား အားကောင်းလာစေရေး၊ ထိရောက်သော ရာဇသံထုတ်ပြန်ခြင်းနှင့် အဟန့်အတားဖြစ်စေသော ပါတီများကို ခြိမ်းခြောက်ရန် နည်းလမ်းများ ရှာဖွေခြင်းသည် ပြန်လည်ထူထောင်ထားသော FPC ၏ မရှိမဖြစ် အစိတ်အပိုင်းများဖြစ်သည်။ FPC ၏ ပြန်လည်ရှင်သန်မှုသည် အရေးကြီးပြီး လိုအပ်သော်လည်း၊ ၎င်းသည် လေဟာနယ်ထဲတွင် ရှိနေမည်မဟုတ်ပါ။ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေသည့် ကိုယ်ပိုင်အဖွဲ့အစည်းအတွင်း ကွဲလွဲမှုများကို အာဆီယံက အသိအမှတ်ပြုရပါမည်။ အာဆီယံအဖွဲ့ဝင်အချို့သည် အစကတည်းက SAC နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး စစ်တပ်နှင့် ဒီမိုကရေစီ ပဋိပက္ခကို ရင်မဆိုင်ရဲဟု ရှုမြင်ခံကြရသည်။ အာဆီယံအဖွဲ့ဝင်အချို့၏ နိုင်ငံရေးဂေဟစနစ်များသည် ၎င်းတို့၏ကိုယ်ပိုင်စစ်တပ်များ၏ လွှမ်းမိုးမှုကြီးကြီးမားမား ခံနေရသည်မှာ လျှို့ဝှက်ချက်မဟုတ်ပါ။
မေလ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံ ပြည်တွင်းစစ်သည် ယခုအခါ ၄နှစ်ရှိလာပြီဖြစ်ပြီးတစ်နိုင်ငံ လုံး ခံနိုင်ရည်ရှိမှုကိုသာမက အာဆီယံ၏ အကျပ်အတည်းများကို တုံ့ပြန်နိုင်သည့် စွမ်းရည်အားစမ်းသပ်မှုတစ်ခု ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်တွင် စစ်တပ်ကဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရကို တပ်မတော်ဟုညွှန်းဆိုသောဖြုတ်ချပြီး နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ (SAC) ကို ဖွဲ့စည်းခဲ့သည်။ အမျိုးသား စည်းလုံးညီညွှတ်ရေး အစိုးရ (NUG) တွင် တိုင်းရင်းသားများနှင့် ဘာသာရေး လက်နက်ကိုင်အဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် စုစည်းထားသည့် စစ်အစိုးရအား ဆန့်ကျင်မှုများကြောင့် လေးနှစ်ကျော်ကြာပဋိပက္ခများ ဖြစ်ပေါ်စေခဲ့သည်။ ယခုနှစ် မတ်လတွင် ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက်ပဋိပက္ခကို ခေတ္တရပ်ရန် နှစ်ဖက်စလုံးက အသိအမှတ်ပြုထားကြပြီးလူသားချင်းစာနာမှု အကျပ်အတည်းကိုဖြစ်ပေါ်စေခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အပါအဝင် နိုင်ငံတကာအသိုက်အဝန်းမှ အကြမ်းဖက်မှုများကို ရပ်တန့်ရန် ကြိုးပမ်းမှုများစွာ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆီယံသည် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်နေသော အကျပ်အတည်းကို လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ချက်ဖြင့် အပစ်အခတ်ရပ်စဲရေး အဆင်ပြေချောမွေ့စေမည့် ၎င်း၏ အချက် ၅ ချက်ပါ သဘောတူညီမှု (FPC) အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။ ကံမကောင်းစွာပဲ၊ အစီအစဉ်သည် ၎င်း၏ရည်မှန်းချက် ပန်းတိုင်များ ပျက်သွားခဲ့ပြီး သင်္ကေတအဖြစ်သာအများအားဖြင့် ရှုမြင်ခဲ့သည်။ ယင်းကြောင့် အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးအကျိုးဆောင်နိုင်မှုအပေါ် ယုံကြည်မှု အကျပ်အတည်းဖြစ်စေခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးသည် သံတမန်ညှိနှိုင်းရေးထက် အချိန်နှင့်အခြေအနေအရ ပိုမိုလုပ်ဆောင်နိုင်သော်လည်း FPC ကို အကောင်အထည်ဖော်နိုင်သော အစိတ်အပိုင်းများမှတစ်ဆင့် ပြန်လည်အသက်သွင်းခြင်း၊ ပိုမိုကျယ်ပြန့်သော နိုင်ငံတကာထိတွေ့ဆက်ဆံမှုနှင့် ပြည်တွင်းကွဲလွဲမှုများကို ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်လာစေရန်အတွက် FPC ကို ပြန်လည်အသက်သွင်းခြင်းဖြင့် ၎င်း၏ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ရန် အခွင့်အလမ်းကို ပေးအပ်သည်။ အာဏာသိမ်းပြီး နှစ်လခွဲအကြာမြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာသည်နှင့်အာဆီယံသည် လေးစားဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့်၎င်းတို့၏ FPC ကိုချမှတ်လှုပ်ရှားလာခဲ့သည်။ စည်းနှောင်မှုမရှိသော သဘောတူညီချက်သည် မြန်မာနိုင်ငံအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အခြေအနေငါးခုကို ပြဋ္ဌာန်းထားသည်။
FPC တွင် နိုင်ငံတွင်း အကြမ်းဖက်မှုများ ချက်ခြင်းရပ်တန့်ရေး၊ ပါတီအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးမှု၊ အာဆီယံ ဥက္ကဋ္ဌကခန့်အပ်မည့် အထူးသံတမန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် နောက်ဆုံးအနေဖြင့် ပါတီအားလုံးနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ် လာရောက်ခဲ့သည်။ FPC သည် အာဆီယံ၏မျှော်လင့်ထားသည့် ငြိမ်းချမ်းရေးလမ်းပြမြေပုံအဖြစ်မှပျက်ပြားသွားခဲ့သည်။ SAC သည် အစီအစဥ်ကို လျစ်လျူရှုထားပြီး ဒီမိုကရေစီ အင်အားစုများနှင့် ဆွေးနွေးမှုမှန်သမျှကို တံတိုင်းခတ်ထားသည်။ ထို့အပြင်၊ အဆိုပါ အစီအစဉ်တွင် ပြဋ္ဌာန်းသည့် ယန္တရားမျိုး မရှိသဖြင့် အထူးသံတမန်များ၏ လုပ်ပိုင်ခွင့် ကန့်သတ်ချက်များကြောင့် ထိရောက်သော ထိတွေ့ဆက်ဆံမှုကို အဟန့်အတား ဖြစ်စေသည်။ အာဆီယံဥက္ကဋ္ဌတစ်ဦးစီသည် အထူးသံတမန်အသစ်တစ်ဦးကို ခန့်အပ်ခဲ့ပြီး အဓိကအားဖြင့် ဥက္ကဋ္ဌဟောင်းရရှိခဲ့သည့် အရှိန်အဟုန်နှင့် တိုးတက်မှုကို ပြန်လည်သတ်မှတ်ခဲ့သည်။
အဆိုပါ ချို့ယွင်းချက်များအားလုံးအပေါ်တွင် အာဆီယံအဖွဲ့ဝင်များသည် FPC ကို ထပ်မံ၍ တရားဝင်အဖြစ်မှ ပယ်ဖျက်ခြင်းဖြင့် စစ်အစိုးရနှင့် ဆက်ဆံခြင်း သို့မဟုတ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် ၎င်းတို့၏ ရပ်တည်ချက်များကို အကာအကွယ်ပေးခဲ့သည်။နောက်ဆုံးတွင်၊ ၎င်းသည် လုံးလုံးလျားလျား စွန့်ပစ်ခြင်းထက် ပြုပြင်ပြောင်းလဲရန် လိုအပ်သော သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ မကြာသေးမီက မတ်လအတွင်း ငလျင်လှုပ်ခတ်မှုအထိ ပြင်းထန်သည့် တုံ့ပြန်မှုတစ်စုံတစ်ရာမရှိဘဲ အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်သည် တိုင်းပြည်ကို ဖျက်ဆီးခဲ့သည်။ သဘာဝဘေးကြောင့် နှစ်ဖက်စလုံးက ရန်လိုမှုများကို ခေတ္တရပ်ပြီး အခြေအနေကို ပြန်လည်သုံးသပ်ရန် လှုံ့ဆော်ခဲ့သည်။ ငြိမ်းချမ်းရေးအတွက် တိုးတက်မှုမရှိခြင်းကြောင့် ယခင်က ပင်ပန်းနွမ်းနယ်နေသော နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အရေးကြီးသော လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဝေနေသော်လည်း နှစ်ဖက်စလုံးမှ ပစ်ခတ်တိုက်ခိုက်မှုများကို ခေတ္တရပ်ထားရန် ဖိအားပေးခဲ့ကြပါသည်။
လက်ရှိအာဆီ ယံဥက္ကဋ္ဌ မလေးရှားသည် ရာထူးကိုရယူပြီးနောက်ယာယီအပစ်အခတ်ရပ်စဲရေးသာမက ပိုမိုကြာရှည်ခံနိုင်စေရန်အတွက် SAC နှင့် NGU နှစ်ဖက်စလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်နေပြီဖြစ်သည်။ လေးနှစ်ကြာ အဆက်မပြတ် ပဋိပက္ခဖြစ်ပြီးနောက် နှစ်ဖက်စလုံးက သံခင်းတမန်ခင်းကို အခွင့်အရေးပေးလိုစိတ် ပေါ်လာသည်။ လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုများ ခေတ္တရပ်စဲခြင်းသည် အာဆီယံ သံတမန်ရေးအရ ရလဒ်မဟုတ်သော်လည်း အဓိပ္ပာယ်ပြည့်ဝသော ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အခန်းကဏ္ဍသို့ ပြန်လည်တက်လှမ်းရန် အဖွဲ့အစည်းအတွက် အခွင့်အလမ်း ပေးစွမ်းနိုင်စွမ်းရှိသည်။ အာဆီယံ၏ ဗဟိုချုပ်ကိုင်မှု၊ တရားဝင်မှု နှင့် အနာဂတ်သည် ငြိမ်းချမ်းရေးကို အခြေခံ၍ ပေါ်ပေါက်လာမည့် ငြိမ်းချမ်းရေးကို စောင့်ဆိုင်းမည့်အစား လက်ရှိ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အခွင့်ကောင်းကို အသုံးချရာတွင် ၎င်း၏ ထိရောက်မှုအပေါ် များစွာမူတည်နိုင်ပါသည်။
FPC ၏တရားဝင်မှုကိုစတင်ရန်အတွက် အာဆီယံသည် ဥက္ကဋ္ဌအသစ်တစ်ယောက်သည်တစ်နှစ်သာသက်တမ်းရှိသည့်အတွက်တိုတောင်းပြီးအနှောက်အယှက်ဖြစ်စေသောကြောင့် နစ်နှစ်သက်တမ်းထက် သုံးနှစ်မှငါးနှစ်အထိ အများသဘောတူဆန္ဒဖြင့် ခန့်အပ်မည့် အထူးကိုယ်စားလှယ်ရာထူးရွေးချယ်ရေးလုပ်ငန်းစဉ်ကို ဦးစွာပြောင်းလဲသင့်သည်။ ယင်းက အထူးသံတမန်အတွက် နှစ်တိုင်း အသစ်ခန်အပ်ရခြင်းထက် အရှိန်အဟုန်ဖြင့် တည်ဆောက်ရန် ပိုမိုအဆက်မပြတ်ရန်နှင့် အချိန်ကို ပိုပေးနိုင်မည်ဖြစ်သည်။ FPC ကို လည်ပတ်လုပ်ဆောင်ရန် တစ်ခုတည်းသော တာဝန်ဖြစ်သည့် လက်တွေ့ကျသော အထူးသံတမန်တစ်ဦးကို ထည့်သွင်းစဉ်းစားသင့်သည်။ အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံမှ အရည်အချင်းပြည့်မီသော အငြိမ်းစား အထက်တန်းသံတမန်တစ်ဦးအား အခြားအရေးကြီးသော အလုပ်များနှင့် အလွန်အမင်း အလုပ်များနေသော နိုင်ငံခြားရေး ၀န်ကြီး အစား ရွေးချယ်သင့်သည်။
အထူးသံတမန်အားနှသ်ဖက်စလုံးမှစကားများကိုနားထောင်ပြီး စေ့စေ့စပ်စပ် အားပေးစကား ပြောကြားခြင်းထက် မြန်မာနိုင်ငံတွင် ပုံမှန်ဖြစ်တည်မှုကိုမြင်တွေ့ နိုင်စေမည့် ရှင်းလင်းသော လုပ်ပိုင်ခွင့်အာဏာကို ပေးအပ်သင့်ပါသည်။ ရှင်းလင်းသော အကိုးအကား စည်းကမ်းချက်များ နှင့် ရနိုင်လောက်သော ဗျူဟာများဖြင့် အာဆီယံ အထူးသံတမန်အား ပံ့ပိုးကူညီရန် ညီညွတ်သော အစီအစဉ်များ လိုအပ်ပါသည်။ လက်ရှိ FPC ကို မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်ရာတွင် အောင်မြင်နိုင်စေရန် သေချာစေရန်၊ အောင်မြင်နိုင်သော မစ်ရှင်အစီအစဉ်အတွက် သင့်လျော်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် သတ်မှတ်ထားသော ရည်မှန်းချက်များအားလုံးကို အကောင်ထည်ဖော်နိုင်စေရန် သေချာစေရန်အတွက် လိုအပ်သော ယန္တရားများ ထားရှိရန် လိုအပ်ပါသည်။ အထူးသံတမန်ကို အများသဘောဆန္ဒအရ ရွေးချယ်ပြီး ပိုမိုရှင်းလင်းသော လုပ်ပိုင်ခွင့်များ ပေးအပ်ပြီးသည်နှင့် အာဆီယံသည် အထူးသံတမန်အား ခန့်အပ်ရန်နှင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်ရန် အာဆီယံ၏ တရားဝင်မှုကို ပိုမိုခိုင်မာစေမည့် နိုင်ငံတကာမိတ်ဖက်များကို ရှာဖွေသင့်သည်။
ယခင်က ပြည်တွင်းမငြိမ်မသက်ဖြစ်မှုများကို ကူညီပေးခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုထားသော Asean Troika ၏ပြောင်းလဲမှုနှင့် ဆင်တူသည့် “မြန်မာ့မိတ်ဆွေများ” ၏ တိုးချဲ့မှုမှတစ်ဆင့် လုပ်ဆောင်နိုင်သည်။ အထူးသံတမန်သည် မြန်မာစစ်တပ်နှင့်သာမက NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) ကဲ့သို့သော မြေပြင်ပေါ်ရှိ အခြားသော အဓိကကျသော သရုပ်ဆောင်များနှင့်လည်း ထိတွေ့ဆက်ဆံသင့်သည်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ အပါအဝင် ပြင်ပအင်အားကြီးနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုသည် စစ်အစိုးရကို လွှမ်းမိုးရန် အဓိပ္ပါယ်ရှိသော သြဇာအာဏာကို ကိုင်စွဲထားသင့်သည်။ အထူးသံတမန်တစ်ဦးကို ခန့်အပ်ခြင်းနှင့် နိုင်ငံတကာ၏ ထောက်ခံမှုကို စုဆောင်းခြင်းသည် အကြမ်းဖက်မှုကို အဆုံးသတ်ရန် မလုံလောက်နိုင်ပေ။ သစ္စာရှိရှိ လုပ်ဆောင်ရန် သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ စိစစ်မှုကို ရင်ဆိုင်ရန် စစ်အစိုးရအား သတိပေးသည့် ရာဇသံကို အာဆီယံက ပေးပို့ရမည်ဖြစ်သည်။ SAC ၏ အဟန့်အတား လုပ်ဆောင်ချက်များကို အာရုံစိုက်ပြီး စစ်အစိုးရကို ထပ်မံခွဲထုတ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီကဲ့သို့သော ပလက်ဖောင်းများကို အာဆီယံက လွှမ်းမိုးနိုင်မည်ဖြစ်သည်။
ရာဇသံ၏ ထိရောက်မှု တိုးမြင့်လာစေရန် ပြင်ပနိုင်ငံများမှ အထူးသံတမန် မြောက်မြားစွာတို့အကြား ညှိနှိုင်းပေးသည့် မက်ဆေ့ချ်ကို ၎င်းတို့ကိုယ်တိုင် ခန့်အပ်ထားသော အထူးသံတမန်အချို့အား မြန်မာနိုင်ငံ မိတ်ဆွေများ၏ ထောက်ခံမှုရရှိရန် အရေးကြီးပါသည်။ ကုလသမဂ္ဂတွင် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို ကျော်လွန်၍ အာဆီယံသည် မြန်မာနိုင်ငံအား ဒေသတွင်း အဖွဲ့အစည်းအဖြစ်မှ ရပ်ဆိုင်းရန် အတွက် အဆင်သင့်ဖြစ်ရန်လိုအပ်ပြီး တိုးတက်မှုမှာ တွေ့ရခဲပါသည်။ ၁၉၉၇ ခုနှစ်တွင် ကမ္ဘောဒီးယားအဖွဲ့ဝင်အဖြစ် စတင်ခဲ့သော်လည်း အာဆီယံအဖွဲ့ဝင်အဖြစ် မပါဝင်မီ ပြည်တွင်းနိုင်ငံရေးအငြင်းပွားမှုကို ပြေလည်အောင်ဖြေရှင်းပြီးမှအဖွဲ့ဝင်အဖြစ်လက်ခံခဲ့ပါသည်ဤလုပ်ဆောင်ချက်သည် ထိုအချိန်က ထိရောက်ကြောင်း သက်သေပြခဲ့ပြီး ယနေ့ခေတ်တွင်လည်း လုပ်ဆောင်နိုင်ပါသည်။ အဖွဲ့ဝင်အဖြစ်မှဆိုင်းငံ့ခြင်းသည် အာဆီယံကို အာဏာရှင်ဆန်သော လမ်းကြောင်းကိုအဟန့်အတားဖြစ်စေမည့်ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အချက်ပြမှုတစ်ခုအဖြစ် ပေးပို့မည်ဖြစ်သည်။
ယင်းသည် အန္တရာယ်များကြောင်း သက်သေပြနိုင်သော်လည်း ငြိမ်းချမ်းရေးတည်ဆောက်သူအဖြစ် အာဆီယံ၏ ယုံကြည်ကိုးစားမှုသည် လိုအပ်ပါသည်။ အများဆန္ဒနှင့် နိုင်ငံတကာ ကျောထောက်နောက်ခံမှတစ်ဆင့် အထူးသံတမန်အား အားကောင်းလာစေရေး၊ ထိရောက်သော ရာဇသံထုတ်ပြန်ခြင်းနှင့် အဟန့်အတားဖြစ်စေသော ပါတီများကို ခြိမ်းခြောက်ရန် နည်းလမ်းများ ရှာဖွေခြင်းသည် ပြန်လည်ထူထောင်ထားသော FPC ၏ မရှိမဖြစ် အစိတ်အပိုင်းများဖြစ်သည်။ FPC ၏ ပြန်လည်ရှင်သန်မှုသည် အရေးကြီးပြီး လိုအပ်သော်လည်း၊ ၎င်းသည် လေဟာနယ်ထဲတွင် ရှိနေမည်မဟုတ်ပါ။ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေသည့် ကိုယ်ပိုင်အဖွဲ့အစည်းအတွင်း ကွဲလွဲမှုများကို အာဆီယံက အသိအမှတ်ပြုရပါမည်။ အာဆီယံအဖွဲ့ဝင်အချို့သည် အစကတည်းက SAC နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး စစ်တပ်နှင့် ဒီမိုကရေစီ ပဋိပက္ခကို ရင်မဆိုင်ရဲဟု ရှုမြင်ခံကြရသည်။ အာဆီယံအဖွဲ့ဝင်အချို့၏ နိုင်ငံရေးဂေဟစနစ်များသည် ၎င်းတို့၏ကိုယ်ပိုင်စစ်တပ်များ၏ လွှမ်းမိုးမှုကြီးကြီးမားမား ခံနေရသည်မှာ လျှို့ဝှက်ချက်မဟုတ်ပါ။
ပြန်လည်အားဖြည့်ထားသော FPC သည် အလားအလာ မည်မျှပင်ရှိပါစေ အာဆီယံ၏ ရည်မှန်းချက်များကို ကတိကဝတ်ပြုရာတွင် စည်းလုံးမှုမရှိပါက ပျက်ကွက်မည်ဖြစ်သည်။ အတွင်းစည်းညီညွတ်မှုသည် ပြင်ပယုံကြည်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သင်္ကေတပြုခြင်းထက် စစ်မှန်သော သံခင်းတမန်ခင်းအဖြစ်သို့ တက်လှမ်းနိုင်ရန် အာဆီယံသည် ၎င်း၏ပြည်တွင်းရေးကွဲလွဲမှုများကို ဖြေရှင်းရမည်ဖြစ်သည်။ အာဆီ ယံသည် အသိဥာဏ်မဲ့ အကြမ်းဖက်မှုများကို ရပ်တန့်ရန်မြန်မာစစ်တပ် နှင့်ပူးပေါင်းဆောင်ရွက်ရာတွင် ပြတ်ပြတ်သားသား စည်းစည်းလုံးလုံးရှိရန် လိုအပ်ပြီး ပြည်တွင်းရှိ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ အပစ်အခတ်ရပ်စဲရေးသည် အခြေအနေများ ထွက်ပေါ်လာသော်လည်း အာဆီယံအနေဖြင့် အခွင့်အာဏာရှိစွာ လုပ်ဆောင်ရန် ရှားရှားပါးပါး အခွင့်အရေးတစ်ခု ပေးထားသည်။ FPC သည် နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များနှင့် ပြန်လည်ဖွဲ့စည်းထားသော အထူးသံတမန်အတွက် ပြန်လည်ချိန်ညှိထားသော မဟာဗျူဟာများပါ၀င်သည့် ပိုမိုထိရောက်သော၊ ဘက်စုံမဟာဗျူဟာအဖြစ် ပြောင်းလဲရမည်ဖြစ်ပါသည်။
အချက်သုံးချက်ပါ စီမံကိန်းသည် မြန်မာနိုင်ငံအား ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးအတွက် အာဆီယံအတွက် လက်တွေ့ကျသော လမ်းပြမြေပုံကို ပေးဆောင်ထားသည်။ ဒေသတွင်း ဇာတ်ဆောင်တစ်ဦးအနေဖြင့် အာဆီယံ၏ ယုံကြည်ကိုးစားမှုသည် ငြိမ်းချမ်းရေး ပေါ်ပေါက်လာရန် စောင့်ဆိုင်းခြင်းအပေါ် မမူတည်ဘဲ တက်ကြွစွာ ပုံဖော်လိုစိတ်အပေါ် မူတည်ပါသည်။ အများဆန္ဒနှင့် နိုင်ငံတကာ ကျောထောက်နောက်ခံမှတစ်ဆင့် အထူးသံတမန်အား အားကောင်းလာစေရေး၊ ထိရောက်သော ရာဇသံထုတ်ပြန်ခြင်းနှင့် အဟန့်အတားဖြစ်စေသော ပါတီများကို ခြိမ်းခြောက်ရန် နည်းလမ်းများ ရှာဖွေခြင်းသည် ပြန်လည်ထူထောင်ထားသော FPC ၏ မရှိမဖြစ် အစိတ်အပိုင်းများဖြစ်သည်။ FPC ၏ ပြန်လည်ရှင်သန်မှုသည် အရေးကြီးပြီး လိုအပ်သော်လည်း၊ ၎င်းသည် လေဟာနယ်ထဲတွင် ရှိနေမည်မဟုတ်ပါ။ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေသည့် ကိုယ်ပိုင်အဖွဲ့အစည်းအတွင်း ကွဲလွဲမှုများကို အာဆီယံက အသိအမှတ်ပြုရပါမည်။
အာဆီယံအဖွဲ့ဝင်အချို့သည် အစကတည်းက SAC နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး စစ်တပ်နှင့် ဒီမိုကရေစီ ပဋိပက္ခကို ရင်မဆိုင်ရဲဟု ရှုမြင်ခံကြရသည်။ အာဆီယံအဖွဲ့ဝင်အချို့၏ နိုင်ငံရေးဂေဟစနစ်များသည် ၎င်းတို့၏ကိုယ်ပိုင်စစ်တပ်များ၏ လွှမ်းမိုးမှုကြီးကြီးမားမား ခံနေရသည်မှာ လျှို့ဝှက်ချက်မဟုတ်ပါ။ ပြန်လည်အားဖြည့်ထားသော FPC သည် အလားအလာ မည်မျှပင်ရှိပါစေ အာဆီယံ၏ ရည်မှန်းချက်များကို ကတိကဝတ်ပြုရာတွင် စည်းလုံးမှုမရှိပါက ပျက်ကွက်မည်ဖြစ်သည်။ အတွင်းစည်းညီညွတ်မှုသည် ပြင်ပယုံကြည်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သင်္ကေတပြုခြင်းထက် စစ်မှန်သော သံခင်းတမန်ခင်းအဖြစ်သို့ တက်လှမ်းနိုင်ရန် အာဆီယံသည် ၎င်း၏ပြည်တွင်းရေးကွဲလွဲမှုများကို ဖြေရှင်းရမည်ဖြစ်သည်။ အာဆီ ယံသည် အသိဥာဏ်မဲ့ အကြမ်းဖက်မှုများကို ရပ်တန့်ရန်မြန်မာစစ်တပ် နှင့်ပူးပေါင်းဆောင်ရွက်ရာတွင် ပြတ်ပြတ်သားသား စည်းစည်းလုံးလုံးရှိရန် လိုအပ်ပြီး ပြည်တွင်းရှိ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိ အပစ်အခတ်ရပ်စဲရေးသည် အခြေအနေများ ထွက်ပေါ်လာသော်လည်း အာဆီယံအနေဖြင့် အခွင့်အာဏာရှိစွာ လုပ်ဆောင်ရန် ရှားရှားပါးပါး အခွင့်အရေးတစ်ခု ပေးထားသည်။ FPC သည် နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များနှင့် ပြန်လည်ဖွဲ့စည်းထားသော အထူးသံတမန်အတွက် ပြန်လည်ချိန်ညှိထားသော မဟာဗျူဟာများပါ၀င်သည့် ပိုမိုထိရောက်သော၊ ဘက်စုံမဟာဗျူဟာအဖြစ် ပြောင်းလဲရမည်ဖြစ်ပါသည်။ အချက်သုံးချက်ပါ စီမံကိန်းသည် မြန်မာနိုင်ငံအား ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးအတွက် အာဆီယံအတွက် လက်တွေ့ကျသော လမ်းပြမြေပုံကို ပေးဆောင်ထားသည်။ ဒေသတွင်း ဇာတ်ဆောင်တစ်ဦးအနေဖြင့် အာဆီယံ၏ ယုံကြည်ကိုးစားမှုသည် ငြိမ်းချမ်းရေး ပေါ်ပေါက်လာရန် စောင့်ဆိုင်းခြင်းအပေါ် မမူတည်ဘဲ တက်ကြွစွာ ပုံဖော်လိုစိတ်အပေါ် မူတည်ပါသည်။
အဲမောင်း
ဘန်ကောက်ပို့စ်တွင်ဖော်ပြသည့် Pou Sothirsk နှင့် Pevson Hunt တို့ရေးသားသည့် Revamping Asean’s Myanmar strategy ကိုပြန်ဆိုပါသည်။
သံအမတ်ကြီး Pou Sothirak သည် ကမ္ဘောဒီးယားဒေသဆိုင်ရာ လေ့လာရေးစင်တာ (CCRS) ၏ ထင်ရှားသော အကြီးတန်းအကြံပေးတစ်ဦးဖြစ်သည်။ Peyson Hunt သည် ကမ္ဘောဒီးယား ဒေသဆိုင်ရာ လေ့လာရေးစင်တာ (CCRS) မှ အကြီးတန်း အလည်အပတ် သုတေသန လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သည်။