သူ့တို့ကို သတ်မှတ်ချက်ခွဲတမ်းမပြည့်မီပါက အစာရေစာ သို့မဟုတ် ရေသန့်အနည်းငယ်သာ ပေးခဲ့ပြီး ရိုက်နှက်ခြင်း သို့မဟုတ် သေဆုံးခြင်းအထိနှိပ်စက် ခြိမ်းခြောက်ခံရသည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် အလုပ်သမားများက ပြောသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှ အထည်ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် Palit အတွက်တော့ ငွေလိမ်အလုပ်ရုံတစ်ခုအတွင်းခြောက်လကြာ ထိန်းသိမ်းထားစဉ်မှာလျှပ်စစ်ကျဥ်စက်ဖြင့်မကြာခဏနှိပ်စက်ခြင်းခံခဲ့ရသည်။ သူသည် တောင်ကိုရီးယားတွင် လစာမြင့်မားသော စီမံခန့်ခွဲရေးအလုပ်တစ်ခုလုပ်ရမည်ဟုကတိပြုထားခဲ့သော်လည်း တကယ်တော့မြန်မာနိုင်ငံမြဝတီမြို့သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ သူ့ကိုယ်တွင်းအင်္ဂါများအတွက်လူကုန်ကူးခံရမည်ကို ကြောက်နေခဲ့ရပြီး ယင်းတို့ကို ထိန်းထားနိုင်သည်ဆိုသည်ကို သိလိုက်ရသဖြင့် သက်သာရာရခဲ့သည်ဟုသူက ပြောသည်။ ယင်းအစား အွန်လိုင်းလိမ်လည်မှုအတွက် လူအများဆက်ဆံရေးအတွက်အနည်းဆုံး လူငါးဦးနှင့် ထိတွေ့ရန် အတုအယောင် ပရိုဖိုင်များ ဖန်တီးရာ၌ အချိန်ကုန်ခဲ့ရသည်။ “Baby ကျေးဇူးပြုပြီး ဒီမှာ ရင်းနှီးမြုပ်နှံလိုက်ပါ၊ မင်းအမြတ်အစွန်းကောင်းတွေ ရလိမ့်မယ်လို့ကျနော်ကပစ်မှတ်တွေကိုပြောဆိုသိမ်းသွင်းခဲ့ရပါတယ်”ဟုသူ့ပထမအမည်ကို ထုတ်ဖော်မပြောကြားလိုသောMr Palit ကဆက်လက်ပြောဆိုသည်။
အဓမ္မစေခိုင်းခြင်းခံကြရသူများကြားတွင် လူသိများသော Mr Jaruwat ၏ ကိုယ်ရေးကိုယ်တာ Facebook သို့ မက်ဆေ့ချ်များဖြင့် နေ့စဉ် လူသစ်လေးဦးသည် MrPalit ၏ အကူအညီတောင်းခံသကဲ့သို့ ယင်းတို့၏ဇာတ်လမ်းများကို မျှဝေကြသည်။ နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှု ကယ်ဆယ်ရေး၏ သဘောသဘာဝအရနေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်သည်ခက်ခဲ နှေးကွေးစေသည်ဟု အသက်ရှင်ကျန်ရစ်သူများကို ပံ့ပိုးပေးသည့် Acts of Mercy International မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဒါရိုက်တာ Amy Milket က ပြောကြားသည်။ “သူတို့က စောင့်ဆိုင်းနေရချိန်နဲ့ ပတ်သက်ပြီး ညည်းညူနေကြတယ်” ဟု သူက ဆိုသည်။ “ဆေးမကုရဘဲ နေမကောင်းဖြစ်နေတဲ့သူတွေ ရှိတယ်”ဟုသူကဆက်ပြောသည်။ “မီးတောင်ကပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေပြီ”ဟုလည်းသူကဆက်ပြောသည်။ ဒုက္ခသည်များစွာအတွက် စီမံဆောင်ရွက်ပေးပုံနှင့် ပံ့ပိုးပေးသည့် ပြဿနာသည် မြန်မာနိုင်ငံတွင် နောက်ထပ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် နှင့်ဥပဒေ စိုးမိုးရေးကို အဟန့်အတား ဖြစ်စေသည်ဟု MS Miller ကဆိုသည်။ “ဒါဟာစုပေါင်းအိမ်ယာတွေကို အမှန်တကယ် ပြုပြင်ပြောင်းလဲမှုလုပ်မလား ဒါမှမဟုတ် ပိတ်ပစ်တော့မယ်လို့ ကျမအရမ်းကိုယုံကြည်မှု မရှိပါဘူး” ဟု သူက ပြောကြားခဲ့သည်။
မေလ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
Jaruwat Jinnmonca ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်း အများစုသည် ပြည့်တန်ဆာဘ၀သို့သွတ်သွင်းခြင်းခံခဲ့ရသော သားကောင်များကို ကူညီခြင်းအပေါ် အာရုံစိုက်လေ့ရှိသည်။ အရှေ့တောင်အာရှသည် လူကုန်ကူးခံရသည့် ဆိုက်ဘာသားကောင်များ လွတ်မြောက်လာသော်လည်း ထောင်နှင့်ချီသော လိမ်လည်မှုပေါင်းများထဲတွင် ပိတ်မိနေသော သားကောင်များ မှာနေရပ်နှင့်ဝေးနေသေးသည်။ ယခုအခါ၊ ဆိုက်ဘာလိမ်လည်မှုစုပေါင်းအိမ်ယာများတွင်အသက်ရှင်ကျန်ရစ်သူများသည် ထိုင်းနိုင်ငံအခြေစိုက် ဧမာနွေလဖောင်ဒေးရှင်းကို တည်ထောင်သူအဖြစ် သူ၏အချိန်ကို လွှမ်းမိုးထားသည်။ အရှေ့တောင်အာရှတွင် Covid-19 ကပ်ရောဂါကာလအတွင်း ပေါ်ပေါက်ခဲ့သော ဆိုက်ဘာရာဇ၀တ်လိမ်လည်မှုခင်းများတွင် ထောင်နှင့်ချီသော သားကောင်များ ပိတ်မိနေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။အကျဉ်းချခံထားရသူများသည် အကြမ်းဖက်မှုဖြင့် ချုပ်နှောင်ထားသော အခြေအနေများ ရက်စက်ကြမ်းကြုတ်စွာပြုမူခံရသည်ဟု သတင်းရရှိထားသည်။
Mr Jaruwat ၏ ဖုန်းရှိ ဓာတ်ပုံများတွင် ခရမ်းရောင်နှင့် အပြာရောင် ဒဏ်ရာများ၊ သွေးထွက်ဒဏ်ရာများနှင့် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသူ သို့မဟုတ် သေဆုံးသွားသူ၏ အသက်မဲ့ ခန္ဓာကိုယ်ကိုပင် တွေ့ရသည်။ သူသည် ယခုနှစ်အတွင်း စက်ရုံတွင်းမှ သတ်ဖြတ်မှု ခုနစ်မှု အစီရင်ခံစာများ နှင့် အခြား အဓမ္မ လုပ်သားများ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု သတင်းများကို လက်ခံရရှိပြီး မည်သည့်အခါမျှ မရောက်နိုင်သော အကူအညီကို စောင့်ဆိုင်းရင်း ပင်ပန်းနွမ်းနယ်နေခဲ့သည်။
“သူတို့က အိမ်ပြန်ချင်ကြတယ်” လို့ ပြောပြီး အမိန့်ကို မလိုက်နာရင် ဂိုဏ်းခေါင်းဆောင်တွေက သေတဲ့အထိ အနိုင်ကျင့်နှိပ်စက်လိမ့်မယ်”သူကဆက်ပြောသည်။
“တချို့က မလွတ်နိုင်တော့ရင် ၇ထပ် ဒါမှမဟုတ် ၁၀ ထပ်ကနေ ခုန်ချပြီး သေချင်နေကြတယ်” ဟု ၎င်းက ဆိုသည်။ ရာဇ၀တ်ဂိုဏ်းများသည် ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အားနည်းချက်ကြောင့် ယခုပင် အီသီယိုးပီးယားနှင့် အိန္ဒိယတို့မှ ရောက်ရှိလာသော အလုပ်သမားများဖြစ်ပြီး ထိုင်းနိုင်ငံသို့ အခကြေးငွေပေးရသည့် ခရီးတစ်ခုသည် ထိုက်တန်သော အလုပ်အကိုင် အခွင့်အလမ်းကို ပေးစွမ်းနိုင်မည်ဟု သူတို့ကတွေးထင်ကြပါသည်။ ယင်းအစား ၎င်းတို့သည် ၎င်းတို့၏နေ့များကို နည်းပညာနှင့် ချိတ်ဆက်ကာ လူမှုမီဒီယာတွင်ပရိုဖိုင်အတုများ ဖန်တီးကာ လူအများထံမှ ငွေများကို လှည့်စားရန် ဆွဲဆောင်မှုရှိသော အချစ်ဇာတ်လမ်းများကို ဖန်တီးကာ ၂၀၂၃ခုနှစ်တွင် ဆုံးရှုံးမှု ဒေါ်လာ ၈ ထရီလီယံရှိ ဆိုက်ဘာရာဇ၀တ်မှုစီးပွားရေးကို ပံ့ပိုးပေးနေကြရသည်။ ဖေဖော်ဝါရီလတွင် နာမည်ကြီး တရုတ်သရုပ်ဆောင် Wang Xing သည် လူကုန်ကူးခံရပြီးနောက် တရုတ်နိုင်ငံ၏ ဖိအားများအောက်တွင် မြန်မာအာဏာပိုင်များနှင့် ထိုင်းအစိုးရတို့ ပူးပေါင်းကာ အကြီးမားဆုံး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ မြဝတီမြို့တွင် အင်တာနက်ပိတ်ကာ လောင်စာဆီနှင့် လျှပ်စစ်မီးများ ရပ်တန့်ခြင်းဖြင့် အာဏာပိုင်များက ငွေလိမ်ဂိုဏ်းအလုပ်ရုံအများအပြားကို ဖြိုခွင်းနိုင်ခဲ့ပြီး အလုပ်သမား ၇၀၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။ သို့သော်လည်း သူတို့၏ခက်ခဲသည့်စမ်းသပ်ပွဲက မပြီးသေးပါ။ အများစုမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လက်လှမ်းမမီရှားပါးသည်ဟု ဆိုကြသည့် နေရာများစွာတွင် နေရပ်ပြန်ပို့ခံရရန် စောင့်ဆိုင်းနေကြသည်။ ဧမာနွေလဖောင်ဒေးရှင်းသည် ၂၀၂၀ခုနှစ်မှစ၍ လူပေါင်း ၂၇၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့သည်။ “သူတို့ကို ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံကို ခေါ်သွားပြီး တရားဥပဒေစိုးမိုးရေးအရာရှိတွေနဲ့ စကားပြောဖို့လည်း ခေါ်သွားရတယ်” ဟု Mr Jaruwat ကပြောပြီး ၎င်း၏ဖုန်းသည် မိနစ် ၃၀ အတွင်း တတိယအကြိမ် တုန်ခါသွားခဲ့သည်။ ကမ္ဘောဒီးယားရှိ လိမ်လည်မှုစင်တာတစ်ခုမှ ထိုင်းအမျိုးသမီးတစ်ဦးကို အဖွဲ့မှ ထုတ်ယူနိုင်ခဲ့ကြောင်း သတင်းပို့ရန်အတွက်ယင်းခေါ်ဆိုမှုမှာ၎င်း၏ ဝန်ထမ်း ၁၂ ဦးအနက်မှ တစ်ဦးကဖုန်းခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းအမျိုးသမီးမှာအရိုက်ခံရခြင်းကြောင့်အနာများအနည်းငယ်ရှိသော်အမာရွတ်များလည်း ကျန်းမာရေးနှင့် ညီညွတ်ကြောင်း အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။
သူ့တို့ကို သတ်မှတ်ချက်ခွဲတမ်းမပြည့်မီပါက အစာရေစာ သို့မဟုတ် ရေသန့်အနည်းငယ်သာ ပေးခဲ့ပြီး ရိုက်နှက်ခြင်း သို့မဟုတ် သေဆုံးခြင်းအထိနှိပ်စက် ခြိမ်းခြောက်ခံရသည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် အလုပ်သမားများက ပြောသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှ အထည်ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် Palit အတွက်တော့ ငွေလိမ်အလုပ်ရုံတစ်ခုအတွင်းခြောက်လကြာ ထိန်းသိမ်းထားစဉ်မှာလျှပ်စစ်ကျဥ်စက်ဖြင့်မကြာခဏနှိပ်စက်ခြင်းခံခဲ့ရသည်။ သူသည် တောင်ကိုရီးယားတွင် လစာမြင့်မားသော စီမံခန့်ခွဲရေးအလုပ်တစ်ခုလုပ်ရမည်ဟုကတိပြုထားခဲ့သော်လည်း တကယ်တော့မြန်မာနိုင်ငံမြဝတီမြို့သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ သူ့ကိုယ်တွင်းအင်္ဂါများအတွက်လူကုန်ကူးခံရမည်ကို ကြောက်နေခဲ့ရပြီး ယင်းတို့ကို ထိန်းထားနိုင်သည်ဆိုသည်ကို သိလိုက်ရသဖြင့် သက်သာရာရခဲ့သည်ဟုသူက ပြောသည်။ ယင်းအစား အွန်လိုင်းလိမ်လည်မှုအတွက် လူအများဆက်ဆံရေးအတွက်အနည်းဆုံး လူငါးဦးနှင့် ထိတွေ့ရန် အတုအယောင် ပရိုဖိုင်များ ဖန်တီးရာ၌ အချိန်ကုန်ခဲ့ရသည်။ “Baby ကျေးဇူးပြုပြီး ဒီမှာ ရင်းနှီးမြုပ်နှံလိုက်ပါ၊ မင်းအမြတ်အစွန်းကောင်းတွေ ရလိမ့်မယ်လို့ကျနော်ကပစ်မှတ်တွေကိုပြောဆိုသိမ်းသွင်းခဲ့ရပါတယ်”ဟုသူ့ပထမအမည်ကို ထုတ်ဖော်မပြောကြားလိုသောMr Palit ကဆက်လက်ပြောဆိုသည်။
အဓမ္မစေခိုင်းခြင်းခံကြရသူများကြားတွင် လူသိများသော Mr Jaruwat ၏ ကိုယ်ရေးကိုယ်တာ Facebook သို့ မက်ဆေ့ချ်များဖြင့် နေ့စဉ် လူသစ်လေးဦးသည် MrPalit ၏ အကူအညီတောင်းခံသကဲ့သို့ ယင်းတို့၏ဇာတ်လမ်းများကို မျှဝေကြသည်။ နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှု ကယ်ဆယ်ရေး၏ သဘောသဘာဝအရနေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်သည်ခက်ခဲ နှေးကွေးစေသည်ဟု အသက်ရှင်ကျန်ရစ်သူများကို ပံ့ပိုးပေးသည့် Acts of Mercy International မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဒါရိုက်တာ Amy Milket က ပြောကြားသည်။ “သူတို့က စောင့်ဆိုင်းနေရချိန်နဲ့ ပတ်သက်ပြီး ညည်းညူနေကြတယ်” ဟု သူက ဆိုသည်။ “ဆေးမကုရဘဲ နေမကောင်းဖြစ်နေတဲ့သူတွေ ရှိတယ်”ဟုသူကဆက်ပြောသည်။ “မီးတောင်ကပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေပြီ”ဟုလည်းသူကဆက်ပြောသည်။ ဒုက္ခသည်များစွာအတွက် စီမံဆောင်ရွက်ပေးပုံနှင့် ပံ့ပိုးပေးသည့် ပြဿနာသည် မြန်မာနိုင်ငံတွင် နောက်ထပ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် နှင့်ဥပဒေ စိုးမိုးရေးကို အဟန့်အတား ဖြစ်စေသည်ဟု MS Miller ကဆိုသည်။ “ဒါဟာစုပေါင်းအိမ်ယာတွေကို အမှန်တကယ် ပြုပြင်ပြောင်းလဲမှုလုပ်မလား ဒါမှမဟုတ် ပိတ်ပစ်တော့မယ်လို့ ကျမအရမ်းကိုယုံကြည်မှု မရှိပါဘူး” ဟု သူက ပြောကြားခဲ့သည်။
လူကုန်ကူးမှုကို တားဆီးရန် အထိရောက်ဆုံးနည်းလမ်းမှာ လိမ်လည်လှည့်ဖြားမှုများကိုနောက်ကွယ်ကထိန်းချုပ်ထားသူ ထိပ်တန်းမှလူများကို ပြစ်ဒဏ်ချမှတ်ရန်သည်အထိရောက်ဆုံးနည်းလမ်းဟု ယုံကြည်ကြောင်း Mr Jaruwat က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဒီပြဿနာကို မဖြေရှင်းရင် ပြဿနာတွေနှစ်ဆတိုးလာလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ ယင်းအစား အလုပ်သမားများကို အာဏာပိုင်များက ပစ်မှတ်ထားနှိမ်နှင်းနေသည်ဟု ၎င်းက ဆိုသည်။ စကားပြောပျော့ပျောင်းပြီး လျင်မြန်စွာပြုံးတတ်သော Mr Palit သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အခြားလူ ၃၂၈ ဦးနှင့်အတူအွန်လိုင်း လိမ်လည်မှုစင်တာမှ လွတ်မြောက်လာသောအခါ ၎င်းတို့ထဲမှ ၁၀ ဦးကို အာဏာပိုင်များကဖမ်းဆီးခဲ့သည်။ ၎င်းတို့၏ဘာသာစကားကျွမ်းကျင်မှုသည် ခြံဝင်း၏လူနေရပ်ကွက်များတွင် ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပေးဆောင်နိုင်သောကြောင့် ၎င်းတို့သည် ဆိုက်ဘာရာဇ၀တ်မှုများတွင် ရောနှောပါဝင်မှုနှင့် ပြန်ပေးဆွဲမှုတို့ဖြင့် စွပ်စွဲခံခဲ့ရသည်။ သို့သော် ၎င်းတို့သည် သားကောင်များဖြစ်ကြသည်ဟု Mr Jaruwat က ပြောကြားပြီး ယင်းသို့ဖမ်းဆီးခြင်းသည် နိုင်ငံတစ်ခုရှိ ရာဇ၀တ်ဂိုဏ်းများ၏ လက်မှ ကယ်တင်ခံရသည့် အလုပ်သမားများကိုဖမ်းဆီးခြင်းဖြစ်ပြီး ယင်းတို့သည်အခြားနိုင်ငံတစ်ခုတွင် ထောင်ကျခံရဖွယ်ရှိနေသည်။
အဲမောင်း
ဘန်ကောက်ပို့စ်တွင်ဖော်ပြသည့် SE Asia trafficked cyber victims freed but far from home ကိုပြန်ဆိုသည်။