တရုတ်ပြည်တော်လှန်ရေးကာလအတွင်းက မော်စီတုန်းက တော်လှန်ရေး နှစ်ဆင့်အယူအဆကို တင်သွင်းခဲ့ပါတယ်။တော်လှန်ရေးရဲ့နောက်ဆုံးဦးတည်ချက်က “ပြည့်သူ့ဒီမိုကရေစီ ပန်းတိုင်”ဖြစ်ပါတယ်။ခရီးလမ်းမှာ မဟာမိတ်အားလုံးပါဝင်နိုင်တဲ့၊လက်တွဲတော်လှန်ပြီး အတူတစ်ကွ တည်ဆောက်ကြမယ့် “ဒီမိုကရေစီသစ်” အဆင့်ကို့ အရင်ဆင်နွဲဖို့ဖြစ်ပါတယ်။လက်ဝဲကဦးဆောင်ချမှတ်လို့ တရုတ်ကွန်မြူနစ်ပါတီကဦးဆောင်တဲ့ပါတီစုံပါဝင်တဲ့ ဒီမိုကရေစီစနစ်ဖြစ်နေမှာဖြစ်ပါတယ်။ မြန်မာပြည်ယနေ့လက်ရှိအခြေအနေကနေ အနာဂါတ် ကို ပုံဖော်တည်ဆောက်ကြတဲ့အခါ “တော်လှန်ရေး အဆင့်နှစ်ဆင့်မူ “ကို စဉ်းစားရန်သင့်မသင့်ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဲပြောပြော၊ဒီမိုကရေစီဖက်ဒရယ်ပဲဆိုဆို “ဝ ရှိ့မှ ဝိ လုပ်နိုင်မှာ”ဖြစ်ပါတယ်။ ဝ မရှိပဲ ဝိ လုပ်ရင်လည်း မြင်ကြမှာပါပဲ။မြန်မာပြည်တော်လှန်ရေးမှာတော်လှန်ရေး နှစ်ဆင့်အယူအဆကို စဉ်းစားရင် ဘယ်အဆင့်တွေလည်းလို့ မေးခွန်းရှိလာမှာပါပဲ။ကာယကံရှင်တွေ ချမှတ်ရမယ့်ကိစ္စဖြစ်ပါတယ်။စိတ်ကူးကောင်းကောင်းနဲ့ ဘယ်လိုပဲချမှတ်ကြသည်ဖြစ်စေ စစ်အာဏာရှင်စနစ် ဆိုတဲ့ ဆက်ထုံးကို အရင်ဖြေပြီးမှခရီးဆက်လို့ရကြမှာပါ။
———————————————————————————————————————————————————-
ဇွန်လ ၈၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ
အခုတလော နိုင်ငံရေး ဗျာများနေကြတာကို သတင်းများအရ အကဲဖြတ်ရပါတယ်။စကစ ဖက်ကလည်းသူ့ဟာသူဗျာများနေကြသလို ကိုယ့်ဖက်ကလည်း ဗျာများနေတဲ့ပုံပါပဲ။ ပဋိပက္ခသဘောအရ အဓိက ပဋိပက္ခဖြစ်တဲ့ စစ်အာဏာရှင်တို့နဲ့ပြည်သူတို့ကြားထဲက ပဋိပက္ခကတော့ မျက်ခြေမပြတ်ကြပါဘူး။တစ်ဖက်တစ်ချက်စီမှာရှိ့တဲ့ လက်အောက်ခံ ပဋိပက္ခတွေမှာသာ ဗျာများနေကြတာပါ။ စကစ ဖက်က အာဏာနဲ့ဥစ္စာဓနကိုအခြေခံလို့ ဗျာပါရ ပိုများနိုင်ပါတယ်။ကိုယ့်ဖက်က အဖွဲ့တွေစုံလို့ အဖွဲ့စုံတွေက ထိပ်က ပန်းဝင်ဖို့လုပ်ကြရင်း သောကတွေများနေကြပါတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးကတော့ သူ့လမ်းသူ မှန်မှန်ချီတက်နေဆဲပါ။ အနာဂါတ်နိုင်ငံတော် အုပ်ထိမ်းသူနေရာအတွက် တရုတ်နန်းတွင်းဇာတ်ကနေကျသလိုမြင်ရပါတယ်။ ဦးရီးတော်ကတစ်မျိုး၊မယ်တော်ကြီးတွေကတစ်ဖုံ၊စစ်သူကြီးများက တစ်မျိုး၊ကုန်းကုန်းချုပ်နဲ့သားသမီးများကလည်း တစ်မုံပေါ့။အရပ်ဇာတ်၊ဗလာဇာတ်လား၊တုတ်ထိုးဇာတ်လား၊ရုပ်သေးဇာတ်လားတာမကွဲကြတာပါ။
နိုင်ငံတော်အာဏာလို့ဆိုလိုက်ရင်တော့ အာဏာကိုကိုင်ဆွဲတဲ့ လူတန်းစားကတော့ရှိကိုရှိနေမှာပါပဲ။ပဲခူးရိုးမ ဗဟိုမတ်စ်၊လီနင် သင်တန်းကျောင်းမှာ နိုင်ငံတော်အာဏာ ၂ မျိုးအယူအဆနဲ့ နိုင်ငံတော်အာဏာ ၃ မျိုးအယူအဆ ဆွေးနွေးမှုကနေ ဖြုတ်၊ထုတ်၊သတ် အထိအလွန်အကျွံဖြစ်ကုန်တယ်ဖတ်ရပါတယ်။
ပါတီသင်တန်းကျောင်းက ပါတီဗဟိုရဲ့ မူလချမှတ်ထားတဲ့ နိုင်ငံတော်အာဏာ ၂ မျိုး
၁။အရင်းရှင်လူတန်းစားတို့ရဲ့နိုင်ငံတော်အာဏာ
၂။ပစ္စည်းမဲ့ လူတန်းစားတို့ရဲ့ နိုင်ငံတော်အာဏာကနေ တတိယ နိုင်ငံတော်အာဏာ အမျိုးအစားကို ဖောက်ခွဲရင်း လမ်းစဉ်တိုက်ပွဲစပါတယ်။တတိယ နိုင်ငံတော်အာဏာ အမျိုးအစားက
၃။တော်လှန်သော လူတန်းစားတို့၏ နိုင်ငံတော်အာဏာ အမျိုးအစား ဆိုတာပဲဖြစ်ပါတယ်။
ဘယ်အပေါ်မှာ အခြေခံပြီး တတိယနိုင်ငံတော်အမျိုးအစားအဆိုတင်တယ်တော့ ရှင်းလင်းစွာမဖတ်ရပါဘူး။မြန်မာပြည် ပြည်တွင်းစစ်မှာ ဖိနှိပ်ခံလူမျိုးပေါင်းစုံက တော်လှန်နေကြလို့ တော်လှန်သောလူတန်းစားများ၏ နိုင်ငံတော်အာဏာ အမျိုးအစား လိုအပ်တယ်ဆိုတဲ့ အမြင်အပေါ်အခြေခံမယ်လို ယူဆပါတယ်။ စစ်အေးခေတ်အတွင်း အရင်းရှင်၊ကွန်မြူနစ် လွန်ဆွဲပွဲမှာအလုပ်သမားပါတီဆိုတာ တစ်နိုင်ငံမှာတစ်ခုပဲရှိရမယ်ဆိုတဲ့ မူရှိနိုင်ပါတယ်။ KNU က ဖဒိုမန်းရှားလာဖန်းတို့၊ဖဒိုစောသမိန်ထွန်းတို့ လူငယ်ဘဝက လိုက်ပါခဲ့တဲ တံခွန်နီ အရှေ့မြောက်ဒေသ မဟာမိတ်ခရီးစဉ်မှာ အဆိုပါအငြင်းပွားမှုကို ဖတ်ရပါတယ်။ KNU မဟာမိတ်သံကိုယ်စားလှယ်အဖွဲ့ ဗကပနဲ့ပန်ဆန်းမှာဆွေးနွေးကြတော့ ဖဒိုမန်းရှားလာဖန်းက စာတမ်းတင်ပါတယ်။
အချုပ်လို့ကောက်ယူလိုက်မိတာကတော့
၁။လူမျိုးစုအသီးသီးရဲ့ အလုပ်သမားပါတီများ ထူထောင်ဖို့
၂။မြန်မာပြည်အခြေအနေနဲ့တရုတ်ပြည်အခြေအနေ လူတန်းစားလက္ခဏာ ကွဲပြားမှု
၃။တရုတ်ပြည်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စနစ်နဲ့ မြန်မာပြည် မကိုက်ညီနိုင်မှု။
၄။လူမျိုးစုအသီးသီးရဲ့လွတ်မြောက်ရေးအတွက် လူမျိုးစု အလုပ်သမားပါတီအသီးသီးထူထောင် တော်လှန်ဖို့နဲ့
၅။အဆိုပါအခြေအနေပေါ်ကနေ ပြည်ထောင်တည်ဆောက်ဖို့လို့သဘောပေါက်မိပါတယ်။
အပြန်အလှန်ဆွေးနွေးရာမှာတော့ ဗကပ ဖက်က
၁။အလုပ်သမားပါတီဟာ တစ်ပါတီပဲရှိသင့်တယ်။
၂။လူမျိုးစုအသီးသီးက တိုးတက်တဲ့ပါတီတွေအနေနဲ့ပဲ ရှိသင့်တယ်။
၃။တစ်ခုတည်းသော အလုပ်သမားပါတီရဲ့ဦးဆောင်မှုအောက်မှာ တိုးတက်တဲ့လူမျိုးစုပါတီတွေ တပ်ပေါင်းစုဖွဲ့ တိုက်ကြမယ်လို့ သဘောပေါက်မိပါတယ်။
ယေဘူယျပြောရရင် တံခွန်နီ မဟာမိတ်ဖွဲ့စည်းရေးခရီးစဉ်ဟာ မပြေမလည်နဲ့ ပြီးဆုံးသွားပြီး ကချင် KIA ကို အလယ်အပတ်သွားကာ ပြီးဆုံးခဲ့တယ်လို့မြင်ရပါတယ်။
မြန်မာပြည် ပြည်တွင်းစစ်အစမှာ ဖဆပလနဲ့ဗိုလ်နေဝင်းစစ်အုပ်စုကို ဖောက်ပြန်တဲ့နယ်ချဲ့နောက်လိုက် အရင်းရှင်ကိုယ်စားလှယ်တွေလို့ သက်မှက်တာ ယေဘူယျလက္ခဏာတွေအရ မငြင်းသာပါဘူး။နောက်တော့ ဗိုလ်နေဝင်းစစ်အုပ်စုအာဏာသိမ်းပြီးနောက် ဖက်ဆစ်အရင်းရှင် ပုံပြောင်းသွားပါတယ်။ အစပိုင်းမှာပဲ လူမျိုးစုအသီးသီးရဲ့ တော်လှန်မှု့တွေကို အကဲဖြတ်ချက်တွေကလည်း လူတန်းစားလက္ခဏာနဲ့ကြည့်ရင် တစ်မျိုးမြင်မှာ သဘောတရားအရ လက္ခဏာနဲ့ကိုက်ညီမှာပါပဲ။အရှိန်မြင့်လာတဲ့ပြည်တွင်းစစ်နဲ့လူမျိုးစုံ တော်လှန်မှု့ကနေ ဖွင့်ဆိုပုံပြောင်းလဲလာခြင်းဖြစ်ပါတယ်။မဟာဒေဝီသို့ ပေးစာနဲ့လည်း တောင်းပန်ခဲ့တယ်လို့ စာအုပ်စာတမ်းအရ ဖတ်မှတ်ရပါတယ်။
မြန်မာပြည် လူမျိုးစုပြဿနာကို ယခင်က ချဉ်းကပ်ပုံ များနဲ့ ယခုချဉ်းကပ်ကြပုံများကို နှိုင်းယှဉ်ဖို့လို့မယ်ထင်ပါတယ်။ယခင်ချဉ်းကပ်ပုံများနဲ့ယခုချဉ်းကပ်ပုံ စကားလုံးတွေ၊ပုံသဏ္ဍန်တွေသာကွဲပြီး အတွင်းသဘော အနှစ်သာရမကွဲရင် အရင်လိုပဲ မုန့်လုံးစက္ကူကပ် ဖြစ်နေဦးမယ်မြင်မိပါတယ်။ မြန်မာပြည်ကို ဘယ်လိုဖွဲ့စည်း တည်ဆောက်မလဲ ပြဿနာနဲ့အတူ မြန်မာပြည်နိုင်ငံတော်အာဏာကို ဘယ်လိုခွဲဝေ အုပ်စိုးကြမလဲပြဿနာ နှစ်ခုက အတူလဲရှိနေပြီး၊တစ်ပြိုင်နက်ထဲရှင်းရမယ့် အခြေအနေရောက်လာပြီဖြစ်ပါတယ်။ ဘယ်ဟာကို အရင်ဖြေရှင်ရမလဲ ၊တစ်ပြိုင်နက် ဖြေရှင်းမှပြေလည်မလား စသဖြင့် မေးခွန်းများက ဗျာများနေကြပုံရပါတယ်။ပြသနာက ခေါင်းနဲ့ပန်းလို နှစ်ခုပေါင်းတစ်ခုလို့မြင်မိပါတယ်။ ပြည်ထောင်စုပြသနာနဲ့ပက်သက်လို့ နွေဦးတော်လှန်ရေး ၄နှစ်ကျော်၊၂၀၁၂ NCA လောက်ကစတွက်၊၂၀၁၅ ပင်လုံညီလာခံ ၊သမိုင်းတစ်လျှောက်ပါတွက်ရင် ပထမအကြိမ်ပင်လုံက စတွက်ရင် လွတ်လပ်ရေးနဲ့အပြိုင်ပါပဲ။ကြာခဲ့ပြီဆိုတာ သတိပြု့ကြဖို့ပါ။
ပြည်ထောင်စုဖွဲ့စည်းပုံ တွေနဲ့ပက်သက်လို့ သခင်စိုးရဲ့ လူမျိုးစုံအလုပ်သမားပါတီများရဲ့ လွတ်မြောက်တဲ့ အမျိုးသားသမ္မတနိုင်ငံများ စုစည်းပြီး ဆိုဗီယက်ပြည်ထောင်စုလိုဖွဲ့စည်းဖို့ ဆိုတဲ့မူက အခု ကွန်ဖက်ဒရေးရှင်းဆိုတာတွေထက်တောင် ရက်ဒီကယ်ကျသေးတယ်ထင်ပါတယ်။တရုတ်လိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်၊ဒေသများဆိုတာထက်တော့ ခံသာနေပါတယ်။လက်တွေ့အားဖြင့် ဆိုဗီယက်ရဲ့သမိုင်းရေးဖြစ်ပေါ်မှုနဲ့မြန်မာသမိုင်းရေးဖြစ်ပေါ်မှုမတူလို့ လက်တွေ့ ဖြစ်ဖို့ခက်တယ်လို့ မြင်မိပါတယ်။ ယခုနောက်ဆုံးစစ်ရေး၊နိုင်ငံရေး၊နိုင်ငံတစ်ကာအခြေအနေများအရ ချဉ်းကပ်ပုံအသစ်လိုလာပြီလို့မြင်မိပါတယ်။ယခုဘက်အသီးသီးက ဦးဆောင်နေသူအများစုဟာ ဗိုလ်နေဝင်းရဲ့ ၁၉၇၄ အခြေခံဥပဒေနဲ့ ပြည်နယ်နဲ့တိုင်း မြေပုံတွေကို အခုအခံအစွဲအလန်းဖြစ်နေတယ်လို့မြင်မိပါတယ်။၂၀၀၈ ခြေဥ ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများပိုလာတာကလွဲလို ပြည်နယ်၊တိုင်းဖွဲ့စည်းပုံနဲ့ မြေပုံက အတူတူပါပဲ။
အခုတော်လှန်ရေးအဖွဲ့တွေ ရေးဆွဲနေတဲ့ ပြည်နယ်၊တိုင်း ဖွဲ့စည်းပုံနဲ့ မြေပုံ တွေကတော့ အများပြည်သူ သိရှိနိုင်အောင် ချပြတဲ့အဆင့်မရောက်သေးလို့ “ဆင်စွယ်နန်းတော်ပေါ်က ယိုးဒယားတီးလုံးသံ” လို့ပဲ ပြည်သူက ကြားမိသလိုလို၊မကြားမိသလိုလိုဖြစ်နေကြဦးမှာဖြစ်ပါတယ်။ပြည်နယ်နဲ့တိုင်းစကားလုံးအဆင့်အတန်းကစ ပြန်ငြင်းခုန်ကြဦးမလားလဲမသိသေးပါဘူး။ ချဉ်းကပ်ပုံကို ယူနီယံအစား၊ယူနိုက်တက်လို့ ပြောင်းလဲချဉ်းကပ်ရင်ဆိုတဲ့ အဆိုပြုချက်ထုတ်ကြည့်ပါတယ်။ယူနိုက်တက်ကင်းဒန်း၊ယူနိုက်တက် စတိတ်အော့ အမေရိကား၊ယူအေအီး စသဖြင့် ယူနိုက်တက်စုဖွဲ့မှု့မျိုးဖြစ်ပါတယ်။ယခင်က အင်္ဂလန်ဒေသလေးကနေ ဝေးလ်နဲ့ပေါင်းပြီးဂရိပ်ဗြိတိန်၊ထိုမှစကော့ရှ်တလန်၊အိုင်ယာလန်တို့နဲ့ပေါင်းပြီး ယူနိုက်တက်ကင်းဒန်းဖြစ်လာတဲ့ချဉ်းကပ်မှုမျိုးပါ။ ကိုယ့်အင်၊ကိုယ့်အားနဲ့ ဘုံအကျိုးစီးပွားပေါ်မှာ ပေါင်းကြတာပါပဲ။စော်ဘွားပေါက်စတွေ၊ရှိတ်တွေစုပြီး ယူအေအီး ကြသလိုပါပဲ။ အမေရိကန်သမိုင်းအရလည်း ကိုယ့်ပြည်နယ် ကိုယ်ကာကွယ် အမျိုးသားလုံခြုံရေးအဖွဲ့များကနေ ပထမနဲ့ဒုတိယကမ္ဘာစစ်အတွင်းမှ ပြည်ထောင်စုစစ်တပ်အခိုင်အမာ ပေါ်ထွက်လာတာပါပဲ။
ယူနိုက်တက်အယူအဆနဲ့ မျှခြေအသစ်ကို စဉ်းစားတာမျိုးပါ။ယူနိုက်တက်စတိတ်အော့ဖ် မြန်မာ/ဗားမား စသဖြင့် ရွေးကြလို့ရပါတယ်။ကုလသမဂ္ဂမှာ ယူနီယံအော့မြန်မာ/ဗားမားနဲ့ စာရင်းဝင်ထားလို့ပါ။ဗိုလ်ချုပ်အောင်ဆန်း မူနဲ့ ကြယ်တွေ သက်မှက်ပေးလိုက်လည်း အလံတစ်ခုထဲမှာပဲ ကြယ်တွေတိုးမှာပါပဲ။ရဲဘော်ဗိုလ်ကြင်မောင်ရဲ့ ပြည်ချစ်ဝါဒ အရ မြေကြီးမြေပုံတည်မြဲရေးအတွက် ကြယ်အရေအတွက် နည်းဗျူဟာအရ အလျော့အတင်းလုပ်တာပါ။ မဟာဗျူဟာအရ -စစ်အာဏာရှင်စနစ်အပြီးဖြတ်နိုင်ပါလိမ့်မယ်။-အနာဂါတ် တည်ငြိမ်ဖွံ့ဖြိုးရေး လမ်းပွင့်သွားပါမယ်။-နိုင်ငံတစ်ကာ ခြေရှုတ်မှုတွေကို ဖြတ်တောက်နိုင်ပါမယ်။လို့ အကောင်းဖက်က ယူဆမိပါတယ်။
-၇၄ ဗိုလ်နေဝင်း စစ်အုပ်စုအမွေ မြေပုံနဲ့အရွယ်တူ ကြယ်ဖြူ ၁၄ လုံး အရိုးစွဲမှုကို ဖြောက်ဖျက်ပြီး နောက်ထပ် ကြယ်ဘယ်လောက်များများ (အမေရိကန်လိုပြည်နယ်ကြီးပဲ) ခွင့်ပြု့ဖို့ အားလုံးချဉ်းကပ်ကြည့်ကြမလား ။
-လက်ရှိ့ စစ်ရေး၊နိုင်ငံရေးအခြေအနေအရ တော်လှန်သော လူတန်းစားတို့၏ နိုင်ငံတော် အာဏာ အမျိုးအစား ကို ပုံစံပြုကြမလား။
ဆိုတဲ့ နိုင်ငံတည်ဆောက်ပုံပြသနာနဲ့နိုင်ငံတော်အာဏာပြသနာ ချဉ်းကပ်မှုဖြစ်ပါတယ်။
တရုတ်ပြည်တော်လှန်ရေးကာလအတွင်းက မော်စီတုန်းက တော်လှန်ရေး နှစ်ဆင့်အယူအဆကို တင်သွင်းခဲ့ပါတယ်။တော်လှန်ရေးရဲ့နောက်ဆုံးဦးတည်ချက်က “ပြည့်သူ့ဒီမိုကရေစီ ပန်းတိုင်”ဖြစ်ပါတယ်။ခရီးလမ်းမှာ မဟာမိတ်အားလုံးပါဝင်နိုင်တဲ့၊လက်တွဲတော်လှန်ပြီး အတူတစ်ကွ တည်ဆောက်ကြမယ့် “ဒီမိုကရေစီသစ်” အဆင့်ကို့ အရင်ဆင်နွဲဖို့ဖြစ်ပါတယ်။လက်ဝဲကဦးဆောင်ချမှတ်လို့ တရုတ်ကွန်မြူနစ်ပါတီကဦးဆောင်တဲ့ပါတီစုံပါဝင်တဲ့ ဒီမိုကရေစီစနစ်ဖြစ်နေမှာဖြစ်ပါတယ်။ မြန်မာပြည်ယနေ့လက်ရှိအခြေအနေကနေ အနာဂါတ် ကို ပုံဖော်တည်ဆောက်ကြတဲ့အခါ “တော်လှန်ရေး အဆင့်နှစ်ဆင့်မူ “ကို စဉ်းစားရန်သင့်မသင့်ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဲပြောပြော၊ဒီမိုကရေစီဖက်ဒရယ်ပဲဆိုဆို “ဝ ရှိ့မှ ဝိ လုပ်နိုင်မှာ”ဖြစ်ပါတယ်။ ဝ မရှိပဲ ဝိ လုပ်ရင်လည်း မြင်ကြမှာပါပဲ။မြန်မာပြည်တော်လှန်ရေးမှာတော်လှန်ရေး နှစ်ဆင့်အယူအဆကို စဉ်းစားရင် ဘယ်အဆင့်တွေလည်းလို့ မေးခွန်းရှိလာမှာပါပဲ။ကာယကံရှင်တွေ ချမှတ်ရမယ့်ကိစ္စဖြစ်ပါတယ်။စိတ်ကူးကောင်းကောင်းနဲ့ ဘယ်လိုပဲချမှတ်ကြသည်ဖြစ်စေ စစ်အာဏာရှင်စနစ် ဆိုတဲ့ ဆက်ထုံးကို အရင်ဖြေပြီးမှခရီးဆက်လို့ရကြမှာပါ။
ဒါပေမယ့် သဘောတရားမရှိရင် မျက်မမြင်လမ်းလျောက်သလိုဖြစ်နေမှာဖြစ်ပြီး၊လက်တွေ့မရှိပြန်ရင်လည်း ခြေကျိုးလမ်းလျောက်တာနဲ့တူနေမှာဆိုတဲ့ ပြောစကားလိုပါပဲအကန်းလမ်းလျောက်နဲ့ အကျိုးလမ်းလျောက်မဖြစ်ဖို့ပါဘဲ။ ဘယ်လို အဆင့်နဲ့သွားမယ်ဆိုတာ လက်တွေ့ရှိနေတဲ့အခြေအနေပေါ်မှာပဲ အခြေခံရမယ်ထင်ပါတယ်။လက်ရှိအခြေအနေပေါ်ကနေ ဘယ်လို အဆင့်သွားမယ်ဆိုတဲ့သဘောတရားချမှတ်ကြရမယ်ထင်ပါတယ်။ချမှတ်ထားတဲ့ အဆင့်သဘောတရားတွေကို လက်တွေ့မြေပြင်မှာ ချပြီးအကောင်အထည်ဖော်ကြည့်ရမှာပါပဲ။လက်တွေ့မှာအလုပ်မဖြစ်ရင်လည်း တစ်စိတ်တစ်ပိုင်းပြင်ရ ၊တစ်ခုလုံးပြင်ရတာရှိနိုင်ပါတယ်။လက်တွေ့မှာအလုပ်ဖြစ်ရင် ထပ်ကောင်းတဲ့အဆင့်၊သဘောတရားတွေထပ်ထုတ်ရင်းနဲ့ ကြောင်လိမ်လှေကားလို တစ်ဆင့်စီတိုးတက်လာမှာပါပဲဖြစ်ပါတယ်။ တရားသေဆန်လွန်တာတွေဆုတ်ကိုင်ပြီး မြေပြင်လက်တွေ့နဲ့ မကိုက်ညီဖူး၊အလုပ်မဖြစ်ဘူးဆိုရင် အထင်သေးခံရတာပဲ အဖတ်တင်မှာဖြစ်ပါတယ်။ အခုက တိုင်းရင်းသားတွေက နယ်မြေတွေသိမ်းပိုက်ထိမ်းချုပ်မှုရှိနေပါတယ်။လက်နက်၊လူ၊နယ်မြေ၊နိုင်ငံရေးယန္တယားရှိထားကြပြီးဖြစ်ပါတယ်။ဒါကို အခြေခံယူဆချက်ထဲမထည့်ရင် မဖြစ်ဘူးလို့မြင်ပါတယ် ။ နိုင်ငံတော်အာဏာနဲ့နိုင်ငံတော်ဖွဲ့စည်းပုံမှာ အသစ်စဉ်းစားဖို့ပါပဲ။
ပြီးခဲ့တဲ့လကုန်ပိုင်း လောက်က မအလ၊စကစ က ရေကြောင်း၊လေကြောင်းရဲညွန့်တွေနဲ့တွေ့တဲ့ပွဲမှာ ၂၀၀၈ အခြေခံဥပဒေနဲ့ထိမ်းထားတဲ့ “ဟန်ချက်” မျှခြေ ပျက်သွားတယ်လို့ပြောတာ ထူးခြားပါတယ်။သတိပြု့ဖို့လိုမယ်ထင်ပါတယ်။ စစ်အုပ်စုရဲ့ ၂၀၀၈ ဟန်ချက်ဆိုတာ၊၇၄ ဟန်ချက်၊၆၂ အာဏာသိမ်းပြီးဟန်ချက်နဲ့အင်းစိန်တိုက်ပွဲ ပြည်တွင်းစစ်အစကထဲက “ဟန်ချက်”ဆိုတာကိုမမေ့ဖို့လိုမယ်ထင်ပါတယ်။အင်းစိန်တိုက်ပွဲနဲ့ရန်ကုန် ၆မိုင် ဦးနု အစိုးရကို အိန္ဒိယက ကူညီလို့ စစ်အုပ်စု ပြန်စိုးမိုးနိုင်တာလို့ပဲ ယေဘူယျ ရေးသားကြပါတယ်။ ရောဘတ်တေလာရဲ့ ဗိုလ်နေဝင်း စာအုပ်မှာတော့ “ဗမာပြည်ကို ကူညီတာ ဗြိတိသျှ ကွန်မွန်းဝဲလ်(ဓနသဟာရနိုင်ငံများ)ကိုယ်စား အိန္ဒိယက ကူညီရတဲ့ သဘောရေးပါတယ်”။ဗမာပြည်က တရုတ်နဲ့နယ်နမိတ်ရှည်လျားတဲ့အတွက် ဗြိတိသျှ ဓနသဟာရထဲ မဝင်ပဲ ကြားနေရေးပေါ်လစီကို ကျင့်သုံးခဲ့ရတာလို့ဖတ်မှတ်ခဲ့ရပါတယ်။ဓနသဟာရ ဖက်ကလဲ တိုက်ရိုက်ကူလို့အစဉ်မပြေလို့ အိန္ဒိယကနေ တစ်ဆင့်ကူညီရပါတယ်။ ဟန်ချက်က ဟို ပု၊ပင်း၊အင်း၊ဘောင် ခေတ်ကထဲကနေ ဗြိတိသျှဗားမားခေတ်ကနေ ဗိုလ်နေဝင်းနဲ့စစ်အုပ်စုတွေခေတ် ယနေ့အထိ့ ဗဟိုဗားမားကို ဗဟိုပြုပြီး ကျန်တဲ့လူမျိုးစုတွေနဲ့ ဟန်ချက်ထိမ်းထားတဲ့ သဘောလို့ ရောဘတ်တေလာရဲ့ စတိတ်အင်မြန်မာကို ဖတ်ရှု့နားလည်ရပါတယ်။အဲ့ဒီဗဟိုချက်ကို စစ်တပ်လက်ထဲအပ်လိုက်တာလည်း စစ်အေးခေတ်ရဲ့ ကံဆိုးမှုဖြစ်ခဲ့ပါတယ်။
၇၄၊၂၀၀၈ စသဖြင့် ခြေဥ ရှိရှိ၊မရှိရှိ ဒီဟန်ချက်ပါပဲ။စစ်အာဏာရှင်ဗဟိုပြု ဗဟိုဗားမားနဲ့အပစ်အခတ်ရပ်ဆဲရေးလုပ်လိုက်၊ပြန်တိုက်လိုက် လူမျိုးစုများပါပဲ။ ယနေ့တော့ အညာဗဟိုချက်ဒေသအပါအဝင်၊တစ်နိုင်လုံး တော်လှန်နေကြလို့ သူတို့ ဟန်ချက်ပျက်သွားပြီ ပြောတယ်လို့မြင်မိပါတယ်။သူတို့ဖက်က ဟန်ချက်အဟောင်းပျက်တာကို ဝန်ခံတယ်သဘောဆိုရင်”ဟန်ချက်အသစ်”စဉ်းစားချက်ရှိနိုင်ပါတယ်။ ဘယ်သူတွေနဲ့ဘာတွေ စကားပြောနေတယ်ဆိုတာ သိလည်းမသိနိုင်သလို၊သိနိုင်ဖို့လည်း ခက်ခဲပါတယ်။ပေါ်လာမှသာ သိနိုင်တဲ့အမျိုးဖြစ်မှာပါ။ ရဲဘော်ဗိုလ်ကြင်မောင်က နိုင်ငံရေးလက်ဦးမှုကို မစွန့်လွတ်ဖို့နဲ့လက်ဦးမှုမမဲ့စေဖို့ ၂၀၀၁ ပြည်ချစ်ဝါဒကထဲက သတိအကြိမ်ကြိမ်ပေးခဲ့ပါတယ်။
၁။တစ်ပြည်လုံးတော်လှန်တိုက်ခိုက်နေတာ လက်ဦးမှုပါပဲ။
၂။ဗဟိုချက်မဒေသ(အညာ) တော်လှန်နေတာ လက်ဦးမှုပါပဲ။
၃။၂၀၂၀ ရွေးကောက်ပွဲရလာဒ်ဟာ လက်ဦးမှုပါပဲ။ (မကြိုက်သူများမယ့် အဆိုပြု့ချက်ပါ။)
ပြည်သူပေးထားတဲ့”မဲ” ဖြစ်လို့ပါ။ကျန်တဲ့ လက်ဦးမှုတွေအများကြီးရှိဦးမှာဖြစ်ပါတယ်။ အခု စစ်အုပ်စုက ဟန်ချက်အဟောင်းပျက်ကြောင်း ဝန်ခံလာပါတယ်။ဟန်ချက် အသစ် နဲ့ လက်ဦးမှု ယူဖို့ လမ်းကြောင်းတာလဲဖြစ်နိုင်ပါတယ်။ရွေးကောက်ပွဲတို့၊ခြေဥ ပြင်ပေးမယ်တို့ ဆိုတာတွေက မက်လုံးတွေနဲ့ ကြမ်းခင်းဈေးခေါ်နေတယ်မြင်ပါတယ်။ တော်လှန်ရေးဖက်က လက်ဦးမှုကို ဆက်လက်ဆုတ်ကိုင်ဖို့ ချဉ်းကပ်မှု အသစ် စသင့်ပြီလို့မြင်ပါတယ်။စစ်တပ်အမွေခံ ၇၄ ခြေဥနဲ့မြေပုံ အစွဲအလမ်းကိုစစ်တပ်က လွတ်ချလိုက်ပြီး ဟန်ချက်သစ်အဆိုပြုလိုက်ကာမှကိုယ်ဖက်က “ဟန်ချက်အသစ်””မျှခြေအသစ်”အဆိုမပြုနိုင်ပဲ၊၇၄ ခြေဥနဲ့မြေပုံအပေါ် စွဲလမ်းနေပြီး လက်ဦးမှုမမဲ့စေလိုပါ။ နိုင်ငံတော်အာဏာပြဿနာကို အရင်ဖြေရှင်းပြီးမှ နိုင်ငံတော်တည်ဆောက်ပုံပြဿနာ ဖြေရှင်းနိုင်မယ်ထင်ပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်ကတော့”အခြေခံဥပဒေဆိုတာ အောင်ပွဲရသူတို့၏ အောင်မြင်ပြီးနောက် သရဖူဆောင်းသည့် အလုပ်သာဖြစ်သည်” ဆိုတဲ့ ယုတ္တိဗေဒဟာ ကမ္ဘာ့သမိုင်း၊မြန်မာ့သမိုင်း လက်တွေ့ များအပေါ်ကနေ တည်ဆောက်ထားတာဖြစ်ပါတယ်။
စိမ်းမောင်
မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်ပါသည်။
ကိုးကား။ ၁။ကရင်တော်လှန်ရေး ဒုတိယလမ်းစဉ်။
၂။မြန်မာနိုင်ငံရှိ့ နိုင်ငံတာ်နှင့် လူ့ဘောင်အဖွဲ့အစည်း။ရောဘတ်တေလာ။
၃။ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံရးအတ္ထုပ္ပတ္တိ၊ရောဘတ်တေလာ။
၄။သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ။