မြန်မာစစ်တပ်က တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်နေရာကို အစားထိုးမှာလား

၁၉၉၂ ခုနှစ်တွင် အာဏာရခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၎င်း၏ ရှေ့မှနောင်တော် ဗိုလ်ချုပ်ကြီး စောမောင်တို့ လက်ထက်တွင် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး မှတ်တမ်းဆိုးများကြောင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် အထီးကျန် ဖြစ်ခဲ့ရသည်။ ၁၉၈၈ ခုနှစ် နဝတ ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူချိန်တွင် ထောင်နှင့်ချီတဲ့ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ ပစ်သတ်ခံခဲ့ရသည်။၎င်း၏အမည်သစ်ရှိသော်လည်း၊ အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများနှင့် သပိတ်မှောက်မှုများ စတင်ပြုလုပ်နေချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏တစ်ခုတည်းသော နိုင်ငံခြားမိတ်ဆွေဖြစ်ခဲ့ပြီး စစ်အစိုးရက ယခင်အတိုင်းပင်ဖိနှိပ်ချုပ်ချယ်ထားဆဲဖြစ်သည်။ သို့သော် တရုတ်အပေါ် မှီခိုအားထားမှုကြောင့်တရုတ်ကအလွန်အမင်းသြဇာ လွှမ်းမိုးလာကာ ၎င်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လုပ်ဆောင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောပေါက်ခဲ့သည်။ ပြင်ပကမ္ဘာက အတုအယောင်မသမာမှုအဖြစ် ပယ်ချခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအပြီး ၂၀၀၈ ခုနှစ်တွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အတည်ပြုခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး စစ်တပ်၏ ကိုယ်ပိုင် ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အပြတ်အသတ် အနိုင်ရခဲ့သည်။ ထိုအချိန်က အသက် ၇၈ နှစ်ရှိပြီဖြစ်သောသန်းရွှေသည် အငြိမ်းစားယူဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်းဗိုလ်ချုပ်ကြီးနေဝင်းနှင့်ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ကဲ့သို့အရှက်တကွဲအဖြစ်မျိုးကိုသူကမကြုံစေချင်ပါ၊ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး ၂၀၀၂ ဒီဇင်ဘာတွင် ကွယ်လွန်ခဲ့သည်။

ဇွန်လ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဒီမိုကရေစီလိုလားသော အင်အားစုများအတွက် သူသည် ၎င်း၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချသည့် ရက်စက်ကြမ်းကြုတ်သော အာဏာရှင်တစ်ဦးဖြစ်ပြီး ခုခံထိန်းချုပ်ထားသော နယ်မြေများသို့ ဗုံးကြဲရန်အတွက်လေယာဉ်များ စေလွှတ်ရန် တုံ့ဆိုင်းခြင်းမရှိသော အာဏာငတ်မွတ်ခေါင်းပါးသူဖြစ်သည်။ မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားသည့် မြို့ရွာများပင် မလွတ်ကင်းခဲ့ပေ။ ယုံကြည်ရန် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်များ” ရှိသောကြောင့် ဟိဂ်မြို့ရှိ နိုင်ငံတကာ ရာဇ၀တ်တရားရုံးကသူ့အားဖမ်းဝရမ်းထုတ်ရန်အတွက်မေတ္တရပ်ခဲ့ပြီးနိုင်ငံ၏ ရိုဟင်ဂျာ မူဆလင် လူနည်းစုကို ပြည်နှင်ဒဏ်ပေးမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများအတွက် ရာဇ၀တ်မှုဆိုင်ရာ တာဝန်ရှိသည်ဟု ခံယူထားသောကြောင့် ဖြစ်သည်။ လွန်ခဲ့သည့် လေးနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌအဖြစ် အုပ်ချုပ်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာတွင်ဂုဏ်သိက္ခာကို မရနိုင်ဘဲယုတ်မာရက်စက်သူအဖြစ် ပြည်တွင်း၌သာမက ပြည်ပရောက် မြန်မာနိုင်ငံသားများပါ မုန်းတီးနေဆဲဖြစ်သည်။

သို့သော် မြန်မာစစ်တပ်ရှိ ၎င်း၏ အပေါင်းအဖော် အများစုက မင်းအောင်လှိုင်သည် အားနည်းလွန်းပြီး မဆုံးဖြတ်နိုင်သူဟု ယုံကြည်ကြသည်။ တပ်မတော်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ တိုင်းရင်းသားများနှင့် နိုင်ငံရေး တော်လှန်ရေးများကို ချေမှုန်းနိုင်ခြင်း မရှိခြင်းကြောင့် အခြားစစ်ဗိုလ်ချုပ်များ မကျေနပ်မှုများ ရှိနေသည်။ ထို့ကြောင့် ပိုပြင်းထန်​သောလက် လိုအပ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖြုတ်ချ၍မရပါ အဘယ့်ကြောင့်ဟုဆိုလျင် နောက်ဆုံးအချက်အရစစ်တပ်ကပြသချင်သည်မှာ ယင်းတို့အချင်းချင်းကွဲနေသည်ဟူသောကြောင့်ဖြစ်သည်။ သို့သော် ၎င်းသည် ဘေးသို့တွန်းပို့ခံရနိုင်ပြီး၊ စစ်တပ်မှနုတ်ထွက်ရန် တောင်းဆိုကာ လာမည့်အထွေထွေရွေးကောက်ပွဲများအပြီးတွင် အရပ်သားသမ္မတရာထူးကို ပေးအပ်ခံရနိုင်သည်။ SAC က ရွေးကောက်ပွဲကိုယခုနှစ်ကုန် သို့မဟုတ် လာမည့်အစောပိုင်းတွင် ကျင်းပမည်ဟု ပြောကြားထားသည်။ မည်မျှပင် ချို့ယွင်းချက်ရှိစေကာမူ အဆိုပါ ရွေးကောက်ပွဲများသည် တပ်မတော်အား ဒေသတွင်း အခြေအနေတစ်ရပ်တွင် ကြိုးပမ်းနေသော တရားဝင်မှုကို ပေးအပ်မည်ဖြစ်သည်။ မင်းအောင်လှိုင်နံမည်ကြီးလာပြီးထိပ်တန်းရောက်လာရခြင်းမှာ ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ(နအဖ) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ ဥက္ကဋ္ဌဟောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအငြိမ်းစားယူဖို့ ဆုံးဖြတ်လိုက်ပြီး ဖွဲ့စည်းပုံအခြေခံသည့် အစိုးရပုံစံကို ခွင့်ပြုပေးလိုက်၍ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် အာဏာရခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၎င်း၏ ရှေ့မှနောင်တော် ဗိုလ်ချုပ်ကြီး စောမောင်တို့ လက်ထက်တွင် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး မှတ်တမ်းဆိုးများကြောင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် အထီးကျန် ဖြစ်ခဲ့ရသည်။ ၁၉၈၈ ခုနှစ် နဝတ ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူချိန်တွင် ထောင်နှင့်ချီတဲ့ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ ပစ်သတ်ခံခဲ့ရသည်။၎င်း၏အမည်သစ်ရှိသော်လည်း၊ အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများနှင့် သပိတ်မှောက်မှုများ စတင်ပြုလုပ်နေချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏တစ်ခုတည်းသော နိုင်ငံခြားမိတ်ဆွေဖြစ်ခဲ့ပြီး စစ်အစိုးရက ယခင်အတိုင်းပင်ဖိနှိပ်ချုပ်ချယ်ထားဆဲဖြစ်သည်။ သို့သော် တရုတ်အပေါ် မှီခိုအားထားမှုကြောင့်တရုတ်ကအလွန်အမင်းသြဇာ လွှမ်းမိုးလာကာ ၎င်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လုပ်ဆောင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောပေါက်ခဲ့သည်။ ပြင်ပကမ္ဘာက အတုအယောင်မသမာမှုအဖြစ် ပယ်ချခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအပြီး ၂၀၀၈ ခုနှစ်တွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အတည်ပြုခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး စစ်တပ်၏ ကိုယ်ပိုင် ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အပြတ်အသတ် အနိုင်ရခဲ့သည်။ ထိုအချိန်က အသက် ၇၈ နှစ်ရှိပြီဖြစ်သောသန်းရွှေသည် အငြိမ်းစားယူဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်းဗိုလ်ချုပ်ကြီးနေဝင်းနှင့်ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ကဲ့သို့အရှက်တကွဲအဖြစ်မျိုးကိုသူကမကြုံစေချင်ပါ၊ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး ၂၀၀၂ ဒီဇင်ဘာတွင် ကွယ်လွန်ခဲ့သည်။

၎င်း၏ ဈာပနကို စစ်အာဏာပိုင်များက မကြေညာဘဲ အရာရှိ အနည်းငယ်သာ တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၈၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ နဝတ အကြီးအကဲ စောမောင် သည် စိတ်ကျန်းမာရေး ယိုယွင်းလာသောကြောင့်ဆင်ခြင်တုံတရားမဲ့စွာ ပြုမူလာခဲ့သဖြင့်ရာထူးမှ ဆင်းပေးရန် အမိန့်ပေးခံခဲ့ရသည်။ အသက် ၆၈ နှစ်အရွယ် ၁၉၉၇ ခုနှစ် ဇူလိုင်လတွင်နှလုံးရောဂါကြောင့် မထင်မရှား ကွယ်လွန်ခဲ့သည်။သူ့အမွေနှင့် သူ့မိသားစု၏ အနာဂတ်လုံခြုံမှုကို အာမခံရန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တဦးတည်းမှ မဟုတ်ဘဲ ဆက်ခံသူ သုံးဦးကို ခန့်အပ်ခဲ့သည်။ နအဖ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး သိန်းစိန်သည် တပ်မတော်မှ နှုတ်ထွက်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် သမ္မတသစ် ဖြစ်လာခဲ့သည်။ ထိုနေ့မှာပင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အခြားသောအကြီးတန်း အရာရှိ အများအပြား ကိုကျော်ကာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ အသစ်ရွေးကောက်တင်မြှောက်ခံထားရသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးကို ဗိုလ်ချုပ်ကြီးရွှေမန်းထံ လွှဲအပ်ခဲ့သည်။သူသည်အသက်ကြီးပြီး အတွေ့အကြုံပိုရှိသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယုံကြည်စိတ်ချရသောသူတစ်ဦးဖြစ်ပြီး ၎င်းသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ၎င်းနောက် ၂၀၁၁တွင်ပင်အငြိမ်းစားယူခဲ့သူဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နောက် တတိယမြောက် အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။

၂၀၁၃ ခုနှစ် မေလတွင် ဦးရွှေမန်းသည် ကြံ့ဖွံ့ပါတီ၏ ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိန်နေရာတွင်အစားဝင်ခဲ့ပြီး လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီးတွင် သမ္မတအဖြစ် ခန့်အပ်ခံရရန်ပြင်ဆင်ထားသူဖြစ်သည်။ ထို့နောက်တွင်တကယ့်အံ့သြစရာများပေါ်လာခဲ့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်လာပြီး ဒီမိုကရေစီ လိုလားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများကို အစိုးရမဟုတ်သည့်အဖွဲ့အစည်းများကဲ့သို့ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းလွတ်လပ်ခွင့်ကို မိတ်ဆက်ခဲ့ပြီး နာမည်ပျက်စာရင်းသွင်းထားသော နိုင်ငံခြား သတင်းထောက်များကိုပင် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။
ယင်းလုပ်ရပ်များသည်အလုပ်ဖြစ်ခဲ့ပြီး နေ့ချင်းညချင်းနီးပါး မြန်မာနိုင်ငံသည် နိုင်ငံတကာ အပယ်ခံအဖြစ်မှ အနောက်ကမ္ဘာ၏ ချစ်လှစွာသော နိုင်ငံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ အနောက်နိုင်ငံများမှ ခေါင်းဆောင်များသည် မြန်မာနိုင်ငံသို့ သွားရောက်ကာ ထူးထူးခြားခြား အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး တရုတ်နိုင်ငံသည် အရှုံးပေါ်နေပုံရသည်။အစပိုင်းတွင်တော့ အားလုံးက အစီအစဉ်အတိုင်း သွားနေပုံရသည်။ သို့သော် ဦးသိန်းစိန်သည် ထိုအချိန်က ပြည်ပလေ့လာသူအချို့က ရေးသားခဲ့သည့်အတိုင်း အမှီအခိုကင်းစွာ လုပ်ဆောင်ခဲ့သော မြန်မာဂေါ်ဘာချော့ဗ်မဟုတ်ခဲ့ပါ။

၂၀၀၈ လူထုဆန္ဒခံယူပွဲနှင့်၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ့၏အရင်းနှီးဆုံး အပေါင်းအပါများ ရေးဆွဲထားသည့် မဟာစီမံချက်ကို ရိုးရိုးရှင်းရှင်းပဲ လိုက်နာခဲ့ခြင်းဖြစ်သည်။ လာမည့်နိုဝင်ဘာလ ရွေးကောက်ပွဲတွင် တိုင်းပြည်ကို ကာကွယ်မည့်ကိုယ်စားလှယ်လောင်းများကို မဲပေးကြဖို့ ဦးသိန်းစိန်က ဆိုခဲ့ပြီးနယ်မြေ၊ လူမျိုးရေး၊ ဘာသာရေး ခြိမ်းခြောက်မှုများ တိုးလာနေသည်ဟုလည်းပြောပြီး စစ်တပ်၏မူဝါဒများကို ထောက်ခံသည့်အနေနှင့်၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင်သူ၏ဇာတိရုပ်ကို ပြသခဲ့သည်။ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ဦးသိန်းစိန်သည် စစ်တပ်သတင်းပေးဟု သံသယဖြင့် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သော ကြံ့ဖွံ့ပါတီဝင်များ၏ မိသားစုဝင်များအား လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော စစ်တပ်နှင့်ရဲများ၏ သေနတ်နှင့် ပစ်သတ်ခံခဲ့ရသော မိသားစုများအား သူမလှူဒန်းသည်ကိုပြောစရာပင်မလိုအပ်ပါ။ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ပွင့်လင်းမြင်သာမှုကာလအတွင်း ဖြစ်ပျက်ခဲ့သည့်အရာသည် ထိုအချိန်က နိုင်ငံခြားလေ့လာသူအများအပြား ယုံကြည်ထားသည့် “ဒီမိုကရေစီအသွင်ကူးပြောင်းမှု” ၏အစဟု မည်သည့်အခါမှ မဆိုလိုပါ။ သို့သော် မြန်မာစစ်တပ်က လုံးဝနားမလည်သည့် မြန်မာ့လူ့အဖွဲ့အစည်း၏ အင်အားနှင့် ကျယ်ပြောသော အသွင်ကူးပြောင်းမှုတစ်ခု ရှိခဲ့သည်။မြန်မာလူထုသည်ယခင်ကမခံစားဖူးသောလွတ်လပ်မှုများကို ကျင့်သားရလာကြသည်။ NLD ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ်နှင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် NLD ကို တခဲနက် မဲပေးခဲ့ကြသည်။

“သူ့တပ်တွေကို လူသတ်မှု၊ မုဒိမ်းမှုနဲ့ မီးရှို့မှုတွေ စွပ်စွဲမှုတွေ ရှိပေမဲ့ မင်းအောင်လှိုင်က ဆက်တက်လာပြီး ၂၀၁၀ သြဂုတ်လမှာ ပူးတွဲ စစ်ဦးစီးချုပ် ဖြစ်လာတယ်” ဟု BBC သတင်းဌာနက ဖော်ပြသည်။ ထိုသို့သောအရည်အချင်းများနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် သစ္စာစောင့်သိမှုတို့ကြောင့် နောက်ဆုံးတွင် သူသည် ထိပ်ဆုံးသို့ တက်လာသည်ဟု အခြားသူများက စောဒကတက်ကြပေလိမ့်မည်။ ဖေဖော်ဝါရီ ၂ ရက်ကအသက် ၉၂ နှစ် ပြည့်ခဲ့သည့်ဦးသန်းရွှေသည် မင်းအောင်လှိုင်ကို ကာကွယ်ရန်အချိန်ကြာကြာ မနေနိုင်တော့မည်မဟုတ်ဘဲ ဦးသိန်းစိန်နှင့်ဦးရွှေမန်းတို့ကြောင့် အငြိမ်းစားယူခဲ့သော လူသန်ဟောင်းကြီး(ဦးသန်းရွှေ)၏အမွေအနှစ်သည်လည်း မကြာခင် ကုန်ဆုံးတော့မည်ဖြစ်သည်။ အခြားတစ်ဖက်တွင် မင်းအောင်လှိုင်သည် ၎င်း၏ အားနည်းချက်များ ရှိနေသော်လည်း ဒေသတွင်းတွင် ထင်ရှားသောပုံရိပ် တစ်ခု ရရှိထားပြီး ၎င်းမှာ မတ်လ ငလျင်အပြီးတွင် သူပါဝင်ခဲ့သည့် အခန်းကဏ္ဍကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ပြည်ပ ကယ်ဆယ်ရေး လုပ်သားများ၏ ကြိုးပမ်းအားထုတ်မှုများ အပြည့်အ၀ လုပ်ဆောင်နေချိန်တွင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံအပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံခုနစ်နိုင်ငံတို့ ပါဝင်သောကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘန်ကောက်မြို့သို့ သွားရောက်ခဲ့သည်။
မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဘန်ကောက်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် အရပ်ဝတ်များဝတ်ဆင်ကာ အခြားအဖွဲ့ဝင် ခြောက်နိုင်ငံမှ ခေါင်းဆောင်များဖြစ်သည့် ထိုင်းဝန်ကြီးချုပ် ပက်တွန်တန် ရှင်နာဝပ်၊ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီ၊ နီပေါဝန်ကြီးချုပ် K.P. Sharma Oli၊ ဘူတန်ဝန်ကြီးချုပ် Tshering Tobgay၊ သီရိလင်္ကာဝန်ကြီးချုပ် Harini Amarasuriya နှင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် Muhammed Yunus တို့ နှင့်ဓာတ်ပုံများရိုက်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအုပ်ချုပ်ခြင်းကို လက်ခံခြင်းသည် ငလျင်လှုပ်ခတ်မှုကြောင့်အာဆီယံဒေသတွင်းရှိ အစိုးရများနှင့် ပြည်သူများ၏ စာနာစိတ်ကြောင့် မဟုတ်ပါကဖြစ်လာမည် မဟုတ်ပေ။ SAC အား ပွင့်လင်းမြင်သာစွာ ပံ့ပိုးကူညီမှုများကြောင့် မြန်မာလူထုကြားတွင် ဖြစ်ပေါ်လာမည့် တုံ့ပြန်မှုကို အစပိုင်းတွင် သတိထား၍ တရုတ်နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နှစ်အတော်ကြာ ဝေးကွာနေခဲ့သည်။ သို့သော် မေလ ၉ ရက်နေ့တွင် မော်စကို၌ ကျင်းပသည့် ရုရှား၏ မေလ ၈ ရက် အောင်ပွဲနေ့ အခမ်းအနားအပြီးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပြီး စစ်အစိုးရ၏ တရားဝင်သတင်းစာဖြစ်သော The Global New Light of Myanmar တွင် ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။မြန်မာ့လေတပ်ကငလျင်ဒဏ်ခံရတဲ့လှန်ရေးအဖွဲ့များထိန်းချုပ်ထားသည့်နေရာများတွင်လည်း ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်မှာ အရေးမကြီးပေ။ တရုတ်သည် မြန်မာစစ်တပ်၏ အဓိက မိတ်ဖက်နိုင်ငံအဖြစ် ရုရှားနှင့်အပြိုင်ကျောထောက် နောက်ခံပြုထားသည်။ နောက်တဆင့်မှာလာမည့်ရွေးကောက်ပွဲများကို လက်ခံရန် ဖြစ်သည်။ SAC မှ မထိန်းချုပ်နိုင်သော နိုင်ငံ၏ ကြီးမားသော ဧရိယာများ ရှိနေသောကြောင့် အဆိုပါ အစီအစဉ်ကို စိတ်ကူးယဉ်မှုအဖြစ် ဝေဖန်သူများက ပယ်ချခဲ့သည်။

အနောက်အင်အားကြီးအများစုသည်လည်း အလားတူထင်မြင်ကြပြီး နေပြည်တော်တွင် အာဏာရနေသော ဗိုလ်ချုပ်များကို ဆက်လက်ရှောင်ဖယ်နေပေမည်။သို့သော်လည်းဤသည်မှာ ဒေသတွင်း၌ လုံးဝကွဲပြားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများအသင်းအဖွဲ့ဝင်များနှင့် ဂျပန်ပင်ဖြစ်ကောင်းဖြစ်နိုင်သည်က ၎င်းသည် “ဘာမျှမရှိတာထက်တော့သာလွန်သည်” နှင့်”လမ်းကြောင်းမှန်သို့ ခြေလှမ်းအစ” ဟု စောဒကတက်ကြဖွယ်ရှိသည်။ တစ်ချိန်တည်းမှာပင် အချိန်ကို နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။ ခုခံမှုများတွင် စနစ်တကျစည်းလုံးညီညွတ်သော အမိန့်ပေးမှု ကင်းမဲ့ပြီးတနိုင်ငံလုံးအတိုင်းအတာထက် ဒေသတွင်းတိုက်ပွဲများနှင့် သာကွဲလွဲနေဆဲဖြစ်သည်။ သို့သော် ထိုပြည်တွင်းပဋိပက္ခများသည် ပျောက်ကွယ်သွားဖွယ်မရှိသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အတိုက်အခံများကို အနိုင်ယူကာ တိုင်းပြည်၏နယ်မြေအများစုကို ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ပို့ဆောင်နိုင်သည့် အင်အားကြီးသူမဟုတ်ကြောင်းမှာလည်းထင်ရှားသည်။ ၎င်း၏ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တိုက်ပွဲ အတွေ့အကြုံ ပိုမို မြင့်မားပြီး သဘောထား တင်းမာသူ ဖြစ်ကာ တပ်မတော် ထိပ်တန်းရာထူးအတွက် (ကာကွယ်ရေးဦးစီးချုပ်ရာထူး)အလောင်းအလျာအဖြစ် ရှုမြင် ခံရဖွယ် ရှိသည်။

လေ့လာသူများနှင့် အကဲခတ်သူများကသာ စောင့်မျှော်ကြည့်ရှုနေသော်လည်း တစ်နှစ်အတွင်းတွင် သမ္မတ မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းတို့ ဖြစ်လာနိုင်သည်။သို့မဟုတ်ထိုသို့ဖြစ်မလာပါယခင် ဆိုဗီယက်ပြည်ထောင်စုသည်ကရင်မလင်ဗေဒ ပညာရှင်များ(ရုရှား သို့မဟုတ် ယခင် ဆိုဗီယက်အစိုးရ၏ မူဝါဒများနှင့် ကျင့်ထုံးများကို လေ့လာခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ အထူးကျွမ်းကျင်သူ )အတွက် ဖြစ်သကဲ့သို့ မြန်မာစစ်တပ်၏ ဦးဆောင်မှုမှာလည်း ပွင့်လင်းမြင်သာမှုမရှိပါ၊ယနေ့ခေတ် တရုတ်နှင့် အခြားအာဏာရှင်နိုင်ငံများကဲ့သို့ပင်ဖြစ်သည်။ သို့သော် ဖြစ်နိုင်ချေ ရှိသည့်အရာမှာ စစ်တပ်သည် အနီးစပ်ဆုံး အနာဂတ်အတွက် အာဏာဆက်ရှိနေဦးမည် ဖြစ်သည်။

အဲမောင်း
The Irrawaddy English စာမျက်နှာတွင်ဖော်ပြသည့် Bertil Lintner ၏ “Will Myanmar’s Military Replace Its Embattled Leader?”ကိုပြန်ဆိုပါသည်။Bertil Lintner သည် ဆွီဒင်သတင်းစာဆရာ၊ စာရေးဆရာနှင့် မဟာဗျူဟာအကြံပေးတစ်ဦးဖြစ်ပြီး အာရှနှင့်ပတ်သက်သည့်အကြောင်းအရာများကို ဆယ်စုနှစ် လေးခုနီးပါးစာရေးသားခဲ့သူဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *