မြန်မာပြည်၏ နုတ်ခမ်းသားအနားသတ်နယ်မြေများတွင် မှီခိုသူ သုခ ခံစား နေကြလျင် “ဖိုးခွားလေးတို့၊ပီစိုင်းလေးတို့၊ကွန်ဗလိုင်းတို့ သွားကြတော့”ဆိုသည့်အချိန်တွင်
ဒူးနှင့်မျက်ရည်ပင် သုတ်ချိန်ပင်ရလိုက်ကြမည်မဟုတ်။ ခန်းနားကြီးကျယ်လှသော ဗမာပြည်ကွန်မြူနစ်ပါတီ(မြောက်ပိုင်းဗဟို)သည်ပင်လျင် မျက်လှည့်ပြလိုက်သလို ပြိုကျသွားသည်။သခင်သန်းထွန်း၊သခင်ဇင်၊သခင်ချစ်တို့သည်လွတ်လပ်ရေးမျိုးဆက်ဝင်များဖြစ်ကြသော်လည်း အလွယ်လမ်းကိုမလိုက်ခဲ့ကြ။အခက်ခဲဆုံးလမ်းကိုရွေးခဲ့ကြသည်။သူတို့သည် အသက်စွန့်ခဲ့ကြရသော်လည်း သမိုင်းတွင် လိပ်ပြာလှခဲ့ကြသည်။ ရဲဘော်ဗိုလ်ကြင်မောင်က နိုင်ငံတစ်ကာအကူအညီနှင့်၊နယ်စပ်မှီခိုရေးတွင် ၎င်းတို့နှာခေါင်းကျည်ပွေ့တွေ့ခဲ့ရသည်ကို ဝန်ခံခဲ့သည်။ နယ်စပ်တွင် လက်နက်၊ဒေါ်လာ၊ဘိန်း၊ကျောက် စသဖြင့် လိုတာ အလွယ်တကူရ၍ တော်လှန်ရေး အတက်မြန်သည်။အတက်မြန်သလို၊အကျလဲမြန်သည်။မိမိတို့အကျနာခဲ့သည် ဟု ဝန်ခံခဲ့သည်။ ကိုယ့်အားကိုယ်ကိုးတော်လှန်ရေးသည် တက်ရင်လဲနှေးနှေး၊ကျရင်လဲနှေးနှေးဖြစ်သည်ဟုဆိုခဲ့သည်။နယ်စပ်မှီခိုရသည့်အတွက် “မှီခိုသူ၏ သုခ ရှိ့သလိုမှီခိုသူ၏ ဒုက္ခလည်းရှိ့သည်”ဟုသတိ့ပေးခဲ့သည်။ ကိုယ့်အားကိုယ်ကိုးရေးသည် ခက်ခဲမည်ဖြစ်သော်လည်း “တရားရှိ့လျင် ကူသူများလိမ့်မည်” ဟုဆိုခဲ့သည်။မိမိတို့ကြုံခဲ့ရသော မှီခိုသူ၏ ဒုက္ခကို အခြားသူများမခံကြရစေလို ဟူ၍ သတိပေးခဲ့သည်။
တော်လှန်ရေးတွင် **လူတန်းစားကွဲပြားမှု့လက္ခဏာများ**
ပေါ်နေပါက ရေရှည်တွင် တော်လှန်ရေးအပေါ် အားလျော့လာလိမ့်မည်ဖြစ်သည်။တော်လှန်ရေးတစ်ရပ်တွင် ရာထူး၊တာဝန် အဆင့်အတန်းမရွေး “ရဲဘော်၊ရဲဘက်ဆိုသည့်” ရဲဘော်စိတ်မမွေးပဲ “ငါကဘာကွ”ဆိုသည် တော်လှန်သော အခွင့်ထူးခံလူတန်းစား (Revolutionary Privilege Class)လက္ခဏာများပြန့်နှံ့လာခြင်းရှိ့မရှိ့ စောင့်ကြည့်ပြင်ဆင်နေရမည်ပင်ဖြစ်သည်။ဗုဒ္ဓဘာသာယဉ်ကျေးမှု့အခြေခံ၏ သင်ကြားချက်များသည် ခေါင်းဆောင်၏ စွန့်လွတ်အနစ်နာခံမှု့ဆိုသည့် ဇာတ်တော်၊လီလာ များက အများစုဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ခေါင်းဆောင်ဟု့ဆိုလိုက်သည်နှင့် ဘုရားလောင်းမျောက်မင်း၏ “စံ”ကို ပြေးမြင်ကြမည်။ဘုရားလောင်း ငုံးမင်း ပုံပြင် စံ ကို ပြေးမြင်ကြမည်။ မြန်မာ့လူ့အဖွဲ့စည်း၏ ခေါင်းဆောင်မှု့ဆိုင်ရာ သင်ကြားချက် များသည် ယဉ်ကျေးမှု့ စံနှုန်းအဆောက်အဦအထိ့ စွဲနစ်တည်တံ့ပြီးဖြစ်သည်။ အနှစ်ချုပ် တောင်းဆိုမှု့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု့ အဆောက်အဦအခြေခံဖြစ်သည်။”သီလ၊သမာဓိ၊ပညာ” ပင်ဖြစ်သည်။ ခေတ်ကာလ အခြေအနေအရ ဘုရားလောင်းခေါင်းဆောင်မှု့စံများကို တောင်းဆိုခြင်းသည်လက်တွေ့မကျသော်လည်း
ကမ္ဘာ့တော်လှန်ရေးများ၏ ခေါင်းဆောင်မှု့စံကို တောင်းဆိုကြမည်ဖြစ်သည်။ ကမ္ဘာ့တော်လှန်ရေး သမိုင်းတွင် အောင်မြင်ခဲ့သော တော်လှန်ရေးများသည် ခေါင်းဆောင်များသည် တော်လှန်ရေးအစ၊အလယ်၊အဆုံး တော်လှန်ရေးနယ်မြေအတွင်းမှ ဦးဆောင်မှု့ပေးခဲ့ကြခြင်းပင်ဖြစ်သည်။တော်လှန်ရေးခေါင်းဆောင်နှင့်ခေါင်းဆောင်မှု့အစုအဖွဲ့သည် နိုင်ငံအသီးသီးမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်စုဖွဲ့ကြသည်။
———————————————
ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာစာပေလောကတွင်းရှိ့ နိုင်ငံတစ်ကာတော်လှန်ရေးနှင့်ပက်သက်သော စာအုပ်များကို ဖတ်ရှု့ဖူးကြသူများကြသည်။စစ်အေးခေတ်ကို အခြေပြုထားသည့်ကာလဖြစ်၍ လက်ဝဲ တော်လှန်ရေးစာအုပ်များကအများစုဖြစ်သည်။ အဆိုပါစာအုပ်များဖတ်ရှု့ကြရာမှ မော်စီတုန်း၊ချေဂွေဗားရား၊ဟိုချီမင်း (မော်၊ချေ၊ဟို )ဆိုသည့် တော်လှန်ရေးခေါင်းဆောင်များနှင့် ရင်းနှီးလာကြသည်။ တော်လှန်ရေးစာအုပ်များတွင် တော်လှန်ရေး နည်းနာများ၊တော်လှန်ရေးအတွင်း နိုင်ငံရေးအားပြိုင်မှု့များ၊နိုင်ငံတစ်ကာအခြေအနေများ စသဖြင့် အတွေ့အကြုံများကို ဆည်းပူးလေ့လာကြရသည်။ ၎င်းတို့၏ တော်လှန်ရေးနှင့် နိုင်ငံတစ်ကာအတွေ့အကြုံများကို ပြည်တွင်းလက်တွေ့အခြေအနေနှင့် ကိုက်ညီအောင် ချိန်ညှိအသုံးပြုကြသည်။ အထက်ပါကဲ့သို့ တော်လှန်ရေးစာပေများဖတ်ရှု့ရာမှ
မော်၊ချေ၊ဟို စသဖြင့်တော်လှန်ရေးခေါင်းဆောင်များ၏ တော်လှန်ရေးကာလအတွင်းဖြတ်သန်းမှုများနှင့်တော်လှန်ရေးကာလအတွင်း နေထိုင်မှုဘဝများကို လေ့လာကြရသည်။
အဆိုပါခေါင်းဆောင်ကြီးများ၏တော်လှန်ရေးကာလအတွင်း နေထိုင်ဖြတ်သန်းပုံသည် မြန်မာလူငယ်များ၏ တော်လှန်ရေးခေါင်းဆောင်မှု့”စံ” များအဖြစ် ပေတံတစ်ချောင်းဖြစ်လာသည်။ အော်၊၊၊၊ တော်လှန်ရေးခေါင်းဆောင်ဆိုသူတို့သည် မော်စီတုန်းတို့လို၊ချေဂွေဗားရားတို့လို၊ဟိုချီမင်း တို့လို ဖြစ်မှာပဲဟု မျက်လုံးထဲ ပြေးမြင်ကြသည်။ မော်တို့ ကျင်းကန်းတောင်မှ ယင်အန်းသို့ ကီလို ၈၀၀၀ ကျော် ခရီးရှည်ဆုတ်ခွာရမှုကြီးသည် အံ့ဩဖွယ်ရာဖြစ်သည်။သမားရိုးကျစစ်ဗျူဟာများအရ မဖြစ်နိုင်လောက်သည့် ဝိုင်းပတ်ပိတ်ဆို့မှု့အထပ်ထပ်ကို ဖောက်ထွက်ရခြင်းဖြစ်သည်။ ခက်ခဲလှသည့် ပထဝီမျိုးစုံ၊ရာသီဥတုမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းရသည်။သန်းနှင့်ချီသော ချန်ကေရှိတ်တပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ချေမှုန်းမှုအထပ်ထပ်ကို ဖောက်ထွက်ရသည်။
ရွံ့ညွှမ်တောကြီးများ၊ရေခဲတောင်ထွတ်များကိုကျော်လွှားရသည်။
ခက်ခဲလွန်းသော မြေပြင်၊ရာသီဥတုတွင် ရဲဘော်များ ဖျားနာကြသည်၊သေဆုံးကျန်ခဲ့ကြသည်။စားစရာမရှိ၍ စစ်သုံးဖိနပ်များမှ သားရေ များကို ဖြတ်၍ ပြုတ်စားကြရသည်။ဤသည်ပင် ခွဲတန်းအနည်းငယ်သာရမည်ဖြစ်သည်။ ရှားရှားပါးပါးရရှိသော အသားပြုတ် တစ်ခွက် ကို မော်စီတုန်းအတွက် ရရှိသည်။မော်စီတုန်းသည် အသားပြုတ်ခွက်ငယ်လေးကို ကိုင်ကာ နေမကောင်း၊အဟာရ ပြတ်နေသော၊လှဲလျောင်းနေသည့် ရဲဘော်ငယ်လေးတစ်ဦးထံသွားကာ ကိုယ်တိုင်တိုက်ကြွေးတော့သည်။ ရဲဘော်လေးမှာ ရဲဘော်ဥက္ကဌမော် သုံးဆောင်ပါပြောကြားရှာသည်။သို့သော် ကောမရိတ် မော် က ရဲဘော်လေးအား ဆက်လက်တိုက်ကျွှေးသည်။ ခေတ်စကားဖြင့်ဆိုလျင် တစ်ဖြုတ်ဖြုတ်တွေ ကြွေဆင်းကုန်ကြမည်ဖြစ်သည်။တစ်ကွက်တကွင်းပင်ဖြစ်သော်လည်း တစ်သားတည်းဖြစ်သွားစေသည်။ အန်ကယ်ဟို(ဟိုချီမင်း)သည် ဥရောပ၊ပြင်သစ် စသဖြင့်ကမ္ဘာပတ်နေရာမှ ဗီယက်နမ်လွတ်မြောက်ရေး တော်လှန်ရေးဆင်နွဲရန်အချိန်ကျလာ၍ ဗီယက်နမ်သို့ပြန်လာသည်။ယခုခေတ်အခေါ် (တတိယ နိုင်ငံများ)တွင်လှည့်ပတ်နေထိုင်ရာမှ ဗီယက်နမ် နမ်ဘိုတောကြီးမျက်မဲ တော်လှန်ရေးဘူမိနက်သံနယ်မြေအတွင်းသို့ပြန်လာခဲ့သည်။တရုတ်ပြည်တွင်အခြေပြု့ လှုပ်ရှားနေစဉ် ချန်ကေရှိတ်တို့၏ ဖမ်းဆီးထောင်ချထားခြင်းလဲခံခဲ့ရသည်။ နမ်ဘိုတောအုပ်ကြီး၏ကျောက်လှိုဏ်ဂူကြီးတစ်ခုတွင်နေထိုင်နေသည်။လှိုဏ်ဂူရှေ့မှ ကျောက်ဖြာတစ်ချပ်ကို စားပွဲလုပ်၊ကျောက်တုံးတစ်ခုကို ထိုင်ခုံလုပ်ကာ ဗီယက်နမ်တစ်ပြည်လုံးသို့ ညွန်ကြားချက်များကို ရေးသားလိုက်၊စာဖတ်လိုက်၊နယ်မြေအသီးသီးမှ တက်လာသော ကေဒါများကို ဆွေးနွေးလိုက်ဖြင့် ဖြတ်သမ်းနေသည်။
အန်ကယ်ဟိုသည် သေလုမျောပါး နာမကျမ်းဖြစ်ပြီးနောက်အလွန်အားအင်ချိနဲ့သွားသည်။လမ်းလျောက်၍ခရီးထွက်ရန်မဖြစ်နိုင်တော့၍ ထမ်းစင်ဖြင့်သွားလာနေရသည်။ သို့သော် ဗီယက်နမ်တစ်မျိုးသားလုံးလွတ်မြောက်ရေး ယုံကြည်ချက်နှင့်စွမ်းအားများကတော့ အားအင်ချိ့နဲ့၊ပိန်လှီ၍ လှုပ်လီလှုပ်လဲ အဖိုးအို တစ်ဦးနှင့် မလိုက်ဖက်စွာ စူးရှတောက်ပ ဝင်းလက်နေသော မျက်လုံးငယ်နှစ်လုံးမှ ပေါ်ထွက်နေသည်။ သေးငယ်တောက်ပသော မျက်လုံးငယ်နှစ်လုံးမှ ဗီယက်နမ်လွတ်မြောက်ရေး တော်လှန်ရေးလမ်းကို အလင်းရောင်ညွန်ပြထားသည်။တော်လှန်ရေးမီးလျှံများဖြင့် ရန်သူကို လောင်ကျွမ်းစေသည်။ အန်ကယ်ဟိုသည် ရှေ့တွင်ကြုံတွေ့ရနိုင်သော ရိက္ခာအခက်အခဲအတွက် ရိက္ခာမျှဝေရေးကိုဆော်ဩသည်။ကိုယ်တိုင်လည်း မိမိရရှိ့သည့် ဆန်ရိက္ခာခွဲတန်းမှ ဆန်တစ်ဆုတ်ကို ရိက္ခာစုဆောင်းရေး ဆန်ထုတ်အတွင်း နေ့စဉ် မပျက်မကွက်ထည့်သည်။ အန်ကယ်ဟိုတို့ ပေါလစ်ဗျူရိုများ ထမင်းဝိုင်းတွင် အလယ်တွင် အသားမပါ ဟင်းသီးဟင်းရွက် ဟင်းချိုတစ်ခွက်သာရှိ့သည်။ ပေါလစ်ဗျူရိုလဲဒါပဲစား၊ရုံးအဖွဲ့လဲဒါပဲစား၊လုံခြုံရေး ရဲဘော်များလဲ ဒါပဲစားဖြစ်သည်။တစ်ကွက်တကွင်းပင်ဖြစ်သော်လည်း- ကြွေစမ်း၊ဂေါ်နေရောဆိုသည့် ခေတ်စကားလိုပင်ဖြစ်သည်။ ရဲဘော်ချေ(ချေဂွေဗားရား)သည် ပန်းနာရင်ကျပ်(အက်စမာ)ရောဂါသည်ဖြစ်သည်။ဆေးရှုဂေါက်ဖြင့်နေနေရသည်။ ပဲခူးရိုးမကဲ့သို့ ရှည်လျားလှသော အီရာမေစထရာ တောင်တန်းကြီးပေါ်တွင် ဘာတစ်စတာ၏စစ်တပ်များ စစ်ကြောင်းထိုးသည်ကို လှည့်ပတ်တိမ်းရှောင်နေရသည်။ ပန်းနာရင်ကျပ်ရောဂါကြောင့် ရဲဘော်ချေသည် တုတ်တစ်ချောင်းကို အားပြု့၍ သွားလာနေရသည်။မကြာခဏ ခေတ္တ အမောဖြေရသည်။ကျူးဘားကျွန်းမျက်နှာချင်းဆိုင် မက္ကစီကိုသို့ ဆေးကု၊ဆေးနား သွားစရာမရှိ။
အီရာမေစထရာ တောင်တန်းတောနက်ကြီးထဲတွင် မိသားစုဝေး၊မိတ်ဆွေဝေး၊မြို့ပြဝေး အဝေးတကာ အဝေး မရပ်မနားလှည့်ပတ်သွားလာရင် အင်အားတည်ဆောက်နေရသည်။ အားလုံးနှင့်အဝေးတကာ အဝေးဆုံးဖြစ်သော်လည်း တော်လှန်ရေးသို့ ဝင်ရောက်မည့် လူငယ်များ တစ်စတစ်စ တက်လာကြသည်။သေနတ်တစ်လက်ပါရမည်။သတ်မှက်ထားသော တစ်ကိုယ်စာအပြည့်အစုံယူလာကြရမည်၊ရိက္ခာနိုင်သလောက်သယ်ဆောင်လာရမည်။ ထိုအရာများနှင့်သေနတ်တစ်လက်မပါလျင်တက်မလာကြနှင့်၊ထောက်ပို့မရှိ့၊ငွေမရှိ့၊ပေးစရာမရှိ့၊လိုအပ်သည့် ခဲယမ်း၊လက်နက်များဖြည့်စီးရန်မှာ ရန်သူ့လက်နက် ကိုယ့်လက်နက်၊ရန်သူ့ကျည်ဆန် ကိုယ့်ကျည်ဆန် ပေါ်လစီ ပင်ဖြစ်သည်။ ချေတို့ အီရာမေစထရာ တောင်တန်းကြီးပေါ်တွင် မိ့သားစုဝေး၊မိတ်ဆွေဝေး၊(ထောက်၊ဆေး၊ဆက်)ဝေး၊ အားလုံးဝေး၊အဝေးတကာအဝေး ဆုံးတောင်တန်းတောနက်ထဲတွင် မရပ်မနားဖြတ်သန်းချိန်ကြာလာလေလေ တော်လှန်ရေးအောင်ပွဲဖြင့်နီးလာလေလေ ပင်ဖြစ်လာသည်။တော်လှန်ရေး ရင်ခုံသံချင်းတူသူတို့ နီးနီးလာကြသည်။စုစည်းမိလာကြသည်။ အားအင်ပြည့်ဖြိုးလာသောအဆုံးတစ်နေ့ မြေပြန့်ဆင်းလာကြကာ ဘာတစ်စတာအစိုးရတပ်ကြီးကို ရှုံးနိမ့်လက်နက်ချသွားအောင်တိုက်ခိုက်ပစ်သည်။ အက်စမာရောဂါသည် ရဲဘော်ချေတစ်ယောက် တောင်တန်းများမှသည် ဘာတစ်စတာနန်းတော်ဆီသို့ ခြေတစ်လှမ်းနောက်မကျပဲ ချီတက်လာနိုင်ခဲ့သည်။ ခေတ်သစ်တော်လှန်ရေးမျိုးဆက်အားလုံး၏ အိုင်ဒေါ ကြီး ဖြစ်သွားသည်။ မျိုးဆက်တစ်ဆက်အပေါ်လွမ်းမိုးထားသော တော်လှန်ရေးခေါင်းဆောင်ဆိုသည့် ပုံရိပ်၊စံနှုန်းများသည် မော်၊ချေ၊ဟို တို့၏ တော်လှန်ရေးကာလ ဖြတ်သမ်းမှုဖြစ်နေသည်။ မျိုးဆက်တို့သည် တော်လှန်ရေးတစ်ခု၏ ခေါင်းဆောင်မှုစံများကို ကြိုတင်ချမှတ်ထားသလိုဖြစ်သွားသည်။တော်လှန်ရေးကိုခေါင်းဆောင်မည့်သူများသည် အဆိုပါစံများဖြင့် ကိုက်ညီ၊မညီ တိုင်းတာလာကြသည်။
ဖျားနာနေသောရဲဘော်အတွက် “ဆန်ပြုတ်တစ်ခွက်ရနိုင်ဖို့ ခက်ခဲနေချိန်တွင် “”လူကြီးတွေလာမှာမို့ ကြက်တစ်ကောင်လုပ်လိုက်” ဆိုလျင် တရုတ်ပြည်တော်လှန်ရေး အောင်မြင်ဖို့လွယ်လိမ့်မည်မဟုတ်။ ရဲဘော်ဟိုချီမင်း ရောဂါက တရုတ်ပြည်မှာသွားပြီး ဆေးဝါး၊သမားတော်ကောင်းကောင်းနဲ့ကု အေးအေးဆေးဆေး အနားယူလိုက်မှ ဖြစ်မည်ဆိုလျင်လည်း ဗီယက်နမ်တော်လှန်ရေးကို ဦးဆောင်လမ်းပြမှု့ကဏ္ဍ၊စည်းလုံးညီညွတ်ရေးကဏ္ဍ အခက်တွေ့နိုင်လိမ့်မည်။ မြန်မာ့တော်လှန်ရေးတွင်လည်း သခင်စိုးကြီးကမည်မျှအခက်အခဲတွေ့သည်ဖြစ်စေ ရဲဘော်များနှင့်အတူ”ဝါးရုံအောက်မှာနေ ၊ဝါးမျှစ်စားပြီး၊ဝက်လိုဂေါင်းထိုးပြီး”ဖက်ဆစ်တပ်ကို အပြုတ်တိုက်မယ်ဆိုသည့်” ဝ သုံးလုံး”ပေါ်လစီကိုချမှတ်ခဲ့သည်။
မြန်မာ့သမိုင်းတွင် သခင်စိုးကြီး ဗိုလ်နေဝင်းထံလက်နက်ချသွားသည်က တစ်ပိုင်းဖြစ်သည်။ ပဲခူးရိုးမသည် အောင်မြေဖြစ်သည်ဆိုသည့် လမ်းစဉ်နှင့်ပဲခူးရိုးမတွင် တော်လှန်ရေးအလံပြုတ်မကျရေးအတွက် ပဲခူးရိုးမမှ ထွက်မပြေးပဲ ရှုန်းကန်ရင်း ပဲခူးရိုးမတွင်းမြင့်မြတ်စွာကျဆုံးခဲ့ရသည့် သခင်သန်းထွန်းသည်မြန်မာ့တော်လှန်ရေးသမိုင်းတွင် အရောင်မှေးမှိန်စရာမရှိ့၊အစဉ်ထွန်းပြောင်နေသည်။ မည်သည့် နိုင်ငံရေးအယူအဆကို ကိုင်စွဲထားသည်ဖြစ်စေ ပဲခူးရိုးမတော်လှန်ရေးဟု ပြောဆိုလိုက်သည်နှင့် သခင်သန်းထွန်းဆိုသည့် ပုံရိပ်သည် တန်းကနဲပေါ်လာကြမည်ဖြစ်သည်။ ပဲခူးရိုးမတွင် သခင်သန်းထွန်း၏ တော်လှန်ရေးဝိညဉ် လွင့်ပျံနေဆဲဖြစ်သည် ဆိုသည့်အဓိပ္ပါယ်ပင်ဖြစ်သည်။ ဗိုလ်နေဝင်း၏ ဖြတ်လေးဖြတ်တွင် ပဲခူးရိုးမမှာ KNDO တို့အရှေ့တိုင်သို့ဆုတ်ခွာကြသည်။သခင်သန်းထွန်း ကျဆုံးပြီးနောက် ပါတီဗဟိုကို သခင်ဇင်၊သခင်ချစ်တို့ဆက်လက်တာဝန်ယူထားကြသည်။မဟာမိတ်များဖြစ်၍ KNDO မှ အရှေ့တိုင်းသို့(အရှေ့ရိုးမ) ဆုတ်ခွာရာတွင် လိုက်ခဲရန်ခေါ်ကြသည်။
သခင်ဇင်နှင့်သခင်ချစ်က ပဲခူးရိုးမသည် အောင်မြေဖြစ်သည့် ပါတီပေါ်လစီကို စွန့်လွတ်ရန်မရှိ့၍ ကျေးဇူးတင်ကြောင်း၊မလိုက်ပါနိုင်ကြောင်းပြော၍ စစ်အာဏာရှင်ကို ဆက်လက်ရင်ဆိုင်ရန်နေခဲ့ကြသည်။ ဗကပ အရှေ့မြောက်ပိုင်းဗဟိုမှလည်း ပဲခူးရိုးမ ဗဟိုကို တရုတ်နယ်စပ်ကျောပေးထားသည့် အရှေ့မြောက်သို့ ပြောင်းရွေ့လာရန် ဖိတ်ခေါ်ကြသည်။ သို့သော် ပဲခူးရိုးမသည်အောင်မြေဆိုသည်ကို ဆုတ်ကိုင်၍ သခင်ဇင်၊သခင်ချစ်တို့သည် ရဲဝံ့စွာ စွန့်လွတ်ခဲ့ကြသည်။ ယနေ့အချိန်ထိလည်း” ပဲခူးရိုးမသည်အောင်မြေ” ဖြစ်နေဆဲဖြစ်သည်။မြန်မာနိုင်ငံ၏ နှလုံးသားဗဟိုချက်နယ်မြေ(Heard Land) ပဲခူးရိုးမသည် ပထဝီမပြောင်းသ၍ အချက်အချာ ကျနေဆဲဖြစ်သည်။ သခင်သန်းထွန်းတို့ ရိုးမခြေကုတ်ကို ထိမ်းသိမ်းရစဉ်က
စစ်အေးခေတ် နိုင်ငံတစ်ကာအခြေအနေ၏ မျက်နှာပေးမှု့ အားနည်းခဲ့ရခြင်းသည်လည်း ခြေကုတ်မြဲရေးခက်ခဲ ခဲ့ကြရသည်။ စစ်အုပ်သည်လည်းပဲခူးရိုးမပတ်ချာလယ်ကို တပ်အင်္ဂါစဉ်ခင်းကျင်း၍ ကာကွယ်ထားသည်။မြန်မာနိုင်ငံ၏ “နိုင်ငံတော်အာဏာ”ကို ခြိမ်းခြောက်နိုင်သော အချက်အခြာနယ်မြေကို စစ်တပ်ကသိသလို၊အကြီးအကျယ်ပိတ်ဆို့ကာကွယ်ထားသည်။ ပဲခူးရိုးမကို စိုးမိုးသူသည် မြန်မာပြည်အချက်အချာ မြစ်ဝှမ်းနှစ်ခုကိုစိုးမိုးသူဖြစ်လိမ့်မည်။ပဲခူးရိုးမကိုစိုးမိုးရေးသည် မြန်မာနိုင်ငံ အချုပ်အခြာအာဏာကို ဆက်ခံပိုင်ခွင့်ရှိ့သူဖြစ်လိမ့်မည်။
အနာဂါတ် နန်းပုလ္လင်ကို တက်လှမ်းမည့် “နန်းညွန့်၊နန်းလျာ ” ဖြစ်လိမ့်မည်။
မြန်မာပြည်၏ နုတ်ခမ်းသားအနားသတ်နယ်မြေများတွင် မှီခိုသူ သုခ ခံစား နေကြလျင် “ဖိုးခွားလေးတို့၊ပီစိုင်းလေးတို့၊ကွန်ဗလိုင်းတို့ သွားကြတော့”ဆိုသည့်အချိန်တွင်
ဒူးနှင့်မျက်ရည်ပင် သုတ်ချိန်ပင်ရလိုက်ကြမည်မဟုတ်။ ခန်းနားကြီးကျယ်လှသော ဗမာပြည်ကွန်မြူနစ်ပါတီ(မြောက်ပိုင်းဗဟို)သည်ပင်လျင် မျက်လှည့်ပြလိုက်သလို ပြိုကျသွားသည်။သခင်သန်းထွန်း၊သခင်ဇင်၊သခင်ချစ်တို့သည်လွတ်လပ်ရေးမျိုးဆက်ဝင်များဖြစ်ကြသော်လည်း အလွယ်လမ်းကိုမလိုက်ခဲ့ကြ။အခက်ခဲဆုံးလမ်းကိုရွေးခဲ့ကြသည်။သူတို့သည် အသက်စွန့်ခဲ့ကြရသော်လည်း သမိုင်းတွင် လိပ်ပြာလှခဲ့ကြသည်။ ရဲဘော်ဗိုလ်ကြင်မောင်က နိုင်ငံတစ်ကာအကူအညီနှင့်၊နယ်စပ်မှီခိုရေးတွင် ၎င်းတို့နှာခေါင်းကျည်ပွေ့တွေ့ခဲ့ရသည်ကို ဝန်ခံခဲ့သည်။ နယ်စပ်တွင် လက်နက်၊ဒေါ်လာ၊ဘိန်း၊ကျောက် စသဖြင့် လိုတာ အလွယ်တကူရ၍ တော်လှန်ရေး အတက်မြန်သည်။အတက်မြန်သလို၊အကျလဲမြန်သည်။မိမိတို့အကျနာခဲ့သည် ဟု ဝန်ခံခဲ့သည်။ ကိုယ့်အားကိုယ်ကိုးတော်လှန်ရေးသည် တက်ရင်လဲနှေးနှေး၊ကျရင်လဲနှေးနှေးဖြစ်သည်ဟုဆိုခဲ့သည်။နယ်စပ်မှီခိုရသည့်အတွက် “မှီခိုသူ၏ သုခ ရှိ့သလိုမှီခိုသူ၏ ဒုက္ခလည်းရှိ့သည်”ဟုသတိ့ပေးခဲ့သည်။ ကိုယ့်အားကိုယ်ကိုးရေးသည် ခက်ခဲမည်ဖြစ်သော်လည်း “တရားရှိ့လျင် ကူသူများလိမ့်မည်” ဟုဆိုခဲ့သည်။မိမိတို့ကြုံခဲ့ရသော မှီခိုသူ၏ ဒုက္ခကို အခြားသူများမခံကြရစေလို ဟူ၍ သတိပေးခဲ့သည်။
တော်လှန်ရေးတွင် **လူတန်းစားကွဲပြားမှု့လက္ခဏာများ**
ပေါ်နေပါက ရေရှည်တွင် တော်လှန်ရေးအပေါ် အားလျော့လာလိမ့်မည်ဖြစ်သည်။တော်လှန်ရေးတစ်ရပ်တွင် ရာထူး၊တာဝန် အဆင့်အတန်းမရွေး “ရဲဘော်၊ရဲဘက်ဆိုသည့်” ရဲဘော်စိတ်မမွေးပဲ “ငါကဘာကွ”ဆိုသည် တော်လှန်သော အခွင့်ထူးခံလူတန်းစား (Revolutionary Privilege Class)လက္ခဏာများပြန့်နှံ့လာခြင်းရှိ့မရှိ့ စောင့်ကြည့်ပြင်ဆင်နေရမည်ပင်ဖြစ်သည်။ဗုဒ္ဓဘာသာယဉ်ကျေးမှု့အခြေခံ၏ သင်ကြားချက်များသည် ခေါင်းဆောင်၏ စွန့်လွတ်အနစ်နာခံမှု့ဆိုသည့် ဇာတ်တော်၊လီလာ များက အများစုဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ခေါင်းဆောင်ဟု့ဆိုလိုက်သည်နှင့် ဘုရားလောင်းမျောက်မင်း၏ “စံ”ကို ပြေးမြင်ကြမည်။ဘုရားလောင်း ငုံးမင်း ပုံပြင် စံ ကို ပြေးမြင်ကြမည်။ မြန်မာ့လူ့အဖွဲ့စည်း၏ ခေါင်းဆောင်မှု့ဆိုင်ရာ သင်ကြားချက် များသည် ယဉ်ကျေးမှု့ စံနှုန်းအဆောက်အဦအထိ့ စွဲနစ်တည်တံ့ပြီးဖြစ်သည်။ အနှစ်ချုပ် တောင်းဆိုမှု့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု့ အဆောက်အဦအခြေခံဖြစ်သည်။”သီလ၊သမာဓိ၊ပညာ” ပင်ဖြစ်သည်။ ခေတ်ကာလ အခြေအနေအရ ဘုရားလောင်းခေါင်းဆောင်မှု့စံများကို တောင်းဆိုခြင်းသည်လက်တွေ့မကျသော်လည်း
ကမ္ဘာ့တော်လှန်ရေးများ၏ ခေါင်းဆောင်မှု့စံကို တောင်းဆိုကြမည်ဖြစ်သည်။ ကမ္ဘာ့တော်လှန်ရေး သမိုင်းတွင် အောင်မြင်ခဲ့သော တော်လှန်ရေးများသည် ခေါင်းဆောင်များသည် တော်လှန်ရေးအစ၊အလယ်၊အဆုံး တော်လှန်ရေးနယ်မြေအတွင်းမှ ဦးဆောင်မှု့ပေးခဲ့ကြခြင်းပင်ဖြစ်သည်။တော်လှန်ရေးခေါင်းဆောင်နှင့်ခေါင်းဆောင်မှု့အစုအဖွဲ့သည် နိုင်ငံအသီးသီးမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်စုဖွဲ့ကြသည်။
လျူလျောက်ချီ တို့လိုအစုအဖွဲ့သည် ပြင်သစ်အပါအဝင် ဥရောပတွင် ပညာသင်ကြားနေကြရာမှပြန်လာကြသည်။ ကတ်စထရိုတို့သည် မက္ကစီကိုတွင် လေ့ကျင့်၊စုဖွဲ့၊ပြင်ဆင်ကြပြီး ကျူးဘားသို့ လှေတစ်စင်းဖြင့်ဝင်လာကြသည်။ဘာတစ်စတာအစိုးရမှ ကြိုတင်သတင်းရ၍ ကမ်းခြေမဆိုက်ကပ်မည် ပစ်ခတ်နှစ်မြုပ်ရာ လှေပေါ်ပါ လူ ၈၀ ခန့်တွင် လူ ၁၄ ဦးသာ တစ်ကွဲတစ်ပြားဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သည်။အီရာမေစထရာတောင်တန်းကြီးပေါ်ရှိ့ ဆုံရပ်မှ လူ၁၄ ဦးဖြင့်ခေတ်ပြောင်းတော်လှန်ရေးကြီးတစ်ရပ်စတင်ခဲ့ကြသည်။အောင်မြင်ခဲ့ကြသည်။
ဗီယက်နမ်လွတ်မြောက်ရေးတပ်ဦးတွင် ဒသနိက ပါမောက္ခမှ တော်လှန်ရေးသမားဖြစ်လာခဲ့သူ ဗိုလ်ငု့ရင်ဂီယက်သည် တရုတ်၊ဗီယက်နမ်နယ်စပ်ရှိ့ ပြင်သစ်စစ်စခန်းတစ်ခုကို လက်နက်အပြည့်အစုံမကိုင်နိုင်သော လူ၄၀ ခန့်ဖြင့် ရုတ်တရက်စီးနင်းတိုက်ခိုက်ပြီး တော်လှန်ရေးစတင်ခဲ့သည်။ ထို့နောက် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သော ပြင်သစ်နှင့်အမေရိကန်နှစ်နိုင်ငံလုံကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရသော ကမ္ဘာကျော် စစ်သူကြီးဖြစ်သွားသည်။ ယနေ့မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ် ကိုတော်လှန်သည့်တော်လှန်ရေးသည် တူမီးဖြင့်စရသည်။လက်လုပ်မိုင်းဖြင့်စကြသည်။တူမီးခဲကျည်ကုန်၍ ကျောက်ခဲ”ဂဲ” ဖြင့်ဝိုင်ထု၍ အနိုင်ယူရာမှစရသည်။ ယနေ့ တော်လှန်ရေး ၄ နှစ်ကျော် ၅ နှစ်ထဲတွင် သေနတ်အလက်သိန်းချီရှိ့နေပြီး၊တော်လှန်ရေးအင်အားစု သိန်းချီ နေပြီဖြစ်သည်။စစ်အာဏာရှင်စနစ်ကို “မနိုင်စရာ မရှိ့တော့သည့်” အခြေအနေဖြစ်သည်။ သို့သော်ဤသို့သော်သည် အလွန်ကြီးမားလေးနက်သည်။
တော်လှန်သမားများ၊နိုင်ငံရေးသမားများရွတ်ဆိုလေ့ရှိ့သော –
“တိုက်ပွဲသည် ခေါင်းဆောင်ကိုမွေးထုတ်သည်”
“ခေါင်းဆောင်သည် တိုက်ပွဲတွင်းမှ ပေါ်ထွက်လာသည်”
ဆိုသည် အဆိုအမိန့်များအရတော်လှန်ရေးဆိုသည့် လုံထဲတွင်
ခေါင်းဆောင်ဆိုသူများအားတော်လှန်ရေးတိုက်ပွဲဆိုသည့်
မီးပြင်းပြင်းဖြင့်တိုက်ခံကြရာမှတော်လှန်ရေးခေါင်းဆောင် ဆိုသည့်သူများ(အစိုးရရာထူးရာခံ မဟုတ်)တော်လှန်ရေးမီးတောက်၊ မီးလျံတွင်းမှဇာမဏီဌက်များ ကဲ့သို့ထိုးထွက်ပျံသန်းလာနိုင်ပါစေကြောင်း။
စိမ်းမောင်
မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိကအာဘော်သာဖြစ်သည်။