မင်းအောင်လှိုင်ကို ဘာရလိမ့်မလဲ သာဝရယ်လုပ်လိုက်တဲ့ ထရမ့်

၂၀၀၈ အခြေခံဥပဒေနဲ့၂၀၁၀,၂၀၁၂ ကြားဖြတ်တို့ကို ပြန်ကြည့်ရင် အမေရိကန်ရဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး ပရိုဂရမ်မျိုးစုံနဲ့ တာဝန်ယူ၊တာဝန်ခံမှုရှိတယ်လို့ ပြောလို့ရပါတယ်။ သိသာတာကတော့ ဒေါ်စုနေအိမ်အကျယ်ချုပ်ကျနေစဉ်မှာ သန်းရွှေစစ်အုပ်စုနဲ့ဒေါ်စုတို့ကိုလာတွေ့သွားတဲ့ အမေရိကန်၊အရှေ့တောင်အာရှ ဒါရိုက်တာ ကပ်ကမ်းဘဲလ်ရဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာလိုက်ပါခဲ့တဲ့ CIA ရဲ့ စာချုပ်ဝန်ထမ်း အဲရစ်မာဖြူက BURMA Hazard ဗမာ့လောင်းကြေး ဆိုတဲ့စာအုပ်ကို ရေးသားခဲ့ပါတယ်။ အဆိုပါစာအုပ်မှာ အမေရိကန်က ဗမာ လမ်းပြမြေပုံပေါ်ခုန်တက်လှေကြုံစီးခြင်းဆိုတဲ့အခန်းလဲပါပါတယ်။ နောက် စစ်အုပ်စုရဲ့ လမ်းပြမြေပုံအစွန်‌ရောင်းထုတ်ခြင်း ခေါင်းစဉ်နဲ့တစ်ခန်း ပါပါတယ်။ တရုတ်က ကျောက်ဖြူနဲ့OBOR ပရောဂျက်တွေသာ လက်ဦးသွားရင် အိန္ဒိယသမုဒ္ဒရာထဲဖြတ်သန်းနေတဲ့ ကွန်တိန်နာနဲ့ လောင်စာစွမ်းအင်ဈေးကွက်ရဲ့ သုံးပုံ /နှစ်ပုံလောက် တရုတ်ကဈေးကွက်အုပ်စီးမိသွားမယ်ဆိုပါတယ်။ ဒေါ်စုနဲ့ဒေါက်တာကပ်ကမ်းဘဲလ်တို့တွေ့တော့ ဒေါ်စုက မြန်မာစစ်ဗိုလ်တွေရဲ့ တရုတ်အပေါ်စိုးရိမ်မှုကို သူမနားလည်ပါတယ်။သူမအနေနဲ့တော့ မြန်မာပြည်စစ်မှန်တဲ့ဒီမိုကရေစီရရှိသည်အထိနောက်ဆုံးအချိန်ထိမဆုတ်မနစ်အားထုတ်လုပ်ကိုင်သွားမယ်ဆိုခဲ့ပါတယ်။ စစ်အုပ်စုလမ်းပြမြေပုံကို အာရှတစ်လွှားလိုက်ရောင်းတဲ့ ဒေါက်တာကပ်ကမ်းဘဲလ်ကို ဘာလို့အခုလိုပြန်ပြောတာလဲ မရှင်းထားပါဘူး။ စစ်အုပ်စုလမ်းပြမြေပုံ က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (တစ်နည်းအားဖြင့်) ၂၀၀၈ အခြေခံဥပဒေ နဲ့ပက်သက်လို့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီအပေါ်ဒေါ်စုက ဒေါက်တာကပ်ကမ်းဘဲလ်ကို တုံ့ပြန်လိုက်တယ်လို့ယူဆပါတယ်။
————————————————–
ဇူလိုင်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

နိုင်ငံခြားရွေးကောက်ပွဲများအပေါ်ဝေဖန်မှတ်ချက်မပေးရန် ထရမ့်အစိုးရက ကမ္ဘာအနှံ့ရှိ အမေရိကန် သံတမန်များကို ညွှန်ကြားဆိုတဲ့သတင်းနဲ့ပက်သတ်ကာ စစ်အာဏာရှင်တို့လုပ်မယ့်ရွေးကောက်ပွဲနဲ့ တွဲဆက်စဉ်းစားပြီး စိုးရိမ်သံတွေကြားရပါတယ်။စကစဘက်တော်သား တွေလက်‌‌ပေါက်ပန်းခတ်ကြပါတယ်။ ဒီအချက်က အခြားရှု့ထောင့်ကစဉ်းစားရင် မြန်မာပြည်က မအလ ရွေးကောက်ပွဲရလာဒ်ကို အမေရိကန်စိတ်မဝင်စားဘူးဆိုတာ ပြသလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ပိုအရေးကြီးတာက
-ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့
(Political Violence) နိုင်ငံရေးမငြိမ်မသက်မှုတွေ၊
-ရွေးကောက်ပွဲကာလအတွင်းဖြစ်ပေါ်လာမယ် (Election
Riot) ရွေးကောက်ပွဲ အဓိကရုဏ်း တွေ၊
-ရွေးကောက်ပွဲအလွန်ဖြစ်ပေါ်လာမယ့် (Political chaos)
နိုင်ငံရေး ပရမ်းပတာဖြစ်ခြင်းတွေ၊စသဖြင့် စကစ ရွေးကောက်ပွဲကြောင့်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ဖြစ်စဉ်အားလုံးနဲ့ ပတ်သက်လို့ အမေရိကန်က ဘာမှတာဝန်မရှိဘူး၊တာဝန်မယူဘူးဆိုတဲ့အဓိပ္ပါယ်ထွက်ပါတယ်။

၂၀၀၈ အခြေခံဥပဒေနဲ့၂၀၁၀,၂၀၁၂ ကြားဖြတ်တို့ကို ပြန်ကြည့်ရင် အမေရိကန်ရဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး ပရိုဂရမ်မျိုးစုံနဲ့ တာဝန်ယူ၊တာဝန်ခံမှုရှိတယ်လို့ ပြောလို့ရပါတယ်။ သိသာတာကတော့ ဒေါ်စုနေအိမ်အကျယ်ချုပ်ကျနေစဉ်မှာ သန်းရွှေစစ်အုပ်စုနဲ့ဒေါ်စုတို့ကိုလာတွေ့သွားတဲ့ အမေရိကန်၊အရှေ့တောင်အာရှ ဒါရိုက်တာ ကပ်ကမ်းဘဲလ်ရဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာလိုက်ပါခဲ့တဲ့ CIA ရဲ့ စာချုပ်ဝန်ထမ်း အဲရစ်မာဖြူက BURMA Hazard ဗမာ့လောင်းကြေး ဆိုတဲ့စာအုပ်ကို ရေးသားခဲ့ပါတယ်။ အဆိုပါစာအုပ်မှာ အမေရိကန်က ဗမာ လမ်းပြမြေပုံပေါ်ခုန်တက်လှေကြုံစီးခြင်းဆိုတဲ့အခန်းလဲပါပါတယ်။ နောက် စစ်အုပ်စုရဲ့ လမ်းပြမြေပုံအစွန်‌ရောင်းထုတ်ခြင်း ခေါင်းစဉ်နဲ့တစ်ခန်း ပါပါတယ်။ တရုတ်က ကျောက်ဖြူနဲ့OBOR ပရောဂျက်တွေသာ လက်ဦးသွားရင် အိန္ဒိယသမုဒ္ဒရာထဲဖြတ်သန်းနေတဲ့ ကွန်တိန်နာနဲ့ လောင်စာစွမ်းအင်ဈေးကွက်ရဲ့ သုံးပုံ /နှစ်ပုံလောက် တရုတ်ကဈေးကွက်အုပ်စီးမိသွားမယ်ဆိုပါတယ်။ ဒေါ်စုနဲ့ဒေါက်တာကပ်ကမ်းဘဲလ်တို့တွေ့တော့ ဒေါ်စုက မြန်မာစစ်ဗိုလ်တွေရဲ့ တရုတ်အပေါ်စိုးရိမ်မှုကို သူမနားလည်ပါတယ်။သူမအနေနဲ့တော့ မြန်မာပြည်စစ်မှန်တဲ့ဒီမိုကရေစီရရှိသည်အထိနောက်ဆုံးအချိန်ထိမဆုတ်မနစ်အားထုတ်လုပ်ကိုင်သွားမယ်ဆိုခဲ့ပါတယ်။ စစ်အုပ်စုလမ်းပြမြေပုံကို အာရှတစ်လွှားလိုက်ရောင်းတဲ့ ဒေါက်တာကပ်ကမ်းဘဲလ်ကို ဘာလို့အခုလိုပြန်ပြောတာလဲ မရှင်းထားပါဘူး။ စစ်အုပ်စုလမ်းပြမြေပုံ က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (တစ်နည်းအားဖြင့်) ၂၀၀၈ အခြေခံဥပဒေ နဲ့ပက်သက်လို့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီအပေါ်ဒေါ်စုက ဒေါက်တာကပ်ကမ်းဘဲလ်ကို တုံ့ပြန်လိုက်တယ်လို့ယူဆပါတယ်။

အမေရိကန်ဒီမိုကရက်နဲ့ အိုဘားမားက မြန်မာပြုပြင်ပြောင်းလဲရေး၊၂၀၀၈ အခင်းအကျင်းအပေါ်အတော်အရေးထားပုံရပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးတာနဲ့ အိုဘားမားဒုတိယအကြိမ်သမ္မတသက်တမ်း ကျမ်းသစ္စာတောင်မဆိုရသေးဘူး မြန်မာပြည်ကို အူရားဖားရားအပြေးလာခဲ့ပါတယ်။မင်္ဂလာပါမြန်မာနဲ့အာဘွားမစုလုပ်သွားပါတယ်။”သပြေနုချိန် အို၊စု၊စိန် ရုပ်ရှင်တွေရိုက်ပါတယ်”။ အိုဘားမားနဲ့အမေရိကန် ဒီမိုကရက်တွေ ပြာယာခတ်နေတာနဲ့ပက်သက်ပြီး အမေရိကန်ဝေဖန်ရေးသမားတွေကဒီမိုကရက်တို့ဟာ အာရှဒေသတွင်း နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုကိုပြချင်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ၂၀၀၈ ခြေဥနဲ့ရွေးကောက်ပွဲတွေဟာ အမေရိကန် ဒီမိုကရေစီမြင့်တင်ရေးရဲ့ အောင်မြင်မှု့ရလာဒ်ဖြစ်ကြောင်း အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံပွဲမှာ ဒီမိုကရက်နဲ့အိုဘားမားတို့ရဲ့ ဖက်ရှင်ဆိုင်ထဲကို အသစ်တင်သွင်းလာတဲ့ အထည်ဒီဇိုင်းအသစ်လေး (Betuqu Faction) ဖြစ်တယ်လို့ သရော်ကြပါတယ်။ မြန်မာ ၂၀၀၈ ခြေဥ နဲ့ရွေးကောက်ပွဲတွေကို အမေရိကန်တာဝန်ယူမှုရှိတယ်လို့ ပြောရတဲ့ အချက်ကို စမ်းစစ်ပါမယ်။ ၂၀၀၈ ခြေဥ ဆန္ဒခံယူပွဲကထဲက မဲ‌ပေးမယ်၊မဲမပေးဖူး(Vote No,Noe Vote)၊လှုပ်ရှားမှုတွေ၊စောင့်ကြည့်ရေးပရိုဂရမ်မျိုးစုံတွေ၊မီဒီယာ အီလက်ရှင်ဝပ်ခ်ျတွေ စသဖြင့် လှုပ်ရှားမှုပရိုဂရမ်မျိုးစုံအတွက် USAID တို့လို့ အမေရိကန်နဲ့အနောက်နိုင်ငံမျိုးစုံက ပရိုပိုဆယ်ဒိုနာပေးခဲ့ကြပါတယ်။ နောက် ရွေးကောက်ပွဲဆိုင်ရာဖောင်ဒေးရှင်းမျိုးစုံ ကာတာဖောင်ဒေးရှင်းတို့၊အာရှဖောင်ဒေးရှင်းတို့၊ဘွတ်ခ်ျဖောင်ဒေးရှင်းတို့စသဖြင့်စုံပါတယ်။

၂၀၁၂ ဒေါ်စုလွတ်ပြီးကြားဖြတ်ဝင်တဲ့အချိန် ရွေးကောက်ပွဲစောင့်ကြည့်ရေး (Election Watch) ပရိုဂရမ်ပေါင်းများစွာနဲ့ တက်ကြွ၊လှုပ်ရှား၊ပျော်ရွင်စွာ Election Watch ကြပါတယ်။ NCA နဲ့ မြန်မာ့နွေဦး အပျော်ကျူးခဲ့ကြပါတယ်။ *စာရေးသူလဲ ပါခဲ့ပါတယ်။ပရိုဂရမ်တွေ အကျိုးခံစားခဲ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီးနောက် ရိုဟင်ဂျာအပါအဝင်၊ပရိုဂရမ်မျိုးစုံနဲ့ ထိုးနှက်တိုက်ခိုက်မှုစပါတော့တယ်။ဒေါ်စု အပြတ်မနိုင်ဘူးဆိုတဲ့ အနာဂတ်ဟောဆရာ ဂုရုတို့ကမပြတ်ဝါဒဖြန့်ဟောပြောကြပါတယ်။ပုံရိပ်ချဖို့မျိုးစုံထိုးနှက်ကြပါတယ်။ ဒီပရိုဂရမ်တွေကို ဘယ်သူမှ အလကားလုပ်နေသူမပါပါဘူး။ ကိုယ့်နိုင်ငံရေးခံယူချက်၊အသိစိတ်နဲ့လုပ်တာပ၊ပရိုပိုဆယ်၊ဒိုနာ၊ဒေါ်လာ မပါပါဘူးလို့ ငြင်းနိုင်မယ့်လူတော့မရှိ့ဘူးထင်ပါတယ်။ ကျွန်ုပ်တို့က ဒေါ်လာ၊ပရိုပိုဆယ်၊ပရိုဂရမ်မပါဘူးဗျလို့ ထပြောသူရှိလာရင် ကျောင်းဆောင်ပေါ်မှာ ပူဇော်ထားမှာပါ။ငြင်းကြပါ။ မြင်ရသလောက်ကတော့ USAID စသဖြင့်ဖြတ်တောက်ပြီးနောက် ယခုနှစ်LGBT နေ့မှာ သက်တံ့ရောင်အလံလေးတွေနဲ့ ကမ်ပိန်းတွေ ဝိုင်းလုပ်ကြတာမတွေ့ရတော့ပါဘူး။အရင်နှစ်များကတော့ ဝန်ကြီး၊ဝန်ကလေး၊အတွင်းဝန် တွေပါမကျန် သက်တံ့ရောင် ၊ရိမ်းဘိုးအလံ လုပ်ကြပါသေးတယ်။ ဒေါ်စုကလည်း ဒေါက်တာကပ်ကမ်းဘဲလ်ကို နုတ်လှန်ထိုးခဲ့သလို စစ်မှန်တဲ့ဒီမိုကရေစီကြိုးပန်းမှုအတွက် တစ်ပြားမှအလျော့မပေးခဲ့ပါဘူး။ ပြင်းပြင်းထန်ထန် စည်းရုံးရေးလုပ်ပါတယ်။စစ်တပ်ကျောထောက်နောက်ခံပါတီတွေ (တစ်နည်းအားဖြင့်)စည်းကမ်းပြည့်ဝသောဒီမိုကရေစီကို ယိုင်နဲ့သွားအောင်လှုပ်လိုက်ပါတယ်။

၂၀၁၅ မှာ ယိုင်နဲ့၊ချိနဲ့သွားတဲ့ စစ်အုပ်စုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲအကြမ်းဖက်မှု(Election Crime)တွေဖန်တီးဖော်ဆောင်ဖို့အားထုတ်ပါတယ်။ပြည်သူက တည်ငြိမ်၊သက်ရပ်စွာ တုံ့ပြန်ခဲ့ကြပါတယ်။ အပြီးသတ် ၂၀၂၀ မှာ စစ်တပ်ကျောထောက်နောက်ခံပါတီတွေ ခွက်ခွက်လန်၊နိုင်ငံရေး ကုန်းကောက်စရာမရှိ့အောင်ရှုံးပါတယ်။ မင်းကင်းမောင်မြင့်ရဲ “ငါတို့က တစ်ကယ်ကြီး ရှုံးသွားတာလား”ပို့စ်တင်ပါတယ်။မအလနဲ့စစ်အုပ်စုက အာဏာသိမ်းပြန်ပါတယ်။ အခုရွေးကောက်ပွဲလုပ်မယ်လုပ်လာပြန်ပါတယ်။VOTE NO/NO VOTEနဲ့ Election Watch အတွက် တစ်အားနွှဲဖို့၊အားခဲပြင်ဆင်နေကြတာ မနှစ်က ကထဲကပါပဲ။ အချို့ဆို သင်တန်းတွေတောင် အသုတ်လို က်ပေးပြီးနေပါပြီ။ ကြံ့ဖွံ့/ခင်ရီကလဲ အင်တာနေရှင်နယ်စောင့်ကြည့်မှုအောက်မှာပါဗျ တွေ၊ဘာတွေနဲ့ အရင်ဇာတ်ညွန်းဟောင်းအတိုင်း ကရွက်ကင်းလျှောက်ကြဖို့ လုပ်ကြပြန်ပါတယ်။ အခု ထရမ့်က လုပ်ချလိုက်ပါတယ်။ရွေးကောက်ပွဲတွေကို ဝင်မပါနဲ့ ဆိုတာ ဝင်ပါမယ့် ဘတ်ဂျက် မပေးတော့ဘူး ပြောလိုက်တာပါပဲ။ ဒီမိုကရက်တွေရဲ့ ရွေးကောက်ပွဲ မာယာ ကစားကွက်တွေဟာ အမေရိကန် ဂရိတ်အဂိမ်းပေါ်လစီနဲ့ကိုက်ညီပုံမရပါဘူး။(ဒါကြောင့် ဝင်မပါကြနဲ့ ပိုက်ဆံမပေးတော့ဘူး)လုပ်လိုက်ပါတယ်။ (နောက် ရွေးကောက်ပွဲမာယာ၊လှည့်ကွက် လုပ်ချင်လုပ်ကြ၊ကိုယ်ဖြစ်ကိုယ်ခံ၊ကိုယ့်ကိစ္စကိုယ်ရှင်း လုပ်လိုက်ပါတယ်။) ဒီမိုကရေစီကို ဇတ်ကြိုးဖြေလွတ်လိုက်တယ်လို့ယူဆပါတယ်။ဒီမိုကရက်တို့ရဲ့ လုပ်ဟန်ကို ဖယ်ရှားလိုက်ပြီး ကာယကံရှင်နိုင်ငံတွေနဲ့ပြည်သူတွေကို “စစ်မှန်တဲ့ဒီမိုကရေစီကို ကိုယ်နည်းလမ်းနဲ့ကိုယ် စိတ်ကြိုက်လုပ်ကြ”လို့ဒီမိုကရက်တို့တပ်ထားတဲ့ ဇတ်ကြိုးမျိုးစုံကိုဖြေလွတ်လိုက်တာပါပဲ။သတင်းကိုပြန်သရုပ်ခွဲကြည့်ပါတယ်။

(Election Watch မရှိ့တော့ဖူး) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ပြည်ပ နိုင်ငံများက ပြုလုပ်သော ရွေးကောက်ပွဲများ၏ တရားမျှတမှု သိုမဟုတ် ပြည့်စုံမှန်ကန်မှုအပေါ် မှတ်ချက် မပေးရန် ကမ္ဘာတစ်ဝန်းရှိ အမေရိကန် သံတမန်များကို ညွှန်ကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် ရုံးတွင်း မှတ်စုတစ်စောင် အရ သိရပါတယ်။ ယင်းသည် နိုင်ငံရပ်ခြားတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို မြှင့်တင်ပေးသည့် ဝါရှင်တန်၏ ရိုးရာချဉ်းကပ်မှုမှ သိသိသာသာ ကွဲထွက်သွားခြင်းဖြစ်သည်ဟုရိုက်တာသတင်းဌာနကရေးပါတယ်။ (အမေရိကန်အတွက်အကျိူမပြု့လို့ ပိုက်ဆံမပေးတော့ဖူး) ဇူလိုင် ၁၇ ရက်နေ့က အမေရိကန် သံတမန်ရေးရာဌာနရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်းပိုင်းကြေးနန်းစာဖြင့် အမေရိကန် သံတမန်ရေးရာဌာနအားလုံးသို ပေးပို့ခဲ့သော အဆိုပါအမိန့်တွင် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ “ရှင်းလင်းပြီး ခိုင်မာသော” အကျိုးစီးပွားမရှိပါက ဝါရှင်တန်အနေဖြင့် နိုင်ငံတစ်နိုင် ငံ၏ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်များ သို့မဟုတ် လူမှုမီဒီယာပို့စ်များကို ထုတ်ပြန်တော့မည်မဟုတ်ကြောင်း ဖော်ပြထားပါတယ်။ ရိုက်တာသတင်းကိုပြန်ဖော်ပြကြတဲ့ ဘာသာပြန်ဆိုချက်တွေကရှင်းရှင်းလင်းလင်းရှိ့လှပါတယ်။ ထရမ့်က “ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီဖြစ်စဉ် အတွက် မဖြစ်မနေဖြတ်သန်းရမယ့် အဆင့်တစ်ဆင့်ဖြစ်တယ်” ဆိုတဲ့ ဒီမိုကရက်အုပ်စုရဲ့ ရွေးကောက်ပွဲမာယာကို ရိုက်ချိုးလိုက်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် အခြားနည်းလမ်းမျိုးစုံ အသုံးပြုနိုင်တယ်လို့ လမ်းဖွင့်ပေးလိုက်ပါတယ်။ကိုယ်ဖက်က တော်လှန်ရေး(လက်တွေ့)သမားတွေ ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းရှိဖို့ပါပဲ။ “ကြောက်ရင်လွဲ၊ရဲရင်မင်းဖြစ်” ပါပဲ။

စိမ်းမောင်

မှက်ချက်။ ။စာရေးသူ၏ပုဂ္ဂလိကအာဘော်သာဖြစ်ပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *