စကစ လုပ်ကွက်ကဗနီကာ(ရှာလကာရေ)ဂျိုး လုပ်ကွက်လောက်ပါ

ဒီနေရာမှာ စတုတ္ထုစစ်အုပ်စုရဲ့ (Exist Strategy)က ရွေးကောက်ပွဲအပါအဝင် ညှိ/ထွက် လိုင်းဖြစ်ပါတယ်။ ပဉ္စမ စစ်အုပ်စုရဲ့ (Exist Hope)က စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်းထဲမှာ ပုံမှန်အသက်မွေးဝမ်းကြောင်းဘဝ စိတ်ချသေချာစေဖို့ပါ။ အာဏာသိမ်း စတုတ္ထစစ်အုပ်စုက နိုင်ငံရေးပလက်ဖောင်းကိုကူးပြီး အလွတ်အကျွတ်ထွက်သွားပြီး ပဉ္စမစစ်အုပ်စုကို စစ်နွှံထဲ ဆွဲနစ်ထားခဲ့မှာဖြစ်ပါတယ်။ ပဉ္စမစစ်အုပ်စုဟာ စတုတ္ထစစ်အုပ်စုရဲ့ စစ်ကျွန်အနေနဲ့ စတုတ္ထစစ်အုပ်စု ရှင်သန်မှုသေချာသည်အထိ အရင်းအနှီးပေးရတော့မယ့်အခြေအနေဖြစ်ပါတယ်။ ကံရံမသင့်ရင် အင်စတီကျူးရှင်း ပြိုကျသွားနိုင်မယ့် ချောက်ကမ်းပါးဆီ ဦးတည်နေပြီဖြစ်ပါတယ်။ပဉ္စမစစ်အုပ်စုအတွက် မျှော်လင့်ချက်က စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုလက်ခံပြီး၊အစစ်အမှန်နိုင်ငံရေးနဲ့ရွေးကောက်ပွဲက ပြည်သူရွေးချယ်တင်မြောက်တဲ့ အရပ်သားအစိုးရလက်အောက်မှာနေဖို့ပဲဖြစ်ပါတယ်။ အခုစတုတ္တစစ်အုပ်စုရဲ့ ထွက်ပေါက်အစီအစဉ်တွေက ပြသနာတွေပိုမိုဆိုးဝါးစေမှာဖြစ်တဲ့အတွက် စစ်တပ်ဆိုတဲ့အင်စတီကျူးရှင်း ဆက်လက်တည်တံ့ရေးကို မသေချာအရေရာဖြစ်စေမှာဖြစ်ပါတယ်။ အခု စတုတ္ထစစ်အုပ်စု အရင်းအနှီးကြီးကြီးပေးပြီး နည်းဗျူဟာ တန်ပြန်ထိုးစစ် လုပ်တာက သူတို့အတွင်းပိုင်း ပြသနာအတွက် ရုန်းကန်တာပါ။ စကစ ဟာ စစ်မှုထမ်းဥပဒေနဲ့ အင်အားပြခြိမ်းခြောက်ရေး (Show of Force) လုပ်ဖို့ကြိုးစားပါတယ်။ဒါပေမယ့် တစ်နိုင်လုံး နေရာအကြားအလပ်မရှိတဲ့ စစ်ရင်ပြင်ကြီးကို ထိမ်းချုပ်နိုင်ဖို့ သေနင်္ဂဗျူဟာ အလှည့်အပြောင်းဖြစ်စေမယ့် အင်အားအချိုးအစားရဖို့ဆိုတာမဖြစ်နိုင်တဲ့အခြေအနေပါ။
———————————–
ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ယခု နောက်ဆုံးအဖြစ်အပျက် နောင်ချို၊သပိတ်ကျင်းနဲ့ဖားကန့်၊ဗန်မော်ဖြစ်စဉ်များနဲ့ပက်သက်လို့ သုံးသပ်ချက်မျိုးစုံကိုဖတ်ရှုလေ့လာရပါတယ်။ ဒီဖြစ်စဉ်များအပေါ်ကနေ ပြည်သူလူထုရဲ့ စိတ်အတက်၊အကျကို ဖန်တီးနေတဲ့ စိတ်ဓါတ်စစ်ဆင်ရေး ပရိုဂရမ်တွေကိုလည်းတွေ့ရှိရပါတယ်။ နွေဦးတော်လှန်ရေးအပေါ် ပြည်သူတွေရဲ့ စိတ်ခံစားမှုအတက်အကျကို ကိုင်တွယ်ကစားတဲ့ လုပ်ဟန်တွေကို မြင်အောင်ကြည့်ရင်မြင်ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ရေးဖြစ်လို့ ပြည်သူကို ချပြဖို၊ရှင်းလင်းတင်ပြဖို့ အခက်အခဲရှိကြမှာဖြစ်ပါတယ်။စာဖတ်သူများချိန်ဆစဉ်းစားနိုင်ရန် အမြင်ရှု့ထောင့်တစ်ခုကို ဆဝါးတင်ပြဆွေးနွေးကြည့်ပါတယ်။ လက်ရှိ့ ဖြစ်စဉ်တွေက တစ်နိုင်ငံလုံးဆိုင်ရာစစ်ရင်ပြင် (War Theatre) နဲ့ဆက်စပ်စဉ်းစားကြည့်ပါတယ်။ တစ်စုံလုံးစစ်ရင်ပြင်အရ သေနင်္ဂဗျူဟာ အလေးသာမှု၊အခွင့်သာမှုရှိနေဆဲဖြစ်ပါတယ်။သေနင်္ဂဗျူဟာကို အထောက်အပံ့ပေးတဲ့ နည်းပရိယာယ်ဖြစ်စဉ်ဖြစ်ပါတယ်။နည်းပရိယာယ်ကို မြန်မာ့အဘိဓါန်မှာ အပေး၊အယူလို့ ဆိုပါတယ်။နည်းပရိယာယ်စစ်ပွဲမှာ အပေး၊အယူရှိမှာသဘာဝပဲဖြစ်ပါတယ်။ မော်စီတုန်းက ရန်သူကို သေနင်္ဂဗျူဟာအရ အထင်ကြီးစရာမလိုပေမယ့် နည်းပရိယာယ်အရ ပေါ့ဆလို့မရဘူးလို့ စစ်ရေးခြောက်စောင်တွဲမှာ သင်ကြားခဲ့ပါတယ်။ စစ်ပွဲရဲ့သဘောသဘာဝကိုက ဆန်ကျင့်ဖက်တို့ဒွန်တွဲလွန်ဆွဲနေတဲ့သဘာဝဖြစ်ပါတယ်။အင်အားအတိုး၊အဆုတ်၊နယ်မြေအတိုး၊အဆုတ်၊ခံစစ်နဲ့တိုက်စစ်၊ချီစစ်နဲ့ခွာစစ်၊ဝိုင်းပတ်ပိတ်ဆို့ခြင်းနဲ့ထပ်ဆင့်ဝိုင်းပတ်ပိတ်ဆို့ခြင်း စသဖြင့် စသဖြင့် ဆန့်ကျင်ဖက်များဒွန်တွဲလွန်ဆွဲတဲ့သဘာဝဖြစ်ပါတယ်။နည်းပရိယာယ်စစ်ပွဲကအရေအတွက်ပြဿနာပါ။အဆုံးအဖြတ် စစ်မြေပြင်နဲ့စစ်ပွဲက အရည်အချင်းပြဿနာပါ။

လက်ရှိ့မြန်မာပြည်စစ်မြေပြင်ရဲ့ သေနင်္ဂဗျူဟာ လက်ဦးမှုဟာ ပြည်သူ့ဖက်မှာရှိပါတယ်။စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးဆိုတဲ့ သေနင်္ဂဗျူဟာက တစ်နိုင်ငံလုံးအကြားအလပ်မရှိပြည်သူက လက်ဦးမှုရနေပါတယ်။သေနင်္ဂဗျူဟာတိုက်ပွဲက တစ်နိုင်ငံလုံးတစ်ညီတစ်ညာထဲဖြစ်ထွန်းတိုးတက်နေပါတယ်။ စစ်အုပ်စုဟာ သေနင်္ဂဗျူဟာ လက်ဦးမှုကို နည်းမျိုးစုံနဲ့ပြန်လည် ရယူဖို့ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးဖိုရမ်တို့၊ရွေးကောက်ပွဲတို့ စတာတွေဟာ စစ်အုပ်စုက သေနင်္ဂဗျူဟာအလှည့်အပြောင်းဖြစ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။မင်းအောင်လှိုင် က ထရမ့်ဆီအပြန်အလှန်ပေးစာသဘော မရှက်မကြောက်မျက်စပစ် လုပ်နေတာလဲ သေနင်္ဂဗျူဟာ အကဲသာလေမလားအားထုတ်နေတာဖြစ်ပါတယ်။ သေနင်္ဂဗျူဟာလက်ဦးမှုမဲ့နေတယ် စစ်အုပ်စုဟာနည်းပရိယာယ်အမြတ်အစွန်းအချို့ကို အရင်းအနှီးကြီးကြီးနဲ့ရယူဖို့ကြိုးစားအားထုတ်နေတာပဲဖြစ်ပါတယ်။ ဒါကလည်း စစ်အုပ်စုထဲမှာ အာဏာလွန်ဆွဲပွဲအတွက် အကဲသာအောင် လက်ဆုတ် လက်ကိုင်တစ်ခုပြဖို့ အသဲအသန်လိုအပ်နေတဲ့ အခြေအနေလို့ယူဆပါတယ်။ စစ်အုပ်စုဟာ ရွေးကောက်ပွဲကနေတစ်ဆင့် ရှင်သန်ရပ်တည်နိုင်ရေး (Exist Strategy)ခင်းကျင်းမှု့ကိုသူ့အတွင်းပိုင်းမှာ ယုံကြည်မှုတည်ဆောက်ရေးအတွက်ထက်မပိုပါဘူး။ မအလနဲ့စတုတ္ထစစ်အုပ်စုဟာ ရွေးချယ်စရာ အကန့် အသတ် နဲ့ရင်ဆိုင်နေရပါတယ်။စစ်အုပ်စုထဲက ပဉ္စမ စစ်အုပ်စုမျိုးဆက်က စိန်ခေါ်လာမှာဖြစ်ပါတယ်။ပဉ္စမ စစ်အုပ်စုဟာ စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်း ဆက်ရှိနေမှာသူတို့ဘဝဆက်ရှိမှာဖြစ်ပါတယ်။


ဒီနေရာမှာ စတုတ္ထုစစ်အုပ်စုရဲ့ (Exist Strategy)က ရွေးကောက်ပွဲအပါအဝင် ညှိ/ထွက် လိုင်းဖြစ်ပါတယ်။ ပဉ္စမ စစ်အုပ်စုရဲ့ (Exist Hope)က စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်းထဲမှာ ပုံမှန်အသက်မွေးဝမ်းကြောင်းဘဝ စိတ်ချသေချာစေဖို့ပါ။ အာဏာသိမ်း စတုတ္ထစစ်အုပ်စုက နိုင်ငံရေးပလက်ဖောင်းကိုကူးပြီး အလွတ်အကျွတ်ထွက်သွားပြီး ပဉ္စမစစ်အုပ်စုကို စစ်နွှံထဲ ဆွဲနစ်ထားခဲ့မှာဖြစ်ပါတယ်။ ပဉ္စမစစ်အုပ်စုဟာ စတုတ္ထစစ်အုပ်စုရဲ့ စစ်ကျွန်အနေနဲ့ စတုတ္ထစစ်အုပ်စု ရှင်သန်မှုသေချာသည်အထိ အရင်းအနှီးပေးရတော့မယ့်အခြေအနေဖြစ်ပါတယ်။ ကံရံမသင့်ရင် အင်စတီကျူးရှင်း ပြိုကျသွားနိုင်မယ့် ချောက်ကမ်းပါးဆီ ဦးတည်နေပြီဖြစ်ပါတယ်။ပဉ္စမစစ်အုပ်စုအတွက် မျှော်လင့်ချက်က စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုလက်ခံပြီး၊အစစ်အမှန်နိုင်ငံရေးနဲ့ရွေးကောက်ပွဲက ပြည်သူရွေးချယ်တင်မြောက်တဲ့ အရပ်သားအစိုးရလက်အောက်မှာနေဖို့ပဲဖြစ်ပါတယ်။ အခုစတုတ္တစစ်အုပ်စုရဲ့ ထွက်ပေါက်အစီအစဉ်တွေက ပြသနာတွေပိုမိုဆိုးဝါးစေမှာဖြစ်တဲ့အတွက် စစ်တပ်ဆိုတဲ့အင်စတီကျူးရှင်း ဆက်လက်တည်တံ့ရေးကို မသေချာအရေရာဖြစ်စေမှာဖြစ်ပါတယ်။ အခု စတုတ္ထစစ်အုပ်စု အရင်းအနှီးကြီးကြီးပေးပြီး နည်းဗျူဟာ တန်ပြန်ထိုးစစ် လုပ်တာက သူတို့အတွင်းပိုင်း ပြသနာအတွက် ရုန်းကန်တာပါ။ စကစ ဟာ စစ်မှုထမ်းဥပဒေနဲ့ အင်အားပြခြိမ်းခြောက်ရေး (Show of Force) လုပ်ဖို့ကြိုးစားပါတယ်။ဒါပေမယ့် တစ်နိုင်လုံး နေရာအကြားအလပ်မရှိတဲ့ စစ်ရင်ပြင်ကြီးကို ထိမ်းချုပ်နိုင်ဖို့ သေနင်္ဂဗျူဟာ အလှည့်အပြောင်းဖြစ်စေမယ့် အင်အားအချိုးအစားရဖို့ဆိုတာမဖြစ်နိုင်တဲ့အခြေအနေပါ။

ကလော့စ်ဝတ်ရဲ့ စစ်မြေပြင်နဲ့အင်အားအချိုးအဆ (Force and Space Ratio) အရဆို စကစမှာ ပြိုင်ဖက် တော်လှန်ရေးအင်အားထက် သုံးဆ အသာဆို အနိမ့်ဆုံး တိုက်ခိုက်ရေးအင်အား ၇သိန်းနဲ့ ၉ သိန်းကြားလိုအပ်မှာပါ။ဒါ ပင်မစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အင်အားစုနဲ့EROs တွေအားလုံးပေါင်းကို ၃ သိန်းလို့ ယေဘူယျတွက်တာပါ။ အခုစကစ စစ်မှု့ထမ်းပေါ်တာ ကောက်တာကနေ အင်အား ၇ သောင်းလောက်ရပြီလို့ခန့်မှန်းတာဖတ်ရပါတယ်။ဒါဟာ စကစ အတွက် စစ်ရင်ပြင်ကြီးတစ်ခုလုံးကို ထိုးစစ်ဆင်နိုင်ဖို့အဝေးကြီးပါ။ အခု ပေါ်တာစစ်သားတွေက နေရာစုံဝိုင်းပတ်ပိတ်ဆို့(Encirclement)ခံထားရတာကို ခံစစ်ကြံ့ခိုင်ရေးလောက်တောင် အနိုင်အနိုင်ဖြစ်ပါတယ်။ ဒါကို စကစ မသိတာမဟုတ်ပါဘူး။အခုရသမျှညှစ်ထုတ်လို့ရတဲ့အားနဲ့ တန်ပြန်ထိုးစစ်ကို ညှစ်ထုတ်ဆင်နွှဲရတာနိုင်ငံတစ်ကာနဲ့သူ့တပ်အတွင်းပိုင်းပဉ္စမစစ်အုပ်စုကို ချွေးသိပ်နိုင်ဖို့လောက်ပါပဲ။ပဉ္စမစစ်အုပ်စုက သူတို့စတုတ္ထစစ်အုပ်စုရဲ့ (Exist Plan) ကို စိန်ခေါ်မလာနိုင်အောင် လုပ်ပြယုံလောက်ပါပဲ။ဆိုလိုတာ စစ်အုပ်စုအတွင်းပိုင်းနိုင်ငံရေးစစ်ပါပဲ။ဘယ်လောက်သေသေ ရင်းမှာပါပဲ။ စစ်အုပ်စုက ပေါ်တာစစ်သားတွေရသလောက်သုံးပြီး စစ်ဆင်ပြီးတဲ့နောက် ခံစစ်ပြန်ယူရတဲအအတွက် သူ့မွေးထုတ်ထားတဲ့ အင်အားတွေရဲ့ တစ်ဝတ်လောက်နီးနီးကို စစ်ဆိုင်ထားရတဲ့အခြေအနေ(Engagements) လုပ်ထားရမှာဖြစ်ပါတယ်။ နောက်ထပ် အင်အားအချို့ကို ထောက်ပံ့၊အုပ်ချုပ်လုပ်ငန်း (L & C) အတွက်သုံးရမှာပါ။ ယခုအချိန်ထိ စကစ အင်အားကို ( Gravity and Containment) စိတ်ကြိုက်လုပ်ထားနိုင်တာ ကိုယ့်ဖက်ကပါပဲ။

စစ်အုပ်စုအနေနဲ့လည်း ရွေးချယ်စရာမရှိလို့စွန့်စားရပေမယ့် အခြေအနေပိုဆိုးသွားပြီဆိုတာ သိနေပါတယ်။အခု စစ်မှုထမ်းအသစ်စုဆောင်းရေးအတွက် အနုပညာရှင်တွေနဲ့လှုံ့ဆော်လာရတာတွေ၊စိုးဝင်းက ပြည်သူကို မတတ်သာလို့ အောင့်ကာနမ်းပြ ရတာတွေ၊လူထုကို မျက်နှာချိုသွေးတဲ့အကွက်တွေ မအလ ထွက်လုပ်ပြလာရတာတွေကနေကြည့်ရင်သိသာပါတယ်။ ဒါမျိုးလားသူတို့ လုပ်မှာ။ရင်ထဲကမပါပဲ ရုပ်ရှင်ရိုက်ကွက်တွေဆိုတော့ ပြည်သူအမြင်မှာ ဟာသဖြစ်နေပါလိမ့်မယ်။ စကစရဲ့ စစ်မှု့ထမ်းအပတ်စဉ် ၁၅ အသုတ်က အင်အားတွေ ခြေချုပ်မိသွားပြီဖြစ်ပါတယ်။နောက်ထပ် နေရာပွိုင့်အချို့မှာ ထပ်မိပါလိမ့်ဦးမယ်။သူတို့လည်း နိုင်ငံရေးအမြတ်ထုတ်ဖို့ ဘယ်လောက်ကုန်ကုန် ရင်းပါလိမ့်ဦးမယ်။ ယခုအချိန်ထိပင်မတော်လှန်ရေးဖက်က စစ်အုပ်စုကို မျဉ်းပြိုင်ဝိုင်းရံပိတ်ဆို့တဲ့ (ဖေးဘီးရပ် ဗျူဟာ) ပဲခင်းကျင်းထားဆဲကာလဖြစ်ပါတယ်။ကိုယ့်ဖက်က သေနင်္ဂဗျူဟာမြောက် စိတ်ကြိုက်စစ်ကစားတဲ့( Strategies Manoeuvers) အဆင့်ကိုဖော်ဆောင်နိုင်ဖို့အတွက် သူ့အင်အားကို ချုပ်ကိုင်၊ချုပ်ငင် ထားဖို့ တစ်ဆင့်ခြင်းရွေ့လျှားနေဆဲဖြစ်ပါတယ်။ စကစဟာ စစ်အဘိဓမ္မာဆရာကြီး ကလော့စ်ဝတ် အဆိုအမိန့်ဖြစ်တဲ့ အင်အားကိုစဉ်ဆက်မပြတ် အသုံးချနိုင်စွမ်းအတွက် အတင်းအကျပ်စစ်မှု့ထမ်းကောက်ပါတယ်။ဒါပေမယ့် နိုင်ငံတစ်ကာစစ်မဟုတ်ပဲ၊ပြည်တွင်းစစ်ဖြစ်နေတာရယ်၊ တစ်ပြည်လုံးသူ့ကိုတော်လှန်နေကြတာရယ်ဖြစ်တဲ့အတွက် စစ်စုရုံးပြင်ဆင်မှုကြီး (War Mobilize)လုပ်လို့မရနိုင်ပါဘူး။ အခုအတင်းအကျပ်စစ်မှု့ထမ်းကောက်နေတာက အလုံးစုံ ဥသုန် ပျက်စီးခြင်း (Utter Devastation) ကို အချိန်ဆွဲဆန့်ထာတာလောက်ပဲဖြစ်ပါတယ်။

ပြန်ကောက်ချက်ဆွဲရရင်
၁။သေနင်္ဂဗျူဟာ လက်ဦးမှု့က ကိုယ်လက်ထဲမှာ ရှိနေဆဲပါ။
၂။စကစ နည်းပရိယာယ် အမြတ်ထုတ်ဖို့အားထုတ်တာ သူ့အတွင်းပိုင်းပဉ္စမ စစ်အုပ်စုကို ချွေးသိပ်ဖို့ပါ။
၃။စကစ အင်အားတွေ ပြုန်းတီးမှု့ အတွက် သရုပ်ပျက်လောက်အောင် ပျာယာခတ်လာနေပါတယ်။
၄။ရှိစုမဲစု အင်အားတွေကို စစ်ဂွင်အနည်းငယ်ထဲမှာပဲ ချုပ်ငင်ထားခံနေရပြီဖြစ်ပါတယ်။
၅။နောက်ထပ်စုဆောင်းရသမျှ (L&C) မှာ သွန်ချရပါတော့မှာပါ။
၆။မိမိဖက်က ကြိုက်တဲ့စစ်မြေပြင်မှာ ၊ကြိုက်တဲ့အချိန်မှာ ၊ကြိုက်သလို စစ်ကစားခွင့် သာလာပြီဖြစ်ပါတယ်။

တော်လှန်စစ်ပြီးပြည့်စုံရေးအတွက် အဆင့်လိုက်ပြင်ဆင်ရတဲ့အချိန်မှာ နေရာကိုစွန့်လွတ်၊အချိန်ကိုဝယ်ယူရတာ ရှိပါတယ်။ ယခုလက်ရှိ အပြင်းထန်ဆုံးစစ်မြေပြင်တွေက ပထဝီအရ ကိုယ့် ဖက်က ဆုတ်ခွာမှုထု (Strategie Deep ) ကို အသုံးချဖို့အခွင့်သာပါတယ်။ လက်ရှိ တစ်နိုင်လုံးတော်လှန်နေကြတဲဘအတွက် ရန်သူ စကစ မှာ ဆုတ်ခွာမှုထု(Strategies Deep) အတော်ကို ကျဉ်းမြောင်းနေပြီဖြစ်ပါတယ်။ စစ်အဘိဓမ္မာဆရာကြီး ဆွန်းဇု မိန့်ဆိုခဲ့သလို “အပြီးသတ်တိုက်ပွဲမတိုင်မည်အထိ အင်အားကို ထိမ်းသိမ်းထားနိုင်ခြင်းသည် မဟာဗျူဟာ မြောက်ခြင်းဖြစ်သည်”ဆိုတဲ့အဆိုအမိန့်အရ အင်အားကိုထိမ်းသိမ်းထားနိုင်ခြင်းဟာ တော်လှန်ရေးဖက်မှာ ရှိနေပါတယ်။စကစဟာ အတင်းအကျပ်စစ်မှု့ထမ်းကောက် ရုန်းကန်နေရတဲ့အတွက် အင်အားကို မထိမ်းသိမ်းနိုင်တော့ပါဘူး။ ယေဘူယျပြောရရင်စစ်အုပ်စုဟာ ဘက်စုံသေနင်္ဂဗျူဟာလက်ဦးမှု မဲ့နေဆဲဖြစ်ပါတယ်။မိမိဖက်က သေနင်္ဂဗျူဟာအရ ရန်သူကို အထင်သေးရမှာဖြစ်ပေမယ့် နည်းပရိယာယ်အရ မပေါ့ဆဖို့ပါ။ စကစ ဟာ လစ်ဒယ်ဟတ်စ်ရဲ့ စစ်ပွဲသေးသေးလေးများအောင်ပွဲပေါင်းချုပ်ကနေ မဟာဗျူဟာ အောင်မြင်မှု ဖော်ဆောင်ဖို့ ရုန်းကန်နေတာကို ပိတ်ဆို့ဖြတ်‌တောက်ဖို့ပါပဲ။ မိမိဖက်က သေနင်္ဂဗျူဟာ လက်ဦးမှု့ကို မဆုံးရှုံးဖို့နဲ့ အချိန်ကိုက်(စစ်သဘောတရားအရသာ)၊(ပြင်ပဖိအားကြောင့်မဟုတ်) စစ်ကစားနိုင်ဖို့ရန်သာဖြစ်ပါတယ်။ ယခုနောက်ဆုံး စစ်ရေးအခြေအနေမှာ စကစ ရဲ့ နည်းပရိယာယ် စစ်ရေး ရလာဒ်ကနေ စကစ ခြိမ်းခြောက်မှု့လို့ ဘေးတီးလိုသူတွေ၊ဒါမှမဟုတ် အထင်တစ်ကြီးဖြစ်လာသူတွေကို တုံ့ပြန်လိုတာက- အခု စကစ လုပ်ကွက်က ဗနီကာ(ရှာလကာရေ)ဂျိုးလုပ်ကွက်လောက်သာဖြစ်ပါကြောင်း။

စိမ်းမောင်

မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိကအာဘော်သာဖြစ်ပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *