ပို့ပေါ့တို့၊ခိယူဆန်ဖန်တို့အာဏာလက်မဲ့ဖြစ်သွားပါပြီ။ကမ္ဘောဒီးယား ဖနွမ်ပင်မြို့တော်မှာ အာဏာအရှိ့ဆုံးက ဆိုဗီယက်သံရုံးလိုပြောစမှတ်ဖြစ်သွားပါတယ်။ကမ္ဘောဒီးယားဆိပ်ကမ်းကို ဆိုဗီယက်တို့အသုံးချခွင့်ရသွားပါတယ်။ ပိုပေါ့တို့လဲ ထိုင်းနိုင်ငံပိုင်လင်းက ရာဘာတောအုပ်တွေထဲ ရွေ့ပြောင်းအခြေစိုက်ရပါတယ်။နောက် ပြည်တွင်းပြန်ဝင်ရပါတယ်။ပိုပေါ့တို့အတွက်လိုအပ်တဲ့ စစ်လက်နက်၊ခဲယမ်းတွေကို တရုတ်က ရေကြောင်းကသယ်ပို့ပေးပါတယ်။ထိုင်းဆိပ်ကမ်းတွေကနေ ထိုင်းက ပိုပေါ့တို့ဆီထပ်ဆင့်ပို့ပေးရပါတယ်။ ဟွန်ဆန်တို့အစိုးရကို ကုလ သမဂ္ဂ မှာနေရာ၊ထိုင်ခုံမပေးပဲ ပိုပေါ့တို့ခမာနီအစိုးရကိုပဲဆက်ပေးထားပါတယ်။ဆက်သွယ်ရေးရုံးက စင်ကာပူမှာဖွင့်ထားပါတယ်။ အမေရိကန်ရော၊တရုတ်ကရောက ဟွန်ဆန်အစိုးရကို အသိအမှတ်မပြုတဲ့အတွက် ကုသမဂ္ဂမှာ ပိုပေါ့တို့ကိုဆက်ထားဖို့သဘောညီကြပါတယ်။ အင်ဒိုချိုင်းနားမှာဆိုဗီယက်ဩဇာဖြန့်ကျက်လာပြီး၊ဆိပ်ကမ်းတွေအသုံးချခွင့်ပေးလိုက်တာကို အမေရိကန်ရော၊တရုတ်ရောက မကျေနပ်ကြလို့ ပိုပေါ့ကို ဆက်အသိအမှတ်ပြုကြပါတယ်။ စစ်အေးခေတ်ပြီးတဲ့နောက် ဂျပန်၊ပြင်သစ်၊အိန္ဒိယတို့ပွဲစားလုပ်ပေးပြီး ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ဟွန်ဆန် ကုလသမဂ္ဂမှာထိုင်ခုံပြန်ရလာပါတယ်။ခမာနီတွေလက်နက်ချပြီး ပိုပေါ့၊ခိယုဆန်ဖန်တို့ကို ကုလသမဂ္ဂတရားရုံးနဲ့ အေးချမ်းစွာ ဘဝကူးသည်အထိ ဆယ်နှစ်ကျော်တရားဆိုင်ထားပေးပါတယ်။ နောက် ခမာနီကို ရှုတ်ချတဲ့ ကေးလင်းဖီးလ်ရုပ်ရှင်တွေရိုက်ပါတယ်။ခရီးသွားပြတိုက်တွေဖွင့်လာပါတယ်။
——————————————-
ဇူလိုင်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဟွန်ဆန်ကို တစ်ဖက်လပ်ဟွန်ဆန်လို့ ကမ္ဘောဒီးယားအတိုက်အခံများကခေါ်ကြပါတယ်။ခမာနီကွန်မန်ဒိုတပ်ရင်းမှုးဟောင်းဖြစ်ခဲ့တဲ့ဟွန်ဆန်ဟာ တိုက်ပွဲအတွင်းမှာ မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ခမာနီ ရဲမေဟောင်းဖြစ်ခဲ့တဲ့ ဟွန်ဆန်ရဲ့အမျိုးသမီးဟာလည်း ခမာနီ ပိုပေါ့နဲ့ခယူဆန်ဖန်တို့ပြု့လုပ်တဲ့ New Zero လှုပ်ရှားမှု့မှာ အလုပ်ကြမ်းစခန်းမှာ နှိပ်စက်ခံခဲ့ရဖူးပါတယ်။ ကမ္ဘောဒီးယားပြည်တွင်းစစ်မှာ အမေရိကန်ကျောထောက်နောက်ခံ မင်းသားကြီးသီဟာနုကို အာဏာသိမ်းဖြုတ်ချခဲ့တဲ့ ဗိုလ်ချုပ်ကြီး လုံနို တို့နဲ့မင်းသားကြီးသီဟနုကို ရုပ်ပြခေါင်းဆောင်တင်ထားတဲ့ခမာနီတို့လွမ်းမိုးတဲ့ ကန်ပူးခြားအမျိုးသားလွတ်မြောက်ရေးတပ်ဦးတို့ကတစ်ဖက် တိုက်ခိုက်ကြပါတယ်။မင်းသားကြီကတော့ စိတ်ကောက်လိုက် တရုတ်သွားနေလိုက်၊မြောက်ကိုရီးယားသွားနေလိုက်၊ပြင်သစ်စံအိမ်သွားနေလိုက်၊တပ်ဦးဥက္ကဌပြန်လုပ်လိုက်ပါပဲ။ ပထမတော့ အာဏာသိမ်းဗိုလ်ချုပ်လုံနိုအစိုးရမှာ ရုပ်ပြ ဥသျောင် လုပ်လိုက်ပါသေးတယ်။နောက်မှ တရုတ်ကိုထွက်သွားပြီး ခမာနီနဲ့လက်တွဲတာဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲမှာ ဘက်မလိုက်ကြားနေရေးလုပ်ခဲ့တဲ့ မြန်မာပြည်က ဦးနု ကိုစစ်တပ်ကအာဏာသိမ်းခဲ့သလို၊ဘက်မလိုက်မင်းသားကြီးကိုလည်း ဗိုလ်ချုပ်ကြီးလုံနိုတို့ကအာဏာသိမ်းဖြုတ်ချလိုက်တာပါပဲ။ မင်းသားကြီးဟာ စစ်အေးတိုက်ပွဲ တရုတ်-အမေရိကန်အားပြိုင်မှု့ကြားထဲမှာ မညှပ်အောင်နဲ့ကမ္ဘောဒီးယားကွန်မြူနစ်တို့ကို တရုတ်က ပုံမလောင်းအောင်တရုတ်နဲ့နီးစပ်ပြေလည်အောင် ကြိုးပမ်းရင်း အာဏာသိမ်းခံရပြီး စစ်အေးခေတ် အင်ဒိုချိုင်းနားစစ်ပွဲထဲလိပ်ပါသွားပါတော့တယ်။
ကန်ပူးချားစစ်ပွဲများမှာ ခမာနီတွေကို တရုတ်ကကူညီပြီး၊ဗိုလ်ချုပ်လုံနိုတို့ကို အမေရိကန်က ကျောထောက် နောက်ခံကူညီပါတယ်။ကန်ပူးခြားစစ်ပွဲက တရုတ်-အမေရိကန် ကြားခံစစ်ပွဲလိုဖြစ်လာပါတယ်။ ကမ္ဘောဒီးယားမှာ ပိုပေါ့နဲ့ခိယု့ဆန်ဖန်တို့က တရုတ်အနွယ် ဆီနို-ခမာ အုပ်စုဖြစ်ပါတယ်။ဟွန်ဆန်ကတော့ ဗီယက်နမ်-ခမာအနွယ်ဖြစ်ပါတယ်။ခမာမျိုးနွယ်စုစစ်တွေက တစ်စုဖြစ်ကြပါတယ်။ပို့ပေါ့၊ခိယုဆန်ဖန်တို့ ဆီနို-ခမာအုပ်စုကို တရုတ်က ကျောထောက်နောက်ခံပေးပါတယ်။ ပိုပေါ့တို့၊ခိယုဆန်ဖန်တို့ရဲ့ ပြန်လည်သန့်စင်ရေး သုညနှစ်သစ် ပြန်ချရေး လှုပ်ရှားမှုမှာ ပညာတတ် ခမာအစစ်တွေနဲ့ ဗီယက်နမ်ခမာ အုပ်စုတွေ အဓိက ရှင်းလင်းသုတ်သင်ခံရပါတယ်။ ဗီယက်နမ်နယ်စပ်နဲ့ဗီယက်နမ်ထဲမှာထွက်ပြေး ခိုလှုံနေတဲ့ ခမာအစုတွေကို မှုလက ဗီယက်နမ်က နိုင်ငံရေးလုပ်ခွင့်မပေးခဲ့ပါဘူး။မသိမသာပဲ ကူညီပါတယ်။ တရုတ်နဲ့ ပဋိပက္ခဖြစ်မှာစိုးလို့လက်ရှောင်ခဲ့ပါတယ်။ ဒါပေမယ် တရုတ်က ကန်ပူးခြားကိစ္စမှာ ဗီယက်နမ်-ခမာတွေဖက်ပင်းတာရယ်၊ဆိုဗီယက်ဖက်ကို အပြတ်ယိမ်းလိုက်တာရယ်ကြောင့် ဗီယက်နမ်ကိုပညာပေးစစ်ဆိုပြီးဝင်တိုက်တော့မှ ဗီယက်နမ်မှာခိုလှုံနေတဲ့ ခမာတွေကိုအတိအလင်းကူညီပါတော့တယ်။ အဲ့ဒီမှာ ခမာနီက ထွက်ပြေးလာတဲ့ တပ်မှုးဟွန်ဆန်ရဲ့အခန်းကဏ္ဍကမြင့်တက်လာပါတယ်။တရုတ်ကလည်းစိတ်ဆိုးပြီး ပိုပေါ့တို့ဖက်က ပုံအောပါတယ်။ဗီယက်နမ်ဖက်ကလည်း ဆိုဗီယက်ကျောထောက်နောက်ခံနဲ့ အလုံးအရင်းကူညီပါတယ်။
နောက်ဆုံးမှာ ဗီယက်နမ်တပ်သား သုံးသိန်းလောက် ကမ္ဘောဒီးယားထဲဝင်တိုက်ပေးပြီး ဟွန်ဆန်ကို နန်းတင်ခဲ့ပါတယ်။နောက်ဗီယက်နမ်တပ်သား ၂ သိန်းလောက်လဲ ချထားခဲ့ပါတယ်။
ပို့ပေါ့တို့၊ခိယူဆန်ဖန်တို့အာဏာလက်မဲ့ဖြစ်သွားပါပြီ။ကမ္ဘောဒီးယား ဖနွမ်ပင်မြို့တော်မှာ အာဏာအရှိ့ဆုံးက ဆိုဗီယက်သံရုံးလိုပြောစမှတ်ဖြစ်သွားပါတယ်။ကမ္ဘောဒီးယားဆိပ်ကမ်းကို ဆိုဗီယက်တို့အသုံးချခွင့်ရသွားပါတယ်။ ပိုပေါ့တို့လဲ ထိုင်းနိုင်ငံပိုင်လင်းက ရာဘာတောအုပ်တွေထဲ ရွေ့ပြောင်းအခြေစိုက်ရပါတယ်။နောက် ပြည်တွင်းပြန်ဝင်ရပါတယ်။ပိုပေါ့တို့အတွက်လိုအပ်တဲ့ စစ်လက်နက်၊ခဲယမ်းတွေကို တရုတ်က ရေကြောင်းကသယ်ပို့ပေးပါတယ်။ထိုင်းဆိပ်ကမ်းတွေကနေ ထိုင်းက ပိုပေါ့တို့ဆီထပ်ဆင့်ပို့ပေးရပါတယ်။ ဟွန်ဆန်တို့အစိုးရကို ကုလ သမဂ္ဂ မှာနေရာ၊ထိုင်ခုံမပေးပဲ ပိုပေါ့တို့ခမာနီအစိုးရကိုပဲဆက်ပေးထားပါတယ်။ဆက်သွယ်ရေးရုံးက စင်ကာပူမှာဖွင့်ထားပါတယ်။ အမေရိကန်ရော၊တရုတ်ကရောက ဟွန်ဆန်အစိုးရကို အသိအမှတ်မပြုတဲ့အတွက် ကုသမဂ္ဂမှာ ပိုပေါ့တို့ကိုဆက်ထားဖို့သဘောညီကြပါတယ်။ အင်ဒိုချိုင်းနားမှာဆိုဗီယက်ဩဇာဖြန့်ကျက်လာပြီး၊ဆိပ်ကမ်းတွေအသုံးချခွင့်ပေးလိုက်တာကို အမေရိကန်ရော၊တရုတ်ရောက မကျေနပ်ကြလို့ ပိုပေါ့ကို ဆက်အသိအမှတ်ပြုကြပါတယ်။ စစ်အေးခေတ်ပြီးတဲ့နောက် ဂျပန်၊ပြင်သစ်၊အိန္ဒိယတို့ပွဲစားလုပ်ပေးပြီး ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ဟွန်ဆန် ကုလသမဂ္ဂမှာထိုင်ခုံပြန်ရလာပါတယ်။ခမာနီတွေလက်နက်ချပြီး ပိုပေါ့၊ခိယုဆန်ဖန်တို့ကို ကုလသမဂ္ဂတရားရုံးနဲ့ အေးချမ်းစွာ ဘဝကူးသည်အထိ ဆယ်နှစ်ကျော်တရားဆိုင်ထားပေးပါတယ်။ နောက် ခမာနီကို ရှုတ်ချတဲ့ ကေးလင်းဖီးလ်ရုပ်ရှင်တွေရိုက်ပါတယ်။ခရီးသွားပြတိုက်တွေဖွင့်လာပါတယ်။
ပြီးခဲ့တဲ့အာဆီယံမှာ အာဆီယံ ရုရှားဆက်ဆံရေးပွဲစားအဖြစ်မြန်မာကိုတာဝန်ပေးလိုက်တဲ့သတင်းကိုဖတ်ရပါတယ်။ နောက်မကြာမီ ထိုင်း၊ကမ္ဘောဒီးယား စစ်ထတိုက်ပါတယ်။ လက်ရှိ အမေရိကန်နဲ့ဗီယက်နမ်က မိတ်ဆွေတွေဖြစ်နေကြပါတယ်။ လက်ရှိ ရုရှားရေတပ်သင်္ဘောတွေက ကမ္ဘောဒီးယားဆိပ်ကမ်းတွေကိုအသုံးချခွင့်ရထားပါတယ်။တရုတ်ကိုလည်းပေးထားပါတယ်။ တရုတ်-ဗီယက်နမ်က သမိုင်းအရ ရန်ဘက်ဖြစ်သလို စစ်အေးခေတ်အပြီးမှာ တောင်တရုတ်ပင်လယ်အရေးအခင်းကြောင့် ကိုယ်ထိလက်ရောက်ဖြစ်ဖူးကြပါတယ်။ရန်စောင်နေကြပါတယ်။ ဗီယက်နမ်၊ထိုင်း၊အမေရိကန် ကဘက်တစ်ဖက်ဖြစ်နေသလိုဖြစ်ပါတယ်။ကမ္ဘောဒီးယား၊လာအိုက တရုတ်နဲရုရှားကျောထောက်နောက်ခံဖြစ်နေတယ်လို့မြင်ရပါတယ်။ ကြားထဲမှာ စကစ က အာဆီယံ – ရုရှားကိုယ်စားလှယ် လုပ်လာပြန်ပါတယ်။ ထိုင်းမှာ တရုတ်ဖက်ယိမ်းတဲ့ သက်ဆင်မိသားစုဖြုတ်ချခံရပြီးတဲ့နောက် နှစ်ဖက်တပ်တွေ ရန်စောင်လာကြပါတယ်။စကစဟာ ရုရှားတပည့်ခံလိုက်တဲ့အတွက် တစ်ကြော့ပြန်အင်ဒိုချိုင်းနားစစ်ပွဲများပြန်စခဲ့ရင် မြန်မာစစ်အုပ်စုဖက်က ရုရှားထောက်ပို့လမ်းကြောင်းနဲ့ အမြတ်ထုတ်နိုင်ခြေရှိနိုင်ပါတယ်။ ထိုင်းဖက်ကိုလည်း အမေရိကန် ထောက်ပံ့တာတွေကတစ်ဆင့် ကောဘရာဂိုးလ် လက်ကျန်တွေ မြန်မာပြည်တောင်ပိုင်းစီးဝင်လာနိုင်ခြေလဲရှိပါတယ်။ ကမ္ဘောဒီးယား-ထိုင်း စစ်ပွဲဟာ အင်ဒိုချိုင်းနားတစ်ကြော့ပြန်စစ်ပွဲအထိ ကူးပြောင်းသွားရင် မြန်မာပြည်လည်း စစ်ပွဲတွေ မြိုင်ဆိုင်ပြင်းထန်လာနိုင်ပါတယ်။
အင်ဒိုချိုင်းနားအရေးအခင်းအထိ ရောက်မရောက်က တရုတ်ကြားဝင်နားချမှုအပေါ်မှုတည်မယ်ထင်ပါတယ်။ အကယ်၍ အင်ဒိုချိုင်းနားပဋိပက္ခထိ အရှိန်မြင့်သွားရင် မြန်မာပြည်ပင်မတော်လှန်ရေး အင်အားစုများအတွက် အခွင့်အလမ်းပေါ်လာနိုင်ခြေရှိပါတယ်။ ပင်မတော်လှန်ရေး အဖွဲ့တွေ အမေရိကန်နဲ့တရုတ်အကြား ရုရှားစွတ်ဖက်မှု့ကိုအကြောင်းခံပြီး နှစ်ဖက်စလုံးကို အခွင့်အရေးပေး၊ဖို့ နိုင်ငံတစ်ကာကစားကွက် ခင်းကျင်းဖို့ အခွင့်အရေးပေါ်ထွက်လာတယ်လို့ယူဆရပါတယ်။ မော်စီတုန်းပြောတဲ့ တော်လှန်ရေးအောင်မြင်ရေး အခြေအနေကြီးများမှာ
၁။မိမိအခြေအနေ(ကောင်းပါတယ်)
၂။ရန်သူ့အခြေအနေ(အနိမ့်ပိုင်းရောက်နေဆဲပါ)
၃၊ပြည်သူ့အခြေအနေ(တော်လှန်ရေးနဲ့အပြိုင်တက်နေဆဲပါ)
၄၊ယခု -နိုင်ငံတစ်ကာအခြေအနေပေးလာပြီလို့ ယူဆရပါတယ်။
တစ်ချို့အခြေအနေနဲ့တစ်ချို့အချိန်တွေမှာ-
သမ္မတရုံးက အထူးကိုယ်စားလှယ်(စပါယ်ရှယ် အင်ဗွိုင်း) ခန့်အပ်ပြီး အမေရိကန်-တရုတ် ကြား ဆက်သွယ်ချဉ်းကပ်ရေးကို
အချိန်နဲ့တစ်ပြေးညီ တိုက်ရိုက်အနီးကပ်ကြီးကြပ်
လုပ်ကိုင်သင့်ပြီဟု့ ယူဆရပါကြောင်း။
စိမ်းမောင်
မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်ပါသည်။