အရှေ့ကိုလျောက်ပါလိုတဲ့အနောက်ကိုတဲ့ ‌ေမျှာ်လိုက်ရင်း ရှန်ဟိုင်းညီလာခံနှင့်တစ်ပင်လဲမူ၊တစ်ပင်ထူပေါ့

ဂျီ-၂၀ နိုင်ငံအများစုက နယ်မြေကျယ်ဝန်းခြင်း၊လူဦးရေများပြားခြင်း၊သယံဇာတစုံလင်ခြင်း၊၊စီးပွားရေးတိုးတက်ခြင်း ၊ပထဝီအချက်အချာကြခြင်း စသဖြင့် ကမ္ဘာ့အင်အားကြီးဖြစ်လာဖို့တာဆူနေတဲ့နိုင်ငံများပဲဖြစ်ကြတာကိုသတိမလွတ်ကြဖို့လိုပါတယ်။ ယခင်က ပထဝီနိုင်ငံရေးနဲ့ကမ္ဘာ့အစီအစဉ်၊နိုင်ငံတစ်ကာစနစ် စတာတွေက အနောက်ဥရောပကမ္ဘာရဲ့ စနစ်တွေပဲဖြစ်နေတာပါ ပထဝီနိုင်ငံရေး သီအိုရီအယူအဆတွေက နယ်ချဲ့စနစ်အတွက်အကြောင်းပြချက်၊ရှေ့နေလိုက်ခဲ့တဲ့ အယူအဆတွေဖြစ်ခဲ့ပါတယ်။ ယခု ရှန်ဟိုင်းအုပ်စုစုစည်းမှု့က အနောက်သီအိုရီဖြစ်တဲ့ မက္ကဒါးရဲ့နုလုံးသားနယ်မြေ(Hard Land ) အယူအဆအရ ယူရိုအေးရှား ဗဟိုချက်ဒေသစုစည်းမိကြီးပဲဖြစ်နေပါတယ်။ အမေရိကန်ရဲ့ကမ္ဘာစိုးမိုးရေးသီအိုရီဖြစ်တဲ့ သေရာ မဟန်းရဲ့ ကမ္ဘာ့သမုဒ္ဒရာ၊ပင်လယ် ရေပြင်စိုးမိုးရေး မဟန်းသီအိုရီက ရှန်ဟိုင်းအုပ်စု နုလုံးသားနယ်မြေကို ဝိုင်းပတ်ပိတ်ဆို့ရေးအရှိန်မြင့်တင်လာနေတာကို တောင်တရုတ်ပင်လယ်အရေးအခင်းမှာတွေ့နေရပါတယ်။ အလားတူ အိန္ဒိယသမုဒ္ဒရာ မှာ စပိုက်မင်းရဲ့ အနားသတ်နယ်မြေအယူအဆ(Rimland Theory)အရရော၊မဟန်းအယူအဆအရရော မြန်မာနိုင်ငံကမ်းရိုးတန်းများကလည်း ပက်သက်လာရပြန်ပါတယ်။ ရှန်ဟိုင်းအုပ်စုကြီးရဲ့ ပျော့ကွက်က မြန်မာကမ်းရိုးတန်းများနဲ့ ဘင်္ဂါလားဒေ့ရှ်ကမ်းရိုးတန်းများပဲဖြစ်နေပါတယ်။ဘင်္ဂါလားဒေ့ရှ်ကလည်း တရုတ်နဲ့အိန္ဒိယတို့နဲ့နီးစပ်တဲ့ ရှိတ်ဟာဆီနာဖြုတ်ချခံရပြီး ဒေါက်တာယူနွတ်တက်လာပါတယ်။ ဒေါက်တာယူနွတ်ကလည်း အိန္ဒိယသမုဒ္ဒရာ၊ဘင်္ဂါလားပင်လယ်အော်ထဲမှာ အနောက်အစီအစဉ်တွေအကောင်အထည်ဖော်ဖို့လုံးပန်းနေပါတယ်။ ဒါပေမယ့် ဘင်္ဂါလားဒေ့ရှ်စစ်တပ်က သွေးချောင်းစီးစစ်ပွဲတွေကို ဖိတ်ခေါ်နေတယ်ဆိုပြီး ဟန့်တားထားလို့ ရှုန်းကန်နေရပုံရပါတယ်။ ဒေါက်တာယူနွတ်လည်း ထောင်ခြောက်ထဲကနေသူ့ဘဝလုံခြုံရေးအတွက်ပါရှုန်းကန်နေရပုံရပါတယ်။ဂရားမင်းဘဏ်လေးနဲ့နိုဘယ်ဆုရှင်လေးနဲ့ဂုဏ်ထူးဆောင်မနေပဲကိုယ့်ကိုကိုယ်အသုံးချခံလိုက်တဲ့အကျိုးဆက်ပါပဲ။ ရဲဘော်ဗိုလ်ကြင်မောင်က ကမ္ဘာ့အစီအစဉ်သစ်အထိုင်မကျမည် မိမိတို့ပြဿနာများကို အပြီးဖြေရှင်းထားကြဖို့သတိ့ပေးခဲ့ပါတယ်။ကမ္ဘာ့အရေးအခင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ မိမိ့တို့အရေးကနေ မျက်စေ့လယ်ပြီး ကျန်ရစ်ခဲ့မှာကို စိုးရိမ်ကြောင်း ၂၀၀၁ ပြည်ချစ်ဝါဒကထဲက သတိ့ပေးခဲ့ပါတယ်။ ပြည်ချစ်ဝါဒရဲ့အနှစ်ချုပ်က မြန်မာနိုင်ငံဆိုတဲ့”မြေကြီး၊မြေပုံ) တည်မြဲရေးပါ။ယခုကမ္ဘာ့အစီအစဉ်သစ်အတွက် နိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှု့တွေ ပြင်းထန်စပြု့လာပါတယ်။ မြန်မာနိုင်ငံကလည်းအဆိုပါပြိုင်ပွဲထဲက အစောကြီးကထဲကဝင်ရောက်ပက်သက်နေရတာဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲအပြီးတက်လာတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ပထမဆုံးခရီးစဉ်က ရုရှားနိုင်ငံ ဆိုချီအပန်းဖြေစခန်းမှာလုပ်တဲ့ပွဲကိုသွားခဲ့ရတာဖြစ်ပါတယ်။
—————————————-
စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဟန်တင်တန်ရဲ့ ယဉ်ကျေးမှု့ခြင်းတိုးတိုက်မိခြင်းမှာ အိုင်ဒီရောလော်ဂျီတွေပဋိပက္ခမရှိ့တော့ဖူး၊ယဉ်ကျေးမှု့ပဋိပက္ခပဲရှိ့တော့မယ်ဆိုတဲ့ စာအုပ် ဇင်ဝေသော်ဘာသာပြန်ကိုဖတ်ရပါတယ်။
စီဗယ်လိုက်ဇေးရှင်းနဲ့ယဉ်ကျေးမှု့ မတူတဲ့သဘောနဲ့ စီဗယ်လိုက်ဇေးရှင်းမှာ ယဉ်ကျေးမှု့ကအရေးကြီးတဲ့အကြောင်းလဲ ဖတ်မှတ်ရပါတယ်။ ယဉ်ကျေးမှု၊စီဗယ်လိုက်ဇေးရှင်း ၁၃ မျိုး၊၈မျိုး၊၇ မျိုး စသဖြင့်ပညာရှင်တွေခွဲခြားပုံတွေကတော့မှတ်ရတာခက်ပါတယ်။

ဒါပေမယ့် လာမယ့်ကမ္ဘာမှာ
-အမေရိကန်ဦးဆောင်တဲ့ အနောက်စီဗယ်လိုက်ဇေးရှင်း၊
-ရုရှားစီဗယ်လိုက်ဇေးရှင်း၊
-အစ္စလန်စီဗယ်လိုက်ဇေးရှင်း၊
-လက်တင်အမေရိက စီဗယ်လိုက်ဇေးရှင်း၊
-ကိတ်တောင်းဗဟိုပြု့ အာဖရိက စီဗယ်လိုက်ဇေးရှင်း၊
-ဟင်ဒူစီဗယ်လိုက်ဇေးရှင်း
-တရုတ်စီဗယ်လိုက်ဇေးရှင်း၊
-ဂျပန်စီဗယ်လိုက်ဇေးရှင်း
တွေရဲ့ အားပြိုင်မှု့တွေပဲတွေ့ရလိမ့်မယ်ဆိုပါတယ်။

အမေရိကန်ဦးဆောင်တဲ့အနောက်စီဗယ်လိုက်ဇေးရှင်းကလည်း အမေရိကန်နိုက်ဇေးရှင်းဖြစ်လို့ ဥရောပ အနောက်စီဗယ်လိုက်ဇေးရှင်းနဲ့ တစ်သားတည်းတော့မဟုတ်ပြန်ပါဘူး။ ယနေ့မြန်မာပြည်မှာ ခေတ်စားနေတဲ့ ရှန်ဟိုင်းညီလာခံကို ဟန်တင်တန်ရဲ့ စီဗယ်လိုက်ဇေးရှင်းများတိုးတိုက်မိခြင်းကနေချဉ်းကပ်ကြည့်ရင်တရုတ်စီဗယ်လိုက်ဇေးရှင်း၊အိန္ဒိယစီဗယ်လိုက်ဇေးရှင်း၊ရုရှားစီဗယ်လိုက်ဇေးရှင်းနဲ့ဗဟိုအာရှ အစ္စလန်စီဗယ် လိုက်ဇေးရှင်းတို့ အုပ်စုဖွဲ့မှု့ကြီးကိုတွေ့ရပါတယ်။ မြန်မာကတော့ ဘယ်စီဗယ်လိုက်ဇေးရှင်းနဲ့ညီတယ်မသိ့ပေမယ့် ထေရဝါဒဗုဒ္ဓဘာသာစီဗယ်လိုက်ဇေးရှင်းကို ကိုယ်စားပြု့ပုံမရတာ သေချာပါတယ်။နိုညှပ်သဘောလို့မြင်ပါတယ်။ စစ်အေးတိုက်ပွဲပြီးတော့ အမေရိကန်နဲ့ဆိုဗီယက်တို့ဗဟိုပြု့ထားတဲ့ ဝင်ရိုးနှစ်ခုကမ္ဘာစနစ်ပျက်သလိုဖြစ်သွားပါတယ်။စစ်အေးတိုက်ပွဲနဲ့အားအင်ချိနဲသွားတဲ့ရုရှားရန်မရှိတော့ဘူးလို့ယူဆပြီး အမေရိကန်ဟာ တစ်ကိုယ်တော်ကျဲဝါဒကိုကျင့်သုံးလာပါတယ်။ ကမ္ဘာ့အရေးအခင်းတွေမှာ UN ကမ္ဘာစနစ်ကိုဘေးချိတ်ပြီး တစ်ကိုယ်တော်ကျဲပါတယ်။အမေရိကန်ဟာ သူ့ပါတနာနောက်လိုက် နေတိုး နဲ့ရံဖန်ရံခါတွဲပါတယ်။ဒါပေမယ့်ဥရောပတိုက်ကလည်း အခါခတ်သိမ်း အမေရိကန် လုပ်ရပ်တွေနဲ့ သဘောထားတိုက်ဆိုင်နေတာမျိုးမရှိ့ပြန်ပါဘူး။ အမေရိကန်ဟာ ဘော်လကန်အရေးအခင်းမှာ တစ်ကိုယ်တော်ကျဲနေတုန်း ရုရှားက တို့မှာလည်း နူးကလီးယားလက်နက်ရှိ့ပါသေးတယ်ဆိုပြီး ဟန့်လိုက်တော့မှာ ကိုယ်ရှိန်သတ်သွားပါတယ်။ စစ်အေးတိုက်ပွဲပြီးတော့ အမေရိကန်ဗဟိုပြု့ဝင်ရိုးတစ်ခုကမ္ဘာစနစ်(Unipolar)ကို အမေရိကန်အစွန်းရောက်တို့က အားထုတ်ကြပါတယ်။ ရုရှားအပါအဝင်၊အိန္ဒိယ၊တရုတ်၊တောင်အာဖရိက၊ဘရာဇီးစသဖြင့် နယ်မြေ၊လူဦးရေအင်အားကြီးနိုင်ငံများက ဝင်ရိုးစုံကမ္ဘာစနစ်(Multipolar) ကို သွားဖို့အားထုတ်သံတွေဆူညံခဲ့ပါတယ်။ အိန္ဒိယကလည်း ဒုတိယကမ္ဘာစစ်ထဲမှာ သန်းနဲချီအသေခံပါဝင်ထားရတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC မှာ ကြီး ၆ ကြီး‌ တော့ဖြစ်သင့်တယ်တောင်းဆိုခဲ့ပါတယ်။ ဘာလင်တံတိုင်းပြိုအပြီး အမေရိကန်နဲ့သူ့နောက်လိုက်ဂျူနီယာပါတနာ အင်္ဂလန်တို့ပေါင်းပြီးတစ်ကိုယ်တော်ကျဲလာတဲ့ကာလဆယ်စုနှစ်နှစ်ခုလောက် ဗဟုကမ္ဘာအသံတွေ နောက်ဆုတ်အသံတိတ်ထားကြပါတယ်။

ပြီးခဲ့တဲ့နှစ်ကတရုတ်မှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက် နှစ်ပတ်လည်အစည်းအဝေးမှာ တရုတ်က ဗဟုကမ္ဘာအစီအစဉ် ကိုထုတ်ပြန်ပြီး ပြန်လယ်နိုးဆော်လာပါတယ်။ စစ်အေးခေတ်အပြီး ဂလိုဘယ်လိုက်ဇေးရှင်း၊စီဗယ်လိုက်ဇေးရှင်း၊တစ်ခုတည်းသောကမ္ဘာ၊ဂလိုဘယ်ဂါးဘားနင့်(တစ်ခုတည်းသောကမ္ဘာ့ အစိုးရ) အာဂျင်ဒါများကို အမေရိကန် ပညာရှင်တွေက ရေးသားဖြန့်ချီကြပါတယ်။ မြန်မာပြည်မှာ အမေရိကန်သံရုံးက သောမတ်ဖရိုက်မင်းရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဘာသာပြန်စာအုပ်ကိုအခမဲ့ဖြန့်ချီခဲ့ပါတယ်။အိုင်ဒီယာအသစ်လို့ ယူဆပြီး AC,BC သောသုဇနများ ထမင်းလွတ်၊ဟင်းလွတ်( စား၊ဝတ်၊နေရေး ဆိုတဲ့ လူသားအခြေခံလိုအပ်ချက်တွေကိုမေ့ပြီး )ရွှေရောင်ကိုယ်ကျပ်ဝတ်စုံကြီးတွေ(အင်ဖော်မေးရှင်းဝတ်စုံ)ဝတ်ပြီး ဂလိုဘယ်လူသားဝါဒီတွေဖြစ်ကုန်ကြပါတယ်။ 9/11 ဖြစ်ရပ်ပြီးတော့ ဂလိုဘယ်လိုက်ဇေးရှင်းမဟာပုံပြင်ကြီး မီးတွင်းထဲကမထွက်ခင်ပြိုကြသွားပါတယ်။နောက်တော့ ဟန်တင်တန်ရဲ့The Clash of Civilization and The Remaking of World Order (လူ့ယဉ်ကျေးမှု့ ပဋိပက္ခနဲ့ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း) ခေတ်စားလာပြန်ပါတယ်။ယဉ်ကျေးမှု့၊စီဗယ်လိုက်ဇေးရှင်းရုဒေါင့်က ချဉ်းကပ်ပေမယ့် ကမ္ဘာ့အစီအစဉ်အသစ်တစ်ခု ကို ချဉ်းကပ်တာပဲဖြစ်ပါတယ်။ အမေရိကန်သံတမာန်ကဝေကြီး ဟင်နရီကစ်ဆင်းဂျားရဲ့ World Order (ကမ္ဘာ့အစီအစဉ်)စာအုပ်ရဲ့ ကျောရိုးပေါ်မှာပဲ ယဉ်ကျေးမှု့အထိုင်နဲ့ချဉ်းကပ်တယ်မြင်မိ့ပါတယ်။ ကဝေကြီး ကစ်ဆင်းဂျားကလည်း ကမ္ဘာ့အစီအစဉ် ပုံဖော်တာကို အနောက်၊အစ္စလာန်နဲ့တရုတ်ဆိုပြီးယခင်ကမ္ဘာ့နောက်ကြောင်းသမိုင်းအစဉ်အလာများကို ပြန်ညွန်းပြပါတယ်။လာမယ့်ကမ္ဘာ့အစီအစဉ်ကို အမေရိကန်ဗဟိုပြုအနောက်၊အစ္စလာန်နဲ့တရုတ် တို့ရဲ့ဒေသန္တရကမ္ဘာ့အစီအစဉ်ဖြစ်မယ့်သဘော အနာကတ္တိ ဟောပါတယ်။ ကစ်ဆင်းဂျားရဲ့ ကမ္ဘာ့အစီအစဉ်မှာ ကျန်နေခဲ့တဲ့ အခြားစီဗယ်လိုက်ဇေးရှင်းကြီးတွေကို အသေးစိတ်ထည့်သွင်းသရုပ်ခွဲပြပြီး ဟန်တင်တန်က ယဉ်ကျေးမှု့ခြင်းတိုးတိုက်မိ့ခြင်း(ဆရာကျော်ဝင်း ပြန်ဆိုသုံးနှုန်း)ဆိုပြီး ထပ်ဖြည့်ပါတယ်။

ဟန်တင်တန်က ဘာသာရေးနဲ့ပထဝီအခြေခံပြီး ရုရှားကို အနောက်စီဗယ်လိုက်ဇေးရှင်းကခွဲထုတ်ပြီး ရုရှားစီဗယ်လိုက်ဇေးရှင်း သီးသန့်တစ်ခုပြု့ပါတယ်။အိန္ဒိယစီဗယ်လိုက်ဇေးရှင်းကိုလည်း အထူးပြု့ပါတယ်။အာဖရိကန်စီဗယ်လိုက်ဇေးရှင်းနဲ့ကတ်တလစ်သာသနာအခြေခံပြီးအနောက်ကခွဲထွက်လာတဲ့ လက်တင်အမေရိက စီဗယ်လိုက်ဇေးရှင်းကိုလည်း နေရာပေးပါတယ်။ နိုင်ငံတွေနဲ့ပထဝီ၊ယဉ်ကျေးမှု့၊ကိုးကွယ်ရာ ကွဲပြားမှု့တွေအပေါ်မှုတည်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းကို အနောက်တိုင်းမှု့ပြု့ခြင်း(Westernization)လို့ ခံစားတုံ့ပြန်လာကြပါတယ်။တစ်ခုတည်းသောကမ္ဘာ၊ကမ္ဘာ့စီဗယ်လိုက်‌ဇေးရှင်း၊ ကမ္ဘာ့အစိုးရ စတဲ့အာဂျင်ဒါတွေကို အမေရိကန်မှု့ပြု့ခြင်း(Americanization)၊အမေရိကန်ဗိုလ်ကျလွမ်းမိုးခြင်း(Hegemony)လို့ ခံစားတုံ့ပြန်လာကြပါတယ်။ အမေရိကန်ရဲ့ ဂလိုဗယ်စီဗယ်လိုက်ဇေးရှင်းဟာ စတင်ကထဲက ပြင်းထန်တဲ့တုံ့ပြန်မှု့တွေနဲ့ကြုံခဲ့ပါတယ်။အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း(ဗောင်းထုတ်ကြီး)က “နှစ်ပေါင်း သုံးထောင်ကျော် တည်တံ့လာတဲ့ အိန္ဒိယ ယဉ်ကျေးမှု့ကြီးကို တစ်ထိုင်ထဲနဲ့ သွားရောလဟယ် လုပ်လို့မရဖူးလေ”လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ စင်ကာပူဝန်ကြီးချုပ် ၊ဝါရင့်ဝန်ကြီး လီကွန်ယူးကလည်း အာရှတန်ဖိုး(Asian Value) ကို အပြင်းအထန်ခုခံကာကွယ်ပါတယ်။ ဂျပန်ကလည်း မိသားစုတန်ဖိုး(Family Value) ကိုအကြောင်းပြ ပြီး ဂျပန်စံတန်ဖိုး၊ဂျပန်စီဗယ်လိုက်ဇေးရှင်းကို ခုခံကာကွယ်ပါ တယ်။ တရုတ်ကလည်း ရှီအတွေး အခေါ်လို့ဆိုရမယ့် တရုတ်ပြည် စီမံအုပ်ချုပ်မှု့စာအုပ်ထဲမှာ ယဉ်ကျေးမှု့ကဏ္ဍကို အထူးဦးစားပေးဖော်ပြပြီး တုံ့ပြန်ပါတယ်။ အမေရိကန်နဲ့အနောက်က အချို့လူမျိုးကြီးနိုင်ငံတွေက အတင်းအကျပ် အနောက်စီဗယ်လိုက်ဇေးရှင်းသွတ်သွင်းလာမှု့ကို တစ်ကမ္ဘာလုံးက အခြားစီဗယ်လိုက်ဇေးရှင်းတွေက ယဉ်ကျေးမှု့နယ်ချဲခြင်း(Cultural Imperialism )လို့ခံစားတုံ့ပြန်လာကြတဲ့ နမှုနာအချို့ဖြစ်ပြီး နိုင်ငံအတော်များများက ကိုယ့်နည်းကိုယ့်ဟန်နဲ့တုံ့ပြန်ကြပါတယ်။ နောက် ပါဝါပျော့(Sofe Power) တွေဖြစ်တဲ့ ကွန်ဖြူရှပ်စင်တာ သုံးထောင်ကျော် ကမ္ဘာအနှံ့ တရုတ်ကဖွင့်ပါတယ်။အလားတူ အိန္ဒိယကလည်း ကမ္ဘာအနှံ့ ယောဂ စင်တာ သုံးထောင်ကျော်ဖွင့်ပါတယ်။ကုလသမဂ္ဂမှာ ယောဂနေ့၊ဗုဒ္ဓနေ့ တွေ ပြဌာန်းလာအောင် ကြိုးပမ်းလာကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး (Freedom form Fear) စာအုပ်မှာ ကိုလိုနီခေတ် အိန္ဒိယ-မြန်မာ ကိုလိုနီပညာရေးနှိုင်းယှဉ်ချက်စာတန်း ပါဝင်ပါတယ်။ အိန္ဒိယဟာ အင်္ဂလိပ်လက်အောက်ကိုလိုနီဖြစ်တာ မြန်မာထက်ရာစုနှစ်များစွာကြာခဲ့ပါတယ်။အင်္ဂလိပ်ကိုလိုနီပညာရေးစနစ်ရဲ့ရည်ရွယ်ချက်ကို အတော်မြင်သာရှင်းလင်းစွာသုံးသပ်ပြခဲ့ပါတယ်။ ကိုလိုနီပညာရေးစနစ်ရဲ့ရည်ရွယ်ချက်က “အသွေးအသား၊ဘာသာစကား၊ယဉ်ကျေးမှု့က အိန္ဒိယဖြစ်ပြီး ၊တွေးပုံ ခေါ်ပုံ၊စဉ်းစားပုံ ကို အင်္ဂလန်ဖြစ်သွားစေ ရန်ဖြစ်သည်”
လို့ ကောက်ချက်ဆွဲပြခဲ့ပါတယ်။ လေ့လာရေးဖြစ်ရပ်အနေနဲ့ မြန်မာ့စာပေအကြောင်းက”မောင်သောင်းဖေရဲ့ ရေချမ်းချမ်းလေးတစ်ခွက်” ဥပမာနဲ့ရှင်းပြခဲ့ပါတယ်။ အဆိုပါ ဆရာကြီးဦးဖိုးကျားရဲ့ အခမဲ့ကူလီထမ်းခြင်း ကို ဘိလတ်က စာသင်ပြန်လာတဲ့လူငယ်တစ်ဦးရဲ့ အနောက်တိုင်းပုဂ္ဂလိက ဝါဒစွဲကပ်လာပုံနဲ့ မြန်မာ့လူ့အဖွဲ့စည်းရဲ့ မိသားစုစံတန်ဖိုးများ ပျောက်ဆုံးလာပုံကို နှိုင်းယှဉ်ပြသွားပါတယ်။ အိန္ဒိယက ကိုလိုနီခေတ်ပိုကြာတော့ အိန္ဒိယရဲ့မှုလအတွေးအခေါ်တွေနဲ့အနောက်တိုင်းအတွေးအခေါ်တွေကို သဟဇာတဖြစ်အောင် လုပ်နိုင်ခဲ့ကြပေမယ့် မြန်မာက ကိုလိုနီသက်တန်းတိုတောင်းတော့ မြန်မာ့ပင်ရင်းအတွေးအခေါ်တွေနဲ့ အနောက်တိုင်းအတွေးအခေါ်တွေကို သဟဇာတဖြစ်အောင် လုပ်ဖို့ အချိန်မရခဲ့ကြောင်းက စာတန်းရဲ့အဓိကအဆို ဖြစ်ပါတယ်။ ထမီတစ်ကွင်းနဲ့ကမ္ဘာပတ်တစ်လွှားလွှားသွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ယဉ်ကျေးမှု့ကြီးဝါဒီ(Culter Chauvinism) အနောက်တိုင်းပညာရှင်အလွှာကသက်မှက်ကြပါတယ်။ မြန်မာပြည်ကို အိုဘားမားလာလာ၊ဘယ်သူလာလာ ပဲကြီးဟင်း၊မန်ကျည်းရွက်သုတ်၊မုန့်ဟင်းခါး စသဖြင့် မြန်မာမီနှူးနဲ့ပဲ ကျွေးလွတ်တာ စိတ်နာကြတာလည်းဖြစ်နိုင်ပါတယ်။အိန္ဒိယကလည်း နိုင်ငံတော်ဧည့်ခံပွဲက ကလင်တန်လာလာ၊အိုဘားမားလာလာ ချာပါတီ ပဲစားရမှာဖြစ်ပါတယ်။အနောက်ဇတ်သွတ်သွင်းလို့မရအောင် ဉာဏ်ပညာ မြင့်မားနေကြလို့ ဖြစ်မယ်ထင်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ဥရောပ ဉာဏ်သစ်လောင်းတော်လှန်ရေးမတိုင်မည်အထိ ဥရောပ စီဗယ်လိုက်ဇေးရှင်းဟာ ယဉ်ကျေးမှု့အရ၊စီးပွားရေးအရ ရောမအင်ပါယာရဲ့ အနောက်ဖက်က လူရိုင်း ဗာဘေးရီးယန်းတွေသာသာပဲဖြစ်ပါတယ်။ ဥရောပဉာဏ်သစ်လောင်းတော်လှန်ရေးနဲ့အတူ ခေတ်မှီလာခြင်းနဲ့နယ်ချဲ့လာခြင်းတို့ကြောင့် ဥရောပစီဗယ်လိုက်ဇေးရှင်းဟာ အခြားဟောင်းနွမ်းအားကုန်လာတဲ့ စီဗယ်လိုက်ဇေးရှင်းများကို ဖြိုချနယ်ချဲ့လာခဲ့ပါတယ်။

ဥရောပစီဗယ်လိုက်ဇေးရှင်းဟာ စီ‌ဗယ်လိုက်ဇေးရှင်းအသစ်နေနဲ့ ထောင်စုနှစ် စီဗယ်လိုက်ဇေးရှင်းခေတ်ကို ထိမ်းနိုင်ဖို့ရှုန်းကန်နေပြီလို့မြင်ရပါတယ်။ စီဗယ်လိုက်ဇေးရှင်းဆိုတာကို ပြင်သစ်ပညာရှင်တွေက သူတို့မြို့ပြဖွံ့ဖြိုးမှု့၊ရုပ်ဝတ္တုဖွံ့ဖြိူမှု့နဲ့စက်မှု့ခေတ်သစ်ယဉ်ကျေးမှု့အခြေခဲတဲ့ မြို့ပြယဉ်ကျေးမှု့ရှိ့တဲ့သူတွေရဲ့ကမ္ဘာကလူတွေနဲ့ ခေတ်နောက်ကျကျန်တဲ့ ကျေးလက်ယဉ်ကျေးမှု့နဲ့ယဉ်ကျေးမှု့အဟောင်းမှာကျန်နေတဲ့ကမ္ဘာ နန်းစီဗယ်လိုက်ကမ္ဘာဆိုပြီး ခွဲခြားခဲ့တာဖြစ်ပါတယ်။ ဒါကို တရားမျှတတဲ့ပညာရှင်အချို့ကလက်မခံပဲ ယဉ်ကျေးးမှု့ မတူတဲ့အခြားစီဗယ်လိုက်ဇေးရှင်းများရှိ့သေးတဲ့အကြောင်းထောက်ပြကြပါတယ်။မြို့ပြယဉ်ကျေးမှု့ကိုတော့ ဗဟိုပြု့ကြတာခြင်းတူကြပါတယ်။ အခြားစီဗယ်လိုက်ဇေးရှင်းများကလည်း လိုက်လျောညီထွေပြု့ပြင်ပြောင်းလဲရေးလုပ်ပြီး ကိုယ်ပိုင်စီဗယ်လိုက်ဇေးရှင်းကို ထိမ်းသိမ်းကာကွယ်လာကြပါတယ်။ ယခု ရှန်ဟိုင်းဆွေးနွေးပွဲဆိုတာ စစ်အေးတိုက်ပွဲပြီးကထဲက ကမ္ဘာ့အစီအစဉ်သစ်ပုံဖော်ဖို့အားထုတ်နေကြတဲ့ဖြစ်စဉ်ရဲ့ အဆက် လုပ်ငန်းစဉ်တစ်ရပ်ပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ အမေရိကန်ဗဟိုပြု့ဝင်ရိုးကမ္ဘာ Unipolar နဲ့အခြားနိုင်ငံကြီးတွေရဲ့ ဝင်ရိုးစုံကမ္ဘာ့အစီအစဉ် Multipolar အားပြိုင်မှု့ထဲက တစ်ကွက်တစ်ကွင်းပဲဖြစ်ပါတယ်။ ရှန်ဟိုင်းအုပ်စုမှာ ဟန်တင်တန်သရုပ်ခွဲခဲ့တဲ့ စီဗယ်လိုက်ဇေးရှင်းကြီး ၃ ခုပါသလို၊အနောက်ထိမ်းချုပ်မှု့ကလွတ်ကင်းနေတဲ့ ဗဟိုအာရှ အစ္စလာန်စီဗယ်လိုက်ဇေးရှင်း ၁ ခုပါပါဝင်တာကိုတွေ့ရပါတယ်။ တရုတ်၊အိန္ဒိယဟာ လူဦးရေ သန်း ၁၅၀၀ နီးပါးနိုင်ငံကြီးတွေဖြစ်လို့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးပေါင်းရင် လူဦးရေ သန်း ၃၀၀၀ ကျော်တဲ့ မဟာစုစည်းမှု့ကြီးဖြစ်ပါတယ်။အလားတူ လူဦးရေ သန်း ၃၀၀၀ ကျော်တဲ့ဈေးကွက်ကြီးလည်းပဲဖြစ်နေပြန်ပါတယ်။ လူဦးရေသန်း ၃၀၀၀ ကျော်တဲ့ ရှန်ဟိုင်းအုပ်စုနဲ့မက္ကစီကို၊ဘရာဇီး၊တောင်အာဖရိက၊အင်ဒိုနီးရှား၊တရုတ်၊အိန္ဒိယ၊ရုရှားတို့ပါဝင်တဲ့ ဂျီ-၂၀ အုပ်စုကြီးကလည်း ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက်ဖြစ်နေတာဖြစ်ပါတယ်။

ဂျီ-၂၀ နိုင်ငံအများစုက နယ်မြေကျယ်ဝန်းခြင်း၊လူဦးရေများပြားခြင်း၊သယံဇာတစုံလင်ခြင်း၊၊စီးပွားရေးတိုးတက်ခြင်း ၊ပထဝီအချက်အချာကြခြင်း စသဖြင့် ကမ္ဘာ့အင်အားကြီးဖြစ်လာဖို့တာဆူနေတဲ့နိုင်ငံများပဲဖြစ်ကြတာကိုသတိမလွတ်ကြဖို့လိုပါတယ်။ ယခင်က ပထဝီနိုင်ငံရေးနဲ့ကမ္ဘာ့အစီအစဉ်၊နိုင်ငံတစ်ကာစနစ် စတာတွေက အနောက်ဥရောပကမ္ဘာရဲ့ စနစ်တွေပဲဖြစ်နေတာပါ ပထဝီနိုင်ငံရေး သီအိုရီအယူအဆတွေက နယ်ချဲ့စနစ်အတွက်အကြောင်းပြချက်၊ရှေ့နေလိုက်ခဲ့တဲ့ အယူအဆတွေဖြစ်ခဲ့ပါတယ်။ ယခု ရှန်ဟိုင်းအုပ်စုစုစည်းမှု့က အနောက်သီအိုရီဖြစ်တဲ့ မက္ကဒါးရဲ့နုလုံးသားနယ်မြေ(Hard Land ) အယူအဆအရ ယူရိုအေးရှား ဗဟိုချက်ဒေသစုစည်းမိကြီးပဲဖြစ်နေပါတယ်။ အမေရိကန်ရဲ့ကမ္ဘာစိုးမိုးရေးသီအိုရီဖြစ်တဲ့ သေရာ မဟန်းရဲ့ ကမ္ဘာ့သမုဒ္ဒရာ၊ပင်လယ် ရေပြင်စိုးမိုးရေး မဟန်းသီအိုရီက ရှန်ဟိုင်းအုပ်စု နုလုံးသားနယ်မြေကို ဝိုင်းပတ်ပိတ်ဆို့ရေးအရှိန်မြင့်တင်လာနေတာကို တောင်တရုတ်ပင်လယ်အရေးအခင်းမှာတွေ့နေရပါတယ်။ အလားတူ အိန္ဒိယသမုဒ္ဒရာ မှာ စပိုက်မင်းရဲ့ အနားသတ်နယ်မြေအယူအဆ(Rimland Theory)အရရော၊မဟန်းအယူအဆအရရော မြန်မာနိုင်ငံကမ်းရိုးတန်းများကလည်း ပက်သက်လာရပြန်ပါတယ်။ ရှန်ဟိုင်းအုပ်စုကြီးရဲ့ ပျော့ကွက်က မြန်မာကမ်းရိုးတန်းများနဲ့ ဘင်္ဂါလားဒေ့ရှ်ကမ်းရိုးတန်းများပဲဖြစ်နေပါတယ်။ဘင်္ဂါလားဒေ့ရှ်ကလည်း တရုတ်နဲ့အိန္ဒိယတို့နဲ့နီးစပ်တဲ့ ရှိတ်ဟာဆီနာဖြုတ်ချခံရပြီး ဒေါက်တာယူနွတ်တက်လာပါတယ်။ ဒေါက်တာယူနွတ်ကလည်း အိန္ဒိယသမုဒ္ဒရာ၊ဘင်္ဂါလားပင်လယ်အော်ထဲမှာ အနောက်အစီအစဉ်တွေအကောင်အထည်ဖော်ဖို့လုံးပန်းနေပါတယ်။ ဒါပေမယ့် ဘင်္ဂါလားဒေ့ရှ်စစ်တပ်က သွေးချောင်းစီးစစ်ပွဲတွေကို ဖိတ်ခေါ်နေတယ်ဆိုပြီး ဟန့်တားထားလို့ ရှုန်းကန်နေရပုံရပါတယ်။ ဒေါက်တာယူနွတ်လည်း ထောင်ခြောက်ထဲကနေသူ့ဘဝလုံခြုံရေးအတွက်ပါရှုန်းကန်နေရပုံရပါတယ်။ဂရားမင်းဘဏ်လေးနဲ့နိုဘယ်ဆုရှင်လေးနဲ့ဂုဏ်ထူးဆောင်မနေပဲကိုယ့်ကိုကိုယ်အသုံးချခံလိုက်တဲ့အကျိုးဆက်ပါပဲ။ ရဲဘော်ဗိုလ်ကြင်မောင်က ကမ္ဘာ့အစီအစဉ်သစ်အထိုင်မကျမည် မိမိတို့ပြဿနာများကို အပြီးဖြေရှင်းထားကြဖို့သတိ့ပေးခဲ့ပါတယ်။ကမ္ဘာ့အရေးအခင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ မိမိ့တို့အရေးကနေ မျက်စေ့လယ်ပြီး ကျန်ရစ်ခဲ့မှာကို စိုးရိမ်ကြောင်း ၂၀၀၁ ပြည်ချစ်ဝါဒကထဲက သတိ့ပေးခဲ့ပါတယ်။ ပြည်ချစ်ဝါဒရဲ့အနှစ်ချုပ်က မြန်မာနိုင်ငံဆိုတဲ့”မြေကြီး၊မြေပုံ) တည်မြဲရေးပါ။ယခုကမ္ဘာ့အစီအစဉ်သစ်အတွက် နိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှု့တွေ ပြင်းထန်စပြု့လာပါတယ်။ မြန်မာနိုင်ငံကလည်းအဆိုပါပြိုင်ပွဲထဲက အစောကြီးကထဲကဝင်ရောက်ပက်သက်နေရတာဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲအပြီးတက်လာတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ပထမဆုံးခရီးစဉ်က ရုရှားနိုင်ငံ ဆိုချီအပန်းဖြေစခန်းမှာလုပ်တဲ့ပွဲကိုသွားခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီခရီးစဉ်မှာ ရုရှား-မြန်မာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးနားလည်မှု့စာချုပ်ကို လက်မှက်ထိုးခဲ့ရပါတယ်။ နောက် လွတ်တော်အသစ်ရဲ့ ပထမဆုံးမှတ်တန်းတင်ခဲ့ရတဲ့အဆိုကလည်း အဆိုပါ ရုရှား-မြန်မာ ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ပဲဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီသဘောအရ ရှေ့အစိုးရ လုပ်ခဲ့တာကိုနောက်အစိုးရက ဆက်လက်လုပ်ဆောင်ရပေမယ့် ဂလိုဘယ်အာဂျင်ဒါကြီးတွေကို လွန်ဆန်လို့လည်း ရပုံမရပါဖူး။ ရှန်ဟိုင်းညီလာခံမှာ ဂလိုဘယ်ကစားပွဲလိုအပ်ချက်အရ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်အုပ်ချုပ်လည်းတက်ရမှာပါပဲ။ ဒူဝါလရှီုးလ တစ်ကယ်ကြီးအာဏာရအုပ်ချုပ်သူဖြစ်လည်းတက်ရမှာပါပဲ။စာရေးသူဖြစ်လည်းတက်ရမှာပါပဲ။ အခု စစ်အုပ်စုက မင်းအောင်လှိုင်တက်ရတာလည်း မဆန်းပါဖူး။အထူးအဆန်းကြီးလုပ်နေကြလို့မရပါဘူး။ ဒုတိယကမ္ဘာစစ်က စတာလင်၊ချာချီ၊ရုစဗဲတို့လိုထိပ်သီးတွေကြားထဲမှာ ချန်ကေရှိတ်(မြေပဲတောင့်) အိမ်ဖြည့်ထိုင်ရသလိုပါပဲ။ပစိဖိတ်စစ်မျက်နှာအတွက်တရုတ်ကအသုံးတည့်နေလို့ရယ်၊မဒမ် ချန်ကေရှိတ်က ပွဲခံတတ်တော့ စိုပြေတာရယ် တို့ကြောင့် ဝင် ထိုင်ခိုင်းထားရုံမျိုးထက်မပိုပါဘူး။ တစ်ခုရှိ့တာ ပညာရဲရင့်၊ပွဲလယ်တင့်ပါ။ဒေါ်အောင်ဆန်းစုကြည်တက်ခဲ့ရရင် ပွဲလယ်တင့်ပါလိမ့်မယ်။အခုလို ကုတ်ချောင်းချောင်း မျက်နှာပိုးမသေတော့မဖြစ်နိုင်ပါဖူး။မြင်ကွင်းကွာသွားတာလောက်ပါပဲ။ ကမ္ဘာ့အရေးအခင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ အမေရိကန်ဂရိပ်အဂိမ်းဆိုပြီး အမေရိကန်အခြေခံမှုပြောင်းသွားတာ(American Doctrine)၊ဝင်ရိုးစုံကမ္ဘာအားပြိုင်လာတာ စတဲ့ကမ္ဘာ့အလှုပ်အခတ်မျိုးစုံကို ထည့်သွင်းတွက်ချက်နေဖို့လိုအပ်လာပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ရေး တော်လှန်ရေးဟာ မလွဲသာမရှောင်သာ ကမ္ဘာ့အစီအစဉ်သစ်လွန်ဆွဲပွဲနဲ့ပက်သက်လာရတာကို မြင်အောင်ကြည့်ဖို့လိုအပ်လာပါတယ်။
မြန်မာ့တော်လှန်ရေးကို အနောက်အာဂျင်ဒါ (West Argenda) ၊အမေရိကန် အခြေခံမူ(American Doctrine) ဖြစ်တဲ့ Make American Grate Again ရဲ့ လက်တို၊လက်တောင်း၊ကိုပြာတာ၊မယ်ပြာတာ လုပ်နေလို့မရဖူးထင်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ဒေသတွင်းအကျိုးစီးပွားကို သဟဇာတဖြစ်အောင်ပေါင်းစပ်နိုင်ဖို့ မူဝါဒချမှတ်ဖို့လိုအပ်လာပြီယူဆပါတယ်။တော်လှန်ရေးရဲ့ နိုင်ငံတစ်ကာပေါ်လစီကို ဝါရှင်တန်အလှပြဘီရို(Washington Showcasing)ထဲကဆွဲထုတ်ပြီး ၊အစိုးရအဖွဲ့နိုင်ငံခြားရေးကော်မတီဖွဲ့ပြီး မဟာဗျူဟာ ခင်းကျင်းဖို့ အရေးပေါ်လိုအပ်လာပြီလို့ မြင်ရပါတယ်။အနောက်တိုင်းမှာ နေထိုင်ကြီးပြင်းလာပြီး၊အနောက်အမူအကျင့်၊အနောက်ဓလေ့၊ နိုင်ငံတစ်ကာအတွေ့အကြုံများစွာရှိ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တစ်ဦးကတောင် မြန်မာလူငယ်တွေ၊အနာဂါတ်ခေါင်းဆောင်တွေ “မောင်သောင်းဖေရေချမ်းချမ်းလေးတစ်ခွက်”ဥပမာနဲ့”မကျက်တကျက် ပေါင်မုန့်” တွေဖြစ်သွားမှာစိုးလို့သတိ့ပေးခဲ့ပါတယ်။ ဒါပေမယ့် အများစုက AC,BC သောသုဇနတွေဖြစ်ခဲ့ကြလို့ “အသွေးအသား၊ဘာသာစကား၊ယဉ်ကျေးမှု့ကမြန်မာ၊ စဉ်းစားတွေးခေါ်ပုံ အမေရိကန်၊အင်္ဂလန် “ဖြစ်ကုန်ကြပုံရပါတယ်။ရွာလွန်ရွက်တိုက်ခဲ့ကြပြီး တစ်ရွာသားကို ပုဝါပါးနဲ့ကြက်သားထုတ်တော့ စွန်းတတ်သည် ဆိုသလို စွန်းနေကြသလိုမြင်ရပါတယ်။ ဒါပေမယ့် အရွယ်ရှိတုန်း”တစ်ပင်လဲမူ၊တစ်ပင်ထူ” ထုံးနုလုံးမှုပြီး ရှန်ဟိုင်းညီလာခံကနေ မြန်မာ့တော်လှန်ရေးအတွက် အဆိုပြု့ချက်တစ်ခုတင်ရမယ့်ဆိုရင်”အရှေ့ကိုလျောက်ပါလို့၊အနောက်ကိုတဲ့ မျော်လိုက်ရင်း” ဆိုတာ အသင့်တော်ဆုံး နိုင်ငံတစ်ကာပေါ်လစီဖြစ်မယ်ထင်မိပါကြောင်း။

စိမ်းမောင်

မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိကအာဘော်သာဖြစ်ပါသည်။
ကိုးကား။ ။- ဟန်တင်တန် ၏The Clash of Civilization and The Remaking of World Order (လူ့ယဉ်ကျေးမှု့ ပဋိပက္ခနဲ့ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း)
ပြန်ဆို၊ဇင်ဝေသော်
-ဟင်နရီကစ်ဆင်းဂျာ World Order ပြန်ဆို၊နိုင်မြင့်သစ်။
– ပြည်ချစ်ဝါဒ(၂၀၀၁) ရဲဘော်ဗိုလ်ကြင်မောင်

By admin

Leave a Reply

Your email address will not be published. Required fields are marked *