ဗမာမျိုးနွယ်စုတော်လှန်ရေးဒီရေမြင့်လာလို့ ဒီပွဲနိုင်ပြီ

အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာပြည်လွတ်လပ်ရေးရပြီးကထဲက ဌာနေတိုင်းရင်းသားဒေသများ ကံဆိုးမိုးမှောင်ကြတော့သည်။ စစ်အာဏာရှင်၏ဖိနိုပ်သတ်ဖြတ်မှူ့များကြောင့်လည်းကောင်း အရာရှိ့အရာခံအကြပ်တပ်သားအများစုမှာ မြေပြန့်နေဗမာအများစုဖြစ်ခြင်းကြောင့်လည်းကောင်း အာဏာကိုလက်နက်ဖြင့်တောက်လျောက်ယူခဲ့သောစစ်အုပ်စုမှာ ပြည်မသားများသာများသည့်အတွက်ကြောင့်လည်းကောင်း တိုင်းရင်းသားလူ့အဖွဲ့အစည်းအတွင်းမြန်မာနိုင်ငံ၏စစ်တပ်ကို ဗမာစစ်တပ် ဗမာစစ်သားတွေဟု့သာခေါ်ဝေါ်ကြသည်။လက်တွေ့အရခေါ်ဆိုလာရသောအမည်ဖြစ်သည်။ တိုင်းရင်းသားတို့သည်နှစ်ပေါင်းများစွာစစ်တပ်၏ဖိ့နှိပ်မှု့ကိုလက်နက်ကိုင်နည်းလမ်းဖြင့်သာခုခံတွန်းလှန်နေရသည်မှာနှစ် ၇၀ ကျော်ပြီပင်ဖြစ်သည်။တစ်လျောက်လုံးစစ်တပ်၏ထိုးစစ်ဆင်တိုက်ခိုက်မှု့ကိုသာခုခံတိုက်ခိုက်နေရခြင်းဖြစ်သည်။ခုခံရမှု့အတွက် ပြည်သူလူထု၏ ဘဝများစွာ အိုးအိမ်ပျက် ရွာဖျက်ခံရ စစ်ရှောင်ရဖြင့် မရေမတွက်နိုင်အောင်ပေးဆပ်နေကြရသည်။ ပြောလိုသည်မှာတိုင်းရင်းသားအများစုသည်မိမိကိုယ်ကိုမိမိ ခက်ခဲစွာခုခံကာကွယ်နေရသည့်အခြေအနေဟုမြင်သည်။ မြန်မာဒီမိုဂရပ်ဖီအရ ဗမာမျိုးနွယ်စုမှာ လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော်ဟု သန်းခေါင်စာရင်းများအရသိရသည်။ကျန်သည့်မျိုးနွယ်စုများမှာ ကရင်နှင့် ရှမ်းမှလွဲ၍ လူနည်းစုများသာဖြစ်သည်။ အချို့မှာ သိန်း ဂဏန်းသာရှိ့ကြသည်။ လူဦးရေအချိုးအစား လက်နက်ရုပ်ဝတ္ထုအမျိူးအစား လုံးဝမညီပဲ အချိုးမညီစစ်ပွဲကို ခုခံနေကြရခြင်းဖြစ်သည်။ မြန်မာပြည်မ မှအာဏာဗဟိုချက်သည် ပဒေသရာဇ်ခေတ်ကလည်း လက်နက်နိုင်ငံတော်ဖြစ်သလို ယနေ့ထိလည်းလက်နက်နိုင်ငံတော်ပင်ဖြစ်နေသည်။နိုင်ငံရေးစနစ်မည်မျှပင်ပြောဆိုနေသောလည်းလက်နက်သည်အခရာဖြစ်နေသည်။ ပဒေသရာဇ်ခေတ်ကလည်း သားကအဖေထံ ညီကအစ်ကိုထံ မြို့စားကနန်းတော်ထံမှအာဏာကိုလက်နက်ဖြင့်သာလုယူကြသည်။မင်းညီမင်းသားများကကျေးလက်တွင်ဗိုလ်ဝင်ခံပြီး ထီးနန်းလု့ကြသည်။ပြည်သူကလည်းသူရဲကောင်းမျှော်သည် သူရဲကောင်းနောက်လိုက်ကြသည်။

ဗမာမျိုးနွယ်စုတော်လှန်ရေးဒီရေမြင့်လာလို့ ဒီပွဲနိုင်ပြီ
————————————————-

(မုံရွာမှာစတင်အပစ်ခံရပြီး ကနီနယ်မှာ ဗိုလ်မှုးကားတစ်စီးအတိုက်ခံရပြီးနောက် ကနီကိုစစ်ကောင်စီက စစ်သား၄၀လောက်ပို့ပြီးဖိ့နှိပ်ရာကနေ အညာဒေသ ခုခံတိုက်ခိုက်မှု့စတင်ပါတယ်။ကနီသားမိတ်ဆွေတစ်ဦးနဲ့စကားပြောရင်း ထိုစဉ်ကခေတ်စားနေတဲ့တိုင်းရင်းသားတပ်တွေနဲ့NUG ပေါင်းပြီးပြည်မကိုနေချင်းညချင်းသိမ်းစေချင်တဲ့လိုင်းဆွေးနွေးပါတယ်။ကျွန်တော်ကမဖြစ်နိုင်ဘူး တိုင်းရင်းသားတွေမှာ လူသားအရင်းအမြစ်နည်းတယ်။လူတစ်သောင်းကျသွားလို့ထပ်ဖြည့်ဖို့ခက်မယ်။ကျွန်တော်တို့မွန်ဆိုသိန်းဂဏန်းရှိ့တာ တစ်သောင်းကျသွားရင် မွန်မလေးတွေတစ်သောင်းအပျိုကြီးဖြစ်ကုန်မယ်။ ခင်ဗျားတို့ဗမာကသန်းချီတယ်။သိန်းချီဖြည့်ဖို့လူသားအရင်းအမြစ်ရှိ့တယ်။ဗမာတွေပုန်ကန်မှအောင်မြင်မှာလို့ဆွေးနွေးပါတယ်။သိပ်သဘောမတူလို့၊၊ဘာလည်ဗျ အညာမှာစစ်ကြောင့် အနိဌာရုံတွေမဖြစ်စေချင်တာလားလို့မေးတော့။အဲ့ဒါတော့ဟုတ်တယ် မဖြစ်စေချင်ဘူးဗျာလို့ဖြေပါတယ်။ ထူးဆန်းတာအလားတူအဖြေကို ဝါရင့်နိုင်ငံရေးသမားအချို့ကလည်းဗြောင်ဖြေတာကြားရပါတယ်။သူတို့ကတိုင်းရင်းသားတွေစုပေါင်းပြီး ပြည်မကိုသိမ်းစေချင်နေတာပါပဲ။အခုနွေဦးတော်လှန်ရေး အောင်မြင်မှု့ဆီဦးတည်လာတာဗမာလူမျိုးစု ကိုယ်တိုင် စစ်တပ်ကိုခုခံလာတာလည်းအရေးပါတဲ့သော့ချက်ဖြစ်ပါတယ်။


ဗိုလ်ချူပ်ဂွမ်မော်ရှင်းလင်းချက်နဲ့ မေလနဲ့ဧပြီလပိုင်းကရေးခဲ့တဲ့ ဗမာတော်လှန်မှဖြစ်မယ့်အကြောင်းပူးတွဲတင်ပြအပ်ပါတယ်ဗျ။)
ဝေဖန်ဖို့ပါ။
ပြည်မသားများအတွက်နိုး​ဆော်စာ
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩
🇧🇫ကျွန်​တော်နဲ့အတူစားအတူ​နေတဲ့ KIA ရဲ​​ဘော်သူငယ်ချင်းအချို့က မင်းကဗမာ​အကြိုက်စာအရမ်း​ရေးတတ်တယ်​နော်..ကချင်လို​တောင်မ​ရေး​တော့ဘူး..မင်းအဲဒီ​အောက်သား​တွေရဲ့ Cm ​တွေနဲ့သာယာ​နေတာလား? ငါက​တော့လုံးဝမယုံဘူး..အ​ခြေအ​နေတစ်ခု​ကြောင့်သာငါတို့ KIA ​တွေကိုအားကိုး​နေတာ..ငါတို့ KIA လူကြီး​တွေလဲ ဘယ်လို​တွေ​တွေး​နေကြလဲ မသိပါဘူး..ကိုယ့်အ​ရေးကိုအပြီးမသတ်နိုင်ဘူး…တစ်နိုင်ငံလုံးအ​ရေးကို လျှာရှယ်ပြီးဝန်ထမ်းနေကြတယ်…ဖင်မနိုင်ပဲဟင်းစားရ​တော့မယ်.. ဒီတစ်ခါ​နောက်တစ်ကြိမ်အကွက်ကြီးကြီး ထပ်​ရွှေ့မှား​​နေပြီလို့မြင်​နေတယ်..ရခိုင်​တွေရဲ့ရပ်တည်ချက်လိုဖြစ်ရမှာတဲ့..အားမလိုအားမရဖြစ်​နေတဲ့ KIA ရဲ​ဘော်​တွေ​ရှိသလို ကချင်ပြည်သူများလည်းထိုနည်းတူ​အမျိုးမျိုးဝေဖန်သုံးသပ်သူများရှိ​နေကြပါတယ်။​ကျွန်​တော်ပင်လျှင်အဆစ်ပါ​ပြောခံထိပါတယ်။ထားလိုက်ပါ ..ကျွန်​တော့ကိုဘာ​ဘဲ ပြော​ပြော ​ဗွေမယူပါဘူး..တော်လှန်​ရေး​ကြီးအောင်မြင်ဖို့သာအ​ရေးကြီးပါတာပါ။

🇧🇫ကျွန်​တော်နိုင်ငံ​ရေးအ​ကြောင်းအများကြီးနားမလည်​ပေမဲ့..အခုလိုကျွန်​တော်တို့ KIA လူကြီးများ၏ဆုံးဖြတ်ချက်နှင့်ရပ်တည်ချက်ကို ၁၀၀% ​ထောက်ခံပါတယ်။အမှန်အတိုင်း​​ဝန်ခံရလျှင် ကျွန်​တော်တို့ကချင်​တွေဟာ နှစ်​ပေါင်း ၆၀ ​ကျော်ကြိုးစားခဲ့တဲ့​တော်လှန်​ရေးကြီးကိုအဆုံးသတ်ကာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အုပ်ချုပ်ခွင့်ရပြည်နယ်ကြီးအဖြစ်​မိမိတို့ဘက်မှတစ်ဖက်သတ် ကြေငြာကာ မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ဖို့ရန် မဟာစီမံကိန်း​ကြီးရေးဆွဲကာပြင်ဆင်​နေသည်မှာနှစ်​ပေါင်းမနည်း​တော့ပါ။ဤမဟာစီမံကိန်းကြီးအတွက်နိုင်ငံ​ရေးအ​မျှော်အမြင်ရှိ​သောကချင်လူငယ်​မြောက်မြားစွာအား နိုင်ငံခြားသို့ပညာ​တော်သင်​စေလွတ်ခဲ့သလို ပညာစုံကာပြန်လာကြ​သောလူငယ်​မြောက်မြားစွာကိုလည်း​မွေးထုတ်ထားပြီးဖြစ်ပါတယ်။ အစိုးရတစ်ခုအဖြစ်ရပ်တည်ရာတွင် လိုအပ်​သောယန္တယား​များစုံညီ​နေပြီဖြစ်ပြီး တင်းပြည်မှီ​​သော အဆင့်သို့​ရောက်ရှိနိုင်ရန်လိုအပ်သည်များကို ထပ်မံကြိုးစားပြင်ဆင်​နေချိန်တွင် ဆိုင်းမဆင့်ဘုံမဆင့် ​နွေဦး​တော်လှန်​ရေးကြီးဖြစ်​ပေါ်လာတော့ ကျွန်​တော်တို့ KIA ​​ခေါင်း​​ဆောင်​တွေ​ခေါင်း​​ခြောက်ကြသည်မှာအမှန်ပါ။အ​ဖြေကကျွန်​တော်တို့အချိန်မကျ​သေးချိန်ပါ..လူ့အကြံအစည်ထက်ဘုရား၏အကြံအစည်သာလွန်​ကြောင်းလည်းသက်​သေပါ။

🇧🇫KIA က​တော့ ​ ဗဟို​ကော်မတီ၏ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ်ချက်ဖြင့်နွေဦး​တော်လှန်​ရေးတွင်​​​ခြေစုံပစ်ပါဝင်လာပါ​တော့သည်။ လက်ခံကြိုဆိုသည့်ကချင်ပြည်သူများရှိသလို လက်မခံသည့် ကချင်ပြည်သူများစွာရှိ​ခဲ့သော်လည်း March လ ၂ ရက်​နေ့မှစတင်၍အပြစ်မဲ့ပြည်သူများ​အားနေ့စဥ်နှင့်အမျှ ရက်စက်စွာ ပစ်သတ်​နေသည့် စကစများအားလက်စား​ခြေရန်နှင့် မြန်မာပြည်သူတစ်ရပ်လုံး၏ အ​ရေးတွင်တစ်ဖက်တစ်လှမ်းမှပါဝင်ရန် သက်​သေပြ​သောအ​နေဖြင့် ထိုးစစ်စစ်ဆင်တိုက်ပွဲဝင်ခဲ့ကြပါသည်။မိမိတို့ KIAရဲ​ဘော်များပင်လျှင် KIA ​ခေါင်း​ဆောင်များ၏ လုပ်​ဆောင်ချက်များကိုနားမလည်နိုင်ခဲ့ကြပါ… NUG မဖွဲ့စည်းခင်ကစ မိမိတို့အကျိုးအမြတ်ကိုထည့်တွက်ခြင်းမရှိမိမိတို့ဘက်၌ ထိခိုက်နစ်နာမှုများစွာရှိလာနိုင်သည်ကိုသိသိကြီးဖြင့် နွေဦး​တော်လှန်​ရေးအတွက် အသက်​ပေးတိုက်ပွဲဝင်​ခဲ့ကြပါတယ်။​​စေတနာအကျိုး​၏ ရောင်ပြန်ဟတ်မှုက​တော့ မြန်မာ့သမိုင်းတွင်တစ်ကြိမ်တစ်ခါမှမရရှိဖူး​သော​ ပြည်မဘက်မှမြန်မာပြည်သူတစ်ရပ်လုံး၏​မေတ္တာ ယုံကြည်မှု၊ အားကိုးမှု များ KIA အ​ပေါ်သက်​ရောက်လာပါ​တော့သည်။

🇧🇫မြန်မာပြည်သူတစ်ရပ်လုံး၏ ​မေတ္တာရရှိလာမှုအား KIA ရဲ​​​​​ဘော်များသာမက ကချင်ပြည်သူတစ်ရပ်လုံးကလည်းအံ့သြခြင်းနှင့်အတူဝမ်းသာပီတိဖြစ်ကြရပါတယ်။အစပိုင်းမှာ နားမလည်ခဲ့ကြ​သော ကချင်ပြည်သူများနားလည်လာကြတယ်။တစ်နိုင်ငံလုံး၏အင်အားဖြင့်ဝိုင်းဝန်း​တော်လှန်မှသာ ဤစနစ်ဆိုးကြီးပ​ပြောက်နိုင်မှာဖြစ်​ကြောင်းပိုမိုသိလာကြတယ်။​သို့ရာတွင်နွေဦး​တော်လှန်​ရေးဟာကျွန်​တော်တို့ KIA​များအစွမ်း​ကြောင့်သာအောင်မြင်မှုရရှိ​အောင်လုပ်​ဆောင်နိုင်မည်မဟုတ်ပါ..ကျွန်​တော်တို့ကချင်​တွေဟာသန်း​ခေါင်စရင်းအရ လူမျိုးစု ခုနှစ်မျိုး​ပေါင်း​ခဲ့လျှင်တောင် တစ်သန်းမပြည့်တဲ့လူမျိုး​တွေပါ…ဒီကြားထဲ စကစ၏ ​သွေးခွဲမှု​အောက်ပါသွား သည့် ပြည်သူ့စစ် အဖွဲ့အစည်းများလည်းရှိ​နေပါသေးသည်။ဗမာလူမျိုးများဟာ သန်း ၄၀ နှင့်အထက်ရှိနိုင်ပါတယ်။အဆပေါင်း၄၀သာလွန်​သော ဗမာလူမျိုးများ၏အင်အား​ဟာ ပို၍ အဓိကကျ အ​ရေးပါလှပါတယ်။ကျွန်​တော်တို့ဟာလူနည်းစု​တွေပါ။​​နွေဦး​တော်လှန်​ရေးအတွက် မည်သူ့တိုက်တွန်းခြင်းမှမပါဘဲ မိမိတို့သွားမည့်လမ်း​ကြောင်းများကိုလွဲကာ​​မြန်မာပြည်သူတစ်ရပ်လုံးနှင့်အတူ​လျှောက်​​ရဲရခြင်းမှာ စစ်အာဏာရှင်စနစ်အပြီးတိုင်ပ​ပြောက်ဖို့ရန်ကြီးမားသည့်ရည်ရွယ်ချက်ခြင်းတူ​ညီ​သွားသော​ကြောင့်သာဖြစ်သည်။

🇧🇫​နွေဦး​တော်လှန်​ရေးမှာ ပြည်မဘက်မှ ဗမာလူမျိုး​များ၏ ကြီးမား​သောလူထုဆန္ဒ ထုတ်​ဖော်မှုများ …ရရာ​လေးဂွများဖြင့်ပင်အသက်​ပေးတိုက်ခိုက်ခဲ့ကြသည့် Gen Z များ၏ ​​ပြင်းထန်​သော နာကြည်း​သောတော်လှန်​ရေးစိတ်ဓါတ်များဟာ ကျွန်​တော်တို့ KIA ခေါင်း​ဆောင်များ၏ နုလုံးသားကိုပင်လုပ်ရန်းနိုင်ခဲ့ကြပါတယ်။ Gen Z များ၏လုပ်ရှားမှုများ၊ CDMလုပ်ခြင်းဖြင့်​ အနစ်နာခံ​ပေးဆပ်ကြ​သောဝန်ထမ်းများ၊ မိမိတို့၏သား​ကောင်းရတနာများအား လွတ်​မြောက်ရာ​နေရာများဆီသို့ ​သွေး​ကျွေးဆပ်ရန် သတ္တိရှိရှိ​စေလွတ်​ပေးခဲ့ကြ​သောမိဘများ..သတင်းမီဒီယာအဖြင့် ကမ္ဘာကသိရှိ​အောင် လုပ်​ဆောင်​နေကြသူများ၊ ​တော်လှန်​ရေးကြီး​အောင်မြင်ဖို့ ရိက္ခာ,​အလှူငွေများဖြင့်ထောက်ပံ့ကူညီ​ပေးကြသူများစသည်ဖြင့်ဘက်​ပေါင်းစုံမှပါဝင်လုပ်ရှား​နေသည်မှာလည်း​တော်လှန်​ရေးအတွက်များစွာအ​​ထောက်အကူဖြစ်​စေပါသည်။​တော်လှန်​ရေးစိတ်ဓါတ်ပြင်းထန်​နေ​သော်လည်းလက်​တွေ့ပါဝင်မှုမရှိ​သေးသူများကိုလည်းအမြန်ဆုံးပါဝင်လာရန်ဖိတ်​ခေါ်ပါတယ်။တောင်တန်းနှင့် ပြည်မတစ်ဦးတစ်​ယောက်မကျန်ဝိုင်းဝန်း​တော်လှန်မှသာလျှင် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်း​ပနိုင်မည်ဖြစ်​သော​ကြောင့် သန်း ၄၀ ​ကျော်​သောပြည်မဘက်ကအမျိုးများအား ယုံကြည်​လေးစားမှု ၊အားကိုးမှုနှင့်အတူ ထပ်မံနိုး​ဆော်လိုက်ပါတယ်။

🇧🇫KIA နှင့်ကချင်ပြည်သူများက​​တော့ဘုရင့်​နောင်​ဖောင်ဖျက်ပြီးသားပါ။

©️Gidawn Brang
(စက်တင်ဘာ ၂၉ တွင်ကူးယူပါသည်)

ဗမာ့သွေးပြကြရန်အချိန်တန်ပြီ
မဟုတ်လျှင် ဂိုတ်ပဲ့မည်
———————————————။ မေ ၁၂

မြန်မာပြည်လွတ်လပ်ရေးရပြီးကထဲက ဌာနေတိုင်းရင်းသားဒေသများ ကံဆိုးမိုးမှောင်ကြတော့သည်။ စစ်အာဏာရှင်၏ဖိနိုပ်သတ်ဖြတ်မှူ့များကြောင့်လည်းကောင်း အရာရှိ့အရာခံအကြပ်တပ်သားအများစုမှာ မြေပြန့်နေဗမာအများစုဖြစ်ခြင်းကြောင့်လည်းကောင်း အာဏာကိုလက်နက်ဖြင့်တောက်လျောက်ယူခဲ့သောစစ်အုပ်စုမှာ ပြည်မသားများသာများသည့်အတွက်ကြောင့်လည်းကောင်း တိုင်းရင်းသားလူ့အဖွဲ့အစည်းအတွင်းမြန်မာနိုင်ငံ၏စစ်တပ်ကို ဗမာစစ်တပ် ဗမာစစ်သားတွေဟု့သာခေါ်ဝေါ်ကြသည်။လက်တွေ့အရခေါ်ဆိုလာရသောအမည်ဖြစ်သည်။ တိုင်းရင်းသားတို့သည်နှစ်ပေါင်းများစွာစစ်တပ်၏ဖိ့နှိပ်မှု့ကိုလက်နက်ကိုင်နည်းလမ်းဖြင့်သာခုခံတွန်းလှန်နေရသည်မှာနှစ် ၇၀ ကျော်ပြီပင်ဖြစ်သည်။တစ်လျောက်လုံးစစ်တပ်၏ထိုးစစ်ဆင်တိုက်ခိုက်မှု့ကိုသာခုခံတိုက်ခိုက်နေရခြင်းဖြစ်သည်။ခုခံရမှု့အတွက် ပြည်သူလူထု၏ ဘဝများစွာ အိုးအိမ်ပျက် ရွာဖျက်ခံရ စစ်ရှောင်ရဖြင့် မရေမတွက်နိုင်အောင်ပေးဆပ်နေကြရသည်။ ပြောလိုသည်မှာတိုင်းရင်းသားအများစုသည်မိမိကိုယ်ကိုမိမိ ခက်ခဲစွာခုခံကာကွယ်နေရသည့်အခြေအနေဟုမြင်သည်။ မြန်မာဒီမိုဂရပ်ဖီအရ ဗမာမျိုးနွယ်စုမှာ လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော်ဟု သန်းခေါင်စာရင်းများအရသိရသည်။ကျန်သည့်မျိုးနွယ်စုများမှာ ကရင်နှင့် ရှမ်းမှလွဲ၍ လူနည်းစုများသာဖြစ်သည်။ အချို့မှာ သိန်း ဂဏန်းသာရှိ့ကြသည်။ လူဦးရေအချိုးအစား လက်နက်ရုပ်ဝတ္ထုအမျိူးအစား လုံးဝမညီပဲ အချိုးမညီစစ်ပွဲကို ခုခံနေကြရခြင်းဖြစ်သည်။ မြန်မာပြည်မ မှအာဏာဗဟိုချက်သည် ပဒေသရာဇ်ခေတ်ကလည်း လက်နက်နိုင်ငံတော်ဖြစ်သလို ယနေ့ထိလည်းလက်နက်နိုင်ငံတော်ပင်ဖြစ်နေသည်။နိုင်ငံရေးစနစ်မည်မျှပင်ပြောဆိုနေသောလည်းလက်နက်သည်အခရာဖြစ်နေသည်။ ပဒေသရာဇ်ခေတ်ကလည်း သားကအဖေထံ ညီကအစ်ကိုထံ မြို့စားကနန်းတော်ထံမှအာဏာကိုလက်နက်ဖြင့်သာလုယူကြသည်။မင်းညီမင်းသားများကကျေးလက်တွင်ဗိုလ်ဝင်ခံပြီး ထီးနန်းလု့ကြသည်။ပြည်သူကလည်းသူရဲကောင်းမျှော်သည် သူရဲကောင်းနောက်လိုက်ကြသည်။

ထိုစဉ်ကထဲကတိုင်းရင်းသားများမှာ ပြည်မထီးနန်းနှင့်လိုက်လျောညီထွေနေနေကြရသည်။မနေပါကလည်းရက်စက်စွာဖိ့နှိပ်ခံကြရသည်။အင်္ဂလိပ်လက်အောက်တွင်အတန်အသင့်ပြည်မဖိ့နှိပ်မှု့မှသက်သာခွင့်ရသော်လည်း လွတ်လပ်ရေးရပြီးသည်နှင့် ပြည်မမှလက်နက်နှင့်ဖိ့နှိပ်မှု့ကို ယနေထိ့ခုခံကာကွယ်နေရသည်။ ပြည်မသည်လည်း လက်နက်ဖြင့် အာဏာယူမှု့အပေါ်တွင် နောက်ဆုံးအနိုင်ရဖိ့နှိပ်လာပါက ဆက်လက်တွန်းလှန်ခြင်းထက် မကြာခဏဝပ်စင်းသွားကြသည်။ဘာသာရေးအဆောက်အဦးမှာလည်း နိုင်သည့်ဘုရင် သာသနာပြု့ဘုရင်အဖြစ်ပင်လက်ခံလိုက်တတ်သည်။ ယခုအခါတွင် ဒီမိုကရေစီခရီးလမ်းဖြောင့်ရန်လမ်းစပေါ်စတွင်ပင်စစ်တပ်မှအာဏာသိမ်းလမ်းပိတ်ပစ်လိုက်သည်။တစ်နိုင်ငံလုံးသန်းချီဆန္ဒပြကြသည်။ယခုနောက်ပိုင်းစစ်တပ်မှရက်စက် ကြမ်းတမ်းစွာဖိနှိပ်လာသည်။တိုင်းရင်းသားများကိုမျော်လင့်အကူအညီတောင်းလာကြသည်။ ဤနေရာတွင်တိုင်းရင်းသားများသည်ပင်လျင် မိမိကိုယ်ကိုခုခံကာကွယ်နေရသည့်အခြေအနေကိုထည့်တွက်ရန်ဖြစ်သည်။ တိုင်းရင်းသားများသည်အင်အားခြင်းမမျှသော်လည်း မတတ်သာသည့်အဆုံးလက်နက်ကိုင်ခုခံနေကြရသည်။ ယခုအခါအာဏာသိမ်းစစ်တပ်သည် ပြည်မဗမာအများစုနေရာများတွင်ရက်စက်စွာပစ်ခတ်သတ်ဖြတ်နေသည် တိုင်းရင်းသားဒေသများတွင်လည်းအစဉ်အလာအတိုင်းသတ်နေသည်။ တိုင်းရင်းသားလက်နက်ကိုင်များသည်စစ်တပ်စိုးမိုးရာ မြို့ရွာများရှိ့ မိမိလူမျိုးနွယ်များပင် မကာကွယ်နိုင်ဖြစ်နေသည်ကိုထည့်သွင်းစဉ်းစားရန်ဖြစ်သည်။ သမိုင်းတွင်အကြမ်းဖျင်းမြင်ရသလောက် ဗမာမျိူးနွယ်စုသည် ဗမာစစ်ပဒေသရာဇ်စနစ်ကိုအံတုဗလ ဖက်ပြိုင်ခြင်း ပုန်ကန်တိုက်ခိုက်ခြင်း၌ စိတ်အားထက်သန်မှု့မရှိ့ဟု့မြင်ရသည်။

ဗမာစစ်ပဒေသရာဇ်အုပ်စိုးသူတို့ဖိ့နှိပ်မှု့ပြင်းထန်လာလျှင် ပုန်ကန်သောမင်းညီမင်းသားများရှုံးနိမ့်လျှင်တောင်ပေါ်သို့ထွက်ပြေးတိမ်းရှောင်ခြင်းအစဉ်အလာသည် ၂၁ ရာစုထိ့တိုင်အစဉ်အလာလိုဖြစ်နေသည်ကိုတွေ့ရသည်။ လူဦးရေရာခိုင်နှူန်း အချိုးအစားနည်းလှလွန်းသော မိမိကိုယ်ကိုမနဲခုခံကာကွယ်နေရသောတိုင်းရင်းသားများမှာ လူဦးရေအချိုးးအစား၏၆၀ ကျော် ၇၀ ရာခိုင်နှုန်းရှိ့သောပြည်မနှင့် ဗမာမျိုးနွယ်စုအတွက် ခုခံတိုက်ပွဲဝင်ရန် အင်အားမလုံလောက်သည်မှာမြင်သာလှသည်။ နောက် မြေပြန့်ဆင်းလာကြရန်ဆိုသည်မှာ မမျှော်လင့်မိ့ဟု့ မြင်မိ့သည်။မိမိကိုယ်ကိုခုခံကာကွယ်ရေးကို ပိုမိုတိုးတက်အောင်သာအမြင့်ဆုံးလုပ်နိုင်မည်ယူဆသည်။ထို့အပြင်လူနည်းစုတိုင်းရင်းသားလူငယ်တစ်သောင်းကျဆုံးလျှင်နောက်ထပ်တစ်သောင်းထပ်ဖြည့်ရန် လူစွမ်းအားအရင်းအမြစ်မရှိ့သည်ကိုလည်းထည့်တွက်ကြရမည်ဖြစ်သည်။ ပြသနာနှင့်အဖြေမှာဗမာမျိုးနွယ်စုကိုယ်၌က ဗမာစစ်ပဒေသရာဇ်အာဏာရှင်စနစ်ကိုအံတုဗလပြု့ရန်သတ္တိ အစွန်းအစ စိတ်ဓါတ်ရှိ့မရှိ့ ဆန္ဒရှိ့မရှိ့ပင်ဖြစ်သည်။ လူ ၁၀၀ လျှင် လူ ၆၀, ၇၀ ရှိ့သော မျိုးနွယ်စုကြီးက လူ၁၀၀ လျှင် ၃ယောက် ၄ယောက်သာအချိုးအစားရှိ့သောမျိုးနွယ်စုများ၏အကူအညီကိုမျှော်နေရခြင်းသက်သက်ဖြင့် စစ်ပဒေသရာဇ်စနစ်အဆုံးသတ်ရေးအလှန်းဝေးလွန်းလှသည်ဟု့မြင်မိ့သည်။ ဗမာလူမျိုးကြီးဝါဒီ စစ်ပဒေသရာဇ်ကို ဗမာမျိုးနွယ်စုမှ တိုးတက်သောဒီမိုကရက်တစ်များကတွန်းလှန်တိုက်ပွဲဝင်မှသာအမြစ်ပြတ်မည်မြင်မိ့သည်။ ဗမာမျိုးနွယ်စု၏ ဇာတိသွေးဇာတိ့မာန်ဆိုသည်မှာ စစ်ပဒေသရာဇ်များ၏ ရှေ့မှောက်တွင် ကျဆုံးဝပ်စင်းသွားမည်ဟုတော့မယူဆနိုင်‌သေးပေ။

စိမ်းမောင်

By admin

Leave a Reply

Your email address will not be published. Required fields are marked *