(သတိ့!! ငြိမ်းချမ်းရေး) ငြိမ်းချမ်းရေးပိုင်ရှင်သည် ဒိုနာအလှုရှင်လား၊ပြည်သူလား

ထိုနောက် ဒေါ်အောင်ဆန်းစုကြည်ခေတ် ငြိမ်းချမ်းရေးဆောင်ရွက်မှု့သည် ယခင်လောက်ခရီးမတွင် ကြောင်းဝေဖန်မှု့များ သောသောညံလာတော့သည်။ NRPC ‌ခေတ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ၂၁ ရာစုပင်လုံညီလာခံများ၏ ဧည့်ခံကျွေးမွေးမှု့နှင့်ပက်သက်၍ ယခင် MPC ပွဲများလောက်မကောင်းကြောင်း အစားအသောက်စီမံမှု့ကစ အစဉ်မပြေကြောင်းကို ပင်လုံညီလာခံတွင် သတင်းယူနေစဉ် စားသောက်ခန်းမမှ ထွက်လာကြသော ပညာရှင်များ၏ ဝေဖန်မှု့ကို သတင်းထောက်အချို့ ကြားခဲ့ရသည်။ ပြည်သူလူထုထည့်ဝင်ငွေနှင့်နိုင်ငံတော်ဘဏ္ဍာမှ ကျခံရသည့်အပေါ် အသုံးစားရိပ် စီစစ်ခြင်း သည်လည်း ငြိမ်းချမ်းရေး သာယာစည်ပင်ဝပြောရေးထိခိုက်စေကြပုံရသည်။စာရေးသူတို့သတင်းထောက်များ သည်လည်း စည်ပင်ရိပ်သာအနီးအဝစားဆိုင်များသို့ သုတ်ချေတင်ရသည်။ စာရေဆရာ ဘားတေးလစ်တနာမှလည်း ငြိမ်းချမ်းရေးရံပုံငွေကိစ္စနှင့်ပက်သက်၍ “ ဒီပိုက်ဆံတွေ ဘယ်ရောက် သွားသလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာ ကျနော် စဉ်းစားကြည့်တယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းက အကျိုး အမြတ် များပြားတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်လာတယ်။ တိုင်းပြည်ရဲ့ စစ်ပွဲဒေသတွေမှာ ထိခိုက်နစ်နာနေတဲ့ သာမန် ပြည်သူတွေကို လုံး၀ အလေးမထားဘူး။ ဒါမှမဟုတ်လည်း နည်းနည်းပဲ အလေးထားတယ်” ဟုပြောခဲ့သည်။ သူက ငြိမ်းချမ်းရေးလုပ်ငန်းသည် အကျိုးအမြတ်ကြီးသော စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်လာသသည်ကို ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်ခဲ့သူဖြစ်သည်။ ပွဲစတင်ကထဲက မေးခွန်းအသံထွက်ခဲ့သော ငြိမ်းချမ်းရေး ရံပုံငွေအရေးနှင့်ပက်သက်၍ ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးဖြစ်သူ MPC အဖွဲဝင်ယောင်းတစ်ဦးဖြစ်သူ ဦးညိုအုန်းမြင့်မှ ၂၀၁၈ အောက်တိုဘာလ ၁၄ ရက်တွင် BBC သတင်းဌာနတွင် ဆောင်းပါးတစ်ပုတ်ရေးသား၍ ဖြေရှင်ခဲ့သည်ကိုတွေ့ရသည်။NCA လက်မှက်ရေးထိုးနိုင်ရေးအတွက် ဘန်ကောက်၊ချင်းမိုင်၊မဲဆောက် လွန်ပြန်ခရီးစဉ်များဖြင့် စိတ်လှုပ်ရှားဖွယ်ရာ ငြိမ်းချမ်းရေး ရတုပုဒ်စုံကို BBC မှ တင်ပြခဲ့ခြင်းဖြစ်သည်။ဦးညိုအုန်းမြင့်မှ “ချင်းမိုင်မြို့အထွက် ရှိ့ ဘတ် ၂၀၀ တန် ၊မြန်မာငွေ ၁၀၀၀၀ ကျပ်(တစ်သောင်းကျပ်)တန် ဆန်ပြုတ်ဆိုင်တွင် အချိန်ကြမြင့်စွာဆွေးနွေးပြီးသည့် နောက် NCA ထိုးရေးကို အောင်မြင်စွာစည်းရုံးနိုင်ခဲ့ကြောင့် အဖူးမူတူးဆေးဖိုးမှ NCA လက်မှက်မထိုးဖြစ်ရင် ခင်ဗျာနဲ့ မန်းမန်း တရားခံဖြစ်မယ်ဟု ပြောခဲ့သည်ဟု ရသမြောက်စွာရေးဖွဲ့ခဲ့သည်။

(ငြိမ်းချမ်းရေးရံပုံငွေသည် နိုင်ငံတစ်ကာအလှူရှင်များ၏ ထည့်ဝင်ငွေမှာ ဒေါ်လာ သန်း ၁၃၀ မက သန်း ၃၀၀ လည်းဖြစ်နိုင်သည်။သန်း ၃၀၀ ထက်မကလည်းဖြစ်နိုင်သည်။သို့သော် NCA လက်မှက်ရေးထိုးရန်မှာမှု ဆန်ပြုတ်တန်ဖိုး ဘတ် ၂၀၀ သာကျသင့်သည်ကို သင်ကာရှင်းလိုခြင်းဖြစ်ပုံရသည်။) ဘတ် ၂၀၀ တန် ချင်းမိုင် ဆန်ပြုတ်ဆိုင် ဆွေးနွေးပွဲသည် MPC ,NCA လက်မှက်ရေးထိုးရေးအတွက် သမိုင်းဝင် ဖြစ်ရပ်ဖြစ်ကြောင်း ငြိမ်းချမ်းရေးရံပုံငွေပေးသွင်းသူနိုင်ငံများမှပင် အသိအမှတ်ပြု့သည့် သဘော BBC တွင်ပင် ဖော်ပြခဲ့သည်။ဤသည်ကို အိုးကမပူ စလောင်းကပူနိုင်ရန်ကောလားဟု အမျက်တော်ရှကြပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်NRPC အနေဖြင့် နိုင်ငံတစ်ကာရံပုံငွေများအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်သူတိုင်း ပါဝင်လာနိုင်ရေးအတွက် ပြည်သူပြည်သားများကိုယ်တိုင်ငြိမ်းချမ်းရေး၏ ပိုင်ရှင်များဖြစ်စေလိုသောကြောင့် ပြည်သူပြည်သားတစ်ဦးချင်း၏ ရံပုံငွေထည့်ဝင်မှု့ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပုံရသည်။အတည့်ပြောရလျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရံပုံငွေပေးသွင်းသူ နိုင်ငံများ၏ အလိုကျ လိုက်ပါလုပ်ကိုင်လိုခြင်းမရှိ့ပဲ မိမိနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီစွာ ပေါ်လစီခင်းကျင်းနိုင်ရန် ဖွဲ့စည်းပုံနှင့်ရံပုံငွေ အလှည့်အပြောင်းဖန်တီးခဲသည်ဟု ယူဆရသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(MPC)သည် ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်တွင် တည်ရှိပြီး နော်ဝေ၊ ဥရောပသမဂ္ဂ၊ ဂျပန် နှင့် ကုလသမဂ္ဂ အေဂျင်စီများ ပါဝင်သော ငြိမ်းချမ်းရေး အလှူရှင် ပံ့ပိုးကူညီမှုအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ယခုနွေဦးတော်လှန်ရေး ၃ နှစ်ကျော်လာသည် တွင် ဦးသိန်းစိန်ခေတ် ငြိမ်းချမ်းရေးရံပုံငွေပေးသွင်းသူနိုင်ငံတို့၏ လှုပ်ရှားမှု့များ ခတ်စိတ်စိတ်ဖြစ်လာနေသည် မှာ စိတ်ဝင်စားဖွယ်ဖြစ်လာသည်။နော်ဝေနှင့်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ငြိမ်းချမ်းရေးရံပုံငွေသာမက အခြား NGO,CSO လုပ်ငန်းများစွာသို့လည်း လှုဒါန်းထောက်ပံ့နေသည်ဖြစ်ရာ အရပ်ဖက်အဖွဲ့အစည်း မျိုးစုံအနေဖြင့် အဆိုပါလှုပ်ရှားမှု့များနှင့်ပက်သက်၍ ကန့်ကွက်ရန်ထက် ရေငုံနိုပ်ပိတ်နေရန်နှင့်ဖြစ်စဉ်တွင် ကိုယ်စားပြု့မှု့အစုအဖွဲအနေဖြင့်တစ်နည်းနည်းပါဝင်ခွင့်ရရန်သာ လုံးပန်းရဖွယ်ရှိနေသည်ဟု ယူဆရသည်။

(သတိ့!! ငြိမ်းချမ်းရေး) ငြိမ်းချမ်းရေးပိုင်ရှင်သည် ဒိုနာအလှုရှင်လား၊ပြည်သူလား
——————————————–
အောက်တိုဘာ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

စီးပွားရေးသူလျိူ တစ်ဦး၏ ဖြောင့်ချက်(Confession of Economic Hit Man) စာအုပ်သည် စာရေးဆရာ ကိုယ်တိုင် အမေရိကန် CIA ၏စီးပွားရေးသူလျိူအဖြစ် ရွေးချယ်လေ့ကျင့်ပေးခံထားရသူဖြစ်သည်။ အခြားအေးဂျင့်များကဲ့သို့ မဟုတ်ဘဲ စီးပွားရေးသမားတစ်ဦး၊စီအီးအို တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန်စီးပွားရေးဘာသာရပ်ကို အထူးအလေးပေးလေ့ကျင့်ပေးခြင်းဖြစ်သည်။ သင်တန်းပြီးဆုံပြီးနောက် ကမ္ဘာအနှံ့သို့စီးပွားရေးစီမံကိန်းအကြံပေးကဲ့သို့၎င်း၊စီးပွားရေးလုပ်ငန်းရှင်ကြီးအဖြစ်တစ်ဖုံ၊ကုမ္ပဏီစီအီးအိုကြီးအဖြစ်တစ်မျိုးစသဖြင့် CIA ၏ တာဝန်ချထားမှု့ဖြင့် ကမ္ဘာနိုင်ငံအနှံ့သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရသည်များကို ပြန်လယ်ဝန်ခံရေးဖွဲ့ထားခြင်းဖြစ်ပါသည်ဟု ဝန်ခံထားသည်။ အဆိုပါစီးပွားရေးစပိုင်၏ အင်ဒိုနီးရှားမစ်ရှင်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံ၊အာဏာရှင်ဆူဟာတိုလက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံမီးလင်းရေး စူပါပရိုဂျက်ကြီးအတွက် ကမ္ဘာဘဏ်အပါအဝင် မြီရှင်နိုင်ငံများမှ ဒေါ်လာဘီလီယံပေါင်းများစွားချေးငွေချပေးထားသည့် ပရိုဂျက်ဖြစ်သည်။ စပိုင်အား မီးလင်းရေးဆိုင်ရာ ကျွမ်းကျင်သူအကြံပေးရာထူးအဖြစ် တာဝန်ချပေးထားသည်။မီးလင်းရေးစီမံကိန်းအင်ဂျင်နီယာဒါရိုက်တာမှာ ဗြိတိန်နိုင်ငံ၏ လျှပ်စစ်မင်းကြီးဟောင်းဖြစ်၍ အတွေ့အကြုံရှိ့ပညာရှင်ဖြစ်သည်။စီမံကိန်းအဆင့်ဆင့်ကို ရေးဆွဲအကောင်အထည်ဖော်ကြရာတွင် အင်ဒိုနီးရှားအာဏာပိုင်အဆင့်ဆင့်၏ စီမံကိန်းရံပုံငွေအပေါ် အလွန်အကျွံအလွဲသုံးစားလုပ်မှု့များကို အဆိုပါ အင်ဂျင်နီယာချုပ်မှလက်မခံနိုင်။အလားတူ စီးပွားရေးစပိုင် မှလည်း သဘောမကျ၍ ၎င်း၏ ဌာန CIA သို့ တင်ပြသည်။

နောက်ဆုံးတွင် ဗြိတိသျှ အင်ဂျင်နီယာချုပ်မှ အလုပ်မှ ရပ်ဆဲခံရပြီး အင်္ဂလန်ပြန်သွားကာ မကြာမီ ထူးဆန်းစွာ တိန်းပါးသွားသည်။စီးပွားရေးစပိုင်အား သူ၏ဌာနမှ ၎င်း၏ထမ်းဆောင်ရမည့်တာဝန်မှာ စီမံကိန်းရံပုံငွေမှ အလွဲသုံးစားလုပ်မှု့များကို အားပေးရန်သာဖြစ်ကြောင်း၊ဆူဟာတိုအပါအဝင်၊ဝန်ကြီးများ၊ ဌာနဆိုင်ရာအဆင့် ဆင့်မှ စ၍ ရပ်ကွက်၊ကျေးရွာ သူကြီးများအထိ့ စီမံကိန်းရံပုံငွေ အလွဲသုံးစားလုပ်မှု့ကို လူတိုင်းမလွတ်စေရန် စီမံရမည်ဖြစ်ကြောင်း၊ထိုသို့ အားလုံးအလွဲသုံးစားလုပ်ထားကြောင်း သက်သေများခိုင်မာမှသာ အမေရိကန် အကျိုးစီးပွားအတွက် အင်ဒိုနီးရှားအစိုးရအဖွဲ့အတွင်းအပြင် ဗျူရိုကရေစီနှင့်အုပ်ချုပ်ရေးယန္တယားအဆင့်ဆင့် အား ကြိုးကိုင်ထိမ်းချုပ်နိုင်မည် ဖြစ်ကြောင်း အမိန့်ပေးရှင်းပြသည်။ ထို့ကြောင့်စီးပွားရေးစပိုင်၏ အလုပ်မှာ အလွဲသုံးစားလုပ်မှု့ (ဇီးသီးဘမ်းမှောက်မှု့)များကိုလူစုံစုံနှင့် များများ ကျူးလွန်စေရန် စီမံရန်သာဖြစ်ကြောင်း အမိန့်ပေးခဲ့သည်။ အဆိုပါစပိုင်သည် အလားတူမစ်ရှင်မျိုးစုံကို ဆော်ဒီ၊အီကွေဒေါ စသဖြင့် ကမ္ဘာအနှံ့ ရာထူးမျိုးစုံဖြင့် ထမ်းဆောင်ခဲ့ရပုံများကို ဝန်ခံရေးဖွဲ့ထားခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးသည်နောက် မြန်မာ အီးဂရတ်မှ အမှု့ဆောင်လူကြီးမင်းများနှင့်ဦးအောင်မင်းတို့ ဦးဆောင်သောမစ်ရှင်အဖွဲ့သည် ဦးဟန်ညောင်ဝေနှင့်တွေ့ကြသည်။ထို့နောက် ၂၀၁၁ ခုနှစ်၊ဩဂတ်လ ၁၈ ရက်နေ့တွင် ဦးသိန်းစိန်အစိုးရမှ ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ပြီး အဖွဲ့အစည်းများဖွဲ့စည်းခဲ့သည်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Centre -MPC) အား ဖွဲ့စည်းခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့တို့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း ကျင်းပနိုင်ခဲ့သည်။


ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိ့ပြီးသည့်နောက် ဒုတိယအစိုးရကာလ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို ပြောင်းလဲဖွဲ့စည်းခဲ့သည် ။ (NRPC) အားဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး ရံပုံငွေရရှိ့ရေးကို ကြိုးပန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက် ပြည်သူပြည်သားများငြိမ်းချမ်းရေးအတွက်ရံပုံငွေထည့်ဝင်ရန် ဖိတ်ခေါ်အလှူခံခဲသည်။ ငြိမ်းချမ်းရေးရန်ပုံငွေအတွက် ပြည်သူတစ်ဦးချင်းစီကနေ ထည့်ဝင်လှူဒါန်းငွေ ကျပ် ၁၃ ဒသမ ၉၄၈ ဘီလီယံ ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက စာထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် လိုအပ်သည့်ရန်ပုံငွေကို ရှာဖွေရာ တွင်ငြိမ်းချမ်းရေးမြတ်နိုးသူ တိုင်းရင်းသားပြည်သူများမှ တတ်အားသမျှပါဝင်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှစတင်ပြီး မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်ဘဏ်ခွဲတွင် ငွေစုစာရင်း၊ စာရင်းရှင်ငွေ စာရင်းတွေ ဖွင့်လှစ်အလှူခံခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိ့သည်။ ထိုကဲ့သို့ ထည့်ဝင်လှူဒါန်းရာတွင် မြန်မာနိုင်ငံနေရာအနှံအပြားမှ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီမှ တတ်နိုင် သမျှ ငွေကြေးပမာဏ ကျပ်တစ်ထောင်၊ ကျပ် ငါးထောင်၊ ကျပ်တစ်သောင်း စသဖြင့် ထည့်ဝင်ကြတာ ကို တွေ့ရှိရကြောင်းလည်း ပါရှိ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြည်သူများအလှူငွေထည့်ဝင်ကြရန် အစိုးရက တိုက်တွန်းအပြီး ၂ ပတ်အတွင်း မြန်မာလုပ်ငန်းရှင် သူဌေးကြီးများမှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ငြိမ်းချမ်းရေးရန်ပုံငွေသို့ ကျပ်ငွေ ၁၁ ဘီလီယံကျော် ( အမေရိကန် ဒေါ်လာ ၈ သန်း) ထည့်ဝင်ခဲ့ကြသည် ဟု သိရသည်။ “ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံခြားမှ အကူအညီငွေများ အပါအဝင် ပြည်သူပြည်သားများမှလည်း ပါဝင်ထည့်ဝင်၍ ပြည်သူပြည်သားများကိုယ်တိုင်လည်းငြိမ်းချမ်းရေး ပိုင်ရှင်များဖြစ်စေလိုသောကြောင့်ဖြစ်ကြောင်းဆိုသည်။

“ ကျနော်တို့ ပြည်သူတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကိုယ်တိုင်ပါဝင်ပြီး ဒီလုပ်ငန်းစဉ်ရဲ့ ပိုင်ရှင်တွေ ဖြစ်စေချင်တယ်။ နိုင်ငံခြားအကူအညီတွေက ရှိတယ် အဲဒါကြောင့်လည်း JCB ( ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့) က ဒီအကူအညီတွေကို ထိထိရောက်ရောက် ခွဲဝေသုံးဖို့ ဖွဲ့ထားတာ” ဟုထူးဆန်းစွာဆုံးပါးသွားသော အစိုးရပြောရေးဆိုခွင့် ပုဂ္ဂိုလ်ဟောင်း ဦးဇော်ဌေးမှ မီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။ (NRPC) နှင့်ဒေါ်အောင်ဆန်းစုကြည်မှ ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုထည့်ဝင်ငွေများဖြင့်ဆောင်ရွက်ပါမှ ပြည်သူလူထုကိုယ်တိုင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာပြီး မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ပိုင်ရှင်သည် မြန်မာပြည်သားများဖြစ်စေချင်သည်ဆိုသည့် ပြောဆိုချက်သည် ထူးခြားသည့် ပြောဆိုချက်ဖြစ်ပြီး မြန်မာပြည်ငြိမ်းချမ်းရေး၊ရံပုံငွေပေးသွင်းသူများနှင့်ပြည်သူပြည်သားများပိုင်သော ငြိမ်းချမ်းရေးဖြစ်စဉ်၏ သဘောသဘာဝကွဲပြားမှု့ကို ဖော်ထုတ်ပြခဲ့ခြင်းဖြစ်သည်။ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု့အပြီး ဦးအောင်မင်း အမှူးပြု့သော ငြိမ်းချမ်းရေးစင်တာ(MPC) သည်ကနဦး ရံပုံငွေရရှိ့မှု့မှာ EU ဥရောပသမဂ္ဂမှ ရံပုံငွေ အမေရိကန်ဒေါ်လာ ၃၅ သန်း ထည့်ဝင်ရန် ဂတိပြု့ခဲ့ပြီးနောက် အခြားအလှူရှင်နိုင်ငံများ၊အဖွဲ့များမှ ထည့်ဝင်ရန်ရရှိ့သော ကိန်းဂဏန်းများအရ အမေရိကန်ဒေါ်လာ သန်း၁၃၀ ကျော် ရှိ့ကြောင့်ဧရာဝတီသတင်းဌာန၏” ငြိမ်းချမ်းရေးအတွက်ငွေတွေ ဘယ်ရောက်သွားသလဲ “ ဆောင်းပါးတွင် ဖော်ပြထားသည်။ဆောင်းပါးတွင် အဆိုပါ ငြိမ်းချမ်းရေးရံပုံငွေများကို စစ်ဘေးဒဏ်ခံပြည်သူများမှ လက်တွေ့မရရှိ့ကြပါကြောင်းထောက်ပြသွားသည်။ အဆိုပါ “ ငြိမ်းချမ်းရေးအတွက်ငွေတွေ ဘယ်ရောက်သွားသလဲ” ဧရာဝတီဆောင်းပါးတပါ “အရှုတ်များကိုခွဲဝေခြင်း” ခေါင်းစဉ်ခွဲတွင် ဦးလှမောင်ရွေမှ MPC တွင်ခွဲဝေပေးစရာဘာမှမရှိ့ကြောင်း ငြင်းဆိုသွားသည်။ ဦးသိန်းစိန်အစိုးရရွေးကောက်ပွဲရှုံးနိမ့်ပြီးသည့်နောက် သူ၏ သမ္မတသက်တမ်း မကုန်ဆုံးမီတွင် ဦးသိန်းစိန်က MPC ကို ဖျက်သိမ်းလိုက်ပြီး MPC ၏ ပိုင်ဆိုင်မှုများကို အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ၂ ခုဖြစ်သော Myanmar Peace Building Dialogue Center နှင့် Peace and Development Foundation တို့သို့ လွှဲပြောင်းပေးရန် အမိန့်ထုတ်ခဲ့သည်။ ၂ ဖွဲ့လုံးကို MPC ဝန်ထမ်းဟောင်းများနှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး Peace and Development Foundation ကို ဦးဆောင်မည့်သူမှာ MPC ၏ အကြီးအကဲ အဖြစ်ဆောင်ရွက်ခဲ့သော ဦးအောင်မင်း ဖြစ်သည်။

MPC ၏ အကြီးတန်း အကြံပေးတဦး ဖြစ်သော ဦးလှမောင်ရွှေက ဦးအောင်မင်းကဲ့သို့သော ထိပ်တန်းတာဝန်ရှိသူများ၏ အခန်းကဏ္ဍမှာ ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး မှတ်ပုံတင်ခွင့်ရရှိသည့် အချိန်တွင် အဖွဲ့အစည်းသစ်များ လွတ်လပ်စွာ တည်ထောင်နိုင်ကြောင်း ဧရာဝတီ သို့ပြောသည်။ “ ဦးအောင်မင်းက တခြားသူတွေလိုပဲ အဖွဲ့အစည်း ထူထောင်လို့ရပါတယ်။ သူက အခု လွတ်လပ်သွားပါပြီ။ သူက အစိုးရ တာဝန်ရှိသူ မဟုတ်တော့ပါဘူး။ ငြိမ်းချမ်းရေး စကားလုံးပါတဲ့ အဖွဲ့အစည်းတခု တည်ထောင်တဲ့အတွက် သူ့ကို တရားစွဲလို့ မရပါဘူး” ဟု ဦးလှမောင်ရွှေက ပြောသည်။ ယခုကဲသို့ ငြိမ်းချမ်းရေးရံပုံငွေများနှင့်MPC အရှုတ်တော်ပုံနှင့်ပက်သက်၍ အဆိုပါဆောင်းပါးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၉ ခုပေါင်းစပ်ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ဒုတိယ ဥက္ကဌ နိုင်ဟံသာကလည်း MPC ၏ ပိုင်ဆိုင်မှုများကို MPC ခေါင်းဆောင်ဟောင်းများက တည်ထောင်သော NGO များသို့ လွှဲပြောင်းပေးပါက မသင့်တော်ကြောင်း ပြောသည်။ “MPC ရဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ ဆက်လုပ်ဖို့ အသုံးပြုသင့်တယ်လို့ ကျနော်ထင်ပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။ မည်သို့ပင်ဖြစ်စေ ဦးသိန်းစိန် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သော MPC နှင့်ငြိမ်းချမ်းရေးရံပုံငွေ၊MPC ကို ဖျက်သိန်းပြီးနောက် ဦးအောင်မင်းဦးဆောင်ပြီး ဦးသိန်းစိန်အမိန့်ဖြင့်ဖွဲ့စည်းခဲ့သော အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ၂ ခုဖြစ်သော Myanmar Peace Building Dialogue Center နှင့် Peace and Development Foundation တို့သို့ လွှဲပြောင်းပေးရန် အမိန့်ထုတ်ခဲ့သည့်ကိစ္စများနှင့်နောက်ဆက်တွဲများမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပြီး ဦးခင်ရီအသုံးအနှုန်းအရ On Going Case အဖြစ်ဆက်ရှိ့နေမည်ဖြစ်သည်။ ထို့အပြင် NRPC နှင့် ပြည်သူပြည်သားများထည့်ဝင်လှုဒါန်းငွေများ နှင့်ယခု စစ်အစိုးရမှ အသစ်ဖွဲ့စည်းလိုက်သော စစ်ကောင်စီ၏ National Solidarity and Peace-making Center (NSPC) ဟု အမည်ပြောင်းအဖွဲ့တို့ ကိစ္စများမှာလည်း စိတ်ဝင်စားစရာအဖြစ်ဆက်ရှိ့နေမည်ဖြစ်သည်။

ဦးသိန်းစိန်ခေတ်MPC နှင့်သူ၏ နိုင်ငံတစ်ကာအကူအညီ ငြိမ်းချမ်းရေးရံပုံငွေများကိစ္စအား ယခု စစ်အစိုးရမှ အသစ် ဖွဲ့စည်းလိုက်သော (NSPC) မှ မည်သို့ ဆက်စပ်ဆောင်ရွက် နေသည်ကို မသိ့ရသေးဟုဆိုရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ခေတ် NRPC မှ ပြည်သူလူထုထံမှ အလှုခံထားသော ငြိမ်းချမ်းရေးရံပုံငွေများသည် ပြည်သူလူထု၏ ထည့်ဝင်ငွေများဖြစ်သည့်အတွက် ယခု စကစ၏ NSPC မှ မည်သို့စီမံဆောင်ရွက်နေကြောင်း ကိုလဲ မသိ့ရှိ့ရသေးဟု ဆိုရမည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များမရရှိ့သော်လည်း အများယူဆချက်အရ ပင်လုံညီလာခံများမှာ အစိုးရဘတ်ဂျတ်နှင့်ပြည်သူလူထုလှုဒါန်းငွေများမှ ကျခံသုံးစွဲခဲ့ကြောင်း ဦးဇော်ဌေးပြောစကားများအရ ကောက်ချက်ချရသည်။ဦးသိန်းစိန်ခေတ်ပထမငြိမ်းချမ်းရေးအဖွဲ့ MPCနှင့်ငြိမ်းချမ်းရေးဖြစ်စဉ် NCA နှင့်ဆက်စပ်လုပ်ငန်းစဉ်များ အတွက် MPC ထံသို့ နိုင်ငံတစ်ကာမှ လှုဒါန်းထားသော အလှူငွေများဖြင့် ဆက်လက်ကျခံသုံးစွဲနေသည့်သဘော ယူဆရသည်။ အဆိုပါရံပုံငွေများအား စစ်အစိုးရ၏ NSPC မှ စီမံခန့်ခွဲသည်လား သို့မဟုတ် ဦးအောင်မင်းဦးဆောင်ပြီး ဦးသိန်းစိန်အမိန့်ဖြင့်ဖွဲ့စည်းခဲ့သော အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ၂ ခုဖြစ်သော Myanmar Peace Building Dialogue Center နှင့် Peace and Development Foundation တို့မှ စီမံခန့်ခွဲနေသည်လားမသိ့ရှိ့ရသေးဟု ဆိုရမည်ဖြစ်သည်။ “ငြိမ်းချမ်းရေးအတွက်ငွေတွေ ဘယ်ရောက်သွားသလဲ” ဧရာဝတီဆောင်းပါးတွင် ငြိမ်းချမ်းရေး ရံပုံငွေရရှိ့နိုင်မှု့ကို ဒေါ်လာ သန်း ၁၃၀ ကျော်ခန့်စာရင်းပြု့စုခဲ့ကြသော်လည်း သန်း ၃၀၀ ကျော်မကနိုင်ဟု ကောလဟာလ သတင်းများကဆိုကြသည်။ယခု ဆက်လက်လုပ်ဆောင်လျက်ရှိ့သည့် NCA လုပ်ငန်းစဉ်များ၏ ငွေကြေး သုံးစွဲမှု့မှာ ယခင် MPC မှ ရံပုံငွေများဖြင့်ဆက်လက်လုပ်ဆောင်နေခြင်းလား၊NRPC ‌ခေတ်မှ ပြည်သူလူထု၏ ငြိမ်းချမ်းရေးအလှုငွေ ထည့်ဝင်မှု့များပါ ပါဝင်ခြင်းမရှိ့မရှိ့မသိ့ရသေးဟု ဆိုရမည်ဖြစ်သည်။သို့မဟုတ် ဦးအောင်မင်းဦးဆောင်သည့် Myanmar Peace Building Dialogue Center နှင့် Peace and Development Foundation မှ လုပ်ငန်းများတွင် အတူတစ်ကွလုပ်ဆောင်နေခြင်းလားဆိုသည်မှ မသိ့ရသေးဟု ဆိုရမည် ဖြစ်သည်။

MPC အား NRCP ပြောင်းလဲဖွဲ့စည်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အဖွဲ့မှ မြောက်ပိုင်း မုန်းလားနှင့်ဝ အဖွဲ့များအား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ရန်ကမ်းလှန်းခဲ့သည်ကို တွေ့ရသည်။ မြန်မာစစ်တပ်မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ကိုးကန်၊အေအေနှင့်တအောင်းပလောင် အဖွဲ့များကို ငြင်းပယ်ခဲ့သည်ကို တွေ့ရသည်။အဆိုပါအဖွဲ့များမှာ ယခုနွေဦးတော်လှန်ရေး ကာလများအတွင် ၁၀၂၇ စစ်ဆင်ရေးဖြင့်စစ်အစိုးတပ်များကို အောင်မြင်စွာမောင်းထုတ်ပြီးသည့်နောက်တရုတ်နိုင်ငံ၏ အာမခံမှုဖြင့် “ဟိုဂင်” ငြိမ်းချမ်းရေးစာချုပ်ဖြင့် အပစ်အခတ်ရပ်ဆဲရေးလုပ်ကိုင်နိုင်ခဲ့သည့်အတွက် MPC ‌ခေတ်တွင် NCA လက်မှက်ထိုးခဲ့သော အဖွဲ့များထက် နိုင်ငံရေး၊စစ်ရေးနှင့်နယ်မြေပိုင်ဆိုင်မှု့အာမခံချက်များ ပိုမိုသာလွန်စွာ ရရှိ့ခဲ့သည်ကို တွေ့ရသည်။ထို့အတူဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု့အပြီး MPC ခေတ်တွင် ဝ ၊မိုင်းလား နှင့်ကချင်အဖွဲ့တို့သည် ယခင် န.ဝ.တ ခေတ် ဗိုလ်ခင်ညွန့်နှင့်နုတ်ဂတိသာ ရှိ့ခဲ့သော အပစ်အခတ်ရပ်ဆဲရေးကို စာချုပ်စာတန်းခိုင်မာစွာ ချုပ်ဆိုသွားနိုင်ခဲသည်ကို တွေ့ရသည်။ယခု စစ်အစိုးရခေတ်တွင်မှု မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆီမန်းရွတ်နေသည်မှလွဲ၍ မည်သည့် တိုးတက်မှု့မှ မရှိ့သည်ကို တွေ့ရသည်။ ယခုအခါ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပက်သက်ပြီး နော်ဝေအပါအဝင် မှုလအလှုရှင်နိုင်ငံများမှ ယခင် MPC အဖွဲ့ဝင်ဟောင်းများ၊NCA ထိုးအဖွဲ့ဝင်များနှင့်NUG ကိုပါ စည်းရုံး၍ ဦးသိန်းစိန်ခေတ်ငြိမ်းချမ်းရေးဖြစ်စဉ် ကို အသက်ဆက်ရန်ကြိုးပန်းနေကြောင်း သတင်းအချက်အလက်များ ကြားနေရသည်။ထို့အပြင် ထိုင်းနိုင်ငံ အနေဖြင့် အားလုံးတွေ့ဆုံဆွေးနွေးရေး ခေါင်းစဉ်အောက်တွင် လှို့ဝှက်သံခင်းတမာန်ခင်းလှုပ်ရှားမှု့များမှာလည်း ခြေလှမ်းသွက်နေသည့် သတင်းများကို ကြားသိ့နေရသည်။ လာမည့်အနာဂါတ်ငြိမ်းချမ်းရေး အခင်းအကျင်းတွင် MPC နှင့်NCA လက်မှက်ထိုးအဖွဲ့များ၏ မော်ဒယ် လမ်းကြောင်မှာ တစ်ခု၊၁၀၂၇ စစ်ဆင်ရေး၏ အဆက် “ဟိုဂင်” သဘောတူညီချက်ပါကဲ့သို့ စံပြု့မော်ဒယ် လမ်းကြောင်းမှာတစ်ခု၊NRPC နှင့်၂၁ရာစုပင်လုံညီလာခံနှင့်ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ၁၊၂၊၃၊ နှင့်(ခရီးဆက်မဆက်) မော်ဒယ် ဒီဇိုင်းကတစ်ခု၊FPNCC မြောက်ပိုင်းမဟာမိတ်များ၏ မော်ဒယ်ဒီဇိုင်းကတစ်ခု စသဖြင့် မော်ဒယ်များစွာဖြစ်နေသည်ကို တွေ့ရသည်။ထို့အပြင် NUG,NUCC တို့၏ ချာတာ ၁ ။၂ က သည် လည်းမော်ဒယ်တစ်ခုအဖြစ် ထည့်တွက်ရမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဧရာဝတီ မှ ရေးသားဖော်ပြကဲ့သော ငြိမ်းချမ်းရေးရံပုံငွေများ ဘယ်ရောက် ဆောင်းပါးသည် မေးခွန်းတစ်ခုဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးရံပုံငွေသုံးစွဲပုံများကို စစ်ဆေးကြည့်ရှု့ရာမှ MPC မှ NRPC အဖြစ်လမ်းခွဲ ပေါ်ထွက်လာရကြောင်းကို သတင်းသိုးသိုးသန့်သန့်ထွက်ပေါ်လာခဲ့သည်။သို့ရာတွင် ထိုစဉ်က အမျိုးသားရင်ကြားစေ့ရေးပေါ်လစီအရ တိုးတိုးတိတ်တိတ် ဝိုင်းဝန်းဖုံးဖိပေးခဲ့ကြရသည်။သို့ရာတွင် ငြိမ်းချမ်းရေးရံပုံငွေသုံးစွဲမှု့ကို ထိထိရောက်ရောက်အကျိုးရှိ့စေရန် စိစစ်ထိမ်းကြောင်းလိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုပါရံပုံငွေဖြင့်မကင်းသော CSO,NGO နှင့်MPC အဖွဲနှင့်ပက်သက်မှု့ကြီးမားခဲ့သည့် တိုင်းရင်းသားအဖွဲ့အချို့တို့နှင့်ဒေါ်အောင်စုကြည်ကြား ကြီးမားသည် အက်ကြောင်းပေါ်ခဲ့သည်ဟု ထိုအဖြစ်အပျက်ကို သိမှီခဲ့သူတစ်ဦးမှ မှတ်ချက်ချခဲ့သည်။ MPC ‌ခေတ်တွင် ငြိမ်းချမ်းရေးသည် စည်ပင်သာယာဝပြောခဲ့သည်မှာ ငြိမ်းချမ်းရေးပျော်ပွဲသဘင် ကဲ့သို့ဖြစ်ခဲသည်။ငြိမ်းချမ်းရေး သရုပ်ဖော်လူထုလှုပ်ရှားမှု့များ၊ငြိမ်းချမ်းရေး လမ်းလျောက်ပွဲများ၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းရေး လိုင်ဇာလမ်းလျောက်စစ်ကြောင်းများ၊ငြိမ်းချမ်းရေး လေ့လာရေးနိုင်ငံတစ်ကာခရီးစဉ်များ စသဖြင့် တစ်မိုးလုံးဖျောက်ဆိတ်ငြိမ်းချမ်းရေးကာလဖြစ်ခဲ့သည်။ စာရေးသူတို့ပင် ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုကျွန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာခဲကြရသည်။ သို့သော် MPC ‌ခေတ်ငြိမ်းချမ်းရေးလှုပ်ရှားမှု့များမှာ နိုင်ငံတစ်ကာအလှုရှင်များ၏ သန်းရာချီသော ရံပုံငွေများမှ ကျခံသုံးစွဲခဲ့ခြင်းဖြစ်၍ ရံပုံငွေနှင့်နီးစပ်သည့် တက် ကြွလှုပ်ရှားသူအများစုသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပက်သက်နေသလိုဖြစ်နေခဲ့သည်။နိုင်ငံသားအများစုမှာ မည်သို့ပါဝင်အားပေးရမည်ဆိုသည့် ငြိမ်းချမ်းရေး ဝင်ပေါက်မှာ ပျောက်နေခဲသည်။ဒေါ်အောင်ဆန်းစုကြည်ခေတ် ငြိမ်းချမ်းရေးရံပုံငွေသုံးစွဲမှု့ စီစစ်မှု့နှင့် ပိုမိုအကျိုးရှိ့စွာသုံးစွဲရေး စောင့်ကြည့်မှု့များမှစတင်ကာ MPC မှNRPC သို့ပြောင်းလဲဖွဲ့စည်းခဲ့သည်။ထို့နောက် ငြိမ်းချမ်းရေးအတွက် နိုင်ငံသားတိုင်း တတ်နိုင်သည့် ပမာဏမှပါဝင်လှုဒါန်းရန်ဖိတ်ခေါ်ခဲ့ပြီး ပြည်သူလူထု လှုဒါန်းငွေနှင့်နိုင်ငံတော် ဘတ်ဂျက်မှ ကျခံသုံးစွဲရသည့်အတွက် အသုံးအစွဲစီစစ်လာရပြီး ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတို့အတွက် ရံပုံငွေကန့်သတ်မှု့ဖြစ်သွားခဲ့ရသည်။

ထိုနောက် ဒေါ်အောင်ဆန်းစုကြည်ခေတ် ငြိမ်းချမ်းရေးဆောင်ရွက်မှု့သည် ယခင်လောက်ခရီးမတွင် ကြောင်းဝေဖန်မှု့များ သောသောညံလာတော့သည်။ NRPC ‌ခေတ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ၂၁ ရာစုပင်လုံညီလာခံများ၏ ဧည့်ခံကျွေးမွေးမှု့နှင့်ပက်သက်၍ ယခင် MPC ပွဲများလောက်မကောင်းကြောင်း အစားအသောက်စီမံမှု့ကစ အစဉ်မပြေကြောင်းကို ပင်လုံညီလာခံတွင် သတင်းယူနေစဉ် စားသောက်ခန်းမမှ ထွက်လာကြသော ပညာရှင်များ၏ ဝေဖန်မှု့ကို သတင်းထောက်အချို့ ကြားခဲ့ရသည်။ ပြည်သူလူထုထည့်ဝင်ငွေနှင့်နိုင်ငံတော်ဘဏ္ဍာမှ ကျခံရသည့်အပေါ် အသုံးစားရိပ် စီစစ်ခြင်း သည်လည်း ငြိမ်းချမ်းရေး သာယာစည်ပင်ဝပြောရေးထိခိုက်စေကြပုံရသည်။စာရေးသူတို့သတင်းထောက်များ သည်လည်း စည်ပင်ရိပ်သာအနီးအဝစားဆိုင်များသို့ သုတ်ချေတင်ရသည်။ စာရေဆရာ ဘားတေးလစ်တနာမှလည်း ငြိမ်းချမ်းရေးရံပုံငွေကိစ္စနှင့်ပက်သက်၍ “ ဒီပိုက်ဆံတွေ ဘယ်ရောက် သွားသလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာ ကျနော် စဉ်းစားကြည့်တယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းက အကျိုး အမြတ် များပြားတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်လာတယ်။ တိုင်းပြည်ရဲ့ စစ်ပွဲဒေသတွေမှာ ထိခိုက်နစ်နာနေတဲ့ သာမန် ပြည်သူတွေကို လုံး၀ အလေးမထားဘူး။ ဒါမှမဟုတ်လည်း နည်းနည်းပဲ အလေးထားတယ်” ဟုပြောခဲ့သည်။ သူက ငြိမ်းချမ်းရေးလုပ်ငန်းသည် အကျိုးအမြတ်ကြီးသော စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်လာသသည်ကို ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်ခဲ့သူဖြစ်သည်။ ပွဲစတင်ကထဲက မေးခွန်းအသံထွက်ခဲ့သော ငြိမ်းချမ်းရေး ရံပုံငွေအရေးနှင့်ပက်သက်၍ ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးဖြစ်သူ MPC အဖွဲဝင်ယောင်းတစ်ဦးဖြစ်သူ ဦးညိုအုန်းမြင့်မှ ၂၀၁၈ အောက်တိုဘာလ ၁၄ ရက်တွင် BBC သတင်းဌာနတွင် ဆောင်းပါးတစ်ပုတ်ရေးသား၍ ဖြေရှင်ခဲ့သည်ကိုတွေ့ရသည်။NCA လက်မှက်ရေးထိုးနိုင်ရေးအတွက် ဘန်ကောက်၊ချင်းမိုင်၊မဲဆောက် လွန်ပြန်ခရီးစဉ်များဖြင့် စိတ်လှုပ်ရှားဖွယ်ရာ ငြိမ်းချမ်းရေး ရတုပုဒ်စုံကို BBC မှ တင်ပြခဲ့ခြင်းဖြစ်သည်။ဦးညိုအုန်းမြင့်မှ “ချင်းမိုင်မြို့အထွက် ရှိ့ ဘတ် ၂၀၀ တန် ၊မြန်မာငွေ ၁၀၀၀၀ ကျပ်(တစ်သောင်းကျပ်)တန် ဆန်ပြုတ်ဆိုင်တွင် အချိန်ကြမြင့်စွာဆွေးနွေးပြီးသည့် နောက် NCA ထိုးရေးကို အောင်မြင်စွာစည်းရုံးနိုင်ခဲ့ကြောင့် အဖူးမူတူးဆေးဖိုးမှ NCA လက်မှက်မထိုးဖြစ်ရင် ခင်ဗျာနဲ့ မန်းမန်း တရားခံဖြစ်မယ်ဟု ပြောခဲ့သည်ဟု ရသမြောက်စွာရေးဖွဲ့ခဲ့သည်။

(ငြိမ်းချမ်းရေးရံပုံငွေသည် နိုင်ငံတစ်ကာအလှူရှင်များ၏ ထည့်ဝင်ငွေမှာ ဒေါ်လာ သန်း ၁၃၀ မက သန်း ၃၀၀ လည်းဖြစ်နိုင်သည်။သန်း ၃၀၀ ထက်မကလည်းဖြစ်နိုင်သည်။သို့သော် NCA လက်မှက်ရေးထိုးရန်မှာမှု ဆန်ပြုတ်တန်ဖိုး ဘတ် ၂၀၀ သာကျသင့်သည်ကို သင်ကာရှင်းလိုခြင်းဖြစ်ပုံရသည်။) ဘတ် ၂၀၀ တန် ချင်းမိုင် ဆန်ပြုတ်ဆိုင် ဆွေးနွေးပွဲသည် MPC ,NCA လက်မှက်ရေးထိုးရေးအတွက် သမိုင်းဝင် ဖြစ်ရပ်ဖြစ်ကြောင်း ငြိမ်းချမ်းရေးရံပုံငွေပေးသွင်းသူနိုင်ငံများမှပင် အသိအမှတ်ပြု့သည့် သဘော BBC တွင်ပင် ဖော်ပြခဲ့သည်။ဤသည်ကို အိုးကမပူ စလောင်းကပူနိုင်ရန်ကောလားဟု အမျက်တော်ရှကြပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်NRPC အနေဖြင့် နိုင်ငံတစ်ကာရံပုံငွေများအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်သူတိုင်း ပါဝင်လာနိုင်ရေးအတွက် ပြည်သူပြည်သားများကိုယ်တိုင်ငြိမ်းချမ်းရေး၏ ပိုင်ရှင်များဖြစ်စေလိုသောကြောင့် ပြည်သူပြည်သားတစ်ဦးချင်း၏ ရံပုံငွေထည့်ဝင်မှု့ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပုံရသည်။အတည့်ပြောရလျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရံပုံငွေပေးသွင်းသူ နိုင်ငံများ၏ အလိုကျ လိုက်ပါလုပ်ကိုင်လိုခြင်းမရှိ့ပဲ မိမိနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီစွာ ပေါ်လစီခင်းကျင်းနိုင်ရန် ဖွဲ့စည်းပုံနှင့်ရံပုံငွေ အလှည့်အပြောင်းဖန်တီးခဲသည်ဟု ယူဆရသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(MPC)သည် ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်တွင် တည်ရှိပြီး နော်ဝေ၊ ဥရောပသမဂ္ဂ၊ ဂျပန် နှင့် ကုလသမဂ္ဂ အေဂျင်စီများ ပါဝင်သော ငြိမ်းချမ်းရေး အလှူရှင် ပံ့ပိုးကူညီမှုအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ယခုနွေဦးတော်လှန်ရေး ၃ နှစ်ကျော်လာသည် တွင် ဦးသိန်းစိန်ခေတ် ငြိမ်းချမ်းရေးရံပုံငွေပေးသွင်းသူနိုင်ငံတို့၏ လှုပ်ရှားမှု့များ ခတ်စိတ်စိတ်ဖြစ်လာနေသည် မှာ စိတ်ဝင်စားဖွယ်ဖြစ်လာသည်။နော်ဝေနှင့်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ငြိမ်းချမ်းရေးရံပုံငွေသာမက အခြား NGO,CSO လုပ်ငန်းများစွာသို့လည်း လှုဒါန်းထောက်ပံ့နေသည်ဖြစ်ရာ အရပ်ဖက်အဖွဲ့အစည်း မျိုးစုံအနေဖြင့် အဆိုပါလှုပ်ရှားမှု့များနှင့်ပက်သက်၍ ကန့်ကွက်ရန်ထက် ရေငုံနိုပ်ပိတ်နေရန်နှင့်ဖြစ်စဉ်တွင် ကိုယ်စားပြု့မှု့အစုအဖွဲအနေဖြင့်တစ်နည်းနည်းပါဝင်ခွင့်ရရန်သာ လုံးပန်းရဖွယ်ရှိနေသည်ဟု ယူဆရသည်။

မြန်မာနိုင်ငံတွင် တစ်ပြည်လုံးမှ နေရာမလပ် တော်လှန်ရေးဖြစ်ပွားနေသည်။တော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးဖြစ်သည်။နိုင်ငံတစ်ကာငြိမ်းချမ်းရေးရံပုံငွေပေးသွင်းသည့်နိုင်ငံများသည် NCA ဖြစ်စဉ်ကို ရပ်တံ့ထားခြင်းမရှိ့ပဲ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်။ဆိုရလျင် EU,ဂျပန်တို့သည် NCA ဆက်သွားရန် ဆက်လက်ကြိုးပန်းနေသည်။မြောက်ပိုင်းအဖွဲများ၏ သဘောထားနှင့်ဟိုဂင်ကို တစ်ပြည်လုံး ဆိုင်ရာ ဆွေးနွေးပွဲများတွင် စားပွဲဝိုင်းပေါ်ပစ်တင်လာနိုင်မည်ဖြစ်သည်။၂၁ရာစုပင်လုံ၊NRPC နှင့်ပြည်ထောင်စု သဘောတူညီချက်များသည် မည်သို့မည်ပုံခရီးဆက်မည်မသိရသေးသည့် အခြေအနေဖြစ်သည်။ ယခုအခါ အမေရိကန်နှင့်တရုတ်၏ မြန်မာ့အရေး ပီကင်းမာရသွန်ဆွေးနွေးပွဲကျင့်ပရန်ရှိ့နေသည်။EU ကိုယ်စား ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီးမှ မြန်မာနိုင်ငံပြဿနာကို ပြည်တွင်းစစ်(Civil War) ဟု သုံးနှုန်းသည်။အမေရိကန်မှ (တီတီမီမီ အပါအဝင်) ပဋိပက္ခ(conflict) ဟုသုံးသည်။တရုတ်မှ(ဒေါ်လေး ဒေါက်တာလှကျော်ဇော် အပါအဝင်) ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး(Peace and Tranquility ) ဟုသုံးသည်။အသုံးအနှုန်းကွဲပြားသလို အသုံးအနှုန်းနောက်ကွယ်မှ ကွယ်ဝှက်အဓိပ္ပါယ်နှင့်လှုပ်ရှားမှု့ရည်မှန်းချက်များလည်း ကွဲမည်ဖြစ်သည်။ ငြိမ်းချမ်းရေး၏ ပိုင်ရှင်သည် စစ်တပ်လား၊EROs များလား၊ရံပုံငွေပေးသွင်းသည့် နိုင်ငံများလား၊ EU လား၊တရုတ်အစီအစဉ်ဖြင့် ခင်းကျင်းမှု့လား၊ အမေရိကန်-တရုတ် ခင်းကျင်းမှု့လားစသဖြင့် ဝေဝါးရှုတ်ထွေးနေဆဲဖြစ်သည်။ ယခုနွေဦးတော်လှန်ရေး အင်အားစုများ အထူးသဖြင့်NUG ,NUCC ,CRPH တို့၏ ငြိမ်းချမ်းရေး ခင်းကျင်းမှု့သည် ဒေါ်အောင်ဆန်းစုကြည်နှင့်NRCP ခင်းကျင်းခဲသည် ငြိမ်းချမ်းရေး၏ ပိုင်ရှင်များသည် ပြည်သူပြည်သားများသာဖြစ်သည်ဆိုသည့် ပေါ်လစီကို ဆွဲကိုင်ထားသည်လား သို့မဟုတ် ဘတ် ၂၀၀ တန် ငြိမ်းချမ်းရေးခရီးစဉ်တွင် လိုက်ပါလျောက်လှမ်းမည်လား သို့မဟုတ် မြောက်ပိုင်း”ဟိုဂင်” လမ်းလား ဆိုသည်မှာ မကြာမည် အလှုရှင်နိုင်ငံများစီစဉ်သည့် ဘန်ကောက်ဆွေးနွေးပွဲအပြီး သိရှိ့ကောင်း သိရှိ့လာရနိုင်ပါကြောင်း။

စိမ်းမောင်

မှတ်ချက်။ ။-စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်ပါသည်။
– စီးပွားရေးသူလျိုတစ်ဦး၏ ဖွင့်ဟဝန်ခံချက် (ပြန်/နေဇင်လတ်) နှင့် မီဒီယာစာနယ်ဇင်းအသီးသီးမှအချက်အလက်များ ကိုးကားပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *