ကမ္ဘာ့အပူကွက်၊အာရှ ဂါဇာ သို့တစ်ရွေ့ရွေ့ တွန်းတင်လာခံနေရသောမြန်မာပြည်အနောက်ခြမ်း

အဲ့ဒီ တရုတ်ကျူးကျော်မှု့ကာကွယ်ရေး စစ်အခြေခံမှုကြီးအတွက် စစ်အသုံးစားရိပ်ကို GDP ရဲ့ ၄၃ ရာခိုင်နှုန်းအထိ့ တင်ပါတယ်။ဦးနုက ကြားနေရေးဝါဒနဲ့ ပဉ္စသီလ လှုပ်ရှားမှု့ကြောင့် မလိုက်လျောလိုပါဘူး။ဒါပေမယ့်နောက်ဆုံးတော့ စစ်တပ်ကတင်တဲ့ ကာကွယ်ရေးစားရိပ် GDP ရဲ့ ၄၃ ရာခိုင်နှုန်းကို ခွင့်ပြု့ပေးလိုက်ရတယ် မေရီကလာဟန်က ရေးပါတယ်။ ဗိုလ်နေဝင်းတို့က စစ်အသုံးစားရိပ်တင်သလောက်ချမပေးရင် ဖဆပလ အစိုးရကိုမကာကွယ်နိုင်ဘူး၊စစ်မတိုက်တော့ဘူးသဟောက်သဟန်း လုပ်တော့ ဦးနုလည်း ကြောက်ပုံရပါတယ်။ ဦးကျော်ငြိမ်းက ဂျပန်စစ်လျော်ကြေးနဲ့ချေးငွေကို ဒီအတိုင်း‌ငွေသက်သက် ယူလိုက်ရင် တိုင်းပြည်အတွက်၊စက်မှု့လက်မှု့နဲ့စီးပွားရေးထူထောင်မှု့မှာ မသုံးလိုက်ရပဲ ဗိုလ်နေဝင်းတို့ စစ်အုပ်စု ယူဖြုန်းပစ်မှာကို စိုးရိမ်လို့ ဂျပန်နဲ့ပူးတွဲ ဖက်စပ်လုပ်ငန်းတွေထူထောင်ဖို့ လုပ်ခဲ့တယ်ယူဆပါတယ်။ ဂျပန်စစ်လျော်ကြေးကိစ္စဟာ ဗိုလ်နေဝင်းတို့စစ်အုပ်စု အကြပ် ကိုင်နေလို့ မပြေမလည်နဲ့ဖြစ်နေပြီး နောက်ဆုံး စစ်တပ်က ၆၂ အာဏာသိမ်းပြီးနောက် ဗိုလ်အောင်ကြီး ဂျပန် ကိုသွားညှိပြီး အပြီးသတ်စာချုပ်ချုပ်ခဲ့ပါတယ်။ဗိုလ်အောင်ကြီးက ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် အီကေးဒါး ကိုတွေ့ဆုံပြီး ပိုက်ဆံတွေ ကျွန်တော်တို့ကိုပဲ ပေးပါ ဆွေးနွေးခဲ့ပါတယ်။ ဦးကျော်ငြိမ်းထစ်ထားတဲ့ ဂျပန်စစ်လျော်ကြေး စစ်အုပ်စု ရသွားပါတယ်။အထက်က အချက်အချို့အရ ရဲဘော်ဗိုလ်ကြင်မောင်ပြောတဲ့ ဗမာစစ်အုပ်စုကို ဘဏ္ဍာရေးထောက်ပံ့တာ ဂျပန်ဆိုတာ သက်သေခံချက်အချို့သာဖြစ်ပါတယ်။ဂျပန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အရပ်သားအစိုးရ ကို ထောက်ပံ့တာ ဒေါ်လာ သန်း ၈၀၀ လောက်ပါ။ဂျပန်ကစစ်အစိုရတွေဟာ စစ်အစိုးရလောက်အရပ်သားအစိုးရတွေအပေါ် စေတနာရှိ့ပုံမပေါ်ပါဘူး။ စစ်တပ်က နောက်တစ်ခါအာဏာသိမ်းပြန်တဲ့ ၂၀၂၁ နောက်ပိုင်းမှာတောင် ဂျပန်ကြီး ဆာဆာကာဝါ ရခိုင်နှစ်ခေါက်လောက်သွားခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားတော့ နစ်ကီအေးရှားနဲ့အင်တာဗျူးမှာ”ကျွန်မတို့ကို မိတ်ဆွေတွေကြားထဲမှာ တစ်ဖက် ဖက်ကို အပြတ်ရွေးပါ ဆိုတာမျိုး ရွေးချယ်ခိုင်းတာ မသင့်တော်ပါဘူး။မြန်မာပြည်မှာ မိတ်ဆွေတွေအားလုံး အခွင့်အရေးတူ အလုပ် လုပ်လို့ရပါတယ်” လို့မေးခွန်းတစ်ခုမှာ ပြန်ဖြေခဲ့ပါတယ်။

ကမ္ဘာ့အပူကွက်၊အာရှ ဂါဇာ သို့တစ်ရွေ့ရွေ့ တွန်းတင်လာခံနေရသောမြန်မာပြည်အနောက်ခြမ်း
————————————————–
အောက်တိုဘာ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ရဲဘော်ဗိုလ်ကြင်မောင်က ဗိုလ်နေဝင်းနဲ့မြန်မာစစ်အုပ်စုကို နိုင်ငံရေးအရ ပံ့ပိုးတာ အမေရိကန်နဲ့အင်္ဂလန်၊ဘဏ္ဍာရေးအရ ပံ့ပိုးတာ ဂျပန်လို့ရေးသားချက်တစ်ခု ပြည်သူ့အာဏာဂျာနယ် ဆောင်းပါးပေါင်းချုပ်စာအုပ်မှာပါခဲ့ဖူးပါတယ်။ ဂျပန်ဟာ သူ့ထွက်ကုန်မြန်မာစစ်အုပ်စုကို ဘဏ္ဍာရေး ဘယ်လိုပံ့ပိုးခဲ့တယ်ဆိုတာ ‌အနည်းငယ်ခြေရာကောက်ကြည့်နိုင်ပါတယ်။ လူသိ့အများဆုံးက ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်မှာ နိုင်ငံခြားအရံငွေ လက်ကျန်နည်းနေပြီဖြစ်ပါတယ်။အစိုးရအဖွဲ့ ဆက်လက်ရပ်တည်ဖို့မလွယ်ဘူးလို့ သတင်းမီဒီယာတွေကတင်ဆက်ကြပါတယ်။ဒီအချိန်မှာ စစ်အစိုးရက ဂျပန်မှာရှိ့တဲ့ မြန်မာသံရုံးမြေကို ဒေါ်လာသန်း ၄၀၀ နဲ့ရောင်းစားပြီး နိုင်ငံခြားအရံငွေကို ဖြည့်တင်းလိုက်ပါတယ်။ သံရုံးမြေနေရာဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အချာအာဏာကို ကိုယ်စားပြု့ထားတာဖြစ်ပါတယ်။စစ်တပ်ဟာ သူတို့အာဏာဆုတ်ကိုင်ဖို့ဆို အချုပ်အချာအာဏာပြရုပ်မြေကို ရောင်းစားလိုက်ဖို့ဝန်မလေးဖူးဆိုတာ မြင်သာတဲ့အချက်ပါ။ဒါပေမယ့် သူတို့အမြဲကြွေးကြော်တဲ့ တို့တာဝန်အရေးသုံးပါးမှာတော့ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး ခတ်တည်တည်နဲ့ ကြေငြာနေတာပါပဲ။ သံရုံးမြေရောင်းစားတဲ့ကိစ္စအသေးစိတ်ကတော့ ကြည်ဝင်းစိန် ရဲ့ ကျွန်တော်နှင့်ဗိုလ်ချုပ်ကြီးများစာအုပ်မှာပါပါတယ်။ဂျပန်သံရုံးမြေရောင်းခန်းမှာ ဦးအောင်ကြီးနဲ့ဗိုလ်ခင်ညို တို့လဲပါတယ်ဆိုတာရေးထားပါတယ်။ သံရုံးမြေရောင်းစားတာကို ဗိုလ်စောမောင် မိန့်ခွန်းတစ်ခုမှာ ပြောထားပြီး ဂျပန်ကြီးကိုတောင် အလုံလမ်းနဲ့ပြည်လမ်းထောင့်မှာ မြေအစားပေးလိုက်ရကြောင်းပါပါပါသေးတယ်။ဗိုလ်စောမောင် မိန့်ခွန်းပေါင်းချုပ် သုံးအုပ်တွဲမှာပါပါတယ်။ နောက် သိသာတဲ့အချက်က ၂၀၁၀ အစိုးရ၊ဦးသိန်းစိန် ဂျပန်ခရီးစဉ်မှာ မြန်မာနိုင်ငံက ဂျပန်ကိုပြန်ဆပ်ရမယ့် အကြွေး အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကို အကြွေးလျော်ပေးလိုက်တာပါပဲ။ ဒီအကြွေး သန်း ၃၀၀၀ ဟာ နဝတ၊နအဖ တစ်ခေတ်လုံး ဂျပန်က ပေးသုံးထားတဲ့အကြွေးဖြစ်လို့ နဝတ၊နအဖ ကို ဂျပန်က အကြွေးစာရင်း ပေါ်တဲ့ သန်း ၃၀၀၀ ထောက်ပံ့လိုက်သည် ဆိုတဲ့အဓိပ္ပါယ်ထွက်ပါတယ်။

ဂျပန်က သိန်းစိန်အစိုးရကို အကြွေးသန်း ၃၀၀၀ လျော်တာနဲ့ ပက်သက်ပြီး ဒေါက်တာဆိတ်ဖွားက “မြေရှား” လိုချင်လို့ လျော်ပေးတာ၊စေတနာရှိ့လွန်းလို့မဟုတ်ဘူးလို့ရေးပါတယ်။
ဒေါက်တာဆိတ်ဖွားက ဂျပန်က ရခိုင်ဖက်မှာ မြေရှားထွက်တဲ့ အခု ရိုဟင်ဂျာ ပြသနာတက်နေတဲ့ မေယုကမ်းမြောင်ဒေသအကြောင်းလဲရေးပါတယ်။ ဆိုလိုတာက ဂျပန်က ရခိုင်ဖက်က မြေရှားကို လိုချင်လို့ အလဲအလှယ်အနေနဲ့ အကြွေး အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကိုလျော်ပေးတာ။အလကားလျော်ပေးတာမဟုတ်ဘူးရေးတာပါ။တိုးတိုးတိတ်တိတ်ဝယ်ရတဲ့ ဒေါက်တာဆိတ်ဖွားပေါင်းချုပ် အတွဲ ၁ မှာပါပါတယ်။ အခုတော့ ဒေါက်တာဆိတ်ဖွားတစ်ယောက်လည်း မနက် ဆန်ပြုတ်၊နေလယ် ပဲဟင်း လွှေးနေရပြီလားမသိပါဘူး။ ဦးသန်းရွှေသမက် ဆရာနေစိုးမောင်နဲ့အတူ နိုင်/ကျဉ်းပေါ့။ ဒေါက်တာဆိတ်ဖွားကျေးဇူးကြောင့် ရခိုင် မြေရှား ကိစ္စနဲ့ ဂျပန်ကြီး ဆာဆာကာဝါ ဘာ့ကြောင့် ရခိုင်ခဏ၊ခဏ သွားနေရတာလည်း ဆက်စပ်စဉ်းစားမိပါတယ်။ နောက်တစ်ခုက ဂျပန်စစ်လျော်ကြေးကိစ္စပါ။ဦးကျော်ငြိမ်းက ဂျပန်စစ်လျော်ကြေးကိစ္စနဲ့ချေးငွေ ချေးပေးမယ့်ကိစ္စကို ဂျပန်နဲ့ပေါင်းပြီး စက်မှု့၊လက်မှု့ထူထောင်ရေးအတွက် စာချုပ်ချုပ်ခဲ့ပါတယ်။ဒါကို အကြီးအကျယ် မကျေမချမ်းဖြစ်တဲ့အကြောင်း၊စစ်ဗိုလ်တွေ ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့အကြောင်း ဗိုလ်မှုးချုပ်မောင်မောင် ရေးတဲ့ အိမ်စောင့်အစိုးရစာအုပ်မှာပါပါတယ်။ဦးနုကို ရန်ရှာကြ၊ခြိမ်းခြောက်ကြပါတယ်။ ဗိုလ်မောင်မောင်က သူ့ရဲ့အိမ်စောင့်အစိုးရစာအုပ်မှာ ထည့်မရေးတဲ့ကိစ္စကတော့ မောင်မောင်စစ်အခြေခံမှုကြီး (Maung Maung War Doctrine) ပဲဖြစ်ပါတယ်။မေရိကလာဟန်ရဲ့ မြန်မာစစ်တပ်ရန်သူမွေးခြင်း စာအုပ်မှာတော့ မောင်မောင်စစ်အခြေခံမှုအကြောင်းပါပါတယ်။ မောင်မောင်စစ်အခြေခံမူကတရုတ်ကို မြန်မာရဲ့ရန်သူနိုင်ငံသက် မှတ်တယ်၊ တရုတ်နဲ့စစ်ဖြစ်ရင်ဘာလုပ်မယ်၊ကုလတပ်က ကိုရီးယားလို ရခိုင်ကကမ်းတက်မယ်စသဖြင့် မြန်မာစစ်တပ်ရဲ့ စစ်အင်္ဂါစဉ်ကျောရိုးကိုချမှတ်တာပါ။


အဲ့ဒီ တရုတ်ကျူးကျော်မှု့ကာကွယ်ရေး စစ်အခြေခံမှုကြီးအတွက် စစ်အသုံးစားရိပ်ကို GDP ရဲ့ ၄၃ ရာခိုင်နှုန်းအထိ့ တင်ပါတယ်။ဦးနုက ကြားနေရေးဝါဒနဲ့ ပဉ္စသီလ လှုပ်ရှားမှု့ကြောင့် မလိုက်လျောလိုပါဘူး။ဒါပေမယ့်နောက်ဆုံးတော့ စစ်တပ်ကတင်တဲ့ ကာကွယ်ရေးစားရိပ် GDP ရဲ့ ၄၃ ရာခိုင်နှုန်းကို ခွင့်ပြု့ပေးလိုက်ရတယ် မေရီကလာဟန်က ရေးပါတယ်။ ဗိုလ်နေဝင်းတို့က စစ်အသုံးစားရိပ်တင်သလောက်ချမပေးရင် ဖဆပလ အစိုးရကိုမကာကွယ်နိုင်ဘူး၊စစ်မတိုက်တော့ဘူးသဟောက်သဟန်း လုပ်တော့ ဦးနုလည်း ကြောက်ပုံရပါတယ်။ ဦးကျော်ငြိမ်းက ဂျပန်စစ်လျော်ကြေးနဲ့ချေးငွေကို ဒီအတိုင်း‌ငွေသက်သက် ယူလိုက်ရင် တိုင်းပြည်အတွက်၊စက်မှု့လက်မှု့နဲ့စီးပွားရေးထူထောင်မှု့မှာ မသုံးလိုက်ရပဲ ဗိုလ်နေဝင်းတို့ စစ်အုပ်စု ယူဖြုန်းပစ်မှာကို စိုးရိမ်လို့ ဂျပန်နဲ့ပူးတွဲ ဖက်စပ်လုပ်ငန်းတွေထူထောင်ဖို့ လုပ်ခဲ့တယ်ယူဆပါတယ်။ ဂျပန်စစ်လျော်ကြေးကိစ္စဟာ ဗိုလ်နေဝင်းတို့စစ်အုပ်စု အကြပ် ကိုင်နေလို့ မပြေမလည်နဲ့ဖြစ်နေပြီး နောက်ဆုံး စစ်တပ်က ၆၂ အာဏာသိမ်းပြီးနောက် ဗိုလ်အောင်ကြီး ဂျပန် ကိုသွားညှိပြီး အပြီးသတ်စာချုပ်ချုပ်ခဲ့ပါတယ်။ဗိုလ်အောင်ကြီးက ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် အီကေးဒါး ကိုတွေ့ဆုံပြီး ပိုက်ဆံတွေ ကျွန်တော်တို့ကိုပဲ ပေးပါ ဆွေးနွေးခဲ့ပါတယ်။ ဦးကျော်ငြိမ်းထစ်ထားတဲ့ ဂျပန်စစ်လျော်ကြေး စစ်အုပ်စု ရသွားပါတယ်။အထက်က အချက်အချို့အရ ရဲဘော်ဗိုလ်ကြင်မောင်ပြောတဲ့ ဗမာစစ်အုပ်စုကို ဘဏ္ဍာရေးထောက်ပံ့တာ ဂျပန်ဆိုတာ သက်သေခံချက်အချို့သာဖြစ်ပါတယ်။ဂျပန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အရပ်သားအစိုးရ ကို ထောက်ပံ့တာ ဒေါ်လာ သန်း ၈၀၀ လောက်ပါ။ဂျပန်ကစစ်အစိုရတွေဟာ စစ်အစိုးရလောက်အရပ်သားအစိုးရတွေအပေါ် စေတနာရှိ့ပုံမပေါ်ပါဘူး။ စစ်တပ်က နောက်တစ်ခါအာဏာသိမ်းပြန်တဲ့ ၂၀၂၁ နောက်ပိုင်းမှာတောင် ဂျပန်ကြီး ဆာဆာကာဝါ ရခိုင်နှစ်ခေါက်လောက်သွားခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားတော့ နစ်ကီအေးရှားနဲ့အင်တာဗျူးမှာ”ကျွန်မတို့ကို မိတ်ဆွေတွေကြားထဲမှာ တစ်ဖက် ဖက်ကို အပြတ်ရွေးပါ ဆိုတာမျိုး ရွေးချယ်ခိုင်းတာ မသင့်တော်ပါဘူး။မြန်မာပြည်မှာ မိတ်ဆွေတွေအားလုံး အခွင့်အရေးတူ အလုပ် လုပ်လို့ရပါတယ်” လို့မေးခွန်းတစ်ခုမှာ ပြန်ဖြေခဲ့ပါတယ်။

ထိုစဉ်ကထဲက ဂျပန်နဲ့ သိပ်အစေးကပ်လာပုံမရပါဘူး။အသေးစိတ်မသိ့ပေမယ့် စကားအသွား၊အလာအရ ဂျပန်က မြန်မာပြည်မှာ သူတစ်ဦးထဲပဲ အလုပ်လုပ်ချင်တဲ့သဘောလို့ပဲ တွေးဆရပါတယ်။ဒေါ်စုမှမဟုတ်ပါဘူး။ဘယ်သူဖြစ်ဖြစ် ဖြစ်မှ မဖြစ်နိုင်တာလို့ပဲ မြင်မိ့ပါတယ်။ ယခု NUG နိုင်ငံခြားရေး ပေါ်လစီက မြန်မာနိုင်ငံမှာ နိုင်ငံတစ်ကာရင်းနှီးမြုပ်နှံမှု့နဲ့ ပက်သက်တဲ့ ပေါ်လစီကို ဂျပန်ကို ဘယ်လို ကတိခံထားတယ် မသိရပါဘူး။ ဗမာစစ်အုပ်စုနဲ့ဂျပန် ဝန်ကြီးချုပ် အီကေဒါး(အကြီး)တို့နဲ့ ဆာဆာကာဝါ(အကြီး) တို့ရဲ့ဆက်ဆံရေးကိုတော့ မြန်မာပြန်စာအုပ် စာတမ်းအရ မဖတ်မိ့သေးပါဘူး။ဆာဆာကာဝါ(အကြီး) လက်ရှိ့ဆာဆာကာဝါ (အငယ်)ရဲ့ဖခင်ရယ်၊ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ရဲ့ ဒုတိယမြောက် ဝန်ကြီးချုပ် ကီရှ(အီကေဒါး ရဲ့ မွေးစား ဖခင်)၊ဂျပန် မြေအောက်ရာဇာ အိုဒါးမ ရယ်ဇာတ်လမ်းကလည်း ဆက်စပ်လာပါတယ်။ သူတို့သုံးဦးဟာ ဒုတိယကမ္ဘာစစ်အပြီး ဆူဂါမို အကျဉ်းထောင်ထဲက ထိပ်တန်းစစ်ရာဇဝတ်ကောင်တွေပဲဖြစ်ပါတယ်။ဆာဆာကာဝါနဲ့အမေရိကန် CIA တို့ဆွေးနွေးပြီးတဲ့နောက် သူတို့သုံးဦးလွတ်မြောက်လာပါတယ်။တစ်ဦးကနိုင်ငံရေးလုပ်၊တစ်ဦးက စီးပွားရေးလုပ်၊တစ်ဦးက မြေအောက် ရာဇာလုပ်။ နိပွန်းဖောင်းဒေးရှင်းနဲ့ ဆာဆာကာဝါငြိမ်းချမ်းရေး ဖောင်ဒေးရှင်းထူထောင်သူ ဆာဆာကာဝါ(အကြီး)ရယ်၊တောင်ကိုရီးယား အာဏာရှင် ဆစ်ဂမန်းရီရယ် တိုင်ဝမ်က ချန်‌ကေရှိတ်ရယ်၊ထိုင်းက ကတစ်ကချွန်ရယ်တို့က အာရှကွန်မြူနစ်တိုက်ဖျက်ရေးအဖွဲ့ချုပ်ကြီး ထူထောင်လုပ်ကိုင်ခဲ့ကြပါတယ်။အဆိုပါ အာရှကွန်မြူနစ်တိုက်ဖျက်ရေးအဖွဲ့ကြီးဟာ ယနေ့ နို့လက်ဖက်ရည်မဟာမိတ်( Milk Tea Alliance)ဖြစ်သွားဖွယ်ရှိ့တယ်လို့ အင်တာနက်စာမျက်နှာအချို့မှာ ဖတ်ရှု့ရပါတယ်။ အဆိုပါ Milk Tea Alliance အဖွဲ့ဝင် နိုင်ငံထဲမှာ မြန်မာနိုင်ငံပါ ပါဝင်နေတာကိုဖတ်ရပါတယ်။ မြန်မာပြည်ထဲမှာ ဘယ်အင်အားစုက ကိုယ်စားပြု့ပါဝင်နေတယ်မသိရပေမယ့် ထဲထဲဝင်ဝင် ၊လုပ်နိုင်ကိုင်နိုင်၊ကိုင်လှုပ်နိုင်တဲ့ (Makers , Shakers) ဖြစ်ပုံရပါတယ်။ဗန္ဓုလ ဦးစိန်ရဲ့ စာအုပ်မှာ ဆက်စပ်တွေးလို့ရနိုင်မယ့် တစ်စွန်းတစ်စတော့ပါမယ် ယူဆပါတယ်။

မင်းအောင်လှိုင်တို့ စစ်အုပ်စု အာဏာသိမ်းပြီးနောက်တောင် ရေငုတ်သင်္ဘောအရေးပေါ်အခြေအနေ ကယ်ဆယ်ရေး အတွက် ဂျပန်စစ်တပ်က မြန်မာစစ်တပ်ကို သင်တန်းခေါ်ပေးလို့ ကန့်ကွက်ကြတဲ့သတင်းကို ဖတ်ခဲ့ကြရပါတယ်။နောက်ကို တိုးတိုး၊တိတ်တိတ် လုပ်၊အသံမထွက်စေနဲ့ပေါ့။ တရုတ်၊ဂျပန်၊အမေရိကန်၊အိန္ဒိယ၊ရိုဟင်ဂျာပြသနာ၊ရခိုင် စသဖြင့် ဇာတ်လမ်းတွေဟာ ရိုးစင်းမနေဘူးဆိုတာကို သတိပြု့ကြဖို့ပါ။ ယခု အိန္ဒိယက မြေရှားအသံသတင်းတွေ၊ဘင်္ဂါးလားဒေရှ့်က ယူနွတ် အမေရိကန် ရုပ်သေကြိုးဆွဲရာကနေတာတွေ စသဖြင့် အပူကွက်(Hot Spot)က အဆိုပါဒေသကို ဦးတည်နေတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ မြေရှားက နတ်ကြီးပုံရပါတယ်။အမျိုးတွေတောင် မြေရှား ကငွေထုတ်ကြီးများရလာရင် ဟိုကကိုင်ရမယ်၊ဒီကပဲ ကိုင်မယ်၊ဟင်အင်း ရဖူး တို့ပဲကိုင်မယ်၊မကိုင်ရရင် တော်လှန်ရေးက ထွက်ပစ်လိုက်မှာနော် နဲ့ ဟင်းအိုးမှ အားမနာ မာန်တစ်ဖီဖီ၊ခွီးးးး၊ဂါးးးးး တွေ ဖြစ်လိုက်ကြသေးတယ်ကြားပါတယ်။ အခြေအနေတွေဟာ ရိုးစင်းမနေတာ အတော်ကို အရေးကြီးလာပုံရပါတယ်။ရဲဘော်ဗိုလ်ကြင်မောင်က “မြန်မာ့အရေးမှာ အမေရိကန်၊တရုတ်သာမက အိန္ဒိယ၊ဂျပန်၊အာဆီယံ ပါ ပါလာရင် ပွဲစည်ရုံမက၊ပွဲပျက်မှာ စိုးရိမ်ရတယ်လို့ သတိ့ပေးခဲ့ပါတယ်။ အခုနောက်ဆုံးသတင်းတွေအရ အိန္ဒိယနဲ့တရုတ် ‌မြန်မာအရေး ရွှေလမ်း၊ငွေလမ်း ဖောက်နေနေသလို သုံးသပ်ရပါတယ်။တရုတ်-မြန်မာ-အိန္ဒိယ လမ်းပိုင်းလုပ်ငန်းတွေ စနေတဲ့သတင်းလည်းတွေ့ရပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်က အထွေထွေအတွင်းရေးမှုး၏ နိုင်ငံရေးအစီရင်ခံစာ G.S REPORT တစ်ခုမှာ” တရုတ်၊ဂျပန်၊အိန္ဒိယ တြိဂံလှုပ်ရှားမှု့ကို မြန်မာပြည်က သတိထားရပါမယ်။သမိုင်းအရ ဒီ သုံးနိုင်ငံ တြိဂံလှုပ်ရှားမှု့ဟာ မြန်မာပြည်ကို သက်ရောက်လေ့ရှိ့ပါတယ်”လို့ သတိ့ပေးခဲ့ပါတယ်။ တြိဂံသုံးနိုင်ငံလှုပ်ရှားမှု့မှာ ကိုယ့်ဖက်က ဂျပန်တစ်ခုထဲနဲ့ ပလူးပြနေရုံသက်သက်နဲ့လစ်ဟာမှု့တွေဖြစ်သွားမလားစိုးရိမ်မိပါတယ်။ ပေါ်ပင်မှာ ပျော်ရွှင်နေသလို ဖြစ်နေမှာ စိုးရိမ်လို့ပါ။ဂျပန်မှာ ဘာမှ အာဏာမရှိ့၊မလုပ်နိုင်၊မကိုင်နိုင်တဲ့ ဂျပန်နိုင်ငံရေး အိမ်ဖြည့်တွေလောက်နဲ့ဆို မျက်စေ့လှည့်တာခံရနိုင်ပါတယ်။

နောက်ဂျပန် နိုင်ငံရေးဓလေ့က အစိုးရတွေ၊ဝန်ကြီးချုပ်တွေ ဆိုတာထက် အာဏာပွဲစားကြီးတွေ ( Power Brokers)ကြီးတွေက အဓိကချယ်လှယ်တဲ့ဓလေ့ကို သတိပြု့ဖို့ပါ။ ဂျပန်အစိုးရက ခန့်အပ်တဲ့သံအမတ်တောင်မင်းအောင်လှိုင်ဆီခန့်အပ်လွှာပေးဖို့ တစ်နှစ်လောက်စောင့်‌နေရပါတယ်။ဟိုက အဖက်မတန်သလို လက်မခံလို့ အရှက်တကွဲနဲ့ပြန်သွားခဲ့ရပါတယ်။ဒါပေမယ့် စစ်အုပ်စုနဲ့ မအလ တို့က ဆာဆာကာဝါတို့၊ဝါတာနာဘေး တို့ စတဲ့ဂျပန်ပါဝါပွဲစားကြီးတွေဆို ဘကြီးဦးမင်းတွေလို ဆက်ဆံပြနေတာကို မြင်ဖို့လိုမယ်ထင်ပါတယ်။ စစ်အုပ်စုနဲ့ဂျပန်ဆက်ဆံရေးကို သမိုင်းတစ်လျှောက်လုံးနဲ့ ယနေ့နောက်ဆုံးအခြေအနေအထိ့ နက်နက်ရှိုင်းရှိုင်း သုံးသပ်ချက် ထုတ်သင့်တယ်ထင်ပါတယ်။ နိုင်ငံတစ်ကာကစားကွက်မှာ ပေါ်ပင်မှာ ပျော်ရွှင်ပြီး လျှပ်ပေါ်လော်လီလုပ်နေတာ ၊ပြည်သူကို မျော်လင့်ချက်အတုနဲ့မိုတီပေးနေတာ၊ဂျင်းအတောင့်လိုက်ကြွေးနေတာမျိုးတွေက အကျိုးမရှိ့ဘူးထင်ပါတယ်။ အခု ရှီကျင့်ဖျင်နဲ့မီုဒီတို့ ဆက်ဆံရေး ပြန်လည်ချိန်ညှိကြပြီးတဲ့နောက် မြန်မာပြည်ဆိုင်ရာ သုံးနိုင်ငံပရောဂျက်တွေစလာတာကို သတိ့ပြု့ဖို့ပါ။ဂျပန်က တူးတူးခါးခါး အသံထွက်ပြတာ မြန်မာပြည်သူတွေကိုရည်ရွယ်နေတာထက် သူကျွေးမွေးပြု့စုခဲ့တဲ့ စစ်အုပ်စုကို ဟန့် နေတာလို့ မြင်ပါတယ်။ အခု ရဲဘော်ဗိုလ်ကြင်မောင်ပြောခဲ့တဲ့”တရုတ်၊ဂျပန်၊အိန္ဒိယ တြိဂံ လှုပ်ရှားမှု့” စလာတဲ့အရိပ်အငွေ့မြင်နေရပါတယ် ။မြေရှားလုပွဲနဲ့ ရခိုင်ဒေသ ကို ကမ္ဘာ့အပူကွက်( Hot Spot) အဖြစ်ဆွဲတင် နေ တာကို တုံ့ပြန်ဖို့ပြင်ဆင်ကြဖို့ပါ။အာရှရဲ့ ဂါဇာကမ်းမြောင် ပုံဖော်ဖို့ခြေလှမ်းပြင်နေတယ်ယူဆပါတယ်။ ကမ္ဘာလုံးချီကစားပွဲမှာ ရခိုင်တစ်ကျပ်ဆို ရိုဟင်ဂျာတစ်ကျပ် ဆိုတာလောက်ပဲ အတွေးအခေါ်ရှိ့တဲ့သူတွေနဲ့တော့ မဖြစ်နိုင်ပါဘူး။မရင်ဆိုင်နိုင်ပါဘူး။သွားအားကိုးမိလိုကတော့ ငါးပါးတင်မက သံဃာစင်ပါမှောက်ဖို့များပါတယ်။ရခိုင်ပြည်သူတွေ နဲ့ မြန်မာတစ်ပြည်လုံးကပြည်သူတွေ ပူးပေါင်းအင်အားဖြစ်ဖို့ အစီအစဉ်တကျ အသေအချာပြင်ဆင်နိုင်ကြဖို့ပါ လစ်ဘရယ်တွေ၊CSO,NGO, ACTIVES နဲ့ မဘသ တွေရဲ့ ဝါဒဖြန့်ထားတာတွေမျိုးစုံဟာ ပြည်သူကြားမှာ အခုထိရှုတ်ထွေးနေကြတုန်းပါ။ ဗခ ထွန်းမြတ်နိုင် အသေအချာရှင်းပြရင် ပြည်သူက လက်ခံကြပါတယ်။ပြည်သူ့အတွေးအခေါ် ညီညွတ်ဖို့ အရင်အားထုတ်နိုင်ပါစေကြောင်း ဆန္ဒပြု့ရင်းဖြင့်သာ။

စိမ်းမာင်

မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိကအာဘော်သာဖြစ်သည်။
ဓါတ်ပုံ။ ။ဧရာဝတီဆောင်းပါးမှ ပုံအား ကူးယူသုံးစွဲပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *